စုပေါင်းညှိနှိုင်းမှု၏အကျိုးရလဒ်.........
Vol. 27 Ch. 366
လင်းစွော်သည် သစ်ပင်ထိပ်တွင် ရပ်နေပြီး သူ့ပတ်ဝန်းကျင်တွင် ဝေ့ဝဲစီးဆင်းနေသော အနီရောင်စွမ်းအင်များကို ဆက်လက်စုဆောင်းနေသည်။ သူသည် ဒေါသတကြီးဖြင့် လီလော့ကို စိုက်ကြည့်နေပြီးအထိတ်တလန့်ဖြစ်အောင် အမှန်တကယ် စွမ်းဆောင်နိုင်သည့် ပြိုင်ဘက်ကို သုတ်သင်ရန် အဆင်သင့်ပြင်လိုက်သည်။
ထိုအချိန်က သူသည် ကြောက်ရွံ့မှု အစစ်အမှန်ကို ခံစားခဲ့ရသည် ။ ထိုသို့ကြောက်ရွံ့အောင်လုပ်ဆောင်ခဲ့သည်က ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း အဆင့်သုံးယောက်ဖြစ်နေသည့်အတွက်ပို၍ပင်ခံပြင်းစရာကောင်းနေတော့သည်။
လင်းစွော်က ပါးစပ်ထဲကနေ
ပွက်ပွက်ဆူနေသော သွေးများကို ထွေးထုတ်လိုက်ပြီး ထိုသွေးစက်များသည် မိုးခြိမ်းသံနှင့်အတူသူ့အရေပြားပေါ်တွင် စိမ့်ဝင်နေသော မြူခိုးများအဖြစ်သို့ ပျံ့နှံ့သွားသည်။
ထိုအခါ ခန္ဓာကိုယ်ပေါ်တွင်တဖျပ်ဖျပ်ဖျပ်ဖျပ်တောက်နေသော ကြက်သွေးရောင်အလွှာတစ်ထပ် ဖြည်းညှင်းစွာ ပုံဖော်လာသည်။
"ကျားအဆင့် ပညာရပ်........ သွေးဗုဒ္ဓ"
ထိုအခါ သွေးမြူများသည် ခက်ထန်သောသွေးမျက်နှာတစ်ခုအဖြစ်ရှင်းလင်းစွာရုပ်လုံးပေါ်လာခဲ့သည်။
ထို့အတူ လင်းစွော်၏အော်ရာများလည်း အရင်ကထက်ပိုမိုပြင်းထန်ရက်စက်လာသည်။ဤသည်မှာ သူ၏အပြင်းထန်ဆုံးလှုပ်ရှားမှုမှန်း သိသာလွန်းလှသည်။
လီလော့က အနည်းငယ် အကဲခတ်ပြီးနောက် လုချင်းအာတို့ကို သတိထားရန် အချက်ပြလိုက်သည်။ သူကိုယ်တိုင်လည်း နောက်ပြန်ဆုတ်သွားပြီး သိမ်းငှက်မျက်လုံးလေးကို လင်းညှို့တင်ပစ်လွှတ်လိုက်သည့်အခါ အလင်းစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
အလင်းမြှားသည် အရှိန်ပြင်းစွာ ရွေ့လျားသွားပြီး တစ်ဖက်ရန်သူကို အံ့အားသင့်စေသော ရေအလင်းမြှားထက်ပင် လျင်မြန်စွာ ရွေ့လျားသွားသည်။ ၎င်းသည် တံလျှပ်သိမ်းငှက်မျက်လုံးလေး ကဲ့သို့သော အဖိုးတန်ရတနာတစ်ခုက ယူဆောင်လာခဲ့သည့် စွမ်းအားမြှင့်တင်မှုဖြစ်သည်။
လင်းစွော်ပင်လျှင် တိုက်ခိုက်မှု၏ လှုပ်ရှားမှုကို ခြေရာခံနိုင်သည် ။ အရှိန်ကြောင့် အံ့သြသော်လည်း ထိတ်လန်းခြင်းတော့မရှိပေ။ စွမ်းအားမရှိသော အရှိန်သည် ဘာမှဖြစ်နိူင်မည်မဟုတ်။ သူသည် သွေးစွန်းနေသော မျက်နှာပုံရိပ်ဖြင့် အလင်းမြှားကို ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
ရွှီးးးးးး
အလင်းမြှားသည် မျက်နှာပုံရိပ်ထဲသို့ ပျော်ဝင်ပျောက်ကွက်သွားသည်။
လင်းစွော် ပတ်ပတ်လည်တွင် ကျက်သရေရှိလှသော စွမ်းအားများ တုန်လှုပ်သွားကာ လီလော့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ချီတက်လာနေပြီ။
လီလော့ ပြေးဖို့သာဆုံးဖြတ်လိုက်သည်။ လင်းစွော်သည် ယခုအချိန်တွင် အထွတ်အထိပ် အခြေအနေတွင် ရှိနေသည့်အတွက် သူ့အဖြစ်က လှည်းကို ရပ်တန့်ရန် ဆုတောင်းနေသော ခြင်တစ်ကောင်နှင့် တူပေလိမ့်မည်။
လင်းစွော်သည် လျင်မြန်စွာဖြင့် လီလော့နားသို့ရောက်သွားခဲ့သော်လည်း
ဘုန်းးးးးးး
လင်းစွော်သည် သံမဏိမျှော်စင်ကြီးတစ်ခုဖြင့်ဝင်တိုက်ခံရသလို ရုပ်ပျက်ဆင်းပျက် လွင့်ထွက်သွားလေသည်။
လင်းစွော်ကို မီတာတစ်ဒါဇင်ခန့် ပျံသန်းစေခဲ့သူမှာ သံမဏိချပ်ဝတ်ဖြင့် ဖုံးအုပ်ထားသော ချင်ဇူလုသာပင်......
ယခုချိန်တွင် အလင်းနက်ချပ်ဝတ်ကိုဝတ်ဆင်ထားသော ချင်ဇူလုသည် လှံကိုဝှေ့ယမ်းပြီးတိုက်ခိုက်ဖို့ပြင်နေသည့်အတွက်
လင်းစွော် မျက်မှောင်ကြုတ်လိုက်သည်။ချင်ဇူလု၏တိုက်ခိုက်မှုများသည် အထူးတလည်ခြိမ်းခြောက်နိုင်သော်လည်း ၎င်းတို့သည် ဖြစ်နိုင်ချေရှိသော တစ်ခုတည်းသောခြိမ်းခြောက်မှုဖြစ်သည့် လီလော့အတွက် ကာဆီးပေးနေသလိုပင်.... ထို့အပြင်၊ချင်ဇူလုသည် အမြဲတမ်း ခက်ထန်သော သူတစ်ယောက်ဖြစ်ပြီး ယခု သူသည် အနက်ရောင် ချပ်ဝတ်တန်ဆာ ၀တ်ဆင်ထားသည့်အတွက် ပို၍ပင် ခုခံအားကောင်းနေပြီဖြစ်သည်။
လင်းစွော် ချင်ဇူလုကိုအရင်ရှင်းပစ်တော့မည်။
" မင်းသေချင်ရင် ငါမင်းကိုသေခွင့်ပေးပါ့မယ်!"
လင်းစွော်က သွေးတွေရွှဲနေတဲ့တင်းပုတ်ကို လှည့်လိုက်ပြီးချင်ဇူလုကို စတင်တိုက်ခိုက်လိုက်လေပြီ။
ထန်...ထန်...ထန်
တိုက်ခိုက်မှုတခုချင်းစီတိုင်းသည် ချင်ဇူလုကို ခေါင်းမှ ခြေဖျားအထိ ဆိုးရွားစွာ တုန်လှုပ်စေခဲ့ပြီး မကြာခင်မှာပင် လက်နက်ကိုင်ထားသောလက်ဖဝါးတစ်ခုလုံးစုတ်ပြတ်သတ်ထုံကျင်နေလေပြီ....
သို့သော် ချင်ဇူလုသည် အသံတစ်သံမျှမထွက်ဘဲ ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။ သူသည် လင်းစွော် တိုက်ခိုက်ရန် သူ့အသက်ကို အကြိမ်ကြိမ် စွန့်စားခဲ့သည်။
သူ၏ ကြိုးစားအားထုတ်မှုမှာ သူရဲကောင်းဆန်သော်လည်း မအောင်မြင်ခဲ့ပေ။ တိုက်ခိုက်မှုတစ်ခုစီတိုင်းသည် လင်းစွော်ကိုကာကွယ်ပေးသော သွေးစွန်းသောမျက်နှာပုံရိပ်ကြောင့် ပျက်ပြယ်သွားခဲ့သည်။
ယင်းမှာ ၎င်းတို့၏ ခွန်အား ကွာဟချက်ဖြစ်သည်။
ကံကောင်းစွာဖြင့် လုချင်းအာသည် ချင်ဇူလု အတွက် အရေးကြီးသောအခိုက်အတန့်များတွင် အချိန်ပိုရစေရန် အချိန်ကောင်းတိုက်ခိုက်မှုများဖြင့် ပါဝင်အားဖြည့်ပေးနေသည်။သို့သော်လည်း နှစ်ယောက်ပေါင်းတိုက်ခိုက်နေသည့်တိုင် လင်းစွော်ကိုမဖိနှိပ်နိုင်သေးပေ။
လင်းစွော်ကို ချင်ဇူလု အစွမ်းကုန် တိုက်ခိုက်နေချိန်တွင် လီလော့သည် အနီးနားရှိ သစ်ပင်တစ်ပင်တွင် ရှိနေပြီး စိတ်အားထက်သန်စွာဖြင့်ပစ်မှတ်ကို မမှိတ်မသုန်စိုကိယ်ကြည့်နေပြီး
အသက်ပြင်းပြင်းရှူကာ လေးညှို့တင်လိုက်လေပြီ။
သူ့ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံနန်းတော်နှစ်ခုစလုံးသည် စွမ်းအားများကို ထုတ်လွှတ်လိုက်သောကြောင့် တုန်ခါသွားကြပြီး ပဲ့တင်ထပ်သံ ပူဖောင်းလေးခု ထွက်ပေါ်လာသည်။
ပဲ့တင်ထပ်သံနှစ်ခုကိုပေါင်းစည်းလိုက်ခြင်းသည် တခဏတာအတွက်သာအသုံးဝင်သော်လည်း လီလော့၏ခွန်အားကို သိသိသာသာ တိုးတက်လာစေသည်။
တံလျှပ်သိမ်းငှက်မျက်လုံးလေး၏ အထူးစွမ်းရည် တစ်ခုဖြစ်သော အသံလှိုင်းပေါက်ကွဲခြင်းသည် အသုံးပြုသူ၏ စွမ်းအားများကို မြှားထဲတွင်ပေါင်းထည့်လိုက်ပြီး အသံလှိုင်းဖြင့်တိုက်ခိုက်ခြင်းဖြစ်သည်။
ကိုင်ဆောင်သူ ပိုအားကောင်းလေ၊ မြှားက ပိုအားကောင်းလေဖြစ်သည်။
လီလော့၏ ပဲ့တင်ထပ်သံနှစ်ခု ပေါင်းစည်းထားသည့်အလင်းမြှားသည် ယခင်ကထက် အဆများစွာ ပိုမိုအားကောင်းခဲ့သည်။ ၎င်းသည် ပဲ့တင်ထပ်သံစွမ်းအား အတောင်ပံတစ်စုံဖြင့် ပျံသန်းနေသော သိမ်းငှက်ကဲ့သို့ပစ်မှတ်ဆီသို့အရှိန်ပြင်းစွာ ပျံသန်းသွားလေပြီ။
မြှားထိပ်သည် သိမ်းငှက်၏ ချွန်ထက်သောနှုတ်သီးများသဖွယ် သေစေနိုင်လောက်သောစွမ်းအားများကိုသယ်ဆောင်သွားခဲ့သည်။
ဤသည်မှာ ယခုအချိန်တွင် လီလော့ စုဆောင်းနိုင်သည့် အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်သည်။
လင်းစွော်သည်ချင်ဇူလုနှင့် လုချင်းအာတို့ကို တိုက်ခိုက်ရင်း အန္တာရယ်အငွေ့အသက်ကိုခံစားလိုက်ရသည်။ လီလော့သည် ဤတိုက်ခိုက်မှုအတွက် သူ၏စွမ်းအင်များကိုအကုန်အစင်ထည့်သွင်းထားသည်ကို
ခံစားနိုင်ပြီး လီလော့ မြှားသည် သူ့အတွက် ပြင်းထန်သောခြိမ်းခြောက်မှုတစ်ခုဖြစ်လာမည်ကို ကောင်းစွာနားလည်ပါသည်။
အဖိုးတန်ရတနာကိုင်ဆောင်ထားသည့် လီလော့သည် ကြောက်ရွံ့ရမည့် စွမ်းအားတစ်ခုဖြစ်သည်။
ရုတ်တရက် ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားများ ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်လာပြီး လီလော့သည် မြှားကို ပစ်ခတ်လိုက်သည့်အခိုက်တွင်ချင်ဇူလုအား နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။ သိမ်းငှက်၏ ပြင်းထန်သော အော်ဟစ်သံသည် လေထုထဲတွင်မြည်ဟီးနေပြီး ကောင်းကင်သည် မြှားတံမှထွက်ပေါ်လာသောအလင်းရောင်ကြောင်း ပို၍ပင်လင်းထိန်နေသည်ဟုထင်ရသည်။
ပြင်းထန်လွန်းလှသော အရှိန်ကြောင့် လင်းစွော်၏ဉီးရေပြားကျိန်းစပ်သွားပြီး တင်းပုတ်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ လီလော့၏ အပြင်းထန်ဆုံးတိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူ့ကိုယ်သူ ပြင်ဆင်ထားသည်။ ဒီတိုက်ခိုက်မှုကို ရပ်တန့်နိုင်ရင် လီလော့တို့အဖွဲ့ နောက်ဆုတ်သွားမည်မှန်း သူသိသည်။
ဝှစ်.........
အဖြူရောင် အလင်းတန်းက သူ့အပေါ်ကို ဖြတ်ကျော်သွားလေ၏။
လင်းစွော်သည် အလင်းမြှားကို လက်ခံရန် ပြင်ဆင်နေချိန်၌ ရုတ်တရက် သူ့ဘေးနားကနေဖြတ်ကျော်သွားသည့်အတွက်ဇဝေဇဝါဖြစ်နေရသည။
လွဲသွားပြီလား?
ထိုမြှားသည် လုချင်းအာ ဆီသို့ ဦးတည်သွားသည်က ပို၍ထူးဆန်းနေသည်။
"ချင်းအာ...." လီလော့ အော်လိုက်တယ်......
သူမ၏ ပါးလွှာသောလက်များသည် ဇာလက်အိတ်များချွတ်လိုက်သည်နှင့် အေးခဲနေသော ပဲ့တင်ထပ်သ့စွမ်းအားများ ထွက်ပေါ်လာပြီး အလင်းမြှားကို ပုံရိပ်ထင်စေသော ရေခဲမှန်တစ်ချပ်ကို ဖန်တီးလိုက်သည်။
ဝှစ်......
မြှားသည် ရှောင်သွားသော်လည်း လင်းစွော် ဆီသို့ မရောက်ဘဲ ယင်းအစား၊ ၎င်းသည် လီလော့သို့ ပျံသန်းသွားခဲ့သည်။
လင်းစွော် ယခုအချိန်တွင် လုံးဝကိုဝေခွဲမရဖြစ်နေလေပြီ။
မကြာခင်မှာပင် သူ၏ စိတ်ရှုပ်ထွေးမှုကို အကြောက်တရားများက အစားထိုးဝင်ရောက်လာကြသည်။
လီလော့သည် သူ၏ မြှားကို ထင်ဟပ်စေရန် မှန်တစ်ချပ်ကို ကိုင်ထားသည်ကို သူမြင်လိုက်ရသည်။
လီလော့ကိုင်ဆောင်ထားသောမှန်ချပ်ပေါ်တွင် ထင်ဟပ်နေသည့်မြှားပုံရိပ်သည် အစစ်အမှန်နှင့်ပိုတူပြီး အရှိန်ကလည်း မူလမြှားထက်အဆပေါင်းများစွာပိုပြင်းထန်နေသည်။
ဝှစ်.......
လင်းစွော် ကဲ့သို့ သန်မာသော တစ်စုံတစ်ယောက်ပင်လျှင် အဖြူရောင် မှိန်ဖျော့ဖျော့ဖျော့ကို မြင်နေရပြီး သူ မသိလိုက်ခင်မှာ သူ့မျက်နှာမှာ အေးစက်စက် ချွေးတွေ စီးကျလာသည်။
ဘယ်လိုအရှိန်မျိုလဲ......
လီလော့သည် လှည့်စားမှုတို့၏အရှင်ခင်ဖြစ်လိမ့်မည်။
သူ့မှန်နဲ့ အလင်းမြှားရဲ့အမြန်နှုန်းကို သူ ဘယ်လို မြှင့်တင်ခဲ့တာလဲ.....
လင်းစွော် အော်ဟစ်လိုက်ပြီး ပဲ့တင်ထပ်သ့စွမ်းအားများကိုထုတ်ဖော်လိုက်သည့်အခါ ကြက်သွေးရောင်မျက်နှာပုံရိပ်သည် ဒိုင်းတစ်ခုကဲ့သို့ ပို၍ပင်တောက်ပလာခဲ့သည်။
အလင်းမြှား ပို၍နီးကပ်လာပြီ......
သုံးယောက်စလုံးသည် သူတို့၏ အကောင်းဆုံးမျှော်လင့်ချက်ဖြစ်သောတိုက်ကွက်များဖြင့် သွေးမျက်နှာပုံရိပ်ကို ထိုးဖောက်နေသည်ကို အသက်ရှုဖို့မေ့နေသည်အထိ ငေးကြည့်နေကြသည်။
ရွှီးးးးးးးးး
အလင်းမြှားသည် သွေးမျက်နှာပုံရိပ်ကိုဖြတ်ကျော်ပြီး လင်းစွော်၏ရင်အုပ်ပိုင်းဆီသို့ အရှိန်ပြင်းစွာ ထိုးဖောက်သွားလေ၏။
ဝုန်းးးးးးး
လင်းစွော် ပါးစပ်ကနေ သွေးများစီးကျနေပြီး မြှား၏အရှိန်ကြောင့် မီတာပေါင်းများစွာလွင့်စင်သွားသည်ကို လုချင်းအာနှင့် ချင်ဇူလုတို့ဝမ်းသာအားရဖြင့်ကြည့်နေကြသည်။
မယုံနိုင်လောက်အောင် သန်မာသည့်ရန်သူကို အလဲထိုးနိုင်လိုက်ပြီ.........
***