တောင်ထိပ်ပေါ်တွင်
Vol. 26 Ch. 363
ရွှေနဂါးတောင်တန်း စာချွန်လွှာများ၏ အသွင်အပြင်သည် လေထုထဲတွင် လျှပ်စီးလက်နေသည်နှင့်တူသည်။ ရေလှောင်တမံအနီးရှိ အဖွဲ့များအားလုံးသည် ရွှေနဂါးတောင်တန်းဆီသို့ လျင်မြန်စွာ ပြေးသွားနေကြသည်။
စာချွန်လွှာငါးခုသာရှိပြီး အသင်းတစ်ရာကျော်သာရှိသည်ကို လူတိုင်းနားလည်သဘောပေါက်ကြပြီး ယင်းတို့အနက်မှ အကောင်းဆုံးသာလျှင် အမှန်တကယ်အခွင့်အရေးရရှိမည်ဖြစ်သည်။ သို့သော်လည်းကြိုးစားလိုစိတ်ကိုဘယ်သူမှမတားနိူင်ခဲ့ပေ။ကြိုးစားနေသ၍ မျှော်လင့်ချက်ရှိနိုင်သည်မဟုတ်ပေလော.....
လီလော့တို့ သုံးယောက်လည်း ရွှေနဂါးတောင်တန်းဆီ လိုက်သွားခဲ့ကြသည်။
နေ့တစ်ဝက်လောက်ကြာတော့ ညနေနေရောင်က မိုးကုပ်စက်ဝိုင်းကို ကျော်ပြီး ရွှေနဂါးတောင်ခြေရင်းကို ကျဆင်းနေလေပြီ။
အဖွဲ့များစွာ ဤနေရာတွင် တစ်ညလုံး စခန်းချခဲ့ကြသည်။
စခန်းချမည့်နေရာသို့အရောက်တွင် ကုယင်းက လီလော့တို့ကိုလက်လှမ်းပြပြီးပြုံးပြုံးရွှင်ရွှင်ဖြင့် လျှောက်လာခဲ့သည်။
"ငါတို့ပြန်တွေ့ကြပြန်ပြီ....."
“နင် သူ့ကို လိုက်ဖို့ သတ္တိရှိမယ်လို့မထင်ခဲ့မိဘူး.....”
"ရွှေနဂါးချီကို ပြန်ယူဖို့ နင်ပဲအကြံပေးခဲ့တာလေ......"
ကုယင်း ခေါင်းညိတ်လ်ိုက်သည်။
"နင် အဆင်သင့်ဖြစ်နေပြီမလား.....ပုံသဏ္ဍန်ပြောင်းလဲခြင်းတတိယအဆင့်ရောက်နေတဲ့ပြိုင်ဘက်ဆီကနေ ရွှေနဂါးချီကိုယူဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး.....နောက်ထပ် အချက်အလက်တစ်ခု ပြောပြပေးမယ်..... နင် လင်းစွော်ကိုရှာချင်ရင် စတုတ္ထတောင်ထွပ်ကို ရွေးလို့ရတယ်။ လင်းစွော်က အဲဒီနေရာကိုသွားမယ်လို့ကြေငြာထားတယ်......"
"ဒါက ပုံမှန်ပါပဲ- အပြင်းထန်ဆုံးအသင်းတွေက သူတို့သွားချင်တဲ့နေရာကို ကြေငြာပါလိမ့်မယ်.... ဒီလိုသာဆို အင်အားကြီးတဲ့အဖွဲ့အချင်းချင်း ထိတ်တိုက်တွေ့ဖို့မလွယ်တော့ဘူးပေါ့......."
လီလော့ ရွှေနဂါးတောင်ထွပ်များကို မျှော်ကြည့်လိုက်သည်။ အမှန်စင်စစ်၊ ၎င်းသည် အဝေးမှကြည့်လျှင် ရိုးရှင်းသော တြိဂံပုံသဏ္ဍာန်ရှိသော်လည်း တကယ်တမ်းတွင် တောင်ထွပ်ငါးခုရှိနေသည်။
"ကျေးဇူးအများကြီးတင်ပါတယ်...."
"ရပါတယ်... တခြားတစ်ယောက်ယောက်ကို မေးရင်လည်းရနေတာပဲဟာ....ကဲ...ငါသွားတော့မယ်...နင် အောင်မြင်မယ်လို့ ငါမျှော်လင့်တယ်... လင်းစွော်က အသင်းအနည်းငယ်ကို လက်တစ်ဖက်တည်းနဲ့ ဖြုတ်ချပြီးသွားပြီ....သူက တကယ်ကို သန်မာပြီး သွေးသံလိုက်တခုလိုဖြစ်နေတာကိုဘယ်ငူမှမဖြေရှင်းနိုင်ဘူး....."
သူမက ခေါင်းညိတ်နှုတ်ဆက်ပြီး သူ့အဖွဲ့နဲ့ တူထွက်သွားလေတော့သည်။
"သိပ်သဘောကောင်းတာပဲမဟုတ်လား"
လုချင်းအာက ကုယင်း၏ လှပတင့်တယ်သော အသွင်အပြင်ကို ကြည့်ကာ လီလော့ ၏ တုံ့ပြန်မှုကို မသိမသာအကဲစမ်းလိုက်သည်။
"သူမက လူကောင်းတစ်ယောက်ပါ"
"လူကောင်းတဲ့လား....ကျောက်ဇီယန်ကိုပဲ ကြည့်လိုက်... ရွှေနဂါးချီပျောက်ကွယ်သွားတာနဲ့ ငါတို့ကိုချက်ချင်းထားရစ်ခဲ့တာလေ.....ကုယင်းက နင့်ရုပ်ရည်ကိုမက်မောနေတာပဲဖြစ်ရမယ်......"
"အတွေးတိမ်လိုက်တာ....ငါ့ရုပ်ရည်ကိုပြောင်းပစ်လို့မှမရတာ.....ငါက ရုပ်ရည်ထက်အရည်အချင်းကို လူသိအောင်ပြချင်တာ...ဒါ့ကြောင့်မို့လဲကြိုးကြိုးစားစားကျင့်ကြံနေတာပေါ့....."
ချင်ဇူလု အံ့အားသင့်သွားသည်။
"မင်းအသံတိုးလို့မရဘူးလား.....? အားလုံး လှည့်ကြည့်နေကြပြီ!"
လုချင်းအာကလည်း သူ့ကို စိုက်ကြည့်နေသည်။
ဒီကောင်လေးရဲ့ အရေပြားက အရမ်းထူတယ်၊ အလင်းနက်သံချပ်ကာနည်းနည်းကိုထူတာ........
လီလော့က အရှက်ပြေချောင်းဟန့်လိုက်ပြီး.....
" ဘာပဲဖြစ်ဖြစ်၊ ငါတို့တွေ စတုတ္ထတောင်ထိပ်ကို ရောက်အောင်သွားရမယ်... အဲ့ဒီမှာ ရွှေနဂါးတောင်တန်း စာချွန်လွှာ ရှိလိမ့်မယ်၊ ဒါကြောင့် ...ချင်းအာ... နင်ငါတို့ကိုသေချာရှင်းပြပေးနိူင်မလား....."
လုချင်းအာက ခေါင်းညိတ်လိုက်သည်။
"ပထမဆုံးအနေနဲ့ ရွှေနဂါးတောင်ကိုတက်တာက ပန်းခြံထဲမှာ လမ်းလျှောက်သလို လွယ်ကူမနေဘူး.... အန္တရာယ်တွေ အများကြီးရှိတယ်၊ ရှောင်လွှဲလို့မရတဲ့ အရာတွေထဲမှာ တစ်ခုက ရွှေရောင်နကျယ်ကောင်တွေပဲ.... သူတို့က အကောင်သေးပေမယ့် အုပ်စုလိုက်ဆိုတော့ နယ်မြေတခုစာနေရာယူထားနိုင်တယ်...အဲ့တော့ တစ်ယောက်ယောက်သာ တောင်ထ်ိပ်ကိုရောက်သွားမယ်ဆိုစွမ်းအင်အတားအဆီးသည် စတင်ဖြစ်ပေါ်လာလိမ့်မယ်...တောင်ထွတ်တစ်ဝိုက်ကအတားအဆီးကို အပြည့်အဝဖွဲ့စည်းပြီးတာနဲ့အဲ့ဒီ့ တောင်ထွတ်ကို ဘယ်သူမှမဝင်လာနိုင်အောင် ပိတ်ထားလိမ့်မယ်....."
လီလော့ ခေါင်းညိတ်လိုက်သည်။
"ဒီရွှေရောင်နကျယ်ကောင်တွေက အဆိပ်ရှိတာကလွဲရင်ကြီးကြီးမားမားထိခိုက်တာမျိုးတွေမလုပ်နိုင်ဘူး......ဆင်တစ်ကောင်ကိုပုရွက်ဆိတ်တွေဝိုင်းကိုက်သလိုပေါ့....အေးဆေးပါ....."
ချင်ဇူလု အံ့သြသွားသည်။
"ပြီးပြီလား?! လီလော့ မင်းကတကယ်အားကိုးရတဲ့သူတစ်ယောက်ပဲ"
"ငါတို့တောင်ပေါ်တက်တဲ့အခါ မင်းကိုပဲအားကိုးရမှာ.....မင်းရဲ့ ခံစစ်က အရမ်းကောင်းတယ်၊ မင်း အဲ့ဒါတွေအားလုံးကို ခံနိုင်ရည်ရှိတယ်ဆိုတော့ ငါနဲ့ချင်းအာသာအနောက်ကနေ ပံ့ပိုးပေးမယ်ဆို ငါတို့ အရှိန်အပြည့်နဲ့ ဖြတ်ကျော်နိုင်လိမ့်မယ်!"
ချင်ဇူလု အံ့အားသင့်သွားသည်။ အစီအစဥ်ဆိုတာဒါလား.......
ဒါဟာ လူသားဒိုင်းကာဆိုတာကို နားထောင်ကောင်းအောင်ပြောနေသလိုပဲ......
ဒီလိုအစီအစဥ်ကို ဘယ်လိုဉီးနှောက်မျိုးနဲ့စဉ်းစားလိုက်တာလဲ......
"စိတ်မပူပါနဲ့ နင် အဆင်ပြေမှာပါ.....
ရွှေနကျယ်ကောင်တွေရဲ့အဆိပ်ဆူးက နာကျင်ပေးမယ့် နင်က ဒါတွေကိုခံနိုင်ရည်ရှိလောက်အောင်သန်မာပါတယ်....."
ချင်ဇူလု မကျေမနပ်ဖြစ်နေသော်လည်း အစီအစဉ်ကို လက်ခံလိုက်ရသည်။
အမှန်မှာ၊ သူသည် ဤသုံးအဖွဲ့တွင် တရားဝင် သတ်မှတ်ထားသော လူသားဒိုင်းကာတစ်ခုပင်.....
"ရှောင်လု နားလည်မှာပါ.... သူက ယုံကြည်ရတဲ့ အသင်းဖော်ပဲလေ......"
ချင်ဇူလုက လီလော့ကို လျစ်လျူရှုလိုက်သည်။ ဤလူသည် ပဲ့တင်ထပ်သံ နှစ်ခုရှိသည့် မိုးကျရွှေကိုယ်ဖြစ်သောကြောင့် လုချင်းအာပင်လျှင် သွားမရှုပ်ရဲပေ။
"တောင်ခြေက စွမ်းအင်အတားအဆီး ပျောက်ကွယ်သွားတဲ့အခါ ငါတို့သွားကြမယ်"
သူတို့သွားရာလမ်းကို ပိတ်ဆို့ဟန့်တားနေသည့် ရွှေရောင်အတားအဆီးကြီးတစ်ခုရှိနေပြီး အားလုံးကိုညီတူညီမျှဖြစ်စေရန်တားဆီးပေးထားသည်။
ပြင်ဆင်မှုတွေ ပြီးသွားတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ စောင့်နေလိုက်ကြသည်။
လူအုပ်ကြီး၏ ကျယ်လောင်စွာ အော်ဟစ်သံများ မထွက်လာမီ နှစ်နာရီခန့် စောင့်ဆိုင်း နေကြရပြီး စွမ်းအင်အတားအဆီးသည် သူတို့၏မျက်စိရှေ့တွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ဘုန်းးးးးးး
စွမ်းအင်အတားအဆီး ပျောက်ကွယ်သွားသောအခါ၊ ပဲ့တင်ထပ်သံ စွမ်းအားများ စတင်အသက်ဝင်လာသည်။
လူတိုင်းက တောင်ပေါ်ကို အားမာန်အပြည့်ဖြင့်ချီတက်နေကြသည်။
လီလော့တို့သုံးယောက်လည်း အများနည်းတူ ချီတက်ခဲ့ကြသည်။
တောင်ခြေရင်းမှ လူစုသည် အုပ်စုငယ်ငါးခု ခွဲကာ ရွှေနဂါးတောင်ထွပ်ငါးခုဆီသို့ ဦးတည်သွားကြသည်။
လူအုပ်ကြီး၏အရှေ့တွင် သွေးဆာနေဟန်ဖြင့်အရှိန်ပြင်းစွာပြေးလွှားနေသူတစ်ယောက်ကိုလှမ်းမြင်လိုက်ရသည်။
လင်းစွော်............
လီလော့ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး.....
"ခွေးသူတောင်စား.....ငါမင်းကိုဒီနေရာမှာအဆုံးမသတ်နိူင်ရင်တောင် ယုဟုန်ရှီ လက်ချက်နဲ့အဆုံးသတ်နိုင်အောင်သေချာပေါက်လုပ်ပေးမယ်......."
***