သမိုင်းဝင်အရှုပ်ထုပ်များ.....
Vol. 27 Ch. 374
ဥယျာဉ်ထဲတွင် လီလော့နှင့်ကျန်းချင်းအာတို့ အတူထိုင်နေကြပြီး ရွှေနဂါးတာအိုနယ်မြေထဲ ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။
"ဒါဆို လင်းစွော်က နင့်ကို ပစ်မှတ်ထားတာမဟုတ်ဘဲ လုချင်းအာကိုပေါ့......"
သူမလည်း အံ့သြသွားတယ်။ သူတို့သည် အလွန်အကြောက်လွန်သူများ ဖြစ်ကောင်းဖြစ်နိုင်သည်။သို့သော်လည်း လော့လန်အိမ်တော်၏ ရန်သူများသာမဟုတ်ခဲ့ပေ။
"ဒါပေမယ့် လုချင်းအာက တကယ်ကံကောင်းခဲ့တာပဲ... "
လီလော့ ခေါင်းညိတ်လိုက်သည်။ လုချင်းအာ သူတို့ကိုတခုခုဖုံးကွယ်ထားသည်ဟုခံစားနေရသည်။သူမ တစ်ခုခုကို မှန်းဆထားပြီး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မျှဝေဖို့ အဆင်သင့်မဖြစ်သေးရင် လီလော့ကလည်းမေးဖို့ အစီအစဉ်မရှိမည်မဟုတ်ပေ။
လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိကြသည်မဟုတ်လော......
တာအိုရွှေကျင့်ကြံမှုမှ အောင်မြင်မှုသည် သေးငယ်သော တိုးတက်မှုတစ်ခုသာဖြစ်ပြီး ကံမကောင်းသူများအတွက် တိုးတက်မှုဟုပင်ခေါ်ဆိုဖို့ခက်လိမ့်မည်။သို့သော်လည်း လုချင်းအာနှင့်လီလော့တို့နှစ်ဉီးစလုံး အဆင့်သေးနှစ်ခုစာ တိုးတက်ခဲ့ကြသည်။
"ကောင်းပြီ.ရွှေနဂါးတာအိုနယ်မြေတွေကို ရွှေနဂါးဘဏ်ဌာနချုပ်က ထိန်းချုပ်ထားတယ်.... ဒါမှမဟုတ် သူတို့ရဲ့ အရေးကြီးတဲ့ လူတွေထဲက တစ်ယောက်ဖြစ်နိုင်တယ်.... သူတို့တွေ ပြောင်ပြောင်တင်းတင်း စွက်ဖက်လို့ မရပေမယ့် တချို့အရာတွေတော့ လုပ်လို့ရသေးတယ်လေ......ရွှေအဆင့်မျက်လုံးဖြူရတနာသုံးခုရဲ့နောက်ကွယ်မှာ တခုခုရှိနေနိုင်တယ်......"
" အင်း..ကြည့်ရတာ လုချင်းအာဆီမှာ နောက်ခံတခုခုရှိနေပုံရတယ်...."
"ဒါမှမဟုတ် ရှပြည်ထောင်စုမှာ တွေ့ရခဲတဲ့ သူ့အဖေနဲ့ ပတ်သက်နေတာများလား......"
"ချင်းအာရဲ့အဖေလား? နင်ပြောတာ ဖြစ်နိုင်တယ်.....ငါ သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး... သူကရှပြည်ထောင်စုက မဟုတ်ဘူးလား.....ဒါဆိုထျန်ရှုစီရင်စုရဲ့ ရွှေနဂါးဘဏ်က ဉက္ကဌလု က သူ့ဦးလေး မဟုတ်ဘူးလား....."
"အဲ့တုန်းက အခြေအနေတွေက ရှုပ်ထွေးတယ်လို့ ကြားဖူးတယ်......ယုဟုန်ရှီက ငါ့ဆရာ နင့်အဖေကိုသဘောကျခဲ့ပေမယ့် ဆရာက ဆရာကတော်ကိုရွေးချယ်လိုက်တယ်....ဒါနဲ့ယုဟုန်ရှီလည်း စိတ်နာပြီး မာနကြောင့် ရှပြည်ထောင်စုကနေထွက်သွားခဲ့တယ်.....သူပြန်လာတော့ လုချင်းအာ ငယ်ငယ်လေးပဲရှိသေးတယ်.....သူတို့နဲ့အတူ ဉက္ကဌလုလည်းအတူပါလာတော့ တချို့က လုချင်းအာကိုဉက္ကဌရဲ့သမီးလို့ပြောကြတယ်....တချို့ကတော့ လုချင်းအာရဲ့အဖေက သေသွားတာအတော်ကြာပြီလို့ပြောကြတယ်......"
လီလော့ နှုတ်ခမ်းတင်းတင်းစေ့ပြီး တွေးနေလိုက်မိသည်။
အရင်မျိုးဆက်ကပြသာနာတွေအတော်ရှုပ်တာပဲ....ယုဟုန်ရှီလို သန်မာနဲ့မိန်းမမှာတောင် အားနည်းချက်ရှိခဲ့တယ်.....ငါ့အဖေ(လီတိုင်ရွှမ်)ကတကယ်ကိုပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးပဲ.....
"လုချင်းအာက ငါ့ညီမ မဟုတ်ဘူးလား...."
ဉာဏ်ကြီးရှင် လီလော့၏အတွေးကတော့သြချလိုက်ပေသည်။
"ယုဟုန်ရှီက ငါ့အဖေနဲ့ကြိုက်ပြီးမှထွက်ပြေးသွားတာမဖြစ်နိုင်ဘူးလား....."
ကျန်းချင်းအာက နင်ရူးနေလားဟူသောအကြည့်မျိုးနဲ့ကြည့်လိုက်ပြီ.....
" အဲ့လိုသာဆို နင့်အဖေ ဒုက္ခအကြီးအကျယ်ရောက်ပြီ.... နင့်အမေက သေအောင်ရိုက်လိမ့်မယ်......"
လီလော့ တုန်လှုပ်သွားသည်။ သူ့အမေက တကယ်ကို ကြောက်စရာကောင်းတဲ့အာဂအမျိုးသမီးမှန်း မေ့သွားတယ်.......
"အင်း....ငါခုနပြောခဲ့တာတွေက ယုံတမ်းစကားသက်သက်လဲဖြစ်နေနိုင််တယ်
ဒါပေမယ့် ဒီတစ်ခါ ရွှေနဂါးတာအိုနယ်မြေ မှာဖြစ်ပျက်ခဲ့တာတွေက လုချင်းအာရဲ့အဖေနဲ့ပတ်သတ်နေနိုင်တယ်....လုချင်းအာရဲ့အဖေက ရွှေနဂါးဘဏ်တိုက်မှာ ရာထူးအတော်မြင့်တာမို့ ရန်သူတွေက လင်းစွော်ကိုစေလွှတ်လိုက်တာလည်းဖြစ်နိုင်တာပဲ....ဘာပဲဖြစ်ဖြစ်ဒါက ယုဟုနျရှိီဖွရှေငျးရမယျ့ကိစ်စပါ...ငါတို့နဲ့ဘာမှမဆိုင်ဘူး....."
"ချင်းအာရဲ့အဖေက ရှပြည်ထောင်စု နဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေရတာ ဘာကြောင့်လဲ.....ချင်းအာကိုယ်တိုင်တောင် မတွေ့ရတာ နှစ်အတော်ကြာပြီလို့ ငါကြားတယ်..."
လီလော့က ရယ်မောလိုက်သည်။
"လူတိုင်းမှာ အကြောင်းကိုယ်စီရှိကြတာပဲလေ.... အဲ့ဒါကို ဘာလို့ အရမ်း ဂရုစိုက်နေတာလဲ.... ဒါမှမဟုတ်..."
ကျန်းချင်းအာက စိတ်လှုပ်ရှားနေတဲ့ လီလော့ကို ကြည့်လိုက်ပြီး
" တခြားအကြောင်းကြောင့် စိတ်ဝင်စားတာလား?"
"သူငယ်ချင်းတစ်ယောက်အတွက် စိတ်ပူပေးရုံပါ...."
လီလော့ ထိတ်လန့်သွားသည့်အတွက် ကျန်းချင်းအာက ပြုံးပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။
"နင် ချိုင်ဝေ့ကို ရွှေမျက်လုံးအဆင့် ဓားတိုနှစ်လက်ရှာခိုင်းလိုက်တယ်ဆို......"
" ဟုတ်တယ်....အရင်သုံးနေတဲ့ နှစ်လက်က တာအိုနယ်မြေထဲမှာပျက်စီးသွားပြီ.....ပြီးတော့ သာမာန်အဆင့်နိမ့် လက်နက်တွေက ငါနဲ့သိပ်ပြီးအဆင်မပြေတော့ဘူး....ရွှေမျက်လုံးအဆင့်မရရင်လည်း အဆင့်မြင့်အဖြူရောင်မျက်လုံးဆိုလည်းအဆင်ပြေပါတယ်....."
ပိုက်ဆံအလုံအလောက်ရှိရင် ရွှေရမျက်လုံးအဆင့်တွေတောင် အလွယ်တကူရနိုင်ရပေမယ့် ကိုယ်နဲ့သင့်တော်တာ ရှာဖို့ခက်တယ်... ရွှေမျက်လုံးတွေက ရှားတယ်....ရွှေနဂါးဘဏ်မှာတောင် တစ်နှစ်မှ ဆယ်ခုလောက်ပဲရောင်းနိုင်တာ....နင်လိုချင်တဲ့ဓားတိုနှစ်လက်ဆိုပိုတောင်ရှားသေးတယ်......"
လော့လန်အိမ်တော်မှာတောင် ရွှေမျက်လုံးအဆင့် အဖိုးတန်ပစ္စည်း ရှားပါးပါသည်။ သူမအသုံးပြုနေသော တော်ဝင်ခံတပ်ဓားရှည်သည် ကြယ်တာယာခရီးရှည်ကောလိပ်တွင် စာရင်းသွင်းထားစဉ်က နည်းပြနှစ်ဦးထံမှ လက်ဆောင်အဖြစ် ရရှိထားခြင်းဖြစ်သည်။ လီလော့ ကျောင်းရောက်တော့ ထိုနည်းပြနှစ်ဉီးမရှိတော့သည့်အတွက် မရနိုင်တော့ပေ။
"ရွှေမျက်လုံးအဆင့် ဓားတိုနှစ်လက်ကို ရွှေနဂါးဘဏ်မှာတောင် ရှာရခက်ပေမယ့် တကယ် လိုချင်ရင် နင့်ဆန္ဒ အတိုင်း ရွေးချယ်နိုင်တဲ့ နေရာ ရှိတယ်.... ပိုအရေးကြီးတာက... နင် အခမဲ့ ရနိုင်တယ်။"
လီလော့က သူမကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။ ဒီကမ္ဘာမှာ ဒီလိုကောင်းမှုမျိုး ရှိနိုင်ပါ့မလား။ လီလော့၏အကြိုက်ဆုံးစကားလုံးသည် အလကားဖြစ်ကြောင်း တစ်ကမ္ဘာလုံး သိကြသည်။
"ဘယ်သူက ငါ့ကို ရွှေမျက်လုံးအဆင့်ရတနာတွေအလကားပေးမှာလဲ....."
ကျန်းချင်းအာက သူ့ကို ချိုသာစွာ ပြုံးပြလိုက်ပြီး....
"ကောလိပ်ရဲ့ ရတနာစံအိမ်....."
"ကောလိပ်ရဲ့ ရတနာစံအိမ်ကို လုယက်ခိုင်းနေတာလား ....ကျောင်းက ရွှေမျက်လုံးအဆင့်ရတနာ ပစ္စည်းကို အလကား ဘယ်လိုပေးမှာလဲ၊ သူတို့က ပရဟိတလုပ်နေတာ မဟုတ်ဘူး"
"ပုံမှန်အတိုင်းဆိုဘယ်ဟုတ်ပါ့မလဲ...ကျောင်းရဲ့ ရတနာစံအိမ်တွေကို ကျောင်းသားတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပြတာ ရှားတယ်... နင် ရှန့်ပိန်းတွေ့ဆုံပွဲ အကြောင်းသိတယ်မလား...."
လီလော့ ခေါင်းညိတ်လိုက်သည်။ ဟုတ်ပေသည်။ ထို့အပြင်၊ ကျောင်းအုပ်ကြီးက သည် သူ့အား အလွန်ခက်ခဲသောမစ်ရှင်တစ်ခုအဖြစ်ပေးအပ် ထားခဲ့သည်။သူ ဒါကို ဘယ်လို ပြီးမြောက်အောင် လုပ်မယ်ဆိုတာတောင်စဉ်းစားမရသေးပေ။
"ရှန့်ပိန်းတွေ့ဆုံပွဲလုပ်ဖို့ နှစ်လကျော်ပဲလိုတော့တယ်.... နင် ရွှေနဂါးတာအိုနယ်မြေထဲ ရောက်နေတုန်းကတည်းက ကောလိပ်ကအထူးလေ့ကျင့်မှုတွေလုပ်ပေးနေတယ်.... ခရမ်းအဆင့် အဖွဲ့တွေအတွက် အထူးလေ့ကျင့်မှုတွေလည်း ရှိမှာပါ.....နောက်လမှာ အထူးလေ့ကျင့်မှုတွေ အရှိန်အဟုန်နဲ့ တိုးလာလိမ့်မယ်.... အဲ့ဒါတွေကို မပျက်ကွက်စေနဲ့......လစဉ် အထူးလေ့ကျင့်မှုအပြီးမှာ ကောလိပ်က အနီးနားက ကျောင်းတချို့ကို ပညာချင်းဖလှယ်ဖို့ဖိတ်ထားတယ်..... လေ့ကျင့်ဖို့အတွက် အခွင့်အရေးကောင်းပဲ......ပေါ့ပေါ့တန်တန်မတွေးနဲ့....ကောလိပ်က အိမ်ရှင်အဖြစ်ဖိတ်ခေါ်ထားတာမို့ ရှုံးခဲ့မယ်ဆို ကော်လိပ်ရဲ့သိက္ခာကိုထိခိုက်လိမ့်မယ်....."
ကျန်းချင်းအာကိုကြည့်ရသည်မှာ အလွန်လေးနက်နေပုံရသည်။
"ဒါကြောင့်မို့ကျောင်းသားတွေ စိတ်အားတက်ကြွအောင် ကောင်းကောင်းစွမ်းဆောင်နိုင်သူတိုင်းကို ရွှေမျက်လုံးအဆင့်ရတနာတွေ ချီးမြှင့်လိမ့်မယ်......"
စကားဆုံးသည်နှင့် လီလော့ကျောမတ်မတ်ထိုင်လိုက်ပြီး......
" အစ်မကြီးချင်းအာ....သွား လေ့ကျင့်ကြရအောင်.....ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ကျောင်းသားတစ်ယောက်အနေနဲ့ ကျောင်းဂုဏ်ဆောင်ဖို့အတတ်နိုင်ဆုံးကြိုးစားရမယ်......"
***