အစီအစဉ်စတင်ခြင်း
Vol. 26 Ch. 362
လီလော့နှင့်ချင်ဇူလုတို့ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ကြပြီး သတိပြန်ဝင်ဖို့အချိန်တော်ယူခဲ့ကြရသည်။
"ဒါတွေက...အဖြူရောင်မျက်လုံးအဆင့်တွေပဲ.......နင်က တခုခုတော့တခုခုပဲ ချင်းအာ......"
လီလော့က သူမအား ချီးမွမ်းစကားဆိုလိုက်သည်။
"မင်းတကယ် အဖိုးတန်တဲ့ ရှေးဟောင်းပစ္စည်းတွေကို ယူနိုင်ခဲ့တာပဲ..."
ရွှေနဂါးတာအိုနယ်မြေတွင် ထူးခြားတဲ့ စည်းမျဉ်းတစ်ခု ပါ၀င်ပြီး ဝင်လာသူတွေကို အပြင်ကနေ ရတနာပစ္စည်းတွေ ယူဆောင်ခွင့် မပြုပေ။ ထို့ကြောင့် လီလော့နှင့် အခြားသူများသည် ရှေးဟောင်းပစ္စည်းများကိုသာ ယူလာနိုင်ခဲ့ကြသည်။
ရုတ်တရက် လုချင်းအာထံတွင် အဖြူရောင်မျက်လုံးအဆင့်ရတနာနှစ်ခုကိုတွေ့လိုက်ရသဖြင့် မယုံနိူင်လောက်အောင်အံ့သြနေခဲ့ကြသည်။
" ဘာလဲ...ဒါမျိုးအံ့သြစရာတွေမမြင်ဖူးဘူးလား...ဒါတွေကိုရေလှောင်တမံကနေယူလာတာ......"
လီလော့ ခေါင်းယမ်းလိုက်သည်။
" ချင်းအာ....ဒီမှာ လူစိမ်းမရှိဘူး....ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါ......"
ဒါတွေကိုရေလှောင်တမံကနေယူလာတာတဲ့လား....ငါတောင်အချိန်အတော်ကြာစောင့်နေခဲ့တာတောင် အဆင့်မြင့်အဖြူရောင်မျက်လုံးတစ်ခုရဖို့မလွယ်ခဲ့တာကို....ပြီးတော့အဆင့်မြင့်အဖြူရောင်မျက်လုံးတစ်ခုကို တာအိုရွှေ ၆၀၀ ကျော်တန်ကြေးရှိတယ်....ဒါမျိုး ၃ခုစာဝယ်ဖို့ သူ ဘယ်ကနေရွှေတွေရလာတာလဲ.....
ချင်ဇူလုကလည်း သဘောတူညီသည့်အနေဖြင့်ခေါင်းညိတ်လိုက်သည်။
"ငါမလိမ်ပါဘူး ....ငါ သူတို့ကို ရေလှောင်တမံထဲက ဆွဲထုတ်ခဲ့တာ..... ဒီနှစ်ခုအပြင် ငါ့မှာ ဒါလည်းရှိတယ်..."
သူမက ပတ်ဝန်းကျင်လေထုကို ချက်ချင်းအေးခဲစေသည့် ရေခဲကျောက်မျက်ရတနာကို ပြသလိုက်သည်။
"ဒါတွေက တခုကို ၂၀၀ပဲပေးရတာ...အားလုံးပေါင်း ၆၀၀ပဲဲကုန်ခဲ့တယ်....."
လီလော့နှင့် ချင်ဇူလုတို့သည် စိတ်ရှုပ်ထွေးစွာဖြင့်အကြည့်ချင်းဖလှယ်လိုက်ကြသည်ါ
လုချင်းအာပုံံစ့က လေးနက်သောပုံပေါက်နေပြီး သူမသည် ထိုသို့သောမျက်နှာဖြင့် လိမ်ညာနေခြင်းမျိုးမဟုတ်ပေ။
သို့သော်လည်း အဆင့်မြင့်အဖြူရောင်မျက်လုံး ရတနာတစ်ခုကို တာအိုရွှေ ၂၀၀သါပေးခဲ့ရသည်မှာ ပုပ်တော့မာ့်ဂေါ်ဖီထုတ်များကိုလျှော့စျေးဖြင့်ရောင်းချနေသလိုပင်.....
"ဘယ်...ဘယ်လိုဖြစ်တာလဲ " လီလော့ မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ခုခုတော့ မှားနေပြီ......
"ငါ လည်းမသိဘူး....ဒါပေမယ့် ရေလှောင်တမံထဲမှာ အပေါက်တစ်ခုကို ရုတ်တရက်တွေ့လိုက်ပြီးတော့ ဒီအထဲမှာ ဒီသုံးခုကို တွေ့ခဲ့တာ" ဟု လုချင်းအာ က ရှင်းပြသည်။
"နင့် မှာရှိနေသေးတဲ့ ရွှေနဂါးချီတစ်ဝက်ကြောင့် ဖြစ်နိုင်မလား?" ချင်ဇူလုက မေးသည်။
လီလော့ သက်ပြင်းချလိုက်ပြီး....
" ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊ ဒါတွေကိုရပြီးနေမှတော့ လက်လွတ်လိုက်စရာအကြောင်းမရှိဘူး...." ဟု လီလော့ က ဆိုသည်။
သိပ်မကြာခင်ဆင်နွှဲရမည့်တိုက်ပွဲအတွက် ဒါတွေကိုအရေးတကြီးလိုအပ်နေသည်မဟုတ်ပေလော.......
"ငါလည်း နင်နဲ့အတွေးတူတယ်...."
လုချင်းအာက ခေါင်းညိတ်လိုက်ပြီး သိမ်းငှက်လေးကို လီလော့ထံ ပေးအပ်ပြီး အလင်းနက်ချပ်ဝတ်ကို ချင်ဇူလုအား ပေးအပ်လိုက်သည်။
"သူတို့ကို စမ်းကြည့်ပါလား?"
လီလော့သည် တံလျှပ်သိမ်းငှက်မျက်လုံးလေးကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်သည့်အခါ အလေးချိန်ကိုပိုမိုလျှော့ချရန်နှင့် ဆွဲငင်အားတိုးလာစေရန်အတွက် လေး၏ အတွင်းပိုင်းတွင်အပေါက်ဖောက်ထားကာ အဖြူရောင်သလင်းခဲအချို့မြှုပ်နှံထားသည်ကိုတွေ့မြင်လိုက်ရသည်။ထို လက်နက်ကို ပြုလုပ်သော ရွေးချယ်မှုတိုင်းတွင် ငိုကြွေးနေသော သိမ်းငှက်၏ ဝိညာဉ်ကို ခံစားနိုင်သည်။ လေးကြိုးကိုဆွဲလိုက်သည့်အခါ သူ့လက်ချောင်းတွေအပေါ် ပြီးပြည့်စုံတဲ့ တင်းတင်းမာမာနဲ့ ကိုင်းညွှတ်နေ၏။ သူ့လက်ချောင်းထိပ်တွင် စွမ်းအားအနည်းငယ် တုန်လှုပ်သွားပြီး မြည်တမ်းနေသော သိမ်းငှက်၏ အော်ဟစ်သံ ခပ်တိုးတိုးကိုပင် ကြားနေရသည်။
"ကောင်းလိုက်တဲ့ လက်နက်!"
လီလော့အော်ပြောလိုက်သည် ။ သူသည် ဤလက်နက်၏ စွမ်းအားကို အလိိုလို ခံစားနိုင်ပြီး ၎င်းသည် သူ့ကိုယ်ပိုင် အလင်းပဲ့တင်ထပ် သံနှင့် လိုက်လျောညီထွေရှိနေသည်။
သူ့ဓားတိုနှစ်လက်နဲ့ ပြုလုပ်ထားတဲ့ ငွေပြာလေးရဲ့ ခြားနားချက်ကို သိဖို့ ဒီလေးကို ရိုးရှင်းစွာ ဆွဲထုတ်လိုက်ရုံပင်.....
ပဲ့တင်ထပ်သံ ရှေးဟောင်းပစ္စည်းများ၏စွမ်းရည်ကွာခြားမှုသည် ထင်မှတ်မထားလောက်အောင်ကြီးမားလွှန်းလှသည်။
လီလော့ လေးကို စမ်းသပ်နေစဉ်၊ ချင်ဇူလုကလည်း အလင်းနက်သံချပ်ကာကို စမ်းသပ်နေသည်။ ၎င်းကိုဝတ်ဆင်ပြီးချိန်တွင် သံမိဏိစစ်တပ်တစ်ခုဝန်းရံခံလိုက်ရသလို ခံစားရပြီး အနက်ရောင်ချပ်ဝတ်တန်ဆာသည် သူ့ခန္ဓာကိုယ်လှုပ်ရှားမှုများနှင့်အတူ ရွေ့လျားသွားကာ မှောင်မိုက်သောအလင်းရောင်ဖြင့် တောက်ပနေသည်။
သူ၏ လှံနက်နှင့် ဤအနက်ရောင် ချပ်ဝတ်တန်ဆာတို့ဖြင့် ချင်ဇူလုသည် ယခင်ကထက် ဆယ်ဆ ပိုမိုအားကောင်းလာသည်ဟု ခံစားနေရသည်။
"ကောင်းတယ်!"
ချင်ဇူလု ထိတ်လန့်သွားသည်။ အလင်းနက်ချပ်ဝတ်သည် လေးလံသော်လည်း ရုပ်ပိုင်းဆိုင်ရာ ခွန်းအားကောင်းသည့် သူ့အတွက် လင်းစွောနှင့်ရင်ဆိုင်ရာတွင်ယခင်ကထက်ပိုမိုအခွင့်သာစေလိမ့်မည်။
လုချင်းအာသည် သူမ၏ရေခဲပိုးထည်လက်အိတ်ပေါ်တွင် လှပစွာ နေရာယူထားသော နေရောင်မဲ့ကျောက်မျက်ကို သဘောကျစွာငေးကြည့်နေသည်။
၎င်း၏ ချောမွေ့သော မျက်နှာပြင်သည် သေချာစွာရပ်လုပ်ထားသော ဇာသားသဖွယ်နှစ်လိုဖွယ်ကောင်းလှသည်။
ဝုန်းးးးးးး
ရေပြာရောင် နှင်းခဲစွမ်းအင်လှိုင်းများသည် သူမ၏လက်အိတ်မှ ပွင့်ထွက်လာပြီး ၎င်း၏ရေခဲစွမ်းအင်သည် လီလော့တို့ကို တုန်လှုပ်ချောက်ချားသွားစေရန် လုံလောက်သည်။ လုချင်းအာသည် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ပထမအဆင့်သာဖြစ်နိုင်သော်လည်း သူမြင်လိုက်ရသည့် စွမ်းအားသည် တတိယအဆင့်နည်းတူ ပြင်းထန်သောအအေးဓာတ်ကိုထုတ်လွှတ်နေ၏။
နေရောင်မဲ့ကျောက်မျက်သည် သူမ၏ရေ
ခဲစွမ်းအင်အတွက် အတော်လေး အထောက်အကူဖြစ်စေနိုင်သည်။
"နင့်ရဲ့ကျောက်မျက်က နင့်ကိုစွမ်အားပိုတိုးစေတယ်.....အခုဆို နင်က ရေခဲဘုရင်မလို့တောင်ပြောလို့ရအောင်ကြောက်စရာကောင်းနေပြီ....ဒါမှမဟုတ် ရေခဲချောင်းဘုရင်မများလား......"
"နင် သိမ်းငှက်လေးနဲ့အဆင်မပြေဘူးထင်တယ်....ငါပြန်ယူလိုက်ရမလား......"
လီလော့က သဘောကျနှစ်ခြိုက်စွာပြုံးလိုက်ပြီး.....
"ရပါတယ် ကျေးဇူးပဲ....အပြင်ပြန်ရောက်ရင် ဒါအတွက် ကောင်းကင်ရွှေပြန်ပေးမယ်......"
လုချင်းအာက သူ့ကို မျက်မှောင်ကြုံ့ပြီစိုက်ကြည့်နေလေ၏။
"နင်နောက်ထပ် အဓိပ္ပါယ်မရှိတာတွေထပ်ပြောရင် ငါတကယ် စိတ်ဆိုးမိတော့မယ်နော်....."
"ဒါက အဆင့်မြင့်အဖြူရောင်မျက်လုံးရတနာလေ....တန်ဖိုးသိပ်ကြီးလွန်းတယ်....."
သူနှင့် ချင်ဇူလု၏ အဖိုးတန်ပစ္စည်းများသည် အပြင်ဘက်တွင် အနည်းဆုံး ကောင်းကင်ရွှေငါးသန်းတန်ဖိုးရှိရမည်ကို သူသိသည်။
"ဘာပဲဖြစ်ဖြစ် နင်တို့တွေ ငါ့ကိုကူညီနေကြတာပဲလေ......"
လုချင်းအာက ပြင်းထန်သည့်အမူအရာဖြင့် စကားစဖြတ်လိုက်ပြီး စကားပြောရန် မဝံ့မရဲဖြစ်နေသော ချင်ဇူလု ကို လှည့်ကြည့်လိုက်ကာ.... "နင်လည်း ဘာမှအထွန့်မတက်နဲ့ ဒီအတိုင်းယူထားလိုက်......"
ချင်ဇူလု သေချင်စော်နံနေလေပြီ။ သူ့ပါးစပ်ကိုတောင် မဖွင့်ရသေးတဲ့အတွက် ယုတ္တိကျကျပြောရရင် ပိတ်နေဖို့မလိုပေ။
ဘာပဲဖြစ်ဖြစ် လီလော့ကသာ ဒါကိုစခဲ့တာပါ၊ ဘာကြောင့်သူ့အပြစ်ဖြစ်ရတာလဲ.... လုချင်းအာ ဘက်လိုက်လွန်းတယ်.......
လီလော့က သူမထွက်သွားသည်ကိုကြည့်ကာ ကူကယ်ရာမဲ့အပြုံးဖြင့် ပခုံးတွန့်ပြသည်။
"ဒါဆို..." ချင်ဇူလု က အသံတိုးတိုးဖြင့် မေးလိုက်သည်။ "ငါတို့...ပစ္စည်းတွေသိမ်းထားရမှာလား"
"ကောင်းပြီ၊ ချင်းအာ ရဲ့ ကြင်နာမှုကို လက်ခံသင့်တယ်လို့ ငါထင်တယ်၊ သူမကို ရွှေနဂါးတောင်တန်းစာချွန်လွှာလက်ဆောင်ပြန်ပေးနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားရမယ်......မင်း အားနာနေသေးတယ်ဆို ငါ့ဆီပိုက်ဆံလွှဲလိုက် ငါသူ့ကိုမုန့်ဝယ်ကျွေးပြီးလက်ဆောင်တွေဝယ်ပေးလိုက်မယ်......"
ချင်ဇူလုက သူ့ကိုကြည့်လိုက်ပြီး...
"လီလော့...မင်း....."
လီလော့က သက်ပြင်းချလိုက်ပြီး လေးကို အိတ်ဆောင်စက်လုံးထဲထည့်လိုက်သည်။ ချင်ဇူလုကလည်း ထိုနည်းတူပင်. ဤဘဏ္ဍာများသည် အံ့အားသင့်စရာခွန်အားကို ပေးစွမ်းနိုင်သည့်အတွက် ကြီးမားသောတိုက်ပွဲအတွက် သိမ်းဆည်းထားရမည်ဖြစ်သည်။
ထိုစဉ်.... အလှမ်းဝေးသော ချိုင့်ဝှမ်းတစ်ခုဆီမှ ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်သံများထွက်ပေါ်လာသည်။
ထိုအသံကြောင့်ရေလှောင်တမံအနီးတစ်ဝိုက်ရှိ လူတစ်ဦးစီတိုင်း အေးခဲသွားပြီး အသံ၏ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။
ရွှေနဂါးတောင်တန်း..........
ရွှေနဂါးတောင်တန်းအထက် လေထုထဲတွင် ပျင်းရိငြီးငွေ့စွာ လည်ပတ်နေသော လောကီသဘာဝစွမ်းအင်၏ ကြီးကျယ်ခမ်းနားသော ရေကန်ကြီးတစ်ခုရှိနေသည်။
"ဒါက ရွှေနဂါးတောင်တန်း စာချွန်လွှာ ပေါ်လာတော့မယ့် လက္ခဏာပဲ!"
လီလော့နှင့်ချင်ဇူလုတို့သည်လည်း လုချင်းအာနည်းတူ ထိုနေရာသို့ စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။
ဆယ်မိနစ်ခန့်အကြာတွင်......
ရုတ်တရက် ရွှေရောင်အလင်းတန်းငါးခုသည် ရေဝဲအလယ်မှ လွှင့်ပျံလာကာ ဧရာမရွှေနဂါးတောင်ထိပ်သို့ ဆင်းသက်လာသည်။
"ရွှေနဂါးတောင်တန်းစာချိန်လွှာတွေက ပေါ်လာပြီ.....!"
" အားလုံးပေါင်းငါးခုရှိတယ်...!"
"သွား! သွား! သွား!"
"..."
ရုတ်ချည်းဆိုသလိုပင် ရေလှောင်တမံအနီးရှိ အဖွဲ့အားလုံးသည် တောင်တန်းဆီသို့ ရူးသွပ်စွာပြေးသွားကုန်ကြသည်။
"ရွှေနဂါးတောင်တန်းငါးခု......"
လီလော့ ပင့်သက်ရှိုက်လိုက်ပြီး လုချင်းအာ နှင့်ချင်ဇူလုတို့ ဘက်သို့ လှည့်လိုက်သည်။
"ပျော်စရာတွေ စတော့မယ်.....သွားကြရအောင်...."
"ရည်မှန်းချက်က ရိုးရှင်းပါတယ်... လင်းစွော်ကို ကျွေးဖို့ ခွေးတွေ ရှာမတွေ့ရင် ခွေးတစ်ကောင်လို ဖြစ်အောင် ရိုက်နှက်ပြီး ရွှေနဂါးတောင်တန်း စာချွန်လွှာ တစ်စောင်ကို ယူလိုက်ကြတာပေါ့....... "
***