ရွှေအဌဂံဒိုင်းကာ.....
Vol. 27 Ch. 367
လုချင်းအာနှင့် ချင်ဇူလုတို့ နှစ်ယောက်စလုံး လင်းစွော် ဒဏ်ရာရသွားသည်ကို တွေ့လိုက်ရသောအခါ ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားလိုက်ရသည်။ ဒါဟာ အဓိပ္ပါယ်ရှိတဲ့ နည်းလမ်းနဲ့ အမှန်တကယ် ချိတ်ဆက်ထားတဲ့ သူတို့ရဲ့ ပထမဆုံး တိုက်ခိုက်မှု ဖြစ်သည်။ လီလော့ ဖန်တီးထားတဲ့ ဒီတိုက်ခိုက်မှုဟာ မမျှော်လင့်ထားလောက်အောင်ပြင်းထန်လွန်းသည်။
ပျော်နေသော်လည်း ချင်ဇူလုသည် သထက်မြက်တဲ့ တိုက်ပွဲအာရုံကို ပိုင်ဆိုင်ထားဆဲပင်....လေးလံသောလှံကို ကိုင်ထားပြီး လင်းစွော် ဒဏ်ရာရသွားချိန်တွင် အသာစီးရရန် ရှေ့သို့ခုန်တက်သွားသည်။
ချင်ဇူလုသည် အခြေအနေများစွာတွင် နှေးကွေးပြီး အဆင်မပြေမှုများ ကြုံတွေ့ရနိုင်သော်လည်း သူသည် တိုက်ပွဲတွင် ပါဝင်သူဖြစ်သည်။ စစ်မှန်သော သားရဲတစ်ကောင်၊ ပြိုင်ဘက်ကို ကန်ထုတ်ခြင်း၏ အရေးကြီးပုံကို သူ့လောက်နားလည်နိုင်သူရှိမည်မထင်....
ဝုန်းးးးး
လေပြင်းတိုက်ခတ်သွားသလို ပြင်းထန်သောစွမ်းအားဖြင့်တိုက်ခိုက်လိုက်သော်လည်း လှံထိပ်က လင်းစွော်၏ ခန္ဓာကိုယ်ကို ထိလိုက်သောအခါ ရွှေအိုရောင်အလင်းတန်းတစ်ခုက တိုက်ခိုက်မှုကို တွန်းလှန်လိုက်သည်။
ထန်.....
မီးပွားများ အစုလိုက်အပြုံလိုက်လွှင့်စင်လာပြီး ကြည်လင်သော သတ္တုသံကိုရှင်းလင်းစွာကြားလိုက်ရသည်။ ထိုအတူ ပြန်ကန်ထွက်လာသောစွမ်းအားများကြောင့်ချင်ဇူလု၏လက်မောင်းလည်း ထုံကျင်သွားသည်။
ချင်ဇူလု နာကျင်စွာနဲ့ ခေါင်းကို ခါယမ်းပြီး နောက်ပြန်ဆုတ်လာခဲ့လိုက်သည်။
ထိုမြင်ကွင်းကြောင့်လီလော့နှင့် လုချင်းအာ နှစ်ဦးစလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။ အဋ္ဌဂံပုံသဏ္ဍာန်ရှိသော ရွှေဒိုင်းတစ်ခုသည် လင်းစွော်၏ရှေ့တွင် ဖြည်းညှင်းစွာ ထွန်းလင်းတောက်ပနေပြီး ဒိုင်းရဲ့ အလယ်မှာ မျက်လုံးနဲ့တူတဲ့ အဖြူရောင် အမှတ်အသားလေးတစ်ခုရှိနေသည်။
"အဆင်မြင့်အဖြူရောင်မျက်လုံး ရတနာ......"
ဒါက သိပ်အံ့သြစရာတော့ မဟုတ်ပေ။ လင်းစွော်သည်လည်း ရေလှောင်တမံသို့ရောက်ခဲ့ပြီး အဖိုးတန်ရတနာများလဲလှယ်ခဲ့လိမ့်မညခ။ သို့သော် လင်းစွော်လိုလူမျိုးက ခုခံရေးအတွက်အသုံးဝင်သောရတနာတစ်ခုကို ရွေးချယ်ခဲ့သည့်အတွက်အံ့သြနေမိကြသည်။
ရွှေအဌဂံဒိုင်းပေါ်တွင် လီလော့၏ယခင်တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာသည့် ထင်ရှားသည့်အမှတ်အသားတစ်ခုလည်းရှိနေသေးသည်။
လင်းစွော် ဖြေးဖြေးချင်း ပြန်ထလာသော်လည်း နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေဆဲပင်..... ရွှေအဌဂံဒိုင်းသည် လီလော့ ၏မြှားကို နှေးကွေးစေသော်လည်း သက်ရောက်မှုသည် ၎င်း၏ အရေးကြီးသော ကိုယ်တွင်းအင်္ဂါများဆီသို့ ဖြတ်သွားခဲ့သည်။
သူသည် ကြောက်ရွံ့ခြင်းနှင့် အမျက်ဒေါသ နှစ်မျိုးလုံးကိုခံစားနေရသည်။
အဆင့်ကြီးတစ်ဆင့်စာ နိမ့်ပါးသူတစ်ယောက်က ဤမျှလောက်ထိ ချိန်းခြာက်နိုင်လိမ့်မည်ဟု တစ်ခါမှ အိပ်မက်မမက်ခဲ့မိပေ။
ရွှေအဌဂံဒိုင်းသာမရှိလျှင် အခုနေရွှေနဂါးတာအိုနယ်မြေကနေ ထုတ်ပယ်ခံနေရလောက်ပြီ......
"မင်းကို ငါလျှော့တွက်လိုက်မိပြီ....နှစ်ထပ်ပဲ့တင်ထပ်သံတွေက ဒဏ္ဍာရီဆန်လွန်းတယ်.....ဒါပေမယ့် မင်းမှာ ဒီလိုမျိုး ဒုတိယအကြိမ် တိုက်ခိုက်ဖို့ ခွန်အားရှိလိမ့်မယ်လို့ငါမထင်ဘူး......"
လီလော့ သက်ပြင်းချလိုက်မိသည်။ တကယ်တော့ ဒါဟာ သူ့ရဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး ပဲ့တင်ထပ်သံ နှစ်ခုစလုံးနှင့် ပဲ့တင်ထပ်သံ ပူဖောင်းများကို အသုံးပြုခဲ့ရသည်။
နောက်ဆုံးတွင်၊ သူသည် အလင်းပဲ့တင်ထပ်သံ စွမ်းအင်တိုက်ခိုက်မှုများ၏ အမြန်နှုန်းကို တိုးမြှင့်ပေးရုံမှတပါး အခြားစစ်မှန်သော လုပ်ဆောင်နိုင်စွမ်းမရှိသည့် ကျိုးပျက်ကြေးမုံပညာရပ်ကိုသုံးပြီး တိုက်ခိုက်မှုကို ရောင်ပြန်ဟပ်ခဲ့ခြငဖြစ်သည်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ အရှိန်ကလည်း စွမ်းအားတစ်ခု ဖြစ်လာနိုင်သည်။
သူ၏ လုပ်ငန်းစဉ်များစွာနှင့် ထပ်လောင်းမှုများကြောင့်သာ အပြင်းထန်ဆုံးသောမြှားကို ဖန်တီးနိုင်ခဲ့သည်။
ရွှေအဌဂံဒိုင်းလို အဆင့်မြင့်အဖြူရောင်မျက်လုံးရတနာသာမရှိလျှင် ထိုမြှားချက်ကြောင့် ပြတ်ပြတ်သားသား အနိုင်ရနေလောက်ပြီ။
လီလော့ဘက်က ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုမျိုး ထပ်မလုပ်နိုင်တော့ကြောင်း လင်းစွော သေချာနားလည်လိုက်သည်။ ၎င်းတို့သုံးဦးအနက် လီလော့တစ်ဦးတည်းသာ ဖြစ်နိုင်ချေရှိသော ခြိမ်းခြောက်မှုဖြစ်သည်။လီလော့ကိုသာ ရှင်းနိုင်လျှင် ကျန်တဲ့ နှစ်ယောက်ကို ကြောက်နေစရာမလိုတော့ပေ။ သို့သော် လီလော့ဆီသို့ လင်းစွော် ဉီးတည်နေချိန်တွင် ချင်ဇူလုသည် သံမဏိမျှော်စင်ကဲ့သို့တောင်းတင်းသန်မာစွာဖြင့်အနက်ရောင်လှံကိုကိုင်ကာ သူ့လမ်းကို ပိတ်ဆို့နေလေ၏။
"ထွက်သွားစမ်း! !!!!"
လင်းစွော်၏ အသံသည် ဒေါသကြောင့် သိသိသာသာတုန်ရင်နေသည်။ ချင်ဇူလုသည် တားဆီးရခက်ခဲသောဖုတ်ကောင်သဖွယ် အကြိမ်ကြိမ်သူ့လမ်းကိုဝင်ရှုပ်နေသည်။
ချင်ဇူလု၏ဝင်ရောက်စွက်ဖက်မှုသာမရှိလျှင် လီလော့ကို အစောကြီးကတည်းကရှင်းနိုင်နေပြီ။
ထန် ထန်......
တိုက်ကွက်အနည်းငယ်ဖလှယ်ပြီးချိန်တွင် ချင်ဇူလုတစ်ယောက် ဒေါသတကြီးဖြင့် ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်ကျွမ်းကျင်သူကို ကမူးရှုးထိုးတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်လေပြီ။
ဒါကိုမြင်နေရသည့်လီလော့က လုချင်းအာကို အချက်ပြလိုက်ပြီး အနားကိုလှမ်းခေါ်လိုက်သည်။
" ချင်းအာ...ငါ့ကို သလင်းနှလုံးသားခဏငှားပေးပါ......"
ထိုတောင်းဆိုချက်အရ လီလော့ တားမြစ်ထားသည့်လျှို့ဝှက်ပညာရပ်ကိုထုတ်သုံး တော့မည်မှန်း လုချင်းအာ သဘောပေါက်လိုက်ပြီ။ လီလော့အတွက်စိုးရိမ်နေသော်လည်း ရွေးချယ်စရာ မရှိတော့သည့် အတွက် သက်ပြင်းချလိုက်ပြီး လီလော့ပုခုံးပေါ်လက်တင်ကာ စွမ်းအားအချို့ပို့လွှတ်ပေးလိုက်သည်။
"သလင်းနှလုံးသား!"
အေးမြသော စွမ်းအင်လှိုင်းလုံးများ လီလော့၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။ ၎င်းသည် သူ့ကို မထိခိုက်စေဘဲ စိတ်နှလုံကိုအေးမြစေကာ အပျက်သဘောဆောင်သည့် ခံစားချက်များကို အလုံးစုံမဟုတ်သည့်တိုင်တချို့တဝက်လောက်ကိုငြှိမ်းသတ်ပေးနိုင်သည်။
"သတိထားပါ" လို့ တိုးတိုးလေးပြောလိုက်ပြီးနောက် ထ သူမသည် ချင်ဇူလုကိုကူညီရန် ပြေးထွက်သွားခဲ့သည်။
ကောင်းကင်ဝံပုလွေ၏ အသိစိတ်ကို သလင်းနှလုံးသားတစ်ခုဖြင့် မထိန်းချုပ်နိုင်ကြောင်းသိသည့်အတွက် လီလော့သည် ရေလှောက်တမံတွင်လဲလှယ်ခဲ့သည့် ကောင်းကင်တမာန်ပုလဲကို ထုတ်ယူစားသုံးလိုက်သည်။
ထိုပုလဲကြောင့်သာ ကောင်းကင်ဝံပုလွေ၏ စွမ်းအားကိုယူသုံးဖို့ စဉ်းစားခဲ့ခြင်းဖြစ်သည်။
ပုလဲလုံးကို ပါးစပ်ထဲထည့်လိုက်သည့်အခါ အေးမြသောစွမ်းအင်လှိုင်းများ ခန္ဓာကိုယ်အနံ့ပျံ့လွှင့်လာပြီး အစွမ်းသက်ရောက်မှုကလည်း လုချင်းအာ၏သလင်းနှလုံးသားထက် ပိုမိုအားကောင်းနေသည်။
လီလော့သည် သူ့လက်ကောက်ဝတ်ကို ချွန်ထက်သောအရာတစ်ခုဖြင့်ဆွဲခြစ်လိုက်သောအခါ သွေးအချို့စီးကျလာပြီး ထိုသွေးများဖြင့် စည်းတံဆိပ်တစ်ခုကိုပုံဖော်က ကောင်းကင်ဓမ္မတေးသံကိုရွတ်ဆိုလိုက်သည်။
ဖန်ချန်ယွမ်သင်ကြားပေးသည့်အတိုင်းဆိုကောင်းကင်ဓမ္မတေးသံတွင် သံကြိုးသုံးသွယ်ဟု အဆင့်သုံးဆင့်ရှိသည်။ ယခုချိန်တွင် လီလော့သည်ပထမသံကြိုးကိုသာအသုံးပြုနိုင်သေးသည်။ဒုတိယသံကြိုးကိုသုံးနိုင်သော်လည်း မကျွမ်းကျင်သေးသည့်အတွက်အရဲစွန့်ပြီးမသုံးဝံ့သေးပေ။
ကောင်းကင်ဘုံဓမ္မတေးသဲ၏ တတိယသံကြိုးအတွက် ရွတ်ဆိုရမည့်ပညာရပ်များပါဝင်နေသည့် ကောင်းကင်ဓမ္မတေးသံ ပညာရပ် ဒုတိယပိုင်းကို လုံကူရှန့်ပိန်းရရှိပြီးမှသာ ဖန်ချန်ယွမ်က ပေးမည်ဟုဆိုထားသည်။
သူ၏လေ့ကျင့်မှုတွင်၊ လီလော့သည် လိုအပ်သော ကောင်းကင်ဓမ္မတေးသံအမှတ်အသားကို ဖန်တီးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သလင်းနှလုံးသားနှင့် ကောင်းကင်တမာန်ပုလဲတို့၏အကူညီဖြင့် လွယ်ကူစွာ ဖန်တီးနိုင်ပြီဖြစ်သည်။
သို့သော်လည်း အခက်အခဲများကို ကိုယ်နိုင်ကြုံတွေ့ဖူးသည့်အတွက် အပြည့်အဝမပျော်နိုင်သေးပေ။
အမြီးသုံးချောင်းကောင်းကင်ဝံပုလွေ၏ အသိစိတ်လွှမ်းမိုးမှုကို မထိန်းချုပ်နိုင်လျှင် ၎င်း၏စွမ်းအားကို မသုံးနိူင်သည့်အပြကသ် မိမိ၏ကိုယ်ပိုင် အသိစိတ်ကိုပါဆုံးရှုံးလိုက်ရနိုင်သည်။
သို့သော် ပြင်ပအကူညီများကြောင့် လီလော့၏နှလုံးသားသည် ကန်ရေပြင်ကဲ့သို့ငြိမ်သက်အေးမြနေသည်။
ကောင်းကင်ဓမ္မတေးသံ ရွတ်ဆိုလိုက်သည်နှင့် လက်ကောက်ဝတ်မှသွေးဖြင့်ဖန်တီးထားသော စည်းတံတိပ်သည် အနီရောင်လက်ကောင်နှင့်ချိတ်ဆက်သွားပြီး အကျွမ်းတဝင်ရှိနေသည့် ကြီးကျယ်ခမ်းနားသော စွမ်းအားများကိုခံစားလိုက်ရသည်။
***