← Chapters

ရတနာရွေးချယ်ခြင်း

Vol. 26 Ch. 360

ရတနာရွေးချယ်ခြင်း

Vol. 26 Ch. 360

လီလော့၏ခြေဖဝါးနှင့် ရေပြင်ကိုထိလိုက်သည့်အခိုက်တွင် အဖြူရောင်အလင်းရောင်ထွက်ပေါ်လာသည့်အတွက် သူ့ မျက်လုံးများကိုမှိတ်ထားလိုက်ရသည်။ ခဏအကြာ သတိထားပြီး ဖွင့်ကြည့်လိုက်တော့ သူ့ရှေ့က ရှုခင်းတွေက လုံးဝကို ကွဲပြားနေ၏။

ထိုအခါမှသာ ရေဝဲတခုထဲနောက်ရှိနေမှန်းသတိပြုမိလိုက်ပြီး ထိုရေဝဲက

သူ့ကို ရေကန်ရဲ့ အောက်ခြေကို ပို့ဆောင်ထားပုံရသည်။ ၎င်း၏ အကာအကွယ်ကြောင့် ရေအောက်တွင် ဘေးကင်းစွာ သွားလာနိုင်သည်။

"ဒါက ရေလှောင်တမံရဲ့ အတွင်းပိုင်းလား?"

လီလော့အံ့ဩစွာ လှည့်ကြည့်လိုက်သည်။ လျှပ်တပြက် ငါးတွေ ဖြတ်ကူးနေတာကို မြင်လိုက်ရပြီး အထူးသဖြင့် အနီးသို့ ကူးခတ်လာသောအခါတွင် ၎င်းတို့၏ တောက်ပြောင်သော ဆူးတောင်များကို သူ သဘောကျစွာငေးကြည့်နေဆဲမှာပင် ငါးများ၏ခန္ဓာကိုယ်က ထွင်းဖောက်မြင်နိုင်လောက်အောင် ကြည်လင်တောက်ပနေကာ ၎င်းအတွင်းမှတွင် ဓားတိုတစ်ချောင်းရှိနေသည်ကို မြင်နိုင်ခဲ့သည်။

ထိုလက်နက်သည် ကြီးမားလှသော စွမ်းအင်ဖြင့် လှုပ်ရှားနေပြီး အဖြူရောင် မျက်လုံးကဲ့သို့ ၎င်း၏ ထိပ်တွင် အဖြူရောင် အပေါက်ငယ်တစ်ခု ရှိနေသည်။

"ဒါက အဖိုးတန်တဲ့ ရှေးဟောင်းပစ္စည်းလား?!ဒါဆို ဒီငါးတွေအားလုံးကို အဖိုးတန် ပစ္စည်းတွေနဲ့ လုပ်ထားတာလား...."

လီလော့ လန့်သွားသည်။ ရုတ်တရက် သူ့ပတ်ဝန်းကျင်က ငါးတွေက ပိုက်ဆံလို ဖြစ်နေသည့်အတွက် ငါးမျှားချင်စိတ်ပေါက်လာသည်။

ရွှေနဂါးဘဏ်က တကယ်ကို ရူးသွပ်စရာပဲ......

ရွှေနဂါးဘဏ်တိုက်သည် လော့လန်အိမ်တော်ဆိုမထားနှင့်ကြယ်တာယာခရီးရှည်ကောလိပ်ပင် ယှဉ်နိုင်သောအင်အားစုမဟုတ်ပေ။

ရွှေနဂါးဘဏ်ဗဟိုဌာနချုပ်က ဘယ်လိုအာဏာမျိုး ကိုင်စွဲထားတယ်ဆိုတာ သူ တွေးကြည့်လို့ပင်မရတော့ချေ။

ရွေနဂါးဘဏ်တိုက်၏ချမ်းသာမှုသည် သူနှင့်သက်ဆိုင်သောအရာမဟုတ်ဘဲ လက်ရှိတွင် သင့်တော်သောရတနာများကိုရွေးချယ်ဖို့သာအာရုံစိုက်ထားရမည်။

ဤသို့တွေးကာ လီလော့သည် ဖြတ်သွားသောငါးတို့ကို ပို၍ အနီးကပ်ကြည့်ကာ ရှေ့သို့တိုးလာခဲ့သည်။

အချိန်အတော်ကြာ စူးစမ်းလေ့လာပြီးနောက်၊ ငါးများပေါ်ရှိ အဖြူရောင်အလင်းတန်းများနှင့်ခွန်အားများ ကွဲပြားကြောင်းကို လီလော့ သဘောပေါက်လိုက်ပါသည်။ သူ၏ ခန့်မှန်းချက် မှန်ပါက၊ ပိုအားကောင်းသော အလင်းရောင်ရှိသော ငါးသည် အဆင့်မြင့်အဖြူရောင်မျက်လုံး အဖိုးတန် ပစ္စည်းများကို ကိုင်ဆောင်ထားနိုင်သည်၊။ အားနည်းသော အလင်းရောင်များသည် အဆင့်နိမ့်အဖြူရောင်မျက်လုံးများသာပင်......

ရွှေရောင်အလင်းတန်းရှိတဲ့ ငါးတွေကိုတော့ တစ်ကောင်မှမမြင်ရသေးပေ။

ရွှေမျက်လုံး အဖိုးတန် ပစ္စည်းများသည် ရှားပါးသည့်အရာများဖြစ်သည့်အတွက် သိပ်တော့လည်း မျှော်လင့်နေ၍မဖြစ်သေးပေ။

လီလော သည် ကူးခတ်နေသော ငါးတစ်ကောင်ကို ဖမ်းရန် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။  အဖြူရောင်အလင်းတန်းတစ်ဝိုက်ကို အလွယ်တကူ ပိတ်လိုက်သည်နှင့်အမျှ ငါးက မရုန်းကန်ဘဲ သူ့လက်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေခဲ့သည်။ အထဲတွင် အစိမ်းရောင် ဓားရှည် အသေးစားလေးရှိနေသည်။

မကြာမီ ငါးမှ အလင်းရောင်မှိန်ဖျော့သောအလင်းရောင်သည် လီလော့ ၏ မျက်လုံးများရှေ့တွင် စကားလုံးများအဖြစ် သူ့အလိုလိုဖြစ်ပေါ်လာသည်။

"အနှစ်သာရကိုးပါးဓား....အဆင့်နိမ့်အ​ဖြူရောင်မျက်စိ... အနှစ်သာရကိုးမျိုးဖြင့် ပြုလုပ်ထားပြီး သစ်သားပဲ့တင်ထပ်သံ စွမ်းအားကို အားကောင်းစေပါသည.... ဈေးနှုန်း- တာအိုရွှေ ၃၈၀....."

လီလော့သည် ၎င်းကို အတိုချုံးဖတ်ကြည့်ပြီးနောက် ငါးကိုလွှတ်လိုက်သည်။ သူသည် ဓားတိုနှင့် လေးကိုသာ ကောင်းစွာ အသုံးချတတ်သူဖြစ်သည်။

ခဏအကြာတွင် နောက်ထပ်ငါးကို ဖမ်းမိပြန်သည်။

"မဟူရာချော်ရည် ချပ်ဝတ်တန်ဆာ...အဆင့်မြင့်အဖြူရောင်မျက်စိ.... ကိုးဆယ့်ကိုးကြိမ် ထုလုပ်ထားသော မာကျောသော သတ္တုများနှင့်​ပေါင်းစပ်ထားသည် ​ရေပဲ့တင်ထပ်သံ စွမ်းအားများကို အားနည်းစေသည်.... ဈေးနှုန်း တာအိုရွှေ...၆၀၀"

လီလော့၏ မျက်လုံးများ တောက်ပလာသည်။ ဒီတစ်ခါတော့ အဆင့်မြင့် အဖြူရောင်မျက်စိ ခံစစ်အတွက် ရတနာတစ်ခုရလာခဲ့ပြီ။ ဤချပ်ဝတ်တန်ဆာဖြင့်၊ သူ၏ ခံစစ်များသည် ပိုမိုအားကောင်းလာပေလိမ့်မည်၊ သို့သော် ယခုအချိန်တွင် သူလိုအပ်သောအရာမှာ ခံစစ်တစ်ခုမဟုတ်သလို၊ ပစ္စည်းတစ်ခုထက်ပိုယူရန်လည်း တာအိုရွှေ အလုံအလောက်မရှိပေ။ ကျင့်ကြံရေးအတွက်လည်း အချို့ကို ချန်ထားခဲ့ရဉီးမည်။

စိတ်မကောင်းစွာဖြင့်၊ ဒါကိုလည်း စွန့်လွှတ်လိုက်ရပြန်သည်။

လီလော့သည် နောက်ထပ် အဖြူရောင် မျက်စိ အဖိုးတန် ပစ္စည်းအချို့ကို ရှာဖွေကြည့်သော်လည်း မည်သို့မျှ ရှာမတွေ့သေးပေ။

10 မိနစ်အကြာတွင်........

လီလော့သည် နောက်ဆုံးတွင် သူစိတ်လှုပ်ရှားနေသည့်အရာတစ်ခုကို တွေ့ရှိခဲ့သည်။

"  ရှီခိုး​ကောင်ဓားသွား.(နှစ်လက်).... အဆင့်နိမ့်အဖြူရောင်မျက်စိ....ရွှေရှီခိုးကောင်၏တောင်ပံများဖြင့်ပြုလုပ်ထားပြီး ကျောက်တုံးများကို ရွံ့သဖွယ်လှီးဖြတ်နိုင်သည်။စျေးနှုန်း....တာအိုရွှေ ၅၁၀...."

လီလော့  ၎င်းကို ချက်ချင်းဝယ်ယူဖို့ပြင်လိုက်သည်။ထို ဓားနှစ်လက်သည် အခြားအဆင့်မြင့် အဖြူ​ရောင်မျက်လုံးလက်နက်များထက် ဈေးပိုကြီးသော်လည်း သူလိုအပ်သည်မှာ အတိအကျပင်။

သူသည် ဤငါးကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် နောက်ဆုံးတွင် လဲလှယ်ရန် ပြင်ဆင်ခဲ့သည်။

ဒါပေမယ့် သူ လဲလှယ်ခါနီးတွင် နောက်ထပ်ငါးတစ်ကောင်က တောက်ပလွန်းတဲ့ အလင်းရောင်နဲ့ ကူးခတ်နေတာကြောင့် အဆင့်မြင့်အဖြူရောင်မျက်လုံးအဆင့်မှန်း တန်းသိလိုက်သည်။

လီလော့ သိချင်စိတ်ဖြင့် ဖမ်းလိုက်သည့်အခါ.......၎င်းသည် အဖိုးတန်သော ရှေးဟောင်းလက်နက်မဟုတ်ကြောင်း တွေ့ရတော့ သူစိတ်ပျက်သွားသည်။ ယင်းအစား နို့နှစ်​ရောင်ပုလဲတစ်လုံးသည် ငါးအတွင်းတွင် ငြိမ်သက်ပြီး နွေးထွေးသောအလင်းရောင်များထုတ်လွှတ်နေသည်။

ငါး၏ဝမ်းဗိုက်မှတဆင့် သာယာသောလှိုင်းများ သူ့ထံရောက်လာသည်။

"ကောင်းကင်တမာန်ပုလဲ.....အဆင့်မြင့်အဖြူရောင်မျက်လုံး.....ဤပုလဲအတွင်းပိတ်မိနေသော သန့်ရှင်းသောအလင်းရောင်သည် ဝိညာဉ်ကိုကာကွယ်ပေးပြီး အတွင်းနတ်ဆိုးအသိစိတ်များကို တွန်းလှန်ပေးနိုင်သော အတားအဆီးတစ်ခုဖြစ်သည်.. စားသုံးနိုင်သောပစ္စည်းများထဲမှတစ်ခု.... ဈေးနှုန်း ...တာအိုရွှေ ၆၃၀......"

"စိတ်ဝိဥာဉ်ကို ကာကွယ်ပေးပြီး အတွင်းစိတ်နတ်ဆိုးကို တွန်းလှန်ပေးတယ်..."

လီလော့ သားရည်ယိုလာပြီ... ဤသည်မှာ အမြီးသုံးချောင်းကောင်းကင်ဝံပုလွေကြောင့် ဖောက်ပြန်ပျက်စီးသွားမည့် အသိစိတ်အတွက် ပြီးပြည့်စုံသော အဖြေမဟုတ်ပါလား။

ဒါ သူ့ရဲ့ အကြီးမားဆုံး ပြဿနာ မဟုတ်ဘူးလား ?

လုချင်းအာမှာ သလင်းကျောက်နှလုံးသား ရှိပေမယ့်လည်း ဝံပုလွေရဲ့ အလိုဆန္ဒကို သူ့ဆီကနေ လုံးဝ မသုတ်သင်နိုင်ခဲ့ပေ။ နောက်ရက်အနည်းငယ်အတွင်း လီလော့ ထိန်းချုပ်မှု ဆုံးရှုံးသွားခဲ့ရင် ဘာတွေဖြစ်လာနိုင်မလဲ......

ဤ ပုလဲသည် ထိုပြသာနာကိုအပြည့်အဝဖြေရှင်းပေးနိုင်သည်။

သို့သော်အလွန်စျေးကြီးလှသည်။

ထိုပုလဲကိုဝယ်လိုက်လျှင် ရှီခိုးကောင်ဓားနှစ်လက်ကိုဝယ်နိုင်တော့မည်မဟုတ်ပေ။

ပြီးတော့ သူအတွက် လက်နက်တစ်ခုအရေးတကြီးလိုအပ်နေသေးသည်။

ကူကယ်ရာမဲ့မှုကြောင့် လီလော့ အော်ငိုချင်စိတ်ပေါက်လာသည်။

ကောင်းပြီ သူမလုပ်နိုင်ဘူး.... ဒီနေရာက ယုဟုန်ရှီဆီမှာအကြွေးဝယ်သလိုဝယ်လို့ရတဲ့နေရာမဟုတ်ဘူး......

ဝေခွဲမရဟန်ဖြင့်အချိန်အတော်ကြာတွေးတေပြီးနောက် ကောင်းကင်တမာန်ပုလဲကိုဝယ်ယူဖို့ဆုံးဖြတ်လိုက်လေပြီ။

ဟူး.....ဓားတွေကအပြင်ပြန်ရောက်ရင် အသစ်လုပ်ခိုင်းလို့ရတယ်....ကောင်းကင်တမာန်ပုလဲကအပြင်မှာရှာဝယ်လို့မရဘူး......

***

All Chapters