← Chapters

ရွှေနကျယ်ကောင်

Vol. 26 Ch. 364

ရွှေနကျယ်ကောင်

Vol. 26 Ch. 364

ညနေခင်း၏ အုံ့မှိုင်းသော တောင်စောင်းတွင် အလျင်မြန်သောအရှိန်ဖြင့်ပြေးလွှညးနေသောကြောင့် သစ်ရွက်ကိုလေတိုးသားများကိုအဆက်မပြတ်ကြားနေရသည်။

လီလော့တို့အဖွဲ့သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အရှိန်ပြင်းပြင်း ခရီးနှင်နေကြသည်။ ၎င်းတို့သည် ပဲ့တင်ထပ်သံ စွမ်းအားအရ ဤနေရာတွင် အညံ့ဆုံးအသင်းများထဲမှ တစ်ဖွဲ့ဖြစ်သော်လည်း ၎င်းတို့အားလုံးတွင် ပဲ့တင်ထပ်သံအဆင့် အားသာချက်ရှိနေသေးသည်။ချင်ဇူလုက အဆင့်မြင့်အဆင့်ရှစ်၊လုချင်းအာက အဆင့်နိမ့်အဆင့်ရှစ်၊လီလော့တွင်တော့ ပဲ့တင်ထပ်သံနှစ်ခု......ထို့အပြင် အဆင့်မြင့်အဖြူရောင်မျက်လုံးလက်နက်သုံးခုကိုလည်း ထည့်သွင်းစဉ်းစားရပေဉီးမည်။

"နောက်ထပ် ဆယ်မိနစ်လောက်ဆို ငါတို့ ရွှေနကျယ်ကောင်တွေရဲ့နယ်မြေကိုရောက်တော့မယ်....."

လုချင်းအာက သူတို့ကို အော်ဟစ်သတိပေးလိုက်သည်။

နှစ်ယောက်စလုံးက ခပ်လေးလေးခေါင်းညိတ် တုံ့ပြန်ကြပြီး ရှေ့ရှိ ​​တောင်ခါးပန်းကို မော့ကြည့်လိုက်ကြသည်။

နီးကပ်လာသည်နှင့်အမျှ တောင်ခါးပန်းတွင် ရွှေနကျယ်ကောင်များသည်ရွှေရောင်တိမ်တိုက်သဖွယ်စုဝေးနေကြသည်။

လီလော့သည် ၎င်းတို့အား ထိုးဖောက်ဝင်ရောက်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့်အချက်ပြလိုက်သည်။

ဆယ်မိနစ်ခန့်အကြာတွင်.......

နားစည် နားစည်များ တုန်ခါသွားစေသည့် တဝီဝီအော်မြည်သံများကိုကြားလိုက်ရသည်။

ရွေနကျယ်ကောင်များသည် ခန္ဓာကိုယ်သေးသော်လည်း ချွန်မြနေသောအပ်များသဖွယ် အဆိပ်ဆူးများရှိနေကြသည်။

"အသင့် ပြင်ထား!"

လီလော့ ချင်ဇူလုကို သတိပေးလိုက်သည့်အခါ ရွေကျားနတ်ဆိုးပဲ့တင်ထပ်သံကို လှုံ့ဆော်ပေးသည့် ဟိန်းဟောက်သံကြောင့် သူ့ခန္ဓာကိုယ်သည် ကြွက်သားအသစ်များဖြင့်ဖောင်းပွလာပြီး ရွှေရောင်ကျားအစင်းများဖုံးလွှမ်းနေ၏။

လီလော့နှင့်လုချင်းအာတို့သည် သူ့နောက်ကွယ်တွင် ခံစစ်အနေအထားဖြင့်ရွှေနကျယ်ကောင်များကိုစတင်တိုက်ခိုက်လိုက်သည်။

ရွေနကျယ်ကောင်များသည် တိုက်ခိုက်မှုကြောင့် ဒေါသထွက်ကုန်ပြီးရှေ့ဆုံးတွင်ရှိနေသည့်ချင်ဇူလုကိုဒေါသတကြီးတိုက်ခိုက်ကြလေပြီ။

ချင်ဇူလု၏ကြီးမားလှသော အနက်ရောင်လှံတံသည် သေးငယ်လှသောရွှေနကျယ်ကောင်များကိုတိုက်ခိုက်ရာတွင်အတော်ပင် အခက်တွေ့စေသည့်အတွက် လီလော့နှင့်လုချင်းအာတို့ကသာ ဘေးကနေဝင်ကူနေရသည်။

ရွှေနကျယ်ကောင်များအဆက်မပြတ်ပေါ်ထွက်လာသည့်အတွက် ချင်ဇူလုအတော်ပင်အထိနာနေပြီဖြစ်သည်။

၎င်းတို့သည်သေစေလောက်အောင်အဆိပ်မပြင်းသော်လည်း အတော်ပင်နာကျင်ကိုက်ခဲစေသည်။

အဆိပ်ဆူးများပြည့်နေသည့်ချင်ဇူလုကိုကြည့်ရသည်မှာ ဖြူကောင်နှင့်ပင်တူနေရှာသည်။

ချင်ဇူလုသည် မခံမရပ်နိူင်အောင်နာကျင်နေသဖြင့် ဟိန်းဟောက်မာန်သွင်းလိုက်ပြီး စွမ်းအားများကိုထုတ်ဖော်လိုက်သည့်အခါ အဆိပ်ဆူးများကျွတ်ထွက်ကုန်သော်လည်း ခန္ဓာကိုယ်တခုလုံးသွေးသံတရွဲရွဲဖြစ်နေရှာသည်။

" ချင်းအာ...သူ့ကိုသွေးတိတ်အောင်လုပ်ပေးလိုက်......"

လီလော့အမိန့်ပေးလိုက်သည်နှင့်

သူမက ချင်ဇူလု ရဲ့ ခန္ဓာကိုယ်ပေါ် လက်ဖဝါးကို ချက်ချင်းတင်လိုက်ပြီး ဒဏ်ရာတွေကို ဖုံးအုပ်ထားဖို့  ရေခဲစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။

လီလော့ကလည်း ချင်ဇူလု ပြန်လည်ကောင်းမွန်လာစေရန် သူ့ကိုယ်ပိုင် ပဲ့တင်ထပ်သံ စွမ်းအင်ကို အသုံးပြုပြီးကုသပေးလိုက်သည်။

သူ့ဒဏ်ရာတွေ သက်သာသွားသလို ခံစားလိုက်ရတာကြောင့် ချင်ဇူလု သက်ပြင်းချမိလိုက်သည်။

ဟူးးး ဒီနှစ်ယောက်က တကယ်တော်တဲ့အထောက်အပံ့တွေပဲ......

ပြန်လည်သက်သာလာသည်နှင့် လှံကိုဝှေ့ယမ်းကာ ရွှေနကျယ်ကောင်များကိုရိုက်ထုတ်ပြီး လမ်းရှင်းလိုက်ပြန်သည်။

လီလော့သည် ၎င်း၏အသင်းဖော်နောက်သို့ လိုက်သွားသော်လည်း ၎င်းတို့၏ပတ်ဝန်းကျင်ကို အနီးကပ်ကြည့်ရှုနေသည်။ အခြားအဖွဲ့များသည် အခြားမည်သူ့ကိုမျှ ဂရုမစိုက်ရန် အလွန်အလုပ်များနေကြပြီး ရွှေနကျယ်ကောင်များ၏တိုက်ခိုက်မှုကြောင့် စူးစူးဝါးဝါး အော်ဟစ်နေကြသည်။

သူတို့ရှေ့ကို သေချာကြည့်လိုက်သည့်အခါ..... တောက်လောင်နေသော ကြက်သွေးရောင် အလင်းတန်းများအချို့သည် ရွှေနကျယ်ကောင်များ၏တိုက်ခိုက်မှုအများစုကို ရှောင်ရှားနိုင်စေမည့် ထင်ယောင်ထင်မှား ပုံရိပ်များကိုဖြစ်ပေါ်စေကိုတွေ့လိုက်ရသည်။၎င်းတို့ကိုဖန်တီးနေသော လင်းစွော်ကတော့ အတော်အဝေးဝေးကိုရောက်နှင့်နေပြီဖြစ်သည်။

လင်းစွော်သည် တောင်ထိပ်ရှိ အတားအဆီးကို တတ်နိုင်သမျှ အမြန်အသက်သွင်းရန် ရည်ရွယ်ပြီး တတ်နိုင်သမျှ အပြင်ပြန်

ထွက်ရန် ရည်မှန်းထားပုံရသည်။

ဒါဆိုရင် ရွှေနဂါးတောင်တန်းစာချွန်လွှာကိုရဖို့သေချာနေပြီပေါ့.......

လင်းစွော်သည်အတားအဆီးဆီကို သူမျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာ သွားလာနေသည့်အတွက် လီလော့အဆင်ပြေမနေတော့ပေ။

ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်ရဲ့ခြားနားချက်ကတကယ်ကိုသိသာလွန်းနေပြီ.......

လီလော့တို့ ဖွဲ့သည် တတ်နိုင်သမျှ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ခဲ့ပြီး ချင်ဇူလု သည် ခိုင်ခံ့သော စိတ်ဓာတ်ဖြင့် ရှေ့ကနေလမ်းရှင်းပေးနေသည်။

သူတို့ပတ်ဝန်းကျင်က လူတွေရဲ့အော်ဟစ်ငိုယိုသံတွေကလည်း ပိုပိုပြီး ထင်ရှားလာသည်။

လီလော့က သူတို့ကို ဂရုမစိုက်တော့ဘဲ လင်းစွော်၏ ကြောက်မက်ဖွယ်ရာအရှိန်ကိုသာ စိုးရိမ်နေမိသည်။

ဒီအတိုင်းသာဆို လင်းစွော်ပြန်ထွက်သွားတဲ့အချိန်ထိတောင် သူတို့တောင်ထိပ်ကိုရောက်နိုင်ဉီးမည်မဟုတ်ပေ။

ခဏအကြာတွင် လီလော့ က ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

"ချင်ဇူလု..လုပ်လိုက်တော့!"

ဖုံးကွယ်လို့ မရတော့ပေ။

ချင်ဇူလု လန့်သွားပြီး အိတ်ဆောင်စက်လုံးထဲက အလင်းနက်သံချပ်ကာကို ထုတ်ယူဝဆင်လိုက်သည်။ ထိုသံချပ်ကာသည် ဝတ်ဆင်လိုက်သည်နှင့်အရေပြားနှင့်တသားတည်းပေါင်းစပ်သွားပြီး အနက်ရောင်အလင်းတန်းများဖြင့်ခေါင်းအစခြေအဆုံးလွှမ်းခြုံပေးလိုက်သလိုပင်....

ချင်ဇူလုကိုကြည့်ရသည်မှာ မဟူရာသံချပ်ကာကားကြီးနှင့်ပင်တူနေ​သေးသည်။

ထန်..ထန်....ထန်...

သံချပ်ကာဝတ်ဆင်လိုက်သည်နှင့် ရွှေနကျယ်ကောင်များ၏တိုက်ခိုက်မှုကိုမှုနေစရာမလိုတော့ပေ။ထို့ကြောင့်

ချင်ဇူလုသည် အားမာန်သစ်ဖြင့် ရှေ့သို့ အရှိန်ပြင်းစွာ ချီတက်နေလေပြီ.......

သူတို့၏ အရှိန်အဟုန် ရုတ်တရတ် တိုးလာသည်ကို လင်းစွော်တောင် သတိထားမိလိုက်သည်။ သူက လှည့်ပြီး မျက်မှောင်ကြုတ်ကာ....

"ငါ့ကို သရဲတစ္ဆေလို လှည့်စားချင်တယ်ပေါ့...ကြည့်ရတာ ရေလှောင်တမံမှာပစ္စည်းကောင်းလေးတွေရခဲ့တယ်နဲ့တူတယ်...."

လင်းစွော်က ချင်ဇူလုကို မျက်လုံးထောင့်ကနေ ကြည့်ရင်း ရေရွတ်လိုက်သည်။ ဤချပ်ဝတ်တန်ဆာသည် ၎င်းတို့အား သက်တောင့်သက်သာဖြင့် ရွှေနကျယ်ကောင်များကို တွန်းလှန်ရန် ကူညီပေးနေသည်မဟုတ်လော......

"ကိစ္စမရှိပါဘူး၊ ငါတို့ရဲ့ အင်အားကွာဟချက်ကို သိအောင်ပြပေးရမှာပေါ့...."

လင်းစွော်က မောက်မာစွာ ပြုံးလိုက်ပြီး သူ၏ ကြက်သွေးရောင်စွမ်းအားများဿိ ထပ်မံထုတ်ဖော်က အရှိန်တင်ပြီးရှေ့သို့ပြေးထွက်လာခဲ့လိုက်သည်။

သူဖြတ်ကျော်သွားသောအခါတွင် သူ့ပတ်ဝန်းကျင်၌ ကြီးမားသော စွမ်းအင်အတားအဆီးတစ်ခူနှင့်ကြုံတွေ့လိုက်ရပြီး သူ့စွမ်းအားများတဖြည်း​ဖြည်းကျဆင်းလာသည်။

ဤသည်မှာ ရွှေနကျယ်ကောင်နယ်မြေအပြင်ဘက်ရှိအတားအဆီးအတွက် နယ်နိမိတ်မျဉ်းဖြစ်သည်။

လီလော့တို့ သုံးယောက်သား တုန်လှုပ်ချောက်ချားမှု အနည်းငယ် ခံစားလိုက်ရပြီး အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးသွားကြသည်။

အခုဆို တောင်ခါးပန်းကိုရောက်ဖို့သိပ်မဝေးတော့ပေ။

လင်းစွော်က သူတို့ကိုလှမ်းကြည့်ရင်း တဖြည်းဖြည်း ထိတ်လန့်လာသည်။

ထို့နောက် သူ့လက်ကို မြှောက်လိုက်ပြီး သူ့လက်ချောင်းထိပ်တွက် ကြက်သွေးရောင် စွမ်းအားတချို့ကို စုဆောင်းလိုက်သည်။

"သွေးအရိုးလက်ချောင်း!"

ဟိတ်!

တဖန်၊ သူ၏လက်သည်းများသည် ပြင်းထန်သော အသံထွက်သံနှင့် နောက်ပြန်ဆုတ်သွားကာ သူ၏လက်ချောင်းအရိုးများသည် လေထဲတွင် လွင့်နေသော ကျည်ဆန်တစ်ခုလို ရှေ့သို့ လွင့်ထွက်သွားသည်။

ချင်ဇူလု၏ခြေရင်းကို ချိန်ရွယ်ပစ်ခတ်လိုက်ခြင်းဖြစ်သည်။

ချင်ဇူလုက သူတို့အတွက် အရာအားလုံးကို ဖြည့်ဆည်းပေးတဲ့အတွက် အခုလိုအရှိန်မြှင့်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ချင်ဇူလုသာလဲပြိုသွားလျှင် လီလော့တို့နှစ်ယောက်လည်း ဘာမျှလုပ်နိုင်ကြတော့မည်မဟုတ်ပေ။

ချင်ဇူလုသည်  သူ့ထဲသို့ ကြက်သွေးရောင်အလင်းတန်းများ ကျရောက်လာသည်ကို မြင်သော်လည်း ရွေနကျယ်ကောင်များကြောင့် လင်းစွော်၏ တိုက်ခိုက်မှုကို မရင်ဆိုင်နိုင်သေးပေ။

"လျစ်လျူရှုထားပြီး အသင့်ပြင်လိုက်တော့!"

လီလော့ လေးနက်စွာပြောလိုက်သည့်အခါ

ချင်ဇူလု၏ မျက်လုံးများ တောက်ပလာပြီး အံတင်းတင်းကြိတ်ကာ ရင်ဆိုင်ဖို့အသင့်ပြင်ထားလိုက်သည်။

ကြက်သွေးရောင်အလင်းတန်း ပေါ်လာသည့်အခါလေးကြိုးတစ်ချောင်းသည် မြည်တမ်းဟစ်ကြွေးနေသော သိမ်းငှက်၏ အော်ဟစ်သံနှင့်အတူ ရုတ်တရက်တုန်ခါလာပြီးစူးရှတောက်ပသော အဖြူရောင်မြှားတစ်စင်းသည် ချင်ဇူလုကိုဖြတ်၍ အဖြူရောင်လက်ချောင်းရိုးထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

ဘုန်းးးးးးးးးးးး

ပေါက်ကွဲသံနှစ်ခုကြောင့်အနီးအနားရှိ ရွှေနကျယ်ကောင်များ လောင်ကျွမ်းပြာကျကုန်လေသည်။

အဖြူရောင်လက်ချောင်းရိုးတွင် လက်ကျန်စွမ်းအင်အချို့ရှိနေဆဲဖြစ်ပြီး ပထမအလင်းမြှားကို ကျော်ဖြတ်သွားခဲ့သည်။

ဝိညာဉ်မြှားနောက်တစ်ခုက ကောင်းမွန်သောအနားသတ်ဖြင့် လက်ချောင်းအရိုးတိုက်ခိုက်ခြင်းကို နှေးကွေးစေသည်။

"ဖောက်ထွက်ဖို့ အသင့်ပြင်ထား!"

ချင်ဇူလု ထိုသို့ အော်ဟစ်လိုက်ပြီး ပဲ့တင်ထပ်သံ စွမ်းအားအသစ်များကို ထုတ်ဖော် နောက်ဆုံးသောရွှေနကျယ်ကောင်အုပ်ကိုရင်ဆိုင်လိုက်လေသည်။

လီလော့ နှင့် လုချင်းအာတို့သည် သူ့နောက်တွင် ရှိနေပြီး ထိုအရှိန်ကြောင့် လန့်ဖျပ်သွားကြသည်။

သူတို့နောက်တွင်၊ ထူထပ်ပြီး တောက်ပနေသော ရွှေရောင်တိမ်တိုက်များ တဟုန်းဟုန်းတောက်လောင်နေသော်လည်း သူတို့နောက်မလိုက်နိုင်ကြတော့ပေ။

စွမ်းအင် အတားအဆီးသည်ရွှေနကျယ်ကောင်နယ်မြေနှင့် ၎င်းတို့ကြားသို့ တဖြည်းဖြည်း ဆင်းသက်လာပြီး နောက်ဆုံးအဆုံးသတ်ဖြင့် စည်းချပိတ်နှောင်လိုက်လေပြီ။

သို့သော် သူတို့ကိုလင်းစွော်က ပြုံးပြုံးကြီးရပ်ကြည့်နေလေ၏။

***

All Chapters