← Chapters

ပထမအကြိမ်တန်ပြန်တိုက်ခိုက်ခြင်း

Vol. 26 Ch. 358

ပထမအကြိမ်တန်ပြန်တိုက်ခိုက်ခြင်း

Vol. 26 Ch. 358

နောက်ရက်အနည်းငယ်ကြာပြီးနောက် လီလော့၊ လုချင်းအာနှင့်ချင်ဇူလုတို့သည် ရေလှောင်ကန်ဆီသို့ ဆက်သွားခဲ့ကြသည်။ ဒီတစ်ခါတော့ အရင်ကထက် အရှိန်ပိုမြန်လာသည်။ အကြောင်းပြချက်ကတော့ ရိုးရှင်းသည်။ ရွှေနဂါးချီ ပျက်စီးကသွားတယ်ဆိုတဲ့သတင်း ပျံ့နှံ့နေပြီဖြစ်သောကြောင့်  သူတို့ဟာ ဆွဲဆောင်မှုရှိတဲ့ ပစ်မှတ်မဟုတ်တော့ပေ။

ထို့အပြင်၊ သူတို့သည် ရတနာများကို ကောက်ယူရန်သို့မဟုတ် ခြေတော်ရင်းတွင်အလိုအလျောက်လာအသေခံကြသော သားရဲများနှင့်လည်း မကြုံရတော့သဖြင့် ခရီးပိုတွင်သည်ဟုဆိုရမည်။

သုံးယောက်သား အရှိန်မြှင့်ကာ ရူးသွပ်စွာဖြင့်ကျင့်ကြံနေခဲ့ကြပြီး

သေချာပေါက်ရောက်လာမည့် တိုက်ပွဲကြီးအတွက် တတ်နိုင်သမျှ အကောင်းဆုံး ပြင်ဆင်နေခဲ့ကြသည်။

အခုချိန်တွင်ကျင့်ကြံနေခြင်းက

ဒီလိုအချိန်တိုလေးအတွင်းမှာ အမီလိုက်ဖို့ မဖြစ်နိုင်ပေမယ့် နည်းနည်းချင်းစီ အကူညီဖြစ်ထွန်းစေလိမ့်မည်။

ပုံမှန်အတိုင်း နေဝင်သွားသည်နှင့် အနီရောင်သမ်းနေသောညနေခင်းတိမ်တိုက်များသည် ပူနွေးသောကောင်းကင်တခွင်သို့ ပျံ့နှံ့သွားသည်။ ၎င်းသည် ရင်သပ်ရှုမောဖွယ်မြင်ကွင်းတစ်ခုဖြစ်သော်လည်း တစ်ချိန်တည်းတွင် ၎င်းတို့ထက်သာလွန်သော သွေးပဲ့တင်ထပ်သ့အသုံးပြုသူတဉီးကို ပြန်လည်အမှတ်ရနေစေသည်။

လီလော့သည် ခပ်မြင့်မြင့် ကုန်းမြေပေါ်တွင် ခြေထောက်တွဲလောင်းချလျှက် ထိုင်နေပြီး ရံဖန်ရံခါ သားရဲအော်သံများကြားနေရသည့်

အရှေ့ဘက်ရှိ တောအုပ်တစ်ခုကို စူးစမ်းရှာဖွေနေ၏။  ပဲ့တင်ထပ်သံစွမ်းအား ပေါက်ကွဲမှုကြောင့်သစ်ပင်များ လှုပ်ခါပြီး ရံဖန်ရံခါ ပြိုလဲကျသံများကိုပါကြားနေရသည်။

ချင်ဇူလုနှင့် လုချင်းအာတို့သည် သားရဲများကို သတ်ရန် ပူးပေါင်းခဲ့ကြသည်။ ၎င်းသည် တာအိုရွှေဒဂါး အချို့ရရှိစေရန် ကူညီပေးမည်ဖြစ်ပြီး လေ့ကျင့်မှုဖို့အတွက်လည်းကောင်းမွန်သည်။

လီလော့က ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ၎င်းတို့၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြုပေးခဲ့သညလ။ နှစ်ယောက်စလုံးက သူ့ကို ယုံကြည်ကြောင်း အာမခံချက်ပေးခဲ့ပေမဲ့  ဝန်ထုပ်ဝန်ပိုးအားလုံးကို လီလော့ထံ လုံးလုံးလျားလျား လွှဲပြောင်းပေးဖို့ မရည်ရွယ်ခဲ့ကြပေ။

သူသည် ကောင်းကင်ဘုံဘေးအဆင့် ကမ္ဘာခြားသက်ရှိကို ဆန့်ကျင်နိုင်ခဲ့သော်လည်းနောက်တစ်ကြိမ်ထိုသို့ကံကောင်းနိုင်မည်ဟုမည်သူမျှ တပ်အပ်မပြောနိုင်ပေ။

သူဘာတွေစီစဉ်နေလဲ မသိပေမယ့် အသင်းဖော်တွေ အနေနဲ့ကတော့ ဝန်ထုပ်ဝန်ပိုးကို ကြိုးစားပြီး ခွဲဝေပေးဖို့ တာဝန်ရှိသည်မဟုတ်လော.......

ချင်ဇူလုကဲ့သို့ မာနကြီးသူတစ်ဦးသည် သူ့ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်မည်ကို ဘယ်သောအခါမှ သဘောတူမည်မဟုတ်သော်လည်း ရွှေနဂါးချီကို ပြန်ယူရာတွင် လီလော့ ဒုက္ခရောက်နေသည်ကို လုချင်းအာကတော့ ဒီအတိုင်းထိုင်ကြည့်နေမည်မဟုတ်ပေ။

ခဏအကြာတွင် လီလော့က ကျေနပ်နေဟန်ဖြင့် ပျင်းကြောဆန့်လိုက်လေသည်။ ။ သူ့မှာ အရမ်းယုံကြည်ရတဲ့ အသင်းဖော် နှစ်ယောက်ရှိနေသည့်တိုင်  မြင်းကို အမှီလိုက်နေသည့် ပုရွက်ဆိတ်များသဖွယ်  ကွာဟချက်များကိုလွယ်လွယ်မဖြည့်ဆည်းနိုင်ကြသေးပေ။

ကြိုးစားအားထုတ်မှုဖြင့် ခြားနားမှုကို မဖန်တီးနိုင်ခဲ့သောကြောင့် ယခုအချိန်သည် လှည့်စားရန် အချိန်တန်ပြီ ဖြစ်ကောင်းဖြစ်နိုင်သည်။

လီလော့သည် သူ့လက်ကောက်ဝတ်ရှိ အနီရောင်လက်ကောက်ကို တစ်ချက်ကြည့်လိုက်ပြန်သည်။ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အလင်းတန်းက သူ့ကို ကြောက်စိတ်ဖြင့် ပြည့်နှက်နေစေသည်။

“ကောင်းကင်ဘုံဓမ္မတေး…” လို့ တကိုယ်စာကြားရုံမျှ ရွတ်ဆိုလိုက်သည်။

ကျောင်းအုပ်ကြီးထံမှ ထိုပညာရပ်ကို ရရှိခဲ့ကတည်းက လေ့လာခဲ့သော်လည်း ၎င်းသည် အလွန်ရှုပ်ထွေးလှသည်။ ပညာရပ်များကို နားလည်ရာတွင်ထူးချွန်နေသည့်တိုင် ဤအရာသည် တကယ့်ပဟေဋ္ဌိတစ်ခုဖြစ်သည်။

ရှိသမျှ အရည်အချင်းအားလုံးသုံးခဲ့သော်လည်း ယခုချိန်ထိ အမြီးသုံးချောင်းကောင်းကင်ဝံပုလွေ၏ စွမ်းအားကိုအပြည့်အဝကို မယူဆောင်နိုင်သေးပေ။

ကောင်းကင်ဘုံဓမ္မတေးပညာရပ် အရ.... အသုံးပြုသူသည် ကောင်းကင်ဘုံမှ လွတ်မြောက်ခြင်း အမှတ်အသားကို ဖန်တီးရန် လျှို့ဝှက်ပညာရပ်ကို ဦးစွာအသုံးပြုရန် လိုအပ်သည်။ ဤခြေလှမ်းသည် လီလော့ ကိ အချိန်အကြာဆုံး စိတ်ပျက်စေခဲ့သည်။ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမယ့် အမှတ်အသားကို အောင်မြင်စွာ မဖန်တီးနိုင်သေးပေ။

သို့တိုင် ခက်ခက်ခဲခဲ စွန့်စားပြီးနောက်ရလာမည့်ဆုလာဘ်များကလည်း အံ့မခမ်းလောက်စရာပင်......

လီလော့ အခြားအတွေးအားလုံးကို ဘေးဖယ်လိုက်ပြီး လက်မောင်းကိုဆန့်ကာ ဓားဖြင့်ခုတ်လိုက်သည်။ ချက်ချင်းပင် သွေးများသည် တည်ငြိမ်သော လှည့်ကွက်ဖြင့် လွတ်လွတ်လပ်လပ် စီးဆင်းလာသည်။

လီလော့သည် သွေးများကို စိတ်စွမ်းအား သုံး၍ ၎င်းတို့အတွင်းရှိ အသက်စွမ်းအားကို အာရုံစူးစိုက်ကာ  စုဆောင်းခဲ့ပြီး ဖြည်းဖြည်းချင်းဖြင့် ကြမ်းတမ်းသော အနီရောင် အမှတ်အသားတစ်ခုကို ပုံဖော်လိုက်သည်။

ချွေးသီးချွေးပေါက်များ သူ့နဖူးမှ လိမ့်ကျလာသည်။

အမှတ်အသားကို ဖန်တီးခြင်းသည် သူ၏ စွမ်းအားကို ကြီးကြီးမားမား ထိခိုက်စေခြင်း မရှိသော်လည်း၊ စိတ်စွမ်းအားများစွာ ယုတ်လျော့စေခဲ့သည်။ ခဏလောက်ကြိုးစားရုံနဲ့ မောပန်းနေသော်လည်း

အခုထိ အမှတ်အသားက မပြီးဆုံးသေးပေ။

တကယ်တော့ သူ့စိတ်စွမ်းအားက အမှတ်အသားကို အပြည့်အ၀ ပုံဖော်နိုင်သည်အထိ မခိုင်မာသေးပေ။ တစ်ဝက်ပြီးသွားသော အမှတ်အသားသည် စတင်တုန်ခါလာပြီး  စိတ်စွမ်းအားကုန်ဆုံးမှုကြောင့် မကြာခင် ပျက်စီးရတော့မည်။

ဤရလဒ်ကြောင့် လီလော့ မအံ့သြခဲ့ပေ။ အရင်ကလည်း ဒီနေရာကို အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့ဖူးသည်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ စွန့်လွှတ်ဖို့ မစဉ်းစားဘဲ  သူ့ကန့်သတ်ချက်တွေကို ကျော်ဖြတ်ဖို့ ကြိုးစားရလိမ့်မည်။မဟုတ်ရင် အန္တရာယ်ကင်းစွာဖြင့် ဒီအဆင့်ကို ကျော်ဖြတ်ဖို့ ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ.......

သူ့တွင် အချိန်အများကြီးမရှိတော့ပေ။

သူ့အကြည့်တွေလေးနက်လာပြီး  မေးရိုးတွေ တင်းနေသည်အထိ အံကြိတ်ထားကာ သူရဲကောင်းပီသစွာဖြငအမှတ်အသား၏ နောက်ဆုံးအပိုင်း ပြီးဆုံးအောင်သွေးများ ပို၍ပင် ဆွဲထုတ်လိုက်သည်။

ဝုန်းးးးးးးး

နောက်ဆုံးတွင် လီလော့သည် တစ်ခုခုကို အာရုံခံမိလိုက်ပြီး ထိုအရာက သူ့တစ်ကိုယ်လုံးကို ဖြတ်သွားသလို ခံစားလိုက်ရသည်။

အိုး!

သူ့လက်ကောက်ဝတ်နားတွင် အနီရင့်ရောင် သွေးအမှတ်အသားတစ်ခုကို မြင်လိုက်ရသည်...

အမှတ်အသားနှင့် လက်ကောက်ကြားတွင် ချိတ်ဆက်မှု ခိုင်မာလာသလိုလည်းခံစားနေရသည်။

ရုတ်​တရက်​ လီလော့၏ အသိစိတ်​များ ​ဝေဝါးလာပြီး ပတ်ဝန်းကျင်တခုလုံး ပြောင်းလဲသွားသလိုခံစားလိုက်ရပြီး တောင်တန်းများ ပျောက်ကွယ်သွားပြီး သူ့ခြေထောကခအောက်တွင် အဆုံးမသတ်နိုင်သောအမှောင်ထုသာကြီးစိုးနေသည်။ အကျဉ်းချခံထားရသော သားရဲအချို့ လွတ်မြောက်ရန် ရုန်းကန်နေသကဲ့သို့ အမှောင်ထုထဲတွင်သံကြိုးခတ်သံများကို ကြားနေရသည်။

ထိုသားရဲသည် အမြီးသုံးချောင်း ကောင်းကင် ဝံပုလွေပင်ဖြစ်ချေ၏။

ဤအခိုက်အတန့်တွင် သားရဲကြီးက လီလော့ ရောက်ရှိနေခြင်းကို သတိပြုမိပြီး ရုတ်တရက်  လီလော့ကိုသတ်ရန် အစွမ်းကုန်ကြိုးစားကာ သူ့အား အစွမ်းကုန်ထုတ်ပြလိုက်သည်။

သို့သော်လည်း ကြီးမားသောခြေသည်းများက လီလော့နှင့် မီတာအနည်းငယ်ခန့်အကွာတွင်ရပ်တန့်သွားလေသည်။

အေးစက်သော ချွေးစေးများ သူ့မျက်နှာမှစီးကျလာသည်။

တစ်ချိန်တည်းမှာပင် လီလော့၏ သွေးအမှတ်အသားမှသွေးနီရောင်စွမ်းအားများကသံကြိုးများကိုဖြတ်ကျော်ကာ သားရဲကြီးထံသို့တိုးဝင်သွားလေ၏။

အမြီးသုံးချောင်းရှိသော ကောင်းကင်ဝံပုလွေသည် ရုတ်တရက် အေးခဲသွားပြီး ရုန်းကန်မနေတော့ဘဲ လီလော့ကို စူးစူးရဲရဲကြည့်နေသည်။

သွေးနီရောင် စွမ်းအားများသည် မြေပြင်ကို လွှမ်းခြုံကာ အမှောင်ထုကို ဖုံးလွှမ်းသွားသည်။

လီလော့  တစ်ခုခု မူမမှန်တာကို ခံစားနေရသည်။ ဝံပုလွေရိုင်း၏ဒေါသ ရုတ်ချည်း ချုပ်ငြိမ်းသွားပြီး ရည်ရွယ်ချက်တစ်ခုတည်းသို့ အာရုံစူးစိုက်နေသလိုပင်.....

သူ့အမြင်အာရုံတွေ နီရဲလာသလို ခံစားလိုက်ရပြီး သူ့ရင်ထဲမှာ ဖျက်ဆီးလိုစိတ်နှင့် သတ်ဖြတ်လိုစိတ်များ ပြင်းပြင်းထန်ထန် ပြင်းပြင်းထန်ထန်လှိုက်တက်လာသည်။

ကောင်းကင်ဝံပုလွေ၏စွမ်းအား....

၎င်းနှင့်အတူ၊ အမြီးသုံးချောင်းရှိသော ကောင်းကင်ဝံပုလွေ၏အသိစိတ်.....

"ဘာကောင်လဲ!"

လီလော့သည် ဝံပုလွေ၏သွေးဆာ လွှမ်းမိုးမှုကို လျှော့တွက်ခဲ့မိသည်။ သူတကယ်ကို အားနည်းနေသေးသည့်အပြင် ဝံပုလွေ၏ စွမ်းအားကို ထိန်းချုပ်ရန် ကောင်းကင်ဘုံဓမ္မတေးပညာရပ်ထုတ်သုံးထို့ပင်စွမ်းအားမလုံလောက်သေးပေ။

အန္တရာယ်ကျရောက်နေသည့်အခြေနေကိုကျော်ဖြတ်ရန်အတွက် လီလော့သည် သူ၏လက်ကောက်ဝတ်ပေါ်ရှိ သွေးအမှတ်အသားကို ရိုက်ချိုးပစ်လိုက်သည့်အခါ ကြောက်မက်ဖွယ်ရာ အရာများ သူ့ထံမှ တခဏချင်း ပျောက်ကွယ်သွားလိမ့်မည်။

ဝုန်းးးးးး

သူပြန်ကန်ထွက်လာတဲ့အခါ ပြင်းထန်ကြမ်းတမ်းတဲ့စွမ်းအားတွေကြောင့် လီလော့ က သွေးတလုတ်အန်လိုက်ရသည်။ လျင်မြန်စွာ ရွေ့လျားသွားသဖြင့် သူ့ပတ်ဝန်းကျင်ရှိ ကျောက်တုံးအချို့တောင် အမှုန့်ဖြစ်ကုန်ကြသည်။

လီလော့က သွေးများကို သုတ်လိုက်ပြီး သွေးစွန်းနေသော လက်မောင်းကို ကြည့်ရင်း ခေါင်းငိုက်စိုက်ကျသွားသည်။

"ဒါဆို အဲ့ဒါကမြို့စားအဆင့်အထိ ရောက်လုနီးပါးရှိတဲ့ ဝိညာဉ်သားရဲပဲ.... သူ့အသိစိတ်ရဲ့တပိုင်းတစလေကတောင် ငါ့ကိုထိန်းချုပ်နိုင်စွမ်းမဲ့စေတယ်....."

အနီးနားတွင် ခြေသံအချို့သံကြားလိုက်ရပြီး လုချင်းအာနှင့်ချင်ဇူလုတို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။ပတ်ဝန်းကျင်အခြေနေကိုအကဲခတ်ပြီးနှစ်ယောက်သားလီလော့အတွက်စိတ်ပူနေကြသည်။

"လီလော့ မင်းအဆင်ပြေရဲ့လား" နှစ်ယောက်စလုံးက သူ့ဘေးနားက အပျက်အစီးတွေကို ကြည့်နေကြသည်။

လီလော့က ပြုံးပြီး ခေါင်းခါလိုက်သည်။သို့သော် သူ့မျက်လုံးထဲကတော့ နီရဲနေသေးသည်။

လုချင်းအာက အနားရောက်လာပြီး သူ့မျက်လုံးတွေကို အနီးကပ် စိုက်ကြည့်နေတယ်။

"နင်တခုခုဖြစ်နေတယ်....ကျင့်ကြံရေးနဲ့ပတ်သတ်ပြီး.... ပိတ်ဆို့နေတာလား...."

သူမ ညာဘက်လက်ပေါ်ရှိ ရေခဲပိုးလက်အိတ်ကို ရုတ်တရက် ချွတ်လိုက်ပြီး လီလော့ ၏လက်ကိုကိုင်လိုက်သည့်အခါ  အေးခဲနေ

သော ပဲ့တင်ထပ်သံစွမ်းအားလှိုင်းတစ်ခု လီလော့ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာသည်။

ထို အေးမြမှုက သူ့စိတ်ကို တည်ငြိမ်စေသည်ဟု ခံစားရသည်။ ၎င်းသည် သူ့စိတ်ကိုငြိမ်သက်စေပြီး သူ့ခန္ဓာကိုယ်အတွင်း၌ လောင်ကျွမ်းနေသော ရူးသွပ်မှုများကို အေးခဲစေခဲ့ပြီး ကြမ်းတမ်းလွန်းလှသော ဖျက်စီးသတ်ဖြတ်လိုစိတ်များ လျင်မြန်စွာ ပျောက်ကွယ်သွားကြောင်း တွေ့ရှိခဲ့ရပြီး ယခုအခါ သူ့နှလုံးသားသည် ရေခဲကဲ့သို့ အေးမြသွားခဲ့သည်။

"အဲ့ဒါက....."

"အဲ့ဒါက စိတ်ဝိညာဉ်ကို အေးချမ်းစေပြီး ပြင်ပဖိအားတွေကို ကူညီဖယ်ရှားပေးတဲ့ သလင်းကျောက်နှလုံးသားပါ...အရိပ်လှိုဏ်ဂူထဲမှာ ငါရှိစဉ်တုန်းက ဒါကို လေ့ကျင့်ခဲ့တယ်... နင့်ရဲ့ ကျင့်ကြံမှုအတွက် အရမ်းစိတ်မပူနဲ့တော့....."

လီလော့  မျက်ရည်များဝဲလာသည်။ သူသည် လုချင်းအာ ၏လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်ပြီး.....

"ချင်းအာ၊ နင် တကယ်ချစ်စရာကောင်းတယ်....."

သူမ၏ပါးပြင်နှစ်ဖက်သည် ညနေခင်းကောင်းကင်ထက်ပင် ပို၍နီမြန်းနေပြီး ယခုမှရောက်ရှိလာသော ချင်ဇူလုသည် ထိုမြင်ကွင်းကိုတစ်ချက်ကြည့်ကာ ကျိန်ဆဲပြီး လှည့်ထွက်ပြေးသွားခဲ့လေသည်။

***

All Chapters