← Chapters

ရေလှောင်တမံ

Vol. 26 Ch. 359

ရေလှောင်တမံ

Vol. 26 Ch. 359

လုချင်းအာ၏ သလင်းကျောက်နှလုံးသား ပညာရပ်သည် လီလော့အတွက် သွေ့ခြောက်နေသော သဲကန္တာရတွင်မိုးရွှာပေးလိုက်သလိုပင်... အမြီးသုံးချောင်းကောင်းကင်ဝံပုလွေ၏ ကြမ်းတမ်းပြင်းထန်သောစွမ်းအားသည် ကောင်းကင်ဘုံကပ်ဘေးအဆင့်၏ စွမ်းအားကဲ့သို့ပင် ပြင်းထန်သည်။

နောက်ဆုံးတွင် သူသည် ကောင်းကင်ဘုံလွတ်မြောက်ခြင်း အမှတ်အသားကို ဖန်တီးရာတွင် အောင်မြင်ခဲ့သော်လည်း၊ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ အသိစိတ်က ခိုင်မာလွန်းနေသည့်အတွက် ချိတ်ဆက်မှုကို အမြန်ဖြတ်ရန် တွန်းအားပေးခဲ့ရသည်။ မဟုတ်ရင် သူ ရူးသွပ်ပြီး သောင်းကျန်းနေလိမ့်မည်။

ဤသည်မှာ လီလော့အတွက် အမြီးသုံးချောင်းကောင်းကင်ဝံပုလွေ၏ စွမ်းအားကို သိမြင်ရန် စမ်းသပ်မှုကောင်းတစ်ခုဖြစ်ခဲ့ပါသည်။

ကျောင်းအုပ်ကြီးဖန်ချန်ယွမ် သူ့ကို အသုံးပြုဖို့ သတိပေးခဲ့သည်ကိုအံ့ဩစရာမလိုတော့ပေ။

သို့သော်၊ လုချင်းအာထံတွင် သလင်းကျောက်နှလုံးသားပညာရပ်ရှိနေသည့်အတွက် ကစားပွဲကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီဖြစ်သည်။ထိုပညာရပ်သည် ကောင်းကင်ဝံပုလွေ၏ သြဇာလွှမ်းမိုးမှုကို လုံးလုံးလျားလျား ပျက်ပြယ်အောင် မလုပ်နိုင်ပေမယ့် သိသိသာသာ အားနည်းသွားစေနိုင်သည်။

လုချင်းအာက ရှက်ကိုးရှက်ကန်းဖြင့် စကားလမ်းကြောင်းလွှဲသည့်အနေဖြင့်......

"နင် ဘာဖြစ်သွားတာလဲ....ဘာလို့ ဒီလောက်တောင် အလုပ်ရှုပ်နေတာလဲ နင့်ကိုကြည့်ရတာ အန္တရာယ်ရှိတဲ့ နေရာကို ရောက်နေသလိုပဲ......"

လီလော့ အနည်းငယ် အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်အခြေနေကိုအပြည့်အဝ ထိန်းချုပ်လိုက်သည်။

"အဲ့တာက ငါလေ့ကျင့်နေတဲ့ လျှို့ဝှက်ပညာရပ်တစ်ခုပဲ....လင်းစွော်ကို အနိုင်ယူချင်ရင် သာမာန်နည်းလမ်းတွေနဲ့ အလုပ် ဖြစ်မှာမဟုတ်ဘူး......"

"လီလော့..... လျှို့ဝှက်ပညာရပ်တစ်ခုက နင့်အသက်ကို ဒီလိုမျိုး အန္တရာယ်တွေပေးရင် ရွှေနဂါစချီကို ငါမလိုချင်တော့ဘူး"

လုချင်းအာက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

သူမ မျက်လုံးတွေကို လေးလေးနက်နက် ကြည့်လိုက်တော့ သူ့စိတ်တွေ မပြောင်းလဲနိုင်တော့ဘူးဆိုတာ သိလိုက်ရသည်။

"ငါတို့ရဲ့ လက်ရှိအရှိန်နဲ့ဆို ရေလှောင်တမံကို နောက်နှစ်ရက်ကြာမှ ရောက်မှာ..." ဟု လီလော့က ခေါင်းစဉ်ကို ထပ်မံပြောင်းလဲလိုက်ပါသည်။

"ကိုယ်နဲ့ သင့်တော်တဲ့အရာ တစ်ခုခု ရနိုင်မယ်လို့ မျှော်လင့်ရမှာပဲ....ဒီဓားတိုနှစ်ချောင်းက သိပ်အသုံးမဝင်တော့ဘူး....."

လင်းစွော်နဲ့ ထိပ်တိုက်တွေ့ဖို့ သင့်တော်တဲ့ အရာတစ်ခုကို မရှာနိုင်ခဲ့ရင်  နောက်ထပ် ဆိုးရွားတဲ့ အားနည်းချက်တစ်ခုသာ ဖြစ်လာလိမ့်မည်။

"ရေလှောင်တမံမှာ ရတနာတွေနဲ့ ပြည့်နေတယ်၊ ​​ငါတို့ စိတ်ကူးမယဉ်နိုင်လောက်အောင် ရတနာတွေ ပြည့်နေတယ်....ငါတို့မှာ တာအိုရွှေတွေ အလုံအလောက်ရှိပြီး ရွေးချယ်မှုတွေအတွက် စိတ်ပူစရာ မလိုပါဘူး" ဟု လုချင်းအာက သူ့ကို အာမခံလိုက်သည်။

"ဒါဆို ကောင်းတာပေါ့..." လီလော့ရဲ့မျက်လုံးထဲမှာ မျှော်လင့်နေတဲ့ အရိပ်အယောင်တွေပြည့်နှက်နေ၏။

............................................

နောက်နှစ်ရက်လောက်ကြာသည်အထိ သူတို့သုံးယောက် သိပ်ပြီး အနားယူမနေဘဲ ခပ်သုတ်သုတ်ခရီးနှင်ခဲ့ကြသည့်အတွက်  ရေလှောင်တမံနှင့်အတော်နီးကပ်နေပြီဖြစ်သည်။

မြင့်မားသော တောင်ကုန်းတစ်ခုပေါ်သို့ တက်သောအခါ နေရောင်တွင် မှန်ကဲ့သို့ တောက်ပနေသော ရေကန်တစ်ခုကို အဝေးက မြင်လိုက်ရသည်။ထိုရေကန်ထဲတွင် ထောင်ပေါင်းများစွာသော တောက်ပသော အရာဝတ္ထုများဖြင့် ပြည့်နှက်နေသည်။

"အဲ့ဒါ ရေလှောင်တမံလား... ခမ်းနားလိုက်တာ...." လီလော့ အံ့ဩသွားသည်။

တန်ဖိုးကြီးသည့်ရတနာပစ္စည်း အများအပြားကို ရေလှောင်ကန်ထဲသို့ ပစ်ချခြင်းသည် မယုံနိုင်စရာပင်။ တကယ်လို့များ အားလုံးကို တန်ကြေးဖြတ်လိုက်လျှင် ရှပြည်ထောင်စုတခုလုံးကိုပင် ဝယ်ယူနိုင်လိမ့်မည်။  ရွှေနဂါးဘဏ်တိုက်၏ ကြွယ်ဝမှုက စိတ်ကူးနိုင်သည်ထက်ပင်ကျော်လွန်နေသည်။

ထို့အပြင် အတွင်းမှ ရတနာများအားလုံးသည် ရှေးဟောင်းပစ္စည်းများဖြစ်ရုံ

သာမကဘဲ သန့်စင်မှုနှင့် တာရှည်ခံမှုအရ ၎င်းတို့သည် သာမန် ရှေးဟောင်းပစ္စည်းများနှင့် နှိုင်းယှဉ်ပါက ပိုမိုအဆင့်မြင့်သည်။ အဖိုးတန် ပစ္စည်းများကို ဖန်တီးခြင်း၏ နောက်ဆုံးအဆင့်ကို "မျက်စိဖွင့်ခြင်း" ဟု ခေါ်ဆိုကြသည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် အဖိုးတန်အရာဝတ္ထုများသည် လူ့မျက်လုံးနှင့်တူသော တံခါးပေါက်ငယ်တစ်ခုမှတစ်ဆင့် ကမ္ဘာအနှံ့အပြားသို့ ချိတ်ဆက်ထားခြင်းကို အဆွဲဲပြု၍ ထိုသို့ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

ပိုအားကောင်းသော ရတနာများတွင် အသုံးပြုသူအား ကမ္ဘာကြီးနှင့် ပိုမို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပေးသည့် အထူးမျက်လုံးများ ရှိလိမ့်မည်ဖြစ်သည်။

အဖိုးတန် ပစ္စည်းများတွင် မျက်လုံး အမျိုးအစား သုံးမျိုးရှိသည်။

အဖြူရောင်မျက်လုံး၊ ရွှေမျက်လုံး၊ ခရမ်းရောင်မျက်လုံး.....

မျက်လုံးတစ်လုံးစီကို အဆင််နိမ်နှင့်အဆင့်မြင့်ဟူ၍ အဆင့်များ ခွဲခြားထားသေးသည်။

အသုံးအများဆုံး ရတနာပစ္စည်းများမှာ အဖြူရောင်မျက်လုံးများဖြစ်သည်။ ၎င်းတို့ကို ရေလှောင်တမံအတွင်းရှိ ရတနာအများထဲတွင် အများဆုံးတွေ့မြင်နိုင်သည်။

၎င်းတို့ကို ရွှေနဂါးတာအိုနယ်မြေများတွင် ပေါပေါများများတွေ့မြင်နိူင်သော်လည်း ပြင်ပစျေးတွင် အဖြူရောင်မျက်စိ အဖိုးတန်ပစ္စည်းတစ်ခုပင်လျှင် ကောင်းကင်ရွှေသန်းပေါင်းများစွာတန်ကြေးရှိကြသည်။

ရွှေမျက်လုံးများသည် ငါးသန်းမှ စတင်ကာ ဆယ်သန်းနီးပါးအထိ ဈေးကြီးသည်။

ခရမ်းရောင်မျက်လုံးနဲ့ အဖိုးတန် ရှေးဟောင်းပစ္စည်းတွေကမပြောပင်မလိုတော့ပေ။ ၎င်းတို့ကို မြို့စားအဆင့်တွေတောင် လောဘတကြီးလိုချင်နေကြပြီး သူတို့ရဲ့ ဈေးနှုန်းက မှန်းဆရခက်လောက်အောင်မြင့်မားလွန်းသည်။

"ရေလှောင်တမံက ရေကန်နဲ့တူပေမယ့် ရွှေနဂါးဘဏ်တိုက်က ဖန်တီးထားတဲ့ နေရာတစ်ခုလို့ ပြောလို့ရတယ်...ရွှေနဂါးတာအိုနယ်မြေ တစ်လျှောက် ပြန့်ကျဲနေတဲ့ ရေလှောင်တမံတွေအားလုံးကို ချိတ်ဆက်ထားတယ်...." ဟု လုချင်းအာက သူမသိထားသမျှကိုမျှဝေပေးနေသည်။

လီလော့ ခေါင်းညိတ်လိုက်သည်။ ရေလှောင်တမံဆီသို့ အပြေးအလွှားသွားနေသော ပုံရိပ်များသည် ရွှေနဂါးချီနောက်လိုက်နေသည့်အဖွဲ့များထက်ပင်ပိုများနေသေးသည်။

ဤနေရာတွင် စုရုံးနေသော အသင်းများမှာ အသင်းအားလုံး၏ 80 ရာခိုင်နှုန်းနီးပါးရှိလးလိမ့်မည်။

"ရေလှောင်တမံရဲ့နောက်ကွယ်က တောင်ကို မြင်လား..."

လုချင်းအာ ညွှန်ပြသည်နေရာကိုကြည့်ပြီး

လီလော့နှင့်ချင်ဇူလုတို့ နှစ်ယောက်စလုံး မျက်လုံးများ ပြူးကျယ်သွားကြသည်။ထိုနေရာသည်  ရွှေနဂါးကဲ့သို့ ရစ်ခွေ

နေသော ရွှေတောင်တန်းကြီးတခုပင်.....ထိုတောင်တန်းတွင် နဂါးဦးချိုကဲ့သို့ အလွန်မြင့်မားသော တောင်ထွတ်တစ်ခုရှိပြီး ကြီးကျယ်ခမ်းနားသော မြင်ကွင်းတခုသာပင်.....

"အဲဒ့ါက ရွှေနဂါးတောင်တန်း စာာချွန်လွှာထုတ်ပေးမယ့်ရွှေနဂါးတောင်တန်းပဲ.... အဲ့နေရာက ဒီလေ့ကျင့်ရေးမစ်ရှင်ရဲ့ နောက်ဆုံး ဦးတည်ရာပဲ"

လီလော့ ခေါင်းညိတ်လိုက်သည်။ ထိုနေရာတွင် လင်းစွော်ကိုရှာတွေ့နိုင်ပြီး ပြင်းထန်သောတိုက်ပွဲများဆင်နွှဲရလိမ့်မည်။

"ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်..."

လီလော့က  ချင်ဇူလုကို ပြုံးပြလိုက်ပြီး....

"ငါတို့အနိုင်ရရင် ခေါင်းမော့ပြီးမော်ကြွားနိုင်ပြီ.....ဒါရူးလောက်စရာပဲ...ဒါပေမယ့် တချိန်လုံးခေါင်းမော့ထားရင် ဇက်နာနေမှာပဲနော်...."

အကောင်းပြောနေရင်းကနေ ထဖောက်နေသော လီလော့ကို ချင်ဇူလု ဘုကြည့်ကြည့်နေလေ၏။

"ဒါပေမယ့် အဲ့လိုမဖြစ်သေးခင် တတ်နိုင်သမျှ သန်မာအောင် လုပ်ရမယ်....ကဲ...ရေလှောင်တမံထဲမှာ ဘာတွေရှိလဲ ကြည့်ကြရအောင်......."

မရေမတွက်နိုင်သော အဖိုးတန်ရတနာများကို မြင်တွေ့ရဖို့ သုံးယောက်စလုံး မစောင့်နိုင်ကြတော့ပေ။

လုချင်းအာနှင့် ချင်ဇူလုတို့သည်လည်း ထပ်တူထပ်မျှ စိတ်လှုပ်ရှားနေကြပြီး အအရှိန်အသစ်ဖြင့် တောင်စောင်းသို့ ဦးတည်ဆင်းလာကြသည်။

ရေလှောင်တမံသည် မှန်တစ်ချပ်လို ထွန်းလင်းတောက်ပနေပြီး တိုက်ရိုက်ကြည့်ဖို့ပင်မဖြစ်နိုင်ပေ။ရေလှောင်တမံအတွင်းရှိ ရတနာများက နေရောင်ထဲတွင် တလက်တက် တောက်လောင်နေသော အလင်းတန်းကြီးများကိုထုတ်လွှတ်နေသောကြောင့်ပင်........

စိတ်အားထက်သန်စွာ လျှောက်သွားနေသော အဖွဲ့များကို လမ်းတလျှောက် မြင်တွေ့နေရပြီး သူတို့သည် ရေပြင်ကိုထိလိုက်သောအခါ အဖြူရောင်အလင်းတန်းများအဖြစ် ပျောက်ကွယ်သွားကြသည်။

အဖွဲ့များကို ပြန်ခေါ်ဆောင်လာသော အဖြူရောင်အလင်းတန်းများ ကိုလည်း သူတို့တွေ့လိုက်ရသည်။

ထွက်လာသူအားလုံးသည် ၎င်းတို့အတွင်းမှ ရရှိခဲ့သော တန်ခိုးကြီးလှသည့် အဖိုးတန်ပစ္စည်းများကြောင့် ဝမ်းသာအားရ ပြုံးနေကြသည်။ သူတို့၏လက်နက်တစ်ခုစီသည် အဖြူရောင်မျက်လုံးအဆင့်များသာဖြစ်ကြသည်။

"ငါတို့ ရေလှောင်တမံထဲကို တစ်ကြိမ်ပဲ ဝင်လို့ရတယ်..... တာအိုရွှေတွေကို အညီအမျှ ခွဲလိုက်ရင် တစ်ယောက်ကို ရွှေဒဂါး ၉၃၀ ရမယ်..... ငါ စုဆောင်းထားတဲ့ အချက်အလက်တွေအရ အဖြူရောင မျက်လုံး အဖိုးတန် ပစ္စည်းတွေက  ၃၀၀ ကနေ ၇၀၀ လောက်အထိ ရှိတယ်ဆိုတော့ တစ်ယောက်တစ်ခုဝယ်နိူင်တယ်.....ကျန်တာကို နောက်ပိုင်းမှာ ကျင့်ကြံဖို့အတွက်သုံးနိုင်တာမို့ ရွှေတွေ အကုန်မသုံးဖို့ အကြံပေးချင်တယ်...."

"ရွှေမျက်လုံး အဖိုးတန် ရှေးဟောင်းပစ္စည်းတွေကော ဘယ်လိုလဲ....." လီလော့က မေးသည်။

"သူတို့က ရေလှောင်တမံထဲမှာတောင် အလွန်ရှားပါတယ်.... နင်ခက်ခက်ခဲခဲ ရှာမရရင် တစ်ခုတွေ့ဖို့တောင် ခဲယဉ်းလိမ့်မယ်.... ဒါတောင်မှ သူတို့က အနည်းဆုံး  ၂၀၀၀ လောက် တန်ကြေးရှိတယ်....ငါတို့တွေအဲ့လောက်မှမတတ်နိုင်တာ......."

လီလော့  နောင်တတရားအချို့ကို ခံစားလိုက်ရသည်။

အဖြူရေင်မျက်လုံး အဖိုးတန် ပစ္စည်းတွေကတောင် အရမ်းဈေးကြီးနေပြီ.....ဒါပေမယ့် ရွှေမျက်လုံး အဖိုးတန်ပစ္စည်းတွေကိုလည်း လိုချင်နေမိတယ်....အင်းပေါ့လေ..ရွှေနဂါးဘဏ်တိုက်ကချမ်းသာပေမယ့်အပြင်လူတွေကို ဒီလောက်ထိတော့ရက်ရောမှာမဟုတ်ဘူး......

"အထဲဝင်ရအောင်....."

လီလော့က  ဦးဆောင်ပြီး စည်းစိမ်ဥစ္စာများ စောင့်ကြိုနေသော နေရာဆီသို့ စိတ်အားထက်သန်စွာ ပြေးသွားခဲ့ကြပြီး

အဖြူရောင် အလင်းတန်းများနှင့်အတူ သုံးယောက်စလုံးပျောက်ကွယ်သွားကြသည်။

***

All Chapters