← Chapters

အောင်ပွဲခံပစ္စည်းများခွဲဝေခြင်း........

Vol. 27 Ch. 369

အောင်ပွဲခံပစ္စည်းများခွဲဝေခြင်း........

Vol. 27 Ch. 369

လီလော့  သစ်ပင်ရိပ်အောက်တွင် အနားယူနေပြီး လုချင်းအာက သူ့လက်ဖဝါးပေါ်ရှိ ဒဏ်ရာကို နူးညံ့စွာ ပတ်တီးစည်းပေးနေသည်။ လီလော့ထံတွင် ကုသနိုင်စွမ်းရှိသော်လည်း ဒဏ်ရာပြင်းထန်သည့်အတွက် ပြန်လည်ကောင်းမွန်ရန် ရက်အနည်းငယ်ကြာနိုင်သည်။

ချင်ဇူလုသည် အနီးနားတွင်  ကြိုးပျက်နေသော ရုပ်သေးရုပ်သဖွယ် ပစ်စလက်ခတ်လဲလျောင်းနေပြီး ပင်ပန်းလွန်းလှသဖြင့် လက်တစ်ချောင်းသော်မျှ မလှုပ်ရှားနိုင်တော့ပေ။

လင်းစွော်၏တိုက်ခိုက်မှုကို ကြံ့ကြံ့ခံခဲ့ရသည့်အတွက် တကိုယ်လုံးရိုက်ချိုးခံထားရသလို နာကျင်နေရှာသည်။

လောလောဆယ်တွင်၊ ချင်ဇူလု၏ ထူထဲသော အရေပြားပေါ်ရှိ ဒဏ်ရာများသည် လီလော့ထက်ပင် ပိုများနေသည်။

အမှန်မှာ၊ ချင်ဇူလု ၏ အဆက်မပြတ် ရန်လိုမှုတိုက်ခိုက်မှုကြောင့်သာ လီလော့ကိုလင်းစွော် အာရုံမစိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အလင်းနက်ချပ်ဝတ်က ချင်ဇူလု၏ခုခံမှုကို မြှင့်တင်ပေးပြီး အင်အားကွာခြားချက်ကိုအနည်းငယ်ဖြည့်စည်းပေးနိုင်ခဲ့သည်။

သေလုအောင် အရိုက်ခံထားရတဲ့အပြင် လီလော့တို့၏စိတ်ကူးယဉ်ဆန်သောမြင်ကွင်းကိုလည်းထိုင်ကြည့်နေရသေးသည်။သို့သော်လည်းမနာလိုစိတ်မဖြစ်မိခဲ့ပေ။ ယင်းအစား၊ လူပိုတစ်ယောက်အဖြစ်သာ မသက်မသာခံစားနေရသည်။

ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေနဲ့ နပန်းလုံးရင်း တုန်တုန်ယင်ယင်နဲ့  ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ တခြားသူတွေနဲ့ ပတ်သက်ပြီး သူဘာမှ မလုပ်နိုင်ပေမယ့် အနားယူဖို့တော့ လိုအပ်နေသေးသည်မဟုတ်လား......

ကြီးမားသော တိုက်ပွဲကြီးသည် ၎င်းတို့အား လုံးလုံးလျားလျား အားအင်ကုန်ခမ်းစေခဲ့သည်။ သူတို့မှာ လူဉီးရေအားသာချက်တွေရှိခဲ့ပေမယ့် အင်အားကွာဟမှုကို ကျော်လွှားဖို့ မလုံလောက်ခဲ့ပေ။

မိနစ်နှစ်ဆယ်လောက်ကြာတော့ လီလော့ က ခြေဖျားထောက်ပြီး ချင်ဇူလု ဆီကို လျှောက်သွားပြီး ပုခုံးကိုလှမ်းပုတ်လိုက်သည်။

ချင်ဇူလုက နာကျင်မှုကြောင့် အော်ဟစ်လိုက်ပြီး

"မင်းကိုယ်မင်းတောင်အနိုင်နိုင်ကို  ငါ့ကို ဘယ်လိုကုပေးမှာလဲ"

"မင်း အများဆုံးကြိုးစားခဲ့တာပဲ.....တစ်စက် နှစ်စက်လောက်တော့ ရနိုင်ပါသေးတယ်ကွာ....ငြိမ်ငြိမ်နေစမ်းပါ"

လီလော့သည် ကုသခြင်းစွမ်းအားကို ညှစ်ထုတ်လိုက်ပြီး ချင်ဇူလုဆီသို့ပို့လွှတ်လိုက်သည့်အခါ သံချေးတက်နေသော အဆစ်များထဲသို့ ဆီတစ်စက်ကထည့်လိုက်သလို သက်သာစေသည်။ သို့သော်လည်း ဆယ်စက္ကန့်ခန့်အကြာတွင်  သာယာသောခံစားမှု ပျောက်ကွယ်သွားလေသည်။

"ဒါပဲလား....?"

ချင်ဇူလု ကျေနပ်ပုံမရသေးပေ။

"ငါ မင်းကို အစက်အနည်းငယ်ပဲလို့ ပြောခဲ့တယ်လေကွာ...."

ထို့နောက် လီလော့သည် ခဲဆွဲထားသလို လေးလံနေသော ​ခြေလှမ်းများဖြင့် ကျောက်တုံးပေါ်တွင် ချိတ်ထားဆဲဖြစ်သော လင်းစွော် ဆီသို့ လျှောက်သွားသည်။ ချင်ဇူလု က လည်းကျိန်ဆဲလိုက်ပြီး သူ့လှံကို ချိုင်းထောက်အဖြစ် အသုံးပြုရင်း လိုက်သွားခဲ့သည်။

လီလော့က လင်းစွော်ကို ငုံ့ကြည့်လိုက်သောအခါ  အင်္ကျီ၏နောက်ဘက်တွင် ကြီးမားသောအပေါက်တစ်ခုရှိပြီး  သူ့ကိုယ်တွင်းအင်္ဂါများ ညင်သာစွာခုန်နေသည်ကို မြင်တွေ့နိုင်သည်။

လင်းစွော်သည် အသက်ရှူနေသေးသော်လည်းသေလုဆဲဆဲဖြစ်နေလေပြီ။

သို့သော် ရွှေနဂါးလျှို့ဝှက်သော့ကြောင့် သူသည် နောက်ဆုံးထွက်သက်တစ်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။

လင်းစွော် လီလော့ကို မော့ကြည့်လိုက်ပေမယ့် ထိုအကြည့်တွေထဲမှာ  နက်နဲတဲ့ နာကြည်းမှုတွေနဲ့ ပြည့်နှက်နေ၏။

လီလော့သည် ဒဏ်ရာရနေသော လူငယ်၏ အဆိပ်ပြင်းသော အကြည့်များကို လျစ်လျူရှုကာ သူ့ကို ပုခုံးပေါ် ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်သည်။

"အစ်ကိုလင်း...... ငါတို့ အတူတူ အိမ်ပြန်ကြမယ်နော်...... နောက်ပိုင်းအခွင့်ရေးရမယ်ဆို ထမင်းလက်ဆုံစားကြတာပေါ့ဗျာ......"

ချင်ဇူလုက သူ့ကို စိုက်ကြည့်နေသည်။ လီလော့သည် အနာပေါ်ဆားသိပ်ရာတွင် အင်မတန်ထူးချွန်လှသည်။ အပြင်ပြန်ရောက်သည့်အခါ ယုဟုန်ရှီလက်ချက်ကြောင့် လင်းစွော် အသက်မသေလျှင်တောင်ကံကောင်းဟုဆိုရမည်ကို အတူထမင်းစားဖို့ ဖိတ်ခေါ်နေ​သေးသည်။

“အူး!”

လင်းစွော် ဒေါသတကြီး ဝူးဝူးဝါးဝါးအော်ဟစ်ပြီးနောက် သတိလစ်မေ့မျောသွားလေသည်။

"ဒါပဲလား?"

လီလော့ သတိလစ်နေသော လူငယ်ကိုကြည့်ပြီးခေါင်းယမ်းလိုက်သည်။ ဤလူကို ရှပြည်ထောင်စုဆီပြန်ခေါ်သွားရမည်။

လီလော့က လင်းစွော်ရဲ့အိတ်ကပ်ကို ဆွဲယူကြည့်လိုက်ရာ..... လုချင်းအာ၏ ရွှေနဂါးချီ တစ်ဝက်ကို ထည့်ထားသည့် ဘူးသီးခြောက်ကိုတွေ့ရှိခဲ့သည်။

"ချင်းအာ၊ ဖမ်း" ဟုပြောကာ ပေါ့ပေါ့တန်တန် ပစ်ပေးလိုက်သည်။

သူမ လက်နှစ်ဖက်ဖြင့် လှမ်းဖမ်းပြီးနောက် ဘူးသီးခြောက်ကိုဖွင့်ကြည့်လိုက်ရာရွှေအခိုးအငွေ့တစ်ခု ထွက်ပေါ်လာပြီး လုချင်းအာ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပေါက်ကွယ်သွားကြသည်။

“အရင်လိုခံစားချက်မျိုးပြန်ရပြီ.....…”

"အင်း.....ရွှေနဂါးချီက တကယ် ထူးဆန်းတာပဲ" လီလော့ ပြုံးလိုက်ပြီး ပခုံးတွန့်လိုက်သည်။ "ငါတို့လို ဆရာသခင်အဆင့်တွေနားလည်နိုင်တဲ့အရာမှမဟုတ်တာ..."

လုချင်းအာက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

လီလော့သည် လင်းစွော်၏ထဲမှ ရွှေအဌဂံဒိုင်းကို ဆွဲထုတ်လိုက်သည်။ ၎င်းပေါ်တွင်  တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် အက်ရာအချို့ရှိနေသည်။

သို့ပေမယ့် ထိုအရာသည်  အဆင့်မြင့်အဖြူရောင်မျက်လုံး ရတနာတစ်ခုဖြစ်နေဆဲပင်...... အနည်းငယ်အကုန်အကျခံ၍ ပြုပြင်လိုက်လျှင် ၎င်းသည် ကောင်းမွန်သော ခံစစ်ကိရိယာတစ်ခု ဖြစ်လာမည်ဖြစ်သည်။

လီလော့က ရွှေအဌဂံဒိုင်းကို ချင်ဇူလုကိုပေးလိုက်ပြီး......

"မင်းယူလိုက်....."

သုံးယောက်စလုံး တက်ညီလက်ညီ ကြိုးပမ်းခဲ့သည့်အတွက် အခုလိုအောင်ပွဲခံနိုင်ခြင်းဖြစ်သည်။ထို့ကြောင့် ရထားသည့်ရတနာများကိုလည်း အညီအမျှခွဲဝေရမည်။လုချင်းအာ၏ ရွှေနဂါးချီတစ်ဝက်သည် မည်သူမျှခွဲဝေနိုင်သောအရာမဟုတ်သည့်အတွက် ကျန်သည့်ရတနာများကိုသာ လီလော့နှင့်ချင်ဇူလုတို့ခွဲဝေကြရမည်။

ချင်ဇူလုက ရွှေအဌဂံဒိုင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းလိုက်သည်။

"မင်း အစွမ်းကုန်ကြိုးစားခဲ့တာဆိုတော့  ဒိုင်းကိုမင်းပဲယူထားလ်ိုက်  ငါ့မှာ အလင်းနက်ချပ်ဝတ်ရှိပြီးသား..."

လီလော့ ခေါင်းယမ်းလိုက်သည်။

"ငါ အိတ်ဆောင်စက်လုံးလိုချင်လို့ပါ...."

ကျန်းချင်းအာကို အိတ်ဆောင်စက်လုံးပေးမည်ဟု ရည်ရွယ်ထားသောကြောင့် ဒိုင်းကို စွန့်လွှတ်လိုက်ရခြင်းဖြစ်သည်။

"နှစ်ခုစလုံးယူထားလိုက်...အဲ့အစား ငါ့ကို ကောင်းကင်ရွှေတစ်သန်းပဲ ပေး..."

"ချစ်ဖို့ကောင်းလိုက်တဲ့ ရှောင်လု... တကယ်တော့ ငါ့မှာ ကုသရေး စွမ်းအင် နည်းနည်းကျန်သေးတယ်....ယူဉီးမလား....."

"မင်း.. ငါနဲ့ဝေးဝေးနေ

" ချင်ဇူလု  မျက်မှောင်ကြုတ်ပြီး လှည့်ထွက်သွားလေသည်။

လီလော့ ပြုံးလိုက်သည်။ ဤသည်မှာ ချင်ဇူလု၏ချစ်စရာကောင်းသည့် တဖက်ခြမ်းဖြစ်နိုင်သည်။ ရွှေအဌဂံဒိုင်းက သူ့အတွက် တကယ်ကို အထောက်အကူဖြစ်နိုင်ပြီး အိတ်ဆောင်စက်လုံးအတွက်၊ စျေးနှုန်းသည် ကောင်းကင်ရွှေတစ်သန်းကျော်ခန့်သာရှိသောကြောင့် ချင်ဇူလုသည် ကျိုးကြောင်းဆီလျော်သောစျေးနှုန်းကို တောင်းဆိုခဲ့သည်။

လီလော့က အိတ်ဆောင်စက်လုံးနှင့်ဒိုင်းကို သိမ်းလိုက်ပြီး..........

." နင်... အခုပဲ အရေးကြီးဆုံးအရာကို သွားယူသင့်တယ်"

လီလော့က တောင်ထိပ်ပေါ်တွင် လင်းလက်နေသည့်စာချွန်လွှာတစ်ခုကို ညွှန်ပြပြီး လုချင်းအာကို သတိပေးလိုက်သည်။

ရွှေနဂါးတောင်တန်းစာချွန်လွှာ.........

လုချင်းအာ ထိုအရာကို လှည့်ကြည့်လိုက်ပြီး အလင်းတန်းအကာအကွယ်ကိုဖြတ်ကျော်ကာ ရွှေစာချွန်လွှာကို လှမ်းယူလိုက်သည်။

စာချွန်လွှာပေါ်တွင် အသက်ဝင်နေသော ရွှေနဂါးတစ်ကောင်ပုံ ရေးထိုးထားသည်။ ၎င်း၏အကြေးခွံများသည် တောက်ပနေပြီး ထောင့်အမျိုးမျိုးမှ အလင်းပြန်နေပုံအရ ပို၍ပင်အသက်ဝင်နေသည်ဟုထင်ရသည်။  အဖိုးတန်စာချွန်လွှာမှ  နဂါးဟိန်းသံသဲ့သဲ့

ကိုပင် ကြားနေရသည်။

လုချင်းအာသည် စူးစမ်းချင်စိတ်နှင့် ကြည်နူးမှုတို့ ရောနှောပြီး စာချွန်လွှာကို စစ်ဆေးခဲ့သည်။ စာချွန်လွှာရရှိရန် သူမစိတ်မဝင်စားခဲ့သော်ငြားလည်း ၎င်းသည် သူမ၏မိခင်ဆန္ဒအတိုင်း ဖြစ်လာခဲ့ပြီ။

ရလဒ်အတွက် မိခင်ဖြစ်သူ၏ အံ့အားသင့်မှုကို တွေးဆရင်း အနည်းငယ်စိတ်ကြီးဟင်လာမိသည်မှာအမှန်ပင်.....

"အခု လီလော့ကို လျှော့တွက်မိလို့ နောင်တရနေလောက်ပြီ......"

***

All Chapters