← Chapters

အပိုဆုများ

Vol. 26 Ch. 361

အပိုဆုများ

Vol. 26 Ch. 361

လီလော့အတွက်ရွေးချယ်မှုများပြီးဆုံးသွားချိန်တွင် လုချင်းအာကလည်း လီလော့နည်းတူ ရွေးရခက်သည့်ပြသာနာနှင့်ရင်ဆိုင်နေရသည်။

"အများကြီးရှိတယ်... ငါဘယ်လိုရွေးရမလဲ"

သူမအနီးတွင် ငါးခုနစ်ကောင် သို့မဟုတ် ရှစ်ကောင်ခန့်ရှိကာ တစ်ခုစီတွင် ခြားနားသောအဖြူရောင်မျက်လုံးအဆင့် အဖိုးတန်ပစ္စည်းတစ်ခုစီရှိသည်။ တချို့က အဆင့်မြင့် တချို့က အဆင့်နိမ့်ဖြစ်နေသောကြောင့် ဆုံးဖြတ်ရခက်နေသည်။

နောက်ဆုံးတွင် သူမသည် သူမ၏ ခံစစ္ကို ခိုင်ခံ့အောင် အားကောင်းစေမည့် အဆင့်မြင့်အဖြူရောင်မျက်လုံး  အတွင်းဝတ် ချပ်ဝတ်တန်ဆာ နှင့် ငါးတစ်ကောင်ကို ဖမ်းမိခဲ့သည်။ လင်းစွော် ကို မကြာခင်မှာ လိုက်ဖမ်းတော့မှာ ဖြစ်ပြီး သူမဟာအဖွဲ့ထဲတွင် အားအနည်းဆုံးဖြစ်သောကြောင့်အခုလိုရွေးချယ်လိုက်ခြင်းဖြစ်သည်။

ဒါပေမယ့် အရောင်းအ၀ယ်လုပ်တော့မယ့်အချိန်မှာ အနီးနားက ရွှေရောင်အလင်းတန်းလေးတစ်ခုကို သူမတွေ့လိုက်ရသဖြင့်စူးစမ်းချင်စိတ် ပြင်းပြလာကာ သူမ လှမ်းဖမ်းဖို့ပြင်လိုက်သည်။

မီးခိုးရောင်သန္တာကျောက်တန်းများကြားတွင် သေးငယ်သော အပေါက်ငယ်တစ်ခုရှိသည့် ပင်လယ်ကြမ်းပြင်ကြီးတစ်ခုရှိကြောင်း သူမမြင်လိုက်ရသည်။ လုချင်းအာရဲ့ခန္ဓာကိုယ် ပိန်ပါးနေမှုကြောင့်သာ ထိုအပေါက်ထဲသို့ဝင်နိုင်ခဲ့ခြင်းဖြစ်သည်။

အတွင်းပိုင်းက သိပ်မကျယ်လှပေ၊ အပြင်ဘက်မှ အလင်းရောင်ကို စစ်ထုတ်သောကြောင့် အလင်းရောင် မှိန်မှိန်သာရှိနေပြီး  စက်ဝိုင်းထဲတွင် ငါးသုံးကောင် ကူးခတ်နေသည်ကိုဝိုးတဝါးမြင်နေရသည်။

သူတို့ဆီက ထွက်လာတဲ့ အဖြူရောင်အလင်းရောင်တန်းက တခြားငါးတွေနဲ့ မတူဘဲ အဖြူရောင်အလင်းတန်းထဲတွင် ရွှေချည်ကြိုးတစ်ချောင်းရှိသည်ကို တွေ့လိုက်ရသည်။

အနီးကပ်ကြည့်ရန် လျင်မြန်စွာ အနားတိုးသွားသောအခါတွင် အဖြူရောင်မျက်လုံးများ အလယ်တွင် ရွှေရောင်အမှုန်အမွှားလေးများ ပါရှိနေသော်လည်း ၎င်းတို့ အသီးသီးတွင် အဖြူရောင်မျက်လုံးများ သိမ်းဆည်းထားသည့် ရတနာပစ္စည်းများကို ကိုင်ဆောင်ထားသည်ကို သူမ တွေ့လိုက်ရသည်။

"ရွှေအဆင့် အဖြူရောင်မျက်လုံး...?"

ရွှေနဂါးဘဏ်တိုက်ရဲ့ သခင်မလေးဖြစ်သည့်အလျှောက် သူမတွင်လည်း ထိုက်သင့်သော ဗဟုသုတအချို့ရှိသည်။

ယခုတွေ့မြင်နေရသောအရာသည် ရွှေရောင်မျက်လုံး ရတနာပစ္စည်းများအဖြစ်သို့ ရောက်လုနီးနီး အဆင့်မြင့်အဖြူရောင် ရတနာပစ္စည်းများကို ရည်ညွှန်းသည်။ တစ်နည်းဆိုရသော် ထိုသို့သော အဖိုးတန်ပစ္စည်းများသည် အဖြူရောင်မျက်လုံးအဆင့် အဖိုးတန်ပစ္စည်းများထဲတွင် အကောင်းဆုံးဖြစ်ပြီး သဘာဝအတိုင်းပင် တန်ဖိုးအကြီးဆုံးဖြစ်သည်။

စစ်မှန်သောရွှေမျက်လုံးအဆင့် ရှေးဟောင်းပစ္စည်းများထက် သိသိသာသာ နိမ့်ကျနေသေးသော်လည်း ၎င်းတို့သည် အဆင့်မြင့်အဖြူရောင်မျက်လုံး ရတနာပစ္စည်းများထက် ပိုမိုအားကောင်းနေသေးသည်။

ထို့ကြောင့် လုချင်းအာသည် တခုတည်းပင်မဟုတ်ဘဲ သုံးခုတွေ့လိုက်ရသဖြင့် အင်မတန်အံ့သြနေမိသည်။

သေချာအနီးကပ်ကြည့်လိုက်သည့်အခါ တစ်မျိုးမှာ အနက်ရောင်ချပ်ဝတ်တန်ဆာ၊ နောက်တစ်မျိုးမှာ ရေခဲစွမ်းအားများပါသော မှန်ကူကွက်သဏ္႑ာန်  ကျောက်မျက်ရတနာဖြစ်ပြီး နောက်ဆုံးတစ်ခုမှာ လင်းလက်သောမှော်စာလုံးများရှိသည့် လေးတစ်လက်ဖြစ်သည်။

လုချင်းအာ ဝမ်းသာစိတ်ဖြင့် သက်ပြင်းချလိုက်သည်။ ယခုအချိန်အထိ သူမ မြင်တွေ့ခဲ့ရသည့်အရာများအရ အထက်တန်းကျသော ရတနာပစ္စည်းများသည် တစ်ခုလျှင် တာအိုရွှေ ၅၀၀ကျော်တန်ဖိုးရှိသည်။

သူမသည် ရေခဲကျောက်မျက်ရတနာကို အနီးကပ်ဆွဲယူလိုက်သည့်အခါ ၎၏ အေးခဲနေသော စွမ်းအင်များသည် သူမ၏ ပဲ့တင်ထပ်သံအတွက် အထူးသင့်လျော်သည်ကိုခံစားလိုက်ရသည်။

"မြေအောက်မဟူရာ သလင်းကျောက်ဖြင့် ပြုလုပ်ထားသည့် နေရောင်မဲ့ကမ်ဘာလုံးချပ်ဝတ်..... အဆင့်မြင့်အဖြူရောင်မျက်လုံးအဆင့်ရတနာဖြစ်ပြီး အေးခဲသော စွမ်းအားကို ထိန်းသိမ်းထားရန် အထူးပြုလုပ်ထားသည်။ ရေခဲ၏ ပဲ့တင်ထပ်သံ စွမ်းအား၏ ထိရောက်မှုကို လြန္စြာ တိုးမြင့်စေပါသည်။ ဈေးနှုန်း- တာအိုရွှေ ၂၀၀...."

လုချင်းအာ၏ မျက်လုံးများသည် ကြည်နူးမှုဖြင့် တောက်ပနေသည်။ ဤ နေရောင်မဲ့ကမ်ဘာလုံးသည် သူမအတွက် စိတ်ကြိုက်ပြုလုပ်ပေးထားသလိုပင်...

ဟမ်...ဒါလည်း တာအိုရွှေ၂၀၀ပဲလား....ဘယ်လိုဖြစ်နိုင်မှာလဲ?!

မယုံကြည်နိုင်စွာ မ်က္လုံးကို ပွတ်သပ်လိုက်သည်။ အမှန်မှာ၊ ၎င်းသည် အပိုသုညမရှိသော တာအိုရွှေ ၂၀၀ဖြစ်သည်။

"မဖြစ်နိုင်ဘူး၊ မှား ရေးထားတာများလား"

အကယ်၍ အခြားအဆင့်မြင့်အဖြူရောင်

မ်က္လုံး ရတနာမ်ား သည် တာအိုရွှေ  ၅၀၀ မွ ၆၀၀ တန်ကြေးရှိသည်ကို ၎င်းတို့ထက် သာလွန်သောအရာသည် အဘယ်ကြောင့် တာအိုရွှေ ၂၀၀ဖြစ်နေရသနည်း.....

ထူးဆန်းနေသော်လည်း ရုတ်တရတ် အေတြးတစ္ခု ဖြစ်ပေါ်လာပြီး ကျန်ငါးနှစ်ကောင်ကို ဖမ်းကိုင်ရန် လက္ကို ဆန့်တန်းလိုက်သည်။

"အလင်းနက် သံချပ်ကာ..၊ အဆင့်မြင့်အဖြူရောင်မျက်လုံး... အလင်းနက် သံမဏိဖြင့် ပြုလုပ်ထားသည့် အစွမ်းထက်သော အကာအကွယ်များဖြင့် ပြုလုပ်ထားသည်။ သံချပ်ကာသည် လေးလံပြီး ကြံ့ခိုင်မှုတိုးမြှင့်နိုင်သည်။ ဈေးနှုန်း- တာအိုရွှေ ၂၀၀ "

"တံလျှပ်သိမ်းငှက်မျက်လုံး... အဆင့်မြင့်အဖြူရောင်မျက်လုံး..... ဤလေးသည် ပဲ့တင်ထပ်သံ စွမ်းအားဖြင့် အသက်သွင်းနိုင်သော မြည်ဟည်းနေသော သိမ်းငှက်၏အရိုးများဖြင့် ပြုလုပ်ထားသည်။ အလင်း၏အရှိန်ဖြင့်  ရန်သူ၏စိတ်အခြေအနေကို အနှောင့်အယှက်ဖြစ်စေသော အသံလှိုင်းထုတ်လွှတ်နိုင်သည်။ ဈေးနှုန်း-တာအိုရွှေ..."

စုစုပေါင်း တာအိုရွှေ ၆၀၀နဲ့  ရွှေအဆင့်အဖြူရောင်မျက်လုံး ရတနာ ၃ ခု..... ဒါဟာ ရိုးရိုး အဆင့်မြင့်အဖြူရောင်မျက်လုံး ရတနာတစ်ခုစာတန်ကြေးမျှသာပင်....

ဘယ်လိုလဲ.... ဒါကအပိုဆုတွေလား.....တိုက်ဆိုင်မှုက အံ့သြဖို့ကောင်းလွန်းနေတယ်....

ထို့အပြင် ဤရတနာသုံးပါးသည် သူမ၏အဖွဲ့အတွက် ပြီးပြည့်စုံသော ရတနာများဖြစ်သည်။ သူမ၏ရေခဲစွမ်းအင်အတွက် နေရောင်မဲ့ကမ္ဘလုံး... ပင်ပန်းနွမ်းနယ်မှုမရှိသော သားရဲလူသား ချင်ဇူလုအတွက် ခိုင်ခံသောအလင်းနက်သံချပ်ကာ..တစ်ဉီးတည်းသော လေးသမားလီလော့အတွက် တံလျှပ်သိမ်းငှက်မျက်လုံးလေးတစ်လက်....

ဤသည်မှာ ကြိုတင်စီစဉ်ပေးထားသလိုပင်...

ဒါကို တိုက်ဆိုင်မှုလို့ လက်ခံရမယ်ဆိုရင် သူ့အသိဉာဏ်ကို စော်ကားရာရောက်ပါလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ သူမ ကျေနပ်နေသည်ကတော့အမှန်ပင်....

တာအိုရွှေ ၆၀၀ဖြင့် ရတနာသုံးခုကိုလဲလှယ်ပြီးသည့်တိုင် သူမတွင် တာအိုရွှေ ၃၀၀ ကျော်ကျန်နေသေးသည်။

လင်းစွော်လို သန်မာသူနှင့်ရင်ဆိုင်ဖို့အတွက်တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ရမည်။လီလော့သည်ပင်အန္တာရာယ်များသည့် ပညာရပ်ကိုလေ့ကျင့်နေသည့်အတွက် သူမလည်းငြိမ်နေ၍မဖြစ်တော့ချေ.....ထို့ကြောင် သူမရရှိထားသောရတနာများကို လီလော့တို့ကိုမျှဝေပေးရမည်။

ရွှေနဂါ တာအိုနယ်မြေ သည် အစကတည်းက အလွန်ထူးဆန်းနေခဲ့သည်။အပြင်ပြန်ရောက်မှသာ သူမအမေကိုအကျိုးကြောင်းမေးကြည့်ရမည်။

သူမ ရေလှောင်တမံအပြင်ဘက်သို့ပြန်ရောက်သည့်အခါ ချင်ဇူလုက ကစားစရာအသစ်ကိုစိတ်ဝက်စားနေသောကလေးငယ်တစ်ဉီးသဖွယ် လ​က်နက်အသစ်ဖြင့်ဆော့ကစားနေပြီး လီလော့ကသာ စိတ်ဝင်တစားဖြင့်မေးလာသည်။

"ပြန်လာပြီလား။ သင့်တော်တာတစ်ခုတွေ့ပြီလား"

သူမသည် သူတို့ဆီသို့ ပြေးသွားပြီး လီလော့ ၏ လက်ကို ကိုင်ကာ သစ်ပင်အရိပ်အောက်သို့ အမြန်ခေါ်သွားခဲ့ပြီးန င်တို့နှစ်ယောက်လုံး ငါနဲ့လိုက်ခဲ့ လို့ တိုးတိုးလေးပြောလိုက်သည်။

ကောင်လေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း အံ့သြသွားသော်လည်း နောက်ကလိုက်သွားကြသည်။

သူတို့သည် တောအုပ်ငယ်တစ်ခုထဲသို့ ရောက်သည်နှင့် လုချင်းအာက ဘာမှမပြောသေးခင် အလင်းနက်သံချပ်ကာနှင့် တံလျှပ်သိမ်းငှက်မျက်လုံးလေးတစ်လက်ကို ထုတ်ပေးလိုက်သည်။

နှစ်ယောက်စလုံး  စကားမပြောနိုင်အောင်ဆွံ့အနေပြီး အဖြူရောင် မျက်လုံးဖြူများအလယ်ရှိ ရွှေရောင်ကြိုးများကို အချိန်အတော်ကြာ စိုက်ကြည့်နေကြလေ၏။

***

All Chapters