ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ပဉ္စမအဆင့်....
Vol. 27 Ch. 371
လီလော့ မျက်လုံး ပြန်ဖွင့်လိုက်သောအခါ ရှပြည်ထောင်စုရှိရွှေနဂါးဘဏ်တိုက်၏ နောက်ဘက်ခြံဝန်းထဲသို့ပြန်ရောက်နေခဲ့ပြီ။
သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုအနေဖြင့် သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ ပဲ့တင်ထပ်သံမျိုးစေ့များသည် အတွင်းပိုင်း၌ အပြည့်အဝ မပေါင်းစပ်ရသေးသော စွမ်းအားအသစ်များဖြင့် တောက်ပနေပြီး ၎င်းတို့၏ မျက်နှာပြင်ပေါ်တွင် ပဲ့တင်ထပ်သံ အမှတ်အသားငါးခုကို မြင်တွေ့နိုင်သည်။
ပဲ့တင်ထပ်သံစွမ်းအားများသည် ကြယ်ပွင့်များကဲ့သို့တောက်လျှောက်လောင်ကျွမ်းနေသဖြင့်လီလော့ အံ့သြသွားသည်။
ဒါ...... ပဉ္စမအဆင့်လား?
တာအိုရွှေဒဂါးများမှ ရရှိသောစွမ်းအင်များသည်အဆင့်သေးနှစ်ခုစာမြင့်တက်စေခဲ့သည်။
အများကြီး မမျှော်မှန်းထားသော်လည်း တာအိုရွှေမှရရှိသောစွမ်းအားများသည် မယုံနိုင်လောက်အောင် များပြားလွန်းလှသည်။
တာအိုရွှေတွေနဲ့ကျင့်ကြံတာက ဒီလောက် အားကောင်းသလား......
ထိုသို့အဆင့်သေးနှစ်ခု တိုးတက်လာစေရန် ပြင်ပလောကတွင် နှစ်လသုံးလခန့်အချိန်ယူရမည်ဖြစ်သော်လည်း တာအိုရွှေများကြောင့် အချိန်ကုန်သက်သာစေခဲ့သည်။
သူ၏ ပဲ့တင်ထပ်သံ စွမ်းအားများသာမကဘဲ၊ လက်ဖဝါးပေါ်ရှိ အရုပ်ဆိုးသောဒဏ်ရာမှာလည်း လုံးဝပျောက်ကင်းသွားကြောင်းသတိပြုမိလိုက်သည်။ တာအိုနယ်မြေ ၏ စေ့စပ်သေချာသော သဘောသဘာဝကို အံ့ဩနေမိသည်။
ဘယ်လောက်ကောင်းလိုက်သလဲ...အိတ်ထဲမှာရတနာတွေဖြည့်ပေးတဲ့အပြင် စွမ်းအားတွေလည်းတိုးမြှင့်ပေးသေးတယ်....ပြီးတော့ အပြန်လမ်းမှာ ဒဏ်ရာတွေပါကုသပေးလိုက်သေးတယ်......
လုံးဝသက်သာသွားပြီလား...?
လီလော့က ရုတ်တရတ် သဘောပေါက်သွားသည် ။
ဘုန်းးးးးး
ထိုအသံသည် သွေးပဲ့တင်ထပ်သံပိုင်ရှင် လင်းစွော်ဆီမှ ထွက်ပေါ်ခြင်းဖြစ်သည်။
လီလော့သည် လင်းစွော်၏ ကောက်ကျစ်စဉ်းလဲသော မျက်လုံးများကိုကြည့်ပြီး ချက်ချင်း နားလည်လိုက်သည်။ ဘယ်သူကမှ မတုံ့ပြန်နိုင်ခင် လုချင်းအာကို အလစ်ဝင်တိုက်ဖို့ကြိုးစားနေခြင်းဖြစ်သည်။
"ခွေးကောင်" လီလော့ ဒေါသတကြီးအော်ဟစ်ရုံသာတတ်နိုင်ခဲ့သည်။
သေချာတာကတော့ ရွှေနဂါးတာအိုနယ်မြေ က သူတို့သုံးယောက်ရဲ့ ဒဏ်ရာတွေကို ကုစားရုံတင်မကဘူး သေခါနီးဖြစ်နေသည့်လင်းစွော်ကိုပါ အပြည့်အဝပြန်လည်သက်သာစေခဲ့ပုံရသည်။
လီလော့က သူ့ကို တားဖို့ အများကြီး မစွမ်းဆောင်နိုင်သေးပေ။
လုချင်းအာက လင်းစွော်ရဲ့လှုပ်ရှားမှုများကို သတိပြုမိသော်လည်း ကျောက်ရုပ်သဖွယ်ဖရပ်နေကာ အေးခဲသောအကြည့်ဖြင့် စိုက်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံရန် စိတ်ကူးထားပုံမရပေ။
ခရက်.....
လင်းစွော်၏လက်ချောင်းများ လုချင်းအာကို ထိမိတော့မည့်အချိန်တွင် ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခု လျှပ်စီးလက်သလိုပေါ်ထွက်လာပြီး လင်းစွော်ကိုမြေပြင်ပေါ်သို့ ရိုက်ချသွားသည်။
မြေပြင်ပေါ်တွင် ပြားပြားဝပ်နေသောလင်းစွော်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်နေသော ဒဏ်ရာပေါင်းများစွာရှိနေပြီး ရွှေနဂါးတာအိုနယ်မြေကပြန်မထွက်လာခင်ကလို သေအံ့ဆဲဆဲအခြေနေသို့ပြန်ရောက်သွားခဲ့ပြီ။
လီလော့သည် ယုဟုန်ရှီ နှင့် ရွှေနဂါးဘဏ်၏ ထိပ်တန်းအရာရှိအချို့ကို သယ်ယူပို့ဆောင်ရေးဖွဲ့စည်းပုံအပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ လင်းစွော်ကို အထင်မြင်သေးစွာ စိုက်ကြည့်နေရင်း သူ့မျက်နှာမှာ အေးစက်သော ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူမသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော မြို့စားအဆင့်ကျွမ်းကျင်သူဖြစ်သည်။
လီလော့ အနည်းငယ် တုန်လှုပ်သွားသည်။ ယုဟုန်ရှီဤမျှလောက်ထိဒေါသထွက်နေသည်ကို တခါမျှမမြင်ခဲ့ဖူးပေ။ မြို့စားအဆင့်တစ်ယောက်၏အမျက်ဒေါသသည် မဆင်မခြင်သွားမထိသင့်သည်ထဲတွင်ထိပ်ဆုံးကနေပါဝင်နေလိမ့်မည်။
လင်းစွော်၏တိုက်ခိုက်မှုကို လုချင်းအာဒီအတိုင်းကြည့်နေသည်မှာအံ့သြစရာမဟုတ်ပေ—သူမသည် သူမ၏မိခင်အပေါ် အကြွင်းမဲ့ယုံကြည်မှုရှိသည်။
"လင်းစွော်..... မင်း ဘာလုပ်နေတာလဲ!?" ဒုဉက္ကဌနင်းချွဲ့က ပြင်းထန်စွာ အော်ဟစ်လိုက်သည်။
ယုဟုန်ရှီမှလွဲ၍ မည်သူမျှ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ လင်းစွော်သည် ရွှေနဂါးဘဏ်တိုက်၏အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် သတိမပြုသည်လည်းပါပေလိမ့်မည်။ယုဟုန်ရှီကသာ မိခင်စိတ်ကြောင့် သားသမီးကိုကာကွယ်ပေးလိုက်ခြင်းဖြစ်သည်။
လင်းစွော်၏ ရည်ရွယ်ချက် ကောင်းလား၊ ဆိုးလားဆိုပြီး ဂရုစိုက်အနေဘဲ သူ့သမီးကိုထိပါးလာသည့်အတွက် တန်ရာတန်ကြေးပြန်ပေးဆပ်ရမည်သာ......
လီလော့၊ လုချင်းအာနှင့်ချင်ဇူလုတို့သည် နင်းကျောက်၊ဇူးရွှမ်းတို့နှင့် သယ်ယူပို့ဆောင်ရေးပစီအရင်ထဲမှ ထွက်လာခဲ့ကြသည်။
"အမေ....." လုချင်းအာက သူ့အမေဆီ ပြေးသွားပြီး လင်းစွော်ကိုလက်ညှိုးထိုးပြကာ စတင်တိုင်တန်းလေတော့သည်။
"တစ်ယောက်ယောက်က သူ့ကို လွှတ်လိုက်တာဖြစ်မယ်....သူ သမီးကိုတိုက်ခိုက်ခဲ့တယ်...."
ရွှေနဂါးတာအိုနယ်မြေမှာ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သူ့အမေကို ပြောပြလိုက်သည်။
"ရွှေနဂါးချီ?"
ယုဟုန်ရှီနှင့်နင်းချွဲ့တို့ နှစ်ဦးစလုံး ထိုသတင်းကိုကြားသောအခါ အသက်ရှူသံများပြင်းထန်လာပြီး အခြားအဆင့်မြင့်အရာရှိများကြားတွင် စိတ်လှုပ်ရှားစွာရေရွတ်သံများ ထွက်ပေါ်လာသည်။ လုချင်းအာ၏ရွှေနဂါးချီကို လင်းစွော် ခိုးယူသွားကြောင်း ကြားသောအခါ ယုဟုန်ရှီ၏ ပျော်ရွှင်မှုသည် ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။
"နင်းကျောက်..... ချင်းအာ ပြောတာ အမှန်ပဲလား?" ဒုဉက္ကဌ နင်းချွဲ့က သားဖြစ်သူကို အလျင်အမြန်မေးလိုက်သည်။
နင်းကျောက်က ခေါင်းညိတ်လိုက်ပြီး....
"အဖေ... လင်းစွော်က တကယ်ယုတ်မာကောက်ကျစ်တဲ့သူ..... သားတို့ကို တချိန်လုံးအရူးလုပ်ပြီသ ချင်းအာကိုကာကွယ်ပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လှည့်စားသွားတာ....."
ဒုဉက္ကဌနင်းချွဲ့နှင့် အခြားအဆင့်မြင့်အရာရှိများ အတွေးကိုယ်စီဖြင့်ငြိမ်သက်သွားကြသည်။
ဤသည်မှာ ပေါ့သေးသေးကိစ္စမဟုတ်ပေ။
လင်းစွော်သည် သူ၏ ရည်ရွယ်ချက်အမှန်ကို ကောင်းစွာ ဖုံးကွယ်ထားခဲ့သည်။ ၎င်းသည် ပဲ့တင်ထပ်သံဆရာသခင်အဆင့်လုပ်နိုင်သည်ထက်ကျော်လွန်နေသောအရာဖြစ်သည်။ ထို့ကြောင့် နောက်ကွယ်က ကြိုးကိုင်နေသူကို ရအောင်ဖော်ထုတ်ရမည်။ဤသည်မှာ တစ်နေ့တညတည်းဖြင့်အကောင်ထည်ဖော်နိုင်သောအကြံအစည်မျိုးမဟုတ်ပေ။ဒီအခွင့်အရေးကို သူ တချိန်လုံး စောင့်နေခဲ့တာဖြစ်လောက်မည်။
ဒါပေမယ့် လုချင်းအာရဲ့ ရွှေနဂါးချီကို ဘာကြောင့် ဖျက်စီးရတာလဲ......
သူမခြေရင်းတွင် ပြိုကျနေဆဲဖြစ်သော လင်းစွော်ကို ခက်ထန်စွာကြည့်လိုက်ပြီး ယုဝုန်ရှီကအစောင့်အချို့ကို အမိန့်ပေးလိုက်သည်။
"အစောင့်တွေ.... သူ့ကို နဂါးမြေအောက်ခန်းထဲခေါ်သွားပြီးစစ်မေးလိုက်.... သူ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲ သိချင်တယ်....."
အရိပ်တစ်ဒါဇင်ခန့် ချက်ချင်းပေါ်လာပြီး လင်းစွော်ကို အနက်ရောင်ဆူးချွန်များပါသည့် သံကြိုးများဖြင့် တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားလိုက်ကြသည်။
လင်းစွော် အသံတောင်မထွက်နိုင်ဘဲ ပါသွားသည်ကိုကြည့်ပြီး လီလော့ တိတ်တဆိတ် နှုတ်ဆက်လိုက်သည်။
"နှုတ်ဆက်ပါတယ်....သူငယ်ချင်းရေ....ထင်ထားတဲ့အတိုင်း ထမင်းအတူစားဖို့မဖြစ်နိုင်တော့ဘူးပေါ့......ဒါတောင် ငါလုပ်ခဲ့တာက မင်းကို ရှပြည်ထောင်စုဆီ ပြန်ပို့ဖို့ပဲ။ ကျန်တာ ငါနဲ့ဘာမှမဆိုင်ဘူး....မင်းက ယုဟန်ရှီရဲ့ဒေါသကိုသွားစတာကိုး......"
ယုဟုန်ရှီ သူ့ကို စိုက်ကြည့်နေသည့်အတွက် လီလော့အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ လွန်ခဲ့သည့် အခိုက်အတန့်မှ ကြောက်စရာကောင်းသော သူမ၏ တည်ရှိမှုသည် သူ့စိတ်ထဲတွင် ဆန်းသစ်နေဆဲပင်...... မြို့စားအဆင့်တစ်ယောက်၏အမျက်ဒေါသကိုမျက်မြင်ကိုယ်တွေ့ ကြုံဖူးပြီဖြစ်သည့်အတွက် ထိတ်လန့်နေသောလည်း ယုဟုန်န်ရှီက ကျေနပ်မှုအပြည့်နဲ့ နွေးထွေးတောက်ပတဲ့ အပြုံးတစ်ခုပြုံးပြနေလေ၏။
"လီလော့ ၊ မင်းကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်...."
လီလော့ သည် သူမ၏ သဘောထား ရုတ်တရက် ပြောင်းလဲမှုကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။
"ဒါဆို ပဲ့တင်ထပ်သံပူဖောင်းပညာရပ် အတွက် ငွေပေးစရာမလိုဘူးလို့ ဆိုလိုတာလားဟင်......."
***