အတွင်းရေးပြသာနာများ.....
Vol. 27 Ch. 372
လီလော့၏မေးခွန်းကြောင့် ယုဟုန်ရှီ အံ့သြသွားခဲ့သည်။
"ဟုတ်တယ်....အဲ့ဒါ မင်းအတွက်ငါ့ရဲ့ဂုဏ်ပြုလက်ဆောင်ပဲ....."
လီလော့က သူမကို လက်မထောင်ပြလိုက်ပြီး....
"ဉက္ကဌယုက အကောင်းဆုံးပဲ.... ဉက္ကဌယုရဲ့ တည်ငြိမ်တဲ့ အုပ်ချုပ်မှုအောက်မှာ၊ ရှပြည်ထောင်စုရဲ့ ရွှေနဂါးဘဏ်တိုက်ကအစဉ်အမြဲတိုးတက်နေမှာပါ...."
“လျှာစောင်းထက်လိုက်တဲ့ကောင်လေး.....”
ယုဟုန်ရှီ သူ့ကိုယ်သူ ရေရွတ်ရင်း ခေါင်းယမ်းလိုက်မိသည်။
ဒီကလေးက သူ့အဖေလို မာနကြီးပြီး ဂရုမစိုက်တတ်သူမဟုတ်ဘဲ အလိုက်သင့်အလျားသင့် ပြောဆိုနေထိုင်တတ်သူဖြစ်နေသည်။ဒီလိုအပြောချိုချိုတွေကြောင့်သာ လုချင်းအာ ဒီလောက်ထိ ကြွေဆင်းနေရခြင်းဖြစ်လိမ့်မည်။
သမီးဖြစ်သူ စာချွန်လွှာရနိုင်ခဲ့သည့်အတွက်ပျော်ရွှင်နေသော်လည်း လင်းစွော်ကြောင့် ဒေါသထွက်နေရဆဲပင်......
"မေမေ၊ လင်းစွော်က သူ့ရဲ့ စွမ်းအားတွေကို ကောင်းကောင်း ဖုံးကွယ်ထားတာ... သူက ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်ရောက်နေပြီ.... လီလော့ ရဲ့ ကျေးဇူးကြောင့်သာ ရွှေနဂါးချီကို ပြန်ရခဲ့တာ... သမီး.ရွေးတာမှန်တယ်မဟုတ်လား"
ယုဟုန်ရှီ သည် သူမ၏ မာနကိုအနိုင်ပိုင်းရန် ကြိုးစားနေသော သူ့သမီးကို ငုံ့ကြည့်ကာ ချစ်ခင်စွာ ပြုံးပြလိုက်သည်။
ဒီကောင်မလေးက နိုင်ကွက်ရတုန်းနင်းပြောနေတာပဲ....လီလော့ကိုအသင်းဖော်အဖြစ်ရွေးလိုက်တာကို မကျေနပ်မှန်းသိလို့ အခွင့်ရတုန်းအမေဖြစ်သူကိုနှိပ်ကွပ်နေပြီပဲ.....
သို့တိုင်၊ ယုဟုန်ရှီ သည် လီလော့၏ စွမ်းဆောင်မှုနှင့် ပတ်သက်၍ အံ့သြနေမိဆဲပင်....ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်က အဆင့်ကြီးတစ်မြင့်သူကို အနိုင်ယူခဲ့ခြင်းမှာ အမှန်ပင်အံ့သြဖွယ်ကောင်းနေပေသည်။
သူမကိုယ်တိုင် တိုက်ပွဲကို မမြင်ဖူးသော်လည်း မြို့စားတစ်ဦးအနေဖြင့် သူမတွင်လည်း အတွေ့အကြုံများစွာရှိခဲ့ဖူးသည်။
လီလော့သည် လီတိုင်ရွှမ်၏သား ပီသပါပေသည်။
သူ့ထံတွင်ဖခင်လို မာနကြီးမှုများမရှိသည့်တိုင် မောက်မာမှုတော့ ရှိနေသေးသည်။
"ရွှေနဂါးချီ နဲ့ ရွှေနဂါးတောင်တန်းစာချွန်လွှာတွေရအောင် ချင်းအာကိုကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု ယုဟုန်ရှီက လီလော့နှင့်ချင်ဇူလုတို့ကို တလေးတစားပြောလိုက်သည်။
လီလော့နှင့်ချင်ဇူလုတို့က ခေါင်းယမ်းပြီး.....
"ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး..... ရွှေနဂါးတာအိုနယ်မြေမှာလည်း ရတနာတွေ အများကြီးရခဲ့တယ်....ဝင်ခွင့်ပေး
တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်......"
ယုဟုန်ရှီက ခေါင်းညိတ်လိုက်သည်။ သူမသည် လုချင်းအာနှင့်အရေးတကြီးဆွေးနွေးစရာရှိသည့်အတွက် အခြားသူများနှင့် စကားစအမြန်ဖြတ်လိုသည့်အနေဖြင့်......
"တာအိုနယ်မြေထဲမှာ ကြိုးစားခဲ့တဲ့အတွက် ပင်ပန်းနေကြရောပေါ့.....စောစောပြန်ပြီးအနယူကြပါ.....တစ်ခုခုလိုအပ်တာရှိရင် ငါ့ကိုလာရှာလိုက်....အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်......."
လီလော့နှင့်ချင်ဇူလုတို့ နှစ်ဦးစလုံးသည် သူမ၏အကူအညီကမ်းလှမ်းမှုကို ကျေးဇူးတင်စွာဖြင့် အသိအမှတ်ပြုခဲ့ကြပြီး လုချင်းအာကို လက်ပြနှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။ သူတို့ တာအိုနယ်မြေထဲမှာ တစ်လနီးပါးလောက် နေခဲ့ကြပြီး အရိပ်လှိုဏ်ဂူလောက် ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မဟုတ်ပေမယ့် ပင်ပန်းနေကြဆဲပင်..ထို့ကြောင့် အိပ်စက်အနားယူရန် စိတ်အားထက်သန်နေကြသည်။
လုချင်းအာက လီလော့ ကျောပြင်ကို ပြုံးပြီးကြည့်နေရာကနေ ယုဟုန်ရှီဘက်လှည့်လိုက်ပြီး.....
"မေမေ...ဒီတစ်ခေါ်က ရွှေနဂါးတာအိုနယ်မြေထဲမှာ အကုန်ထူးဆန်းနေတယ်....လင်းစွော်ကိုကြည့်ရတာ အသေခံတပ်သားတစ်ယောက်လိုပဲ..... သူလေ့ကျင့်ထားတဲ့ပညာရပ်တွေက ကျွမ်းကျင်မှုမရှိသေးတာတောင် တားမြစ်ပညာရပ်တွေမှန်းသိသာလွန်းနေတယ်.....ကြည့်ရတာ သူ့ကိုအချိန်အကြာကြီးလက်သပ်မွေးထားတဲ့ပုံပဲ......"
သူမလည်း လင်းစွော်ကိုတိုက်ခိုက်ခဲ့စဉ်ကထိုသို့ခံစားမိသည့်အတွက် ယုဟုန်ရှီ မျက်မှောင်ကြုံ့လိုက်မိသည်။
"သူ့ကို ဘယ်သူလွှတ်လိုက်တာလဲ....."
လုချင်းအာ၏မေးခွန်းကြောင့် ယုဟုန်ရှီ ခဏမျှ တိတ်ဆိတ်သွားသည်။
"ဒါကပြောဖို့ခက်တယ်..... ငါပြန်သွားပြီးတော့ ထျန်းကန်စီရင်စုရဲ့ အထက်ပိုင်းစီမံခန့်ခွဲရေးဌာနတစ်ခုလုံးကို နှင်ထုတ်လိုက်မယ်..အဲ့အခါကျရင် သူတို့ခြေထောက်နဲ့သူတို့ပြေးကြလိမ့်မယ်......"
"သူတို့ဘာမှမသိတာလည်းဖြစ်နိုင်တာပဲ...."
"သိသိ မသိသိ တန်ရာတန်ကြေးတော့ပေးရမှာပဲ......"
လုချင်းအာက ခေါင်းညိတ်လိုက်ပြီး သူမစိတ်ထဲရှိနေသည့် နောက်ထပ်မေးခွန်းတစ်ခုကို မေးလိုက်သည်။
"ရွှေနဂါးချီက ဘာလို့သမီးဆီရောက်နေတာလဲ......"
"ရွှေနဂါးဘဏ်နဲ့ တိုက်ရိုက်ဆက်နွှယ်နေသူတွေထဲက တစ်ဦးမှာ သေချာပေါက်ရှိနေမှာပဲ..... အဲဒါကို လက်ခံရရှိတဲ့သူက သမီးတစ်ယောက်တည်းတင် မဟုတ်ဘူး...အဲ့တာကြောင့်မို့ သိပ်ထူးဆန်းနေတယ်လို့ပြောလို့မရဘူး......"
"ဒါပေမယ့် လင်းစွော်က သမီးဆီမှာရှိနေမယ်မှန်း ဘယ်လိုသိနေတာလဲ......"
ယုဟုန်ရှီ က သူမ မသိကြောင်း ခေါင်းခါလိုက်သည်။
"မေမေ၊ ရွှေနဂါးချိကို ဖျကိဆီးလိုက်တာက အနာဂတ်မှာ သမီးအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲဟင်....."
ယုဟုန်ရှီ တိုးတိုးလေး သက်ပြင်းချလိုက်ပြီး.....
"ဒါက သမီးရဲ့အနာဂတ်ကို အကြီးအကျယ်ထိခိုက်စေလိမ့်မယ်...... ရွှေနဂါးချီ ကိုင်ဆောင်ထားသူတွေက ရွှေနဂါးတောင်တန်းပေါ် ခြေချရင် ကြီးကြီးမားမား အမြတ်အစွန်းတွေ ရကြလိမ့်မယ်.... ရွှေနဂါးချီသာ ပျက်စီးသွားခဲ့ရင် သမီးရဲ့အနာဂတ်တင်မကဘူး ကံကြမ္မာကိုပါထိခိုက်စေနိုင်တယ်......"
"ဒါဆို... တစ်ယောက်ယောက်က ရွှေနဂါးတောင်တနိးကို မသွားဖို့ တားချင်နေတာလား....."
"ဒါက အမေ့ရန်သူတွေရဲ့လက်ချက်ဖြစ်နိုင်တယ်....ရှပြည်ထောင်စုမှာရှိတဲ့ ရွှေနဂါးဘဏ်တိုက်မှာ အတွင်းရေးပြသာနာတွေမရှိဘူးများထင်နေလား....."
"မေမေက ဉက္ကဌဆိုပေမယ့် လုပ်နိုင်စွမ်း အကန့်အသတ်တော့ရှိမှာပေါ့နော်.....ဒီတစ်ခေါက်ခရီးစဉ်က တစ်ခုခုလွဲမှားနေသလိုပဲ....အရိပ်တွေကနေ ကူညီပေးတဲ့လူတွေလည်း ရှိပုံရတယ်.....ဒါကို မေမေတောင်သတိမထားမိလိုက်ဘူးမလား..... ဒါ့ပြင် သမီးတို့အဖွဲ့က တာအိုရွှေကြောင့် အဆင့်သေးနှစ်ခု ချိုးဖြတ်နိုင်ခဲ့တာကိုလည်းထူးဆန်းတယ်လို့ခံစားနေရတယ်.....ပြီးတော့ လင်းစွော်လို ပါရမီးရှင်တစ်ယောက်ကို မေမေ့ မျက်လုံးအောက်မှာ ကောင်းကောင်းဖုံးကွယ်ထားနိူင်တယ်ဆိုကတည်းက အင်အားကြီးတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်နေရတဲ့သဘောပဲ......"
ယုဟုန်ရှီက လုချင်းအာကို စိုက်ကြည့်နေသည်။ သမီးဖြစ်သူက သူ့ကို အထင်သေးနေတာလား.......
"မေမေ.....သမီး မေမေ့ကိုအထင်သေးနေတာမဟုတ်ဘူး..... အဖြစ်အပျက်တွေကို ယုတ္တိရှိရှိစဉ်းစားနေတာ..."
"ကဲ....ဒါဆိတောတွေ ကောက်ချက်ချမိသေးလဲ" ယုဟုန်ရှီ က သူမ၏ မာနကို နှိမ့်ချကာ ပြောလိုက်သည်။
" ဖေဖေနဲ့သက်ဆိုင်နေတယ်လို့ထင်နေမိတယ်.....လင်းစွော်က ဖေဖေ့ရန်သူဘက်ကလွှတ်လိုက်တဲ့သူများဖြစ်နေမလား..... "
ယုဟုန်ရှီ မြေပြင်ကိုအကြောင်းမဲ့ငုံ့ကြည့်နေပြီး သက်ပြင်းချလိုက်မိသည်။
"ရန်သူမဟုတ်ဘဲဆွေမျိုးတွေဖြစ်နေရင်ရော....."
***