တာအိုနယ်မြေ ပိတ်ပြီ.....
Vol. 27 Ch. 370
လုချင်းအာ စာချွန်လွှာကို ယူဆောင်သွားသောအခါ တောင်ထိပ်ပေါ်ရှိ အလင်းရောင်မှိန်ဖျော့သွားကာ ဤတောင်ထွတ်ပေါ်တွင် တိုက်ပွဲပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
စာချွန်လွှာပေါ်ထွက်လာသည့်
တောင်ထိပ်ငါးခုစလုံးတွင်၊ စတုထ္တတောင်ထွတ်သည် အရင်ဆုံးစာချွန်လွှာရသွားသည့်တောင်ထွတ်ဖြစ်သည်။
ထို့ကြောင့် ရွှေရောင်မှိန်ဖျော့သွားသောအခါတွင် အခြားပါဝင်ယှဉ်ပြိုင်သူများ အံ့အားသင့်သွားကြသည်။ အသန်မာဆုံးလူဖြစ်တဲ့ လင်းစွော် အဲဒီအထွတ်အထိပ်မှာ ရပ်တည်ခဲ့တာကို သူတို့အားလုံး သိထားကြပြီး လင်းစွော်လို ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်ဖြင့် အသင်းများစွာကို လက်တစ်ကမ်းတည်း ဖြုတ်ချခဲ့သူကို အားလုံးက ကြောက်ရွံ့နေခဲ့ကြသည်။
အခြားသော လက်ရွေးစင်အသင်းများသည် လင်းစွော်ကိုရင်မဆိုင်ဝံ့သည့်အတွက် စတုထ္တတောင်ထွတ်ကို လက်ရှောင်ခဲ့ကြသည်။
အလင်းမှိန်ဖျော့သွားသောအခါတွင် လင်းစွော် စာချွန်လွှာရသွားပြီဟု လူတိုင်းက ယူဆခဲ့ကြသည်။
များမကြာမီပင် အခြားတောင်ထိပ်များရှိ အလင်းတန်းများသည်လည်း မှိန်ဖျော့သွားကြပြီ။
မကြာခင်မှာ တောင်ထိပ်တွေအားလုံး မှောင်မိုက်သွားပြီး စာချွန်လွှာငါးခုစလုံး ပိုင်ရှင်လက်ထဲရောက်သွားကြပြီဖြစ်သည်။
ရုတ်တရက် ရရှိသွားသော အသင်းသားများပုံရိပ်ကိုရေးထွင်းထားသော စာလွှာငါးခုသည်ကြယ်များကဲ့သို့ ထွန်းလင်းတောက်ပလာကာ ကြည့်ရှုသူများကို အာရုံစိုက်စေခဲ့သည်။
လီလော့ သည် အခြားတောင်ထိပ်များသို့ လှမ်းကြည့်လိုက်ရာ သူရင်းနှီးသောရုပ်ပုံအချို့ကို တွေ့လိုက်ရသည်... ကုယင် နှင့် ကျောက်ဇီယန်တို့ နှစ်ယောက်စလုံး စာချွန်လွှာရရှိသွားခဲ့ကြသည်။
တစ်ဖက်တွင်မူ လီလော့တို့ သုံးဦးပုံရိပ်ကို စာချွန်တော်တွင် ရေးထားသည်ကို တွေ့ရတော့ သူတို့ အလွန်အံ့အားသင့်သွားကြသည်။
"သူတို့?...ဒါဆို လင်းစွော် ဘယ်ရောက်သွာသတာလဲ....."
လင်းစွော်လိုသန်မာသူတစ်ယောက်ကို မည်သို့အနိုင်ယူခဲ့ကြသနည်း.....
လင်းစွော် တကယ်ရှုံးသွားတာလား......
"ဘယ်လိုဖြစ်တာလဲ...."
ကျောက်ဇီယန်က သူ့အဖွဲ့ကို တအံ့တသြပြောလိုက်သည်။
လင်းစွော် မည်မျှသန်မာသည်ကို သူကောင်းကောင်းသိသည်။ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်သည် သူ့အထက်အဆင့်မြင့်သောအရာဖြစ်ပြီး မဟာမိတ်များနှင့်ပူးပေါင်းလျှင်တောင်အနိုင်ရဖို့မလွယ်နိုင်ပေ။ ထို့ကြောင့် လင်းစွော်ဘက်က ရွှေနဂါးချီကို ဖျက်ဆီးပြီး ရွှေငန်းကို သတ်လိုက်သည့်တိုင် သူ့ကို စိန်ခေါ်ရန် တွန့်ဆုတ်နေခဲ့ကြသည်။
ဒါပေမယ့် အခုတော့ အင်အားကြီးတဲ့ လင်းစွော်က.......
"ယုလန်......"
ကုယင်းသည်လည်း ကျောက်ဇီယန်နှင့်အတွေးတူသည်။ရွှေနဂါးချီလုယူခြင်းသည် လင်းစွော်၏ ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည်ဟု သူမ မထင်ခဲ့ပေ။ စာချွန်တော်မရရှိခြင်းသည် သူ့အသက်ကိုတောင် ဆုံးရှုံးစေနိုင်သည်။
သမီးဖြစ်သူဆီက ရွှေနဂါးချီကိုခိုးယူသည်ကိုသိသွားပါက ယုဟုန်ရှီငြိမ်နေလိမ့်မည်မဟုတ်ပေ။
သူရှင်သန်ရန် တစ်ခုတည်းသောအခွင့်အရေးမှာ စာချွန်လွှာရယူပြီး ကြိုတင်စီစဉ်ထားသောအခြားနေရာသို့ပြန်နိုင်ခြင်းဖြစ်သည်။
ယခုဆို စာချွန်လွှာမရခဲ့သည့်အတွက် လာရာလမ်းအတိုင်းပြန်ရမည်ဖြစ်သည်။
သို့သော် လင်းစွော်သည် စာချွန်လွှာသာမကဘဲ အရင်းအနှီးများစွာ ဆုံးရှုံးခဲ့ရသေးသည်။
လင်းစွော်သည် သူ၏ပြိုင်ဘက်များကိုအစွမ်းကုန်အနိုင်ယူရန် လုံလောက်သောစွမ်းအားကို ယူဆောင်လာခဲ့သည့်အတွက် အားလုံးကလင်းစွော်နှင့်ရင်ဆိုင်ရမည်ကိုကြောက်ရွံ့ခဲ့ကြသော်လည်း ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့် သုံးယောက်ဆီမှာ ရှုံးနိမ့်ခဲ့ရသည်။
ကုယင်း၏ စိတ်ထဲတွင် "ယုလန်" ဟူသော အမည်နာမကို စွဲမြဲအောင်မှတ်သားထားလိုက်ပြီဖြစ်သည်။ သူ့စိတ်ထဲတွင် ပေါ်လာသည် ငယ်ရွယ်နုပျိုသော ငွေရောင်ဆံနွယ်နှင့်လုလင်ပျိုကသာ လင်းစွော်၏ ကျဆုံးမှုမှာ အကြီးမားဆုံးအချက်ဖြစ်ရမယ်ဟု သေချာနေခဲ့သည်။
ပဲ့တင်ထပ်သံ နှစ်ခုက အဆင့်ကိုးတန်း ပဲ့တင်ထပ်သံလို ရှားပါးသည်မှာတော့ အမှန်ပင်......
"ယုလန်..."
ကုယင်းနှင့်ကျောက်ဇီယန် နှစ်ယောက်စလုံးက သတိထား၍ ထိုနံမည်ကို ရေရွတ်လိုက်ကြသည်။
ယုလန် သည် ရှပြည်ထောင်စု၏ကြယ်တာယာခရီးရှည်ကောလိပ်မှဖြစ်သည်။ နှစ်ကုန်သောအခါတွင်၊ သူသည် အထက်တန်းအဆင့်ကောလိပ်များ၏ ပါရမီရှင်များစုဝေးရာ ရှန့်ပိန်းတွေ့ဆုံပွဲကို သေချာပေါက်တက်ရောက်လိမ့်မည်။
ယုလန်သည် ကြယ်တစ်ပွင့်ခန်းမက ကျောင်းသားတစ်ဦးသာဖြစ်သော်လည်း၊ သူပြသခဲ့သည့်စွမ်းရည်များသည် ရှန့်ပိန်းတွေ့ဆုံပွဲတွင် အနီးကပ်ကြည့်ရှုခံရမည်မှာ သေချာပါသည်။ အဲ့ဒီအခါမှာ သူက အန္တရာယ်ရှိတဲ့ ပြိုင်ဘက် ဖြစ်လာလိမ့်မည်။
"ငါတို့ကျောင်းကိုပြန်ရောက်တာနဲ့ ဒီအချက်အလက်တွေကို ငါတို့ကျောင်းဆီပြန်ပို့ရဦးမယ်.....ရှန့်ပိန်းတွေ့ဆုံပွဲမှာ ယုလန်နဲ့တွေ့မယ်ဆိုရင် သူ့ကို အမြန်ဆုံးဖယ်ရှားပစ်ဖို့ နည်းလမ်းရှာတာက အကောင်းဆုံးဖြစ်လိမ့်မယ်..... "
ကျောင်းသားတော်တော်များများကလည်း ထိုသို့တွေးနေခဲ့ကြသည်။
ဆိုလိုသည်မှာ မဝေးတော့သောအနာဂတ်တွင်၊ ယုလန်၏အမည်သည် အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတွင်ရှိသည့် ကောလိပ်များတွင် ကျယ်ကျယ်ပြန့်ပြန့်ပြန့်နှံ့သွားမည်ဖြစ်သည်။
"ယုလန်းက ကြောက်စရာကောင်းတဲ့ ရန်သူပဲ....."
ပါဝင်သူအားလုံး၏ စိတ်ထဲတွင် ဤသို့အတွေးနေစဉ်တွင် စွမ်းအင်ရေငွေ့များသည် ကောင်းကင်တွင် စတင်ဖွဲ့စည်းကာ အလင်းတိုင်များကို လွှတ်တင်လိုက်ကြသည်။
အလင်းတိုင်တိုင်တစ်ခုစီသည် အဖွဲ့တစ်ဖွဲ့စီ ကို သပ်ရပ်တိကျစွာဝန်းရံထားသည်။
"အဲဒါဆို ငါတို့ထွက်သွားရတော့မယ်" ဟုလုချင်းအာက လီလော့နှင့် ချင်ဇူလုကိုသတိလှမ်းပေးလိုက်သည်။
"ဒါက နောက်ဆုံးအဆင့်အတွက် အချိန်ရောက်ပြီတဲ့သဘောပဲ..." လီလော့က စိတ်အားထက်သန်စွာပြောလိုက်သည်။
သူရည်ညွှန်းခဲ့သော နောက်ဆုံးအဆင့်မှာ တာအိုနယ်မြေတွင်ကျင့်ကြံရမည်ကိုဆိုလိုခြင်းဖြစ်သည်။
ရွှေနဂါးတာအိုနယ်မြေမှ ထွက်ခွာသွားသောအခါတွင် ကျန်ရှိနေသေးသော တယအိုရွှေများကို ၎င်းတို့၏ ကျင့်ကြံမှုကို အထောက်အကူဖြစ်စေမည့် စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
ရေလှောင်တမံအပြင်..တာအိုရွှေများသည် ရွှေနဂါးတာအိုနယ်မြေ သို့ဝင်ရောက်နိုင်ခြင်း၏ တန်ဖိုးအရှိဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သည်။
သတိလစ်နေသော လင်းစွော်သည် လီလော့ ၏ခြေရင်းတွင် လဲလျောင်းနေသေးပြီးသူ့ပေါ်တွင် ရွှေရောင်အချို့ ရှိနေသေးသည်။ တာအိုနယ်မြေရဲ့ စည်းမျဉ်းအရ တာအိုရွှေများကို ခိုးယူလို့မရသည်က ကံဆိုးသည်ဟုဆိုရလိမ့်မည်။
တခဏအကြာတွင် စွမ်းအင်အလင်းတန်းများ တုန်ခါသွားပြီး လီလော့၊ လုချင်းအာ၊ ချင်ဇူလု နှင့် သတိလစ်နေသော လင်းစွော်တို့အားလုံး လေထဲသို့ လွင့်မျောနေကြပြီး
တောင်တန်းတလျှောက်လုံး ပြန့်ကျဲနေတဲ့ အလင်းတန်းတွေကို ကြည့်လိုက်တော့ လူတွေက မြင့်မြတ်တဲ့ ကောင်းကင်တမန်လို တက်လာကြသည်မှာ လွန်စွာ ခမ်းနားနေတော့သည်။
၎င်းတို့ကို လေထုထဲသို့ မြောက်တက်လာသည်နှင့်အတူ အိတ်ဆောင်စက်လုံးထဲမှာ တာအိုရွှေဒဂါးများ ပျံဝဲလွင့်ထွက်လာပြီး ပိုင်ရှင်များ၏ဉီးခေါင်းထက်တွင် ပိုးစုန်းကြူးများသဖွယ် မီးပွားလေးများအဖြစ်ပြောင်းလဲသွားကြသည်။
တာအိုရွှေအပိုင်းအစတိုင်းသည် ရွှေမီးတောက်များအဖြစ်သို့ တောက်လောင်နေသည်။
တခဏအကြာတွင် ရွှေမီးတောက်များသည် ပိုင်ရှင်များ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ပျောက်ကွယ်သွားကြသည်။
လီလော့မျက်လုံးများကို မှိတ်ထားလိုက်သည်။
မီးလုံးလေးတွေက သူ့ခန္ဓာကိုယ်ထဲကို ချောချောမွေ့မွေ့နဲ့တိုးဝင်နစ်မြှုပ်နေကြပြီး ပြင်းထန်သောစွမ်းအင်များအဖြစ် ခန္ဓာကိုယ်အနံ့လှည့်ပတ်စီးဆင်းနေသည်။
ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များစီးဆင်းနေသလို အပြင်ဘက်တွင်လည်း အလင်းတိုင်များ ပိုမိုတောက်ပလာပြီး ရေဝဲတစ်ခုသဖွယ်ဖြစ်ပေါ်လာကာ တာအိုနယ်မြေတွင်ရှိနေသူတိုင်းကိုသက်ဆိုင်ရာနယ်မြေများဆီပြန်ပို့ရန်ခေါ်ဆောင်သွားကြလေပြီ။
ဆယ်မိနစ်လောက်ကြာတော့ တောင်စောင်းတစ်လျှောက်လုံးတိတ်ဆိတ်မှောင်မိုက်နေပြီးပြောင်းလဲသွားသော တစ်ခုတည်းသော အရာမှာ ကျန်ရစ်ခဲ့သော ပျက်စီးခြင်းများသာပင်.....
***