← Chapters

လေးခုပေါင်းရိုက်ချက်....

Vol. 27 Ch. 368

လေးခုပေါင်းရိုက်ချက်....

Vol. 27 Ch. 368

ပြင်းထန်သောစွမ်းအားများ လီလော့ခန္ဓာကိုယ်ထဲတွင်လှည့်ပတ်နေပြီး အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာဖို့ တာဆူနေကြပြီ။ ပြင်းထန်ရက်စက်သောစွမ်းအားများကြောင့် လီလော့ တစ်ကိုယ်လုံး ပေါက်ကွဲတော့မတတ်နာကျင်နေရသည်။

လီလော့သည် ယခုချိန်တွင် ပုံမှန်ပုံစံနှင့် လုံးဝကွဲပြားနေပြီ

တစစီဆုတ်ဖြဲလိုက်....သတ်ပစ်လိုက်....စရှိသည့် ခံစားချက်များသည် သူ့ရဲ့ဆင်ခြင်တုံတရားကိုတတိတိတိုက်စားနေပြီး ထိန်းချုပ်မှုလွတ်ထွက်သွားပါက သွေးဆာရက်စက်သော လူသတ်သမားလုံးလုံးဖြစ်သွားနိုင်သည်။

သူ့ရှေ့က ကမ္ဘာကြီးဟာ နီရဲပြီး သွေးရောင်တောက်ပနေသည်။

သူ့နားထဲတွင် အသံတစ်သံ ခပ်တိုးတိုးကြားလိုက်ရသည်က......

"လက်လျှော့လိုက်ရတာ တကယ်ပဲ ဆိုးဝါးလွန်းတယ်မလား.....အကုန်လုံးကိုသတ်ပစ်လိုက်........"

ဒါပေမယ့် နောက်ဆုံးမှာတော့ သလင်းနှလုံးသားနဲ့ကောင်းကင်တမာန်ပုလဲတို့ကြောင့် အတော်အတန်ထိန်းချုပ်နိုင်နေသေးသည်။

လက်ကျန်အသိစိတ်ကိုထိန်းချုပ်ရင်းဖြင့် တံလျှပ်လေးကို ထပ်မံလေးညှို့တင်လိုက်ပြန်သည်။

မြှားမပစ်ချက် စွမ်းအင်များကိုရသလောက်စုဆောင်းထားဖို့လည်းမမေ့ခဲ့ပေ။

ဝုန်းးးးးးးးး

လီလော့ လေးကြိုးကို လွှတ်လိုက်သောအခါတွင် စွမ်းအားအားလုံးက သူ့ဆီမှ လျှပ်တစ်ပြက် တစ်ဟုန်ထိုး ခုန်ဆင်းသွားပြီ အလင်းမြှားထဲသို့ ရောက်ရှိသွားသည်။

ဤတစ်ကြိမ်တွင်၊ အလင်းမြှားသည် ယခင်ကကဲ့သို့ တောက်ပသော အဖြူစစ်စစ်မဟုတ်တော့ဘဲ အန္တရာယ်အငွေ့အသက်များအပြည့်အဝထုံမွှမ်းနေသည့် အနီရောင်စွမ်းအားများဖြင့်တောက်လောင်နေသည်။

ထိုမြှားထဲတွင် ပြင်းထန်ရက်စက်သော စွမိးအင်များအပြည့်အဝပါဝင်နေသည့်အတွက်

မယုံနိုင်လောက်အောင် အစွမ်းထက်နေသည်။

လေးကြိုးကို ဆွဲနေရသော လီလော့အတွက်လည်းမသက်သာလှပေ။လက်ချောင်းများမှ သွေးများ တစက်စက်စီးကျနေသောလည်း နာကျင်မှုကိုအံတုပြီး အတတ်နိုင်ဆုံး လေးကြိုးကို တင်းနေအောင်ဆွဲရမည်။

ထိုမြှားချက်ထဲတွင် ပြင်းထန်သောစွမ်းအားများသာမက လေးနက်သောမျှော်လင့်ချက်များလည်းပါဝင်နေသည်။

လုချင်းအာ၊ ချင်ဇူလု နှင့် လင်းစွော် တို့သည် တိုက်ပွဲတွင် ပိတ်လှောင်ခံထားရသော်လည်း သုံးယောက်စလုံး အန္တာရယ်အငွေ့အသက်ကိုခံစားလိုက်ရသည်။

"ဘယ်လိုစွမ်းအားလဲ!" ချင်ဇူလု အံ့သြသွားပြီး မျက်လုံးပြူးသွားသည်။

လီလော့မှာ ဝှက်ဖဲတွေရှိနေမှန်းသိနေပေမယ့်လည်း ဒါက မျှော်လင့်ထားသည်ထက်အများကြီးသာလွန်နေသည်။

ဤစွမ်းအားသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်ထက်ပင်ကျော်လွန်နေသေးသည်။

လုချင်းအာ၏ မျက်လုံး ပြူးသွားသော်လည်း ချင်ဇူလုနှင့်မတူဘဲ သူမသည် ဝမ်းသာသည်ထက် စိုးရိမ်နေမိသည်။ လီလော့၏ မျက်လုံးများ နီရဲနေသည်ကို

မြင်နေရသည့်အတွက် နောက်ဆက်တွဲဆိုးကျိုးများမပြင်းထန်စေဖို့သာဆုတောင်းရတော့မည်။

"နောက်ဆုတ်"

လုချင်းအာက ချင်ဇူလု၏ လက်မောင်းနဲ့ လှမ်းဆွဲလိုက်ပြီး တိုက်ခိုက်နေရာကနေ အမြန်ဆုတ်ခွာလိုက်သည်။ချင်ဇူလုသည် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကြောင့် ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်ပြီး ဗီဇကြောင့် ရုန်းထွက်လုနီးပါး ဖြစ်သွားသည်။

သို့သော်လည်း လုချင်းအာ အကြောင်းမရှိဘဲအခုလိုလုပ်မည်မဟုတ်မှန်းသိနေသည့်အတွက်အသာတကြည်နောက်ဆုတ်လိုက်ချိန်တွင် လင်းစွော်ကလည်း လီလော့ကိုကြောက်လန့်တကြားကြည့်နေခဲ့သည်။

အနီရောင်မြှားသည် သူ့ဆီသို့တည့်တည့်ကြီးချိန်ရွှယ်ထားသည်။

"ချီးလိုပဲ....မင်းလှည့်စားမနေနဲ့

လင်းစွော် ပါးစပပ်ကနေသာ ဆဲဆိုနေပေမယ့်

ဒီစွမ်းအားက သူ့အဆင့်ကိုကျော်လွန်နေသည့်အတွက် ထိတ်လန့်မှုကြောင့် ဒူးတုန်နေသလိုပင်ခံစားနေရသည်။

အဓိပ္ပါယ်မရှိလိုက်တာ....ဒီကောင့်မှာ ဒီလိုစွမ်းအားမျိုးဘယ်လိုရှိနိုင်မှာလဲ.......ဘယ်လို လျှို့ဝှက်ပညာရပ်မျိုးက ဒီလောက်ထိ ကြောက်စရာကောင်းနိုင်မှာလဲ?

လင်းစွော် ပြင်းထန်သော နောင်တတရားကို ခံစားလိုက်ရသည်။ သူသာ အရင်ကတည်းက အခွင့်အရေးရတုန်း လီလော့ကို ရှင်းပစ်လိုက်ရင်ကောင်းသား........

သို့သော်လည်း ထိုသို့ပူဆွေးနေရမည့်အချိန်မဟုတ်ပေ။ သူသည် မြှား၏စွမ်းအင်အချို့ကို တွန်းလှန်ရန် တောအုပ်ထဲသို့တဟုန်ထိုးပြေးဝင်သွားခဲ့သည်။

လီလော့ သည် သူ့ပြိုင်ဘက်ကို လှမ်းမြင်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ကာ မြှားတံကိုပစ်လွှတ်လိုက်သည်။

ရွှီးးးးးးး

သိမ်းငှက်၏အော်သံသည် လက်တွေ့ကျ

အထိ ကျယ်လောင်လာသည်။ အရှိန်အဟုန်ဖြင့် ပြေးနေသော လင်းစွော်ဆီသို့ အနီရောင်မြှားတစ်စင်းလျင်မြန်စွာရွေ့လျားနေသည်။

ဘုန်းးးးးးး

ဒီတစ်ခါ အသံလှိုင်းက အရင်ကထက် ပိုပြင်းသည့်အတွက် သစ်ပင်တွေအကုန်လုံးပြာကျပျက်စီးကုန်လေပြီ။

အတော်အတန်အကွာအဝေးမှာပင် လုချင်းအာနှင့်ချင်ဇူလု တို့သည် နာကျင်စွာနဲ့ နားများကိုအုပ်ကိုင်ရင်းမြေပြင်ပေါ်သို့ လဲကျသွားသည်။

လင်းစွော်သည်လည်း အသံလှိုင်းကြောင့် နားထဲမှ သွေးယိုစည်းနေပြီးဉီးခေါင်းတစ်ခုလုံးလည်း ထုံကျင်ကြိမ်းစပ်နေလေပြီ။

သူ မတ်တတ်ရပ်ပြီး ပြန်ကောင်းအောင် ကြိုးစားလိုက်ကာ  တိုက်ခိုက်မှုကို ရင်ဆိုင်ရန် လှည့်လိုက်သည်။

ဤကဲ့သို့သော သေရေးရှင်ရေးအခြေနေတွင် လက်ကျန်စွမ်းအားများကို အကုန်အစင်ထုတ်ဖော်ပြီး ခုခံဖို့အတွက် ရွှေအဌဂံဒိုင်းဆီသို့ စွမ်းအားများပို့လွှတ်လိုက်သည်။

ဝုန်းးးးးး

ရွှေအဌဂံဒိုင်းအသက်ဝင်လာသည်မှာရွှေခြင်္သေ့တစ်ကောင်နိုးထလာသည့်နှယ်.......

ဝှစ်........

အနီရောင်မြှားသည် လေထုကိုခွင်းပြီး ရွှေအဌဂံဒိုင်းပေါ်သို့ တည့်တည့်ထိမှန်သွားသော်လည်း ဒိုင်းအက်ကွဲသွားပြီး လင်းစွော်၏ ရင်အုပ်ဆီသို့စိုက်ဝင်သွားသည့်အပြင် အရှိန်မသေသေးဘဲ အနောက်ဘက်သို့အရှိန်ပြင်းစွာရွေ့လျားသွားပြီး နောက်ဆုံး ကျောက်ဆောင်ကြီးတစ်ခုတွင်စိုက်ဝင်သွားလေတော့သည်။

လင်းစွော်သည် ကျောက်ဆောင်ပေါ်တွင် သံမှိုရိုက်ထားသလို မြှားတန်းလန်းနှင့်တွဲလျောင်းကျနေသည်။

ခဏအကြာတွင် ထိုကျောက်တုံးကြီးသည် နက်နဲသော အက်ကွဲကြောင်းများနှင့်အတူ တစစီကွဲကြေသွားလေ၏။

မြှားတစ်စင်းက အောင်ပွဲကို ဆုံးဖြတ်ခဲ့ပြီး ချင်ဇူလုနှင့်လုချင်းအာတို့သည် ကျောက်တုံးပေါ်တွင် ချိတ်ဆွဲခံထားသောလင်းစွော်ကို အံ့သြစွာ စိုက်ကြည့်နေကြသည်။

လီလော့၏မြှားသည် အံ့ဩစရာပင်။

လီလော့ မြေပြင်ပေါ် ပုံလျှက်သားလဲကျသွားသဖြင့် လုချင်းအာတို့အမြန်ပြေးသွားပြီး ထူလိုက်ရသည်။ချင်ဇူလုက လီလော့ကိုသေချာကြည့်ပြီး.....

"လီလော့ တစ်ခုခုဖြစ်နေပြီထင်တယ်....."

လီလော့၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့တွနေပြီး၊ တခါမှမမြင်ဖူးခဲ့သည့်ခက်ထန်ရက်စက်မှုများကိုအတိုင်းသားတွေ့မြင်နေရသည်။

ယခုအချိန်တွင် သူသည် တိရစ္ဆာန်နှင့် ပိုတူနေသည်။

"သူ ပြုစားခံလိုက်ရတာလား..?" ချင်ဇူလု အံ့သြတကြီးရေရွတ်လိုက်သည်။

ထိုစကားကြောင့် လုချင်းအာ သွေးမရှိတော့သလို ဖြူဖျော့သွားသော်လည်း သူမသည် ချင်ဇူလုကို ခေါင်းခါပြလိုက်ပြီး တိရိစ္ဆာန်ကဲ့သို့ ဆာလောင်မွတ်သိပ်နေသော မျက်လုံးများကို အတင်းအ​ကြပ်ပိတ်လှောင်ထားသည့် လီလော့ ဆီသို့ ဆက်လက်လျှောက်သွားခဲ့သည်။

ထို့နောက် သလင်းနှလုံးသားစွမ်းအင်များကို လီလော့ဆီပို့လွှတ်လိုက်ပြီး......

"လီလော့....အခုအားလုံးပြီးသွားပြီ...."

လီလော့ကတော့ အသက်ပြင်းပြင်းရှူရင်း မျက်လုံးများကို မှိတ်ထားနေဆဲပင်.... သို့သော်လည်းရူးသွပ်မှုတွေ တဖြည်းဖြည်း လျော့ပါးကုန်သည်။

တခဏအကြာတွင်ပုံမှန်အခြေနေဖြင့် လီလော့ မျက်လုံးပြန်ဖွင့်လာပြီး လုချင်းအာ ကို ခမ်းနားစွာ ပြုံးပြလိုက်ပြီး.....

"ဒါ နင်တို့မြင်ဖူးသမျှထဲမှာ အမိုက်ဆုံး ပစ်ချက်မဟုတ်ဘူးလား....."

သူမ ရယ်မောရင်း မျက်လုံးထောင့်များတွင် မျက်ရည်များ စီးကျလာသည်။ သူမ လီလော့ကိုဝမ်းသာအာရ လှမ်းဖက်ဖို့ပြင်လိုက်ချိန်တွင် လီလော့ ထိတ်လန့်သွားပြီး အပြစ်ကင်းစင်ကြောင်း ပြသရန် သူ့လက်များကို အမြန်ဖွင့်လိုက်သည်။

"ဒါ သိပ်ကိုနီးကပ်လွန်းနေတယ်......သတိထားပါ... ကျန်းချင်းအာသာ ဒါကိုမြင်ရင် ဒုက္ခများကုန်လိမ့်မယ်....."

လုချင်းအာ က နှုတ်ခမ်းစူလိုက်ပြီး.....

"ငါသူမကိုမကြောက်ဘူး!"

လီလော့ ငိုချင်သလို ခံစားရသည်ါ

“ဟုတ်ပါတယ် .....နင်ကဘယ်ကြောက်ပါ့မလဲ....အရိုက်ခံရမယ့်သူက နင်မှမဟုတ်တာ!"

***

All Chapters