← Chapters

အနားယူခြင်းနှင့် အပန်းဖြေခြင်း....

Vol. 27 Ch. 373

အနားယူခြင်းနှင့် အပန်းဖြေခြင်း....

Vol. 27 Ch. 373

လီလော့သည် ​နောက်​နှစ်​ရက်​ကြာသည်အထိ အပြင်မထွက်ဘဲ အနားယူနေပြီး အသစ်ရရှိထားသောစွမ်းအားများနှင့်အကျွမ်းတဝင်ရှိအောင်သာလေ့ကျင့်နေခဲ့သည်။

ဥယျာဉ်တစ်ခုတွင်........

လီလော့ ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ ငိုက်မျည်းနေပြီး အနီးနားတွင် ချိုင်ဝေက ပြီးခဲ့သည့်လက ရှီးယန်စံအိမ် ၏တိုးတက်မှုအကြောင်း အစီရင်ခံရန် ဤနေရာသို့ရောက်ရှိလာခဲ့သည်။

လီဘိုင်နှင့်ပဲ့တင်ထပ်သံပြုပြင်သူခန်းမမှ အခြားသော အရည်အချင်းရှိသူများပူးပေါင်းလာမှုကြောင့် ရှီးယန်စံအိမ် ၏ အတိုင်းအတာသည် သိသိသာသာ တိုးလာခဲ့သည်။ သူ၏လျှို့ဝှက်ရေအရင်းအမြစ်နှင့်ပိုင်မျန်မျန်၏ကြယ်လေးပွင့်ဖော်မြူလာကြောင့် ရှီးယန်စံအိမ်၏တိုးတက်မှုသည် ပို၍ပင်အရှိန်မြင့်လာခဲ့သည်။

ဒါက အစပဲရှိသေးသည်။ပညာရှင်များကြား ယုံကြည်မှုတစ်ခုတည်ဆောက်နိုင်သည်နှင့် ရှီးယန်၏ဂုဏ်သတင်းသည်မယုံနိုင်လောက်အောင်ကျော်ကြားလာလိမ့်မည်။

သွယ်လျသောလက်နှစ်ချောင်းက လီလော့ ၏နှုတ်ခမ်းပေါ်တွင် အခွံခွာထားသော စပျစ်သီးတစ်လုံးကို တိတိပပ လာတင်ပေးနေသည့်အတွက် လီလော့က အိပ်ငိုက်နေရာကနေချိုင်ဝေကိုမော့ကြည့်လိုက်သည်။

"အစ်မ ချိုင်ဝေ.... ကျွန်တော်ရဲ့ ဇောက်ထိုးရှုထောင့်ကကြည့်ရင်တောင်   အံ့သြစရာကောင်းတဲ့ နုတ်ထွက်စွမ်းရည်ကြောင့် အစ်မပြုံးနေမှန်း သိသာနေတယ်..... ပြီးတော့ အဲဒီအပြုံးက ဘာကိုဆိုလိုတယ်ဆိုတာ အတိအကျသိတယ်......"

ချိုင်ဝေသည် တောက်ပသော အပြုံးဖြင့်ပြုံးလိုက်ပြီး.....

“ဒါဆိုရင် ဒီလရဲ့ ဝန်ထုပ်ဝန်ပိုးကို သခင်လေးဆီလွှဲပေးလိုက်ပါပြီ......"

"နောက်ဆုံး လေ့ကျင့်ရေးက ခက်ခဲတယ်ဆိုတာ အစ်မသိအောင် ကျွန်တော် ဘယ်လိုပြောပြရမလဲ..... "

"ဒါတော့ငါလည်း မကူညီနိုင်တော့ဘူး.....ရှီးယန်စံအိမ် က လျှို့ဝှက်ရေအရင်းအမြစ်အတွက် နေ့တိုင်း တောင်းဆိုနေတယ်။ မင်း မပေးဘူးဆိုရင် ရှီးယန်စံအိမ် ရဲ့ ရလဒ်တွေကကျဆင်းကုန်လိမ့်မယ်....."

သူမသည် အခြားဘက်သို့လှည့်ကာ သေတ္တာတစ်ခုကို ယူလိုက်ကာ လီလော့ကိုဖွင့်ပြလိုက်သည်။သေတ္တာအတွင်းရှိ သလင်းကျောက်ပုလင်းများကိုမြင်သည်နှင့် လီလော့ ချက်ချင်း ထထိုင်လိုက်ပြီး......

"အဆင့်ခုနှစ်ဝိဉာဉ်ရည်တွေလား......"

"အော်... သခင်လေးကြည့်ရတာ

စိတ်အားထက်သန်မှုကို ပြန်ရှာတွေ့ပြီထင်တယ်....."

" ဒါတွေကို တကယ်လိုအပ်နေတာဗျ....."

“ဟုတ်လား...ဒါဆို ဒါတွေကိုသုံးပြီး ရှီးယန်အတွက်လိုအပ်နေတဲ့ရေအရင်းမြစ်တွေ ပြင်ဆင်လိုက်ပေါ့......"

" ဟူးးးး အစ်မချိုင်ဝေ....နေ့တိုင်းရွှေဉ ဉပေးနေတဲ့ငန်းကိုအတင်းညှစ်ထုတ်ရင် သေသွားတာပဲအဖတ်တင်လိမ့်မယ်....."

"အိုး...နင်က ငန်းမှမဟုတ်တာ....ရေမြှုပ်ပဲကို....စုပ်ယူထားသလောက်ပြန်ညှစ်ထုတ်ရမှာပဲ....."

"ဘယ်လိုပဲဖြစ်ဖြစ်၊ ရှီးယန်စံအိမ်က နင့်ရဲ့လျှို့ဝှက်ရေအရင်းအမြစ်ကြောင့်  အောင်မြင်မှုရနေပါပြီ....ဒါက ကောင်းတဲ့အချက်ပါ.....ဒါပေမယ့် ရေရှည်မှာ အန္တရာယ်ရှိလာနိုင်တယ်..... ထောက်ပံ့ရေးအရင်းအမြစ်တစ်ခုတည်းပေါ် အလံုးစုံမှီခိုနေတာက ကြီးမားတဲ့ပြသာနာဖြစ်လာနိုင်တယ်....."

လီလော့ အံ့သြစွာ ခေါင်းညိတ်လိုက်သည်။ "

အစ်မ ချိုင်ဝေက  အမြော်အမြင်ရှိလိုက်တာ....."

အနာဂတ်ကို ခန့်မှန်းရခက်သည်။ အထူးသဖြင့် အိမ်တော်စုပေးပွဲကဲ့သို့သော ပြသာနာများရှိနေသေးသည့်အပြင် အနာဂတ်တွင်လီလော့တစ်ယောက်ရှပြည်ထောင်စုတွင် အမြဲနေထိုင်မည်ဟုမည်သူမျှအာမမခံနိုင်ပေ။

သူထွက်သွားလျှင် ရှီးယန်စံအိမ်သည် ပျက်စီးနေသောအခြေအနေသို့ အမြန်ပြန်ရောက်သွားလိမ့်မည်။

ထိုပြသာနာအတွက် အခုကတည်းကကြိုတင်စဉ်းစားထားရတော့မည်။

"ဘာတွေတွေးနေတာလဲ အစ်မချိုင်ဝေ"

"ဘာမှ အခိုင်အမာ မရှိသေးပါဘူး...... ရှီးယန်စံအိမ်က အသင့်အနေအထားအနေနဲ့ တခြားလျှို့ဝှက်ရေအရင်းအမြစ်တွေကို ပြင်ဆင်ထားဖို့ လိုမယ်ထင်တယ်..... အရည်အသွေးမြင့်ပြီး သန့်ရှင်းစင်ကြယ်တဲ့ ထောက်ပံ့မှုကို လွယ်လွယ်နဲ့ ရနိုင်တာတော့ မဟုတ်ဘူး...ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုတယ်....."

"အင်း....ဒါဆိုဒီကိစ္စကို အစ်မနဲ့ပဲလွှဲထားလိုက်တော့မယ်...... "

"အစ်မ ချိုင်ဝေ....ကျွန်တော်မှာ..နောက်ထပ်တောင်းဆိုစရာရှိတယ်"

လီလော့က ပျက်စီးနေသော ရွှေအဌဂံဒိုင်း

ကိုဆွဲထုတ်လိုက်သည်။

"လော့လန်အိမ်တော် မှာလည်း ပန်းပဲ​လုပ်ငန်း ရှိတယ်မလား.....ဒါကို ပြုပြင်ဖို့ တစ်ယောက်ယောက်ရှာပေးနိုင်မလား.....ပြီးတော့ စျေးဝယ်ဖို့လည်း ကူညီပေးပါဦး- ကျွန်တော်နဲ့ လိုက်ဖက်မယ့် ဓားတိုနှစ်လက် ရှိ၊ မရှိ ရှာကြည့်ပေးပါ... ရွှေမျက်လုံးအဆင့်ရရင်တော့အကောင်းဆုံးပေါ့...ဒါပေမယ့်အဖြူရောင်မျက်လုံးအဆင့်ဆိုလည်းရပါတယ်......"

ချိုင်ဝေသည် တုန်ရီသောလက်များဖြင့် ရွှေအဌဂံဒိုင်းကိုလှမ်းယူလိုက်သည်။ ရွှေမျက်လုံးအဆင့် အဖိုးတန်ပစ္စည်း....

လီလော့က ပေါ့ပေါ့ပါးပါးပြောသွားပေမယ့်လည ထိုကဲ့သို့ အဖိုးတန်သော ရှေးဟောင်းပစ္စည်းများသည် သာမန်မဟုတ်ပေ။ ရှားပါးသည့်အတွက် စျေးနှုန်းကလည်း ထင်မထားလောက်အောင်ကြီးမားလွန်းသည်။ ရွှေမျက်လုံးအဆင့် ရတနာများ သည် ကောင်းကင်ရွှေသန်းပေါင်းများစွာတန်ကြေးရှိသည့်အတွက် ရှီးယန်စံအိမ်၏ အမြတ်အစွန်းများ တိုးလာသော်လည်းဝယ်ယူဖို့မတတ်နိူင်သေးပေ။

သို့တိုင် ချိုင်ဝေသည် လီလော့ ၏ လွန်ကဲမှုအပေါ် မကျေမနပ်မဖြစ်အားသေးဘဲသက်ပြင်းချလိုက်သည်။

"ရွှေမျက်လုံးအဆင့် အဖိုးတန်ပစ္စည်း တွေက ရှားပါးပြီး ဓားတိုအမြွှာနှစ်လက်ဆို  ပိုလို့တောင်ရှားပါးသေးတယ်..... ဒါပေမယ့် ရှာကြည့်ဦးမယ်.... အဖြူရောင်မျက်လုံးအဆင့်ထဲကပဲရဖို့များတယ်......"

လီလော့ ခေါင်းညိတ်လိုက်သည်။

“အစ်မကို အားကိုးပါတယ်”

"အေးပါ...နင့်ကိုယုံမိတာကိုကငါ့အမှားပါ...."

နောက်အသုတ်အတွက် လျှို့ဝှက်ရေအရင်းအမြစ်အကြောင်း အသေးစိတ်ကို ဆွေးနွေးပြီးနောက်တွင် သူမသည် လုပ်ငန်းစရန် အမြန်ထွက်လာခဲ့လိုက်သည်။

ဒီလိုအားကိုးရတဲ့  ချိုင်ဝေသာမရှိလျှင် လီလော့ နဲ့ ကျန်းချင်းအာတို့ ကောလိပ်တွင် အေးအေးဆေးအေး ကျင့်ကြံနိုင်မည်မဟုတ်ပေ။

သူမထွက်သွားသည်နှင့် လီလော့ သည် နေရောင်အောက်တွင် တစ်ရေးတစ်မော အိပ်မောကျသွားသည်။ ခဏအကြာတွင် အရိပ်ကျသာသဖြင့် မော့ကြည့်လိုက်သည့်အခါ နေရောင်ခြည် နှင့်အပြိုင်လန်းဆန်းတောက်ပနေသည့် ကျန်းချင်းအာကို တွေ့မြင်လိုက်ရသည်။

အရိပ်ထင်ဟပ်နေသော သူမ၏မျက်နှာပေါ်တွင် ရွှေရောင်မျက်လုံးများသည် ရွှေရည်အိုင်များကဲ့သို့ သူ့ကိုကောင်းကောင်းကြီးညှို့ငင်နေသည်။

"အစ်မကြီးချင်းအာ ပြန်ရောက်ပြီပဲ......"

လီလော့ က ဝမ်းသာအားရ အော်လိုက်သည်။ ။ သူမသည် လေ့ကျင့်ရန် အရိပ်လှိုဏ်ဂူထဲသို့ပြန်သွားသဖြင့် သူမကို လွန်ခဲ့သော နှစ်ရက်က မတွေ့ခဲ့ရပေ။

ကျန်းချင်းအာက လီလော့ကို သေချာအကဲခတ်လိုက်ပြီး......

" မဆိုးပါဘူး... ပဉ္စမအဆင့်ဆိုတော့ တာအိုနယ်မြေထဲမှာ ကံကောင်းမှုတွေတွေ့ခဲ့တယ်ထင်တယ်....."

လီလော့ ဝမ်းသာအားရ ထထိုင်လိုက်ပြီး သူ့ဘေးနားက အလှလေးကို ကြည့်လိုက်သည်။ သူပြန်ရောက်နေသည့်အတွက် အရိပ်လှိုဏ်ဂူထဲတွင် မြန်မြန်ကိစ္စဖြတ်လိုက်ပြီးအလျင်စလိုပြန်လာခဲ့ပုံရသည်။

လွန်ခဲ့သော နာရီအနည်းငယ်က သူမသည် ထိုနေရောင်ကင်းစင်သော အရပ်တွင် စက်ဆုပ်ရွံရှာဖွယ်ရာများကို တိုက်ခိုက်နေဆဲဖြစ်ကောင်းဖြစ်နိုင်သည်။

လီလော့သည် သူမအတွက်  စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရပြီး သူ့လက်ကို လှမ်းကိုင်လိုက်သည်။

သူမကလည်း သူ့ကို အပြုံးမပျက်ဘဲ ပြန်ကြည့်သည်။

ထို့နောက် သူမလက်ထဲသို့ အရာဝတ္ထုတစ်ခု လှိမ့်ဝင်လာသည်ကို ခံစားလိုက်ရသည်။

စူးစူးရဲရဲ ငုံ့ကြည့်လိုက်တော့ ငွေရောင်အိတ်ဆောင်စက်လုံးတစ်ခုကို တွေ့လိုက်ရသည်။

"လက်ဆောင်ပေးတာ....." လီလော့ ပြုံးလိုက်သည်။

သူမ အံ့အားသင့်စွာကြည့်ရင်း အိတ်ဆောင်

စက်လုံး၏ ငွေရောင်မျက်နှာပြင်တွင်ရောင်ပြန်ဟပ်နေသော ပုံရိပ်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။အထိအတွေ့က အေးမြသော်လည်း သူမနှလုံးသားကို နွေးထွေးစေသည်။

"ရုတ်တရက်ကြီးအဆင့်တွေတက်လာတယ်... ရုတ်တရက်ကြီး လက်ဆောင်တစ်ခုပေးတယ်....နင် တခုခုဖြစ်လာတာလား....."

ကျန်းချင်းအာက မျက်မှောင်ကြုံပြီး တရားခံစစ်သလိုစစ်မေးနေပြီ။

လီလော့ ရင်ဘတ်ကို ဒေါသတကြီး ဖိလိုက်ပြီး.....

"ထားလိုက်ပါတော့....ငါကိုယ်ကမှားတာပါ....."

သူမသည် သူ့အား ပြန်ပြုံးပြကာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ရန် ရှေ့သို့ တိုးလာသည်။

ထို့နောက် သူ့ပခုံးပေါ် ပေါ့ပေါ့တန်တန် မှီချလိုက်ပြီး .....

“လက်ဆောင်ကို အရမ်းကြိုက်တယ်” လို့ တိုးတိုးလေး ပြောလိုက်လေသည်။

***

All Chapters