← Chapters

ပိုင်မျန်မျန်အတွက်လက်ဆောင်......

Vol. 27 Ch. 375

ပိုင်မျန်မျန်အတွက်လက်ဆောင်......

Vol. 27 Ch. 375

အခုနေကျောင်းကိုပြန်လျှင် မိုးချုပ်နေပြီဖြစ်သဖြင့် နည်းပြများအိပ်နေပြီဟု ကျန်းချင်းအာ ​ဖြောင်းဖြထား၍သာ လီလော့တစ်ယောက် ကျောင်းပြန်မည့်အစီအစဉ်ကိုရွေ့ဆိုင်းလိုက်ရသည်။

ညစာစားပြီးနောက် ကျန်းချင်းအာက သူမ၏ကိုယ်ပိုင်အခန်းသို့ ပြန်သွားခဲ့သည်။

လီလော့ လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး အိပ်ယာဝင်ဖို့ ပြင်လိုက်လေသည်။

နောက်တစ်နေ့တွင်.......

လီလော့နှင့် ကျန်းချင်းအာတို့ ကောလိပ်သို့ အတူတကွ ပြန်လာခဲ့ကြသည်။ သူမသည် အရိပ်လှိုဏ်ထံသို့ပြန်ပြီး မစ်ရှင်များလုပ်ဆောင်ဉီးမည်ဖြစ်သည်။

သူလိုလူသစ်တွေအတွက် အရိပ်လှိုဏ်ဂူက တော်တော်ကြောက်စရာကောင်းတဲ့ နေရာဖြစ်နိုင်ပေမယ့် ကျန်းချင်းအာ အတွက်ကတော့ ပိုကြမ်းတမ်းတဲ့ လေ့ကျင့်ရာနေရာတစ်ခုဖြစ်နိုင်သည်။ သို့သော်လည်း ကျန်းချင်းအာကို ဂရုစိုက်ဖို့မှာကြားပြီးနောက် ​လမ်းခွဲလိုက်ကြသည်။

ထို့နောက် လီလော့သည်လည်း ကိုယ်ပိုင်အဆောင်ဆီသို့ပြန်လာခဲ့လိုက်သည်။

တံခါးကိုတွန်းဖွင့်လိုက်တာနဲ့ သူပထမဆုံးမြင်လိုက်ရတာက ရှင်းဖူက စားပွဲမှာ မနက်စာစားနေပြီး သူ့ကိုတွေ့တော့ အံ့သြနေပုံရသည်။

"မင်းပြန်လာပြီလား" လို့ သူ့ပုံမှန်မဟုတ်တဲ့ လေသံနဲ့ ပြောခဲ့သည်။

"အင်း....ငါပြန်လာပြီ"

"မင်း ပြီးခဲ့တဲ့လက အထူးလေ့ကျင့်မှုတွေ အများကြီး လွဲချော်သွားတယ်.....မင်းဘာတွေ လွဲချော်နေမှန်းတောင် သိမှာမဟုတ်ဘူး....ငါအခုဆို ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း  တတိယအဆင့်ရောက်နေပြီ.... မင်းသာ ပျင်းရိနေမယ်ဆို ခေါင်းဆောင်ရာထူးကိုငါပဲယူလိုက်တော့မယ်....."

"ငါမြင်တယ်....စိတ်တော့မကောင်းဘူးကွာ....ငါက ပဉ္စမအဆင့်ရောက်နေပြီ....."

ရှင်းဖူ လက်ထဲက တူချောင်းများ ပြုတ်ကျသွားသည်။

"မင်္ဂလာနံနက်ခင်းပါ ခေါင်းဆောင်.... မနက်စာစားပြီးပြီလား.."

လီလော့က လက်ပြလိုက်ပြီး....

"သဘောတွေသိပ်ကောင်းနေတယ်ပေါ့..... ဘာပဲဖြစ်ဖြစ် မင်းပြီးခဲ့တဲ့လက သေချာကြိုးစားမကျင့်ကြံခဲ့ဖူးနဲ့တူတယ်.... ဒါကို နည်းပြချီချန်းဆီ တင်ပြလိုက်တာ ပိုကောင်းမယ်ထင်တယ်.... မျန်မျန်က အဖွဲ့ထဲမှာ ပံ့ပိုးသူသက်သက်ပဲဆိုတော့ တကယ်တမ်းတိုက်ခိုက်ကြမယ်ဆို မင်းနဲ့ငါပဲ တိုက်ရမှာ.....နောက်ကျကျန်နေလို့မဖြစ်ဘူးနော်.....ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါ့ရဲ့အခွင့်အာဏာနဲ့ မင်းကို တစ်လအတွင်း စတုတ္ထပုံစံရောက်ဖို့ ငါအမိန့်ပေးတယ်...."

ခပ်ပြုံးပြုံးဖြင့် လှည့်ထွက်သွားသည့် လီလော့ကိုကြည့်ပြီး ရှင်းဖူရေရွတ်လိုက်သည်က.....

"ပဉ္စမအဆင့်..ဘယ်လိုတောင်မြန်လိုက်သလဲ.... ခေါင်းဆောင်က သူ့ရာထူးကိုဘယ်သူမှမပေးချင်ဘူးနဲ့တူတယ်....

ရှင်းဖူ မိမိကိုယ်မိမိ ဆင်ခြင်သုံးသပ်နေချိန်တွင် လီလော့ ဒုတိယထပ်သို့တက်သွားသောအခါ  ပိုင်မျန်မျန်သည် ဝိဉာဉ်ရည်ဖော်စပ်ရာတွင် အာရုံစိုက်နေပြီးပတ်ဝန်းကျင်ကိုမေ့လျော့နေသည်။

စိတ်အာရုံစူးစိုက်မှုမြင့်မားစေရန် ပုံရိပ်ယောင်စွမ်းရည်ကိုအသုံးထားသည့်အတွက် ပါဝင်ပစ္စည်းများကိုတိကျသေချာစွာချိန်တွယ်နေပြီး သေချာစွာမှတ်သားနေသည်။

လီလော့က သူမကို မနှောင့်ယှက်ဘဲ ဘေးကနေ တိတ်တိတ်လေး ကြည့်နေလိုက်သည်။

နှစ်နာရီခန့်အကြာတွင် သူမ ရပ်တန့်သွားသည်နှင့် သူမ၏မျက်နှာဆီသို့ ခံစားချက်များ ပြန်ဝင်လာသည်နှင့်အမျှ သူမ၏ မျက်လုံးများမှ အေးစက်သော အအေးဓာတ်များ မှိန်ကျသွားသည်။

"ခေါင်းဆောင် ပြန်လာပြီလား!"

လီလော့ က ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။

" မင်းရဲ့ ပင်ကိုယ်စရိုက် အပြောင်းအလဲက ဆွဲဆောင်မှု ရှိသားပဲ....."

သုတေသနလုပ်နေစဉ်တွင်၊ ပိုင်မျန်မျန်သည် အာရုံစူးစိုက်မှုအပြည့်ရှိနေပြီး ပုံမှန်ရှက်ရွံ့တတ်သည့်စရိုက်နှင့် တခြားစီပင်.....

ပိုင်မျန်မျန် က ရှက်သွားပေမယ့် ဘာမှပြန်မပြောဘဲ သူမ၏ သုတေသနမှတ်စုများကိုသာ ငုံ့ကြည့်နေသည်။

"မျန်မျန်... ဒီတစ်ခါ ငါ မင်းကို လက်ဆောင်တစ်ခုပေးမယ်....."

ပိုင်မျန်မျန် တအံ့တသြ မော့ကြည့်လိုက်သည်။

လီလော့က အိတ်ဆောင်စက်လုံးထဲကနေ  သက်တံရောင် မုန့်များကို ထုတ်ကာ ပိုင်မျန်မျန် ရှေ့မှာ တင်ထားသည်။

"လော့လန်အိမ်တော်ရဲ့ စားဖိုမှူးကြီး အထူးပြုလုပ်ပေးထားတဲ့ သက်တံ့မုန့်တွေလေ..... အရသာ သိပ်ရှိတယ်....."

လီလော့က သူမ အရသာမခံနိုင်မှန်းသိရက်နဲ့ဘာလို့ မုန့်တွေလာပေးနေတာလဲ...  ဒါ ဘာအဓိပ္ပာယ်လဲ။ သူ မေ့သွားပြီလား? ဒါမှမဟုတ်  သူ့ကို လိမ်နေတာလား....

သူမ၏ အပြုံးများ မှိန်ဖျော့သွားကာ မဝံ့မရဲ ခေါင်းညိတ်လိုက်သည်။

"ငါ မြည်းကြည့်ပါ့မယ်....."

သူမ မုန့်ကိုယူဖို့လက်လှမ်းလိုက်သည့်အခါ

လီလော့ကအစိမ်းရောင်သမ်းနေသော ဖန်ပုလင်းတစ်ခုကိုချပေးလိုက်သည်။

“မစားခင် အရင်သောက်လိုက်ပါ”

ပိုင်မျန်မျန်သည် ထူးဆန်းသော ဖန်ပုလင်းကို သံသယစိတ်ဖြင့် ကြည့်လိုက်ပြီးနောက် သူမ၏ လှပသော မျက်ခုံးများ မြင့်တက်လာသည်။

"ခေါင်းဆောင်... ဒါဘာလဲ" တုန်လှုပ်သောအသံဖြင့် သူမမေးလိုက်သည်။

"သောက်ပြီး အဖြေရှာလိုက်ပါ" လီလော့က သူမကို ပြုံးပြပြီး တိုက်တွန်းလိုက်သည်။

အကယ်၍ အလုပ်မဖြစ်ပါက သူမ၏ မျှော်လင့်ချက်များ ပြိုပျက်သွားမည်ကို စိုးရွံ့မိသည်။

ဒါပေမယ့် နောက်ဆုံးတော့ သူမ မျက်လုံးတွေစုံမှိတ်ပြီး ဖန်ပုလင်းထဲမှအရည်များကိုမော့သောက်လိုက်သည်။

အေးခဲပြီး စေးကပ်နေတဲ့ အရည်တွေ လည်ချောင်းထဲ စီးဝင်လာပြီး ထူးဆန်းတဲ့ ခံစားချက်က သူမကို အန်ချင်လုနီးပါး ဖြ်စေပေမယ့်  အားလုံးကို မျိုချလိုက်သည်။ မျိုချလိုက်ပြီးနောက် သူမ၏လျှာတွင် ထုံကျင်ခြင်းမှတပါး အခြားမည်သည့်အရာကိုမျှ မခံစားရပေ။

သူမ မျက်နှာပျက်သွားသည်။

လီလော့ က သူမကို သက်တံ့ကိတ်မုန့် ပေးနေသဖြင့် တုံ့ဆိုင်းနေဟန်ဖြင့် တစ်လုတ်ဝါးလိုက်သည့်အခါ နူးညံ့သောအရသာများပျော်ဝင်လာသည်ကိုခံစားလိုက်ရသည်။

လီလော့လည်း စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သည်။ ဟုတ်ပါတယ်၊ ဒီအရည်ဟာ အိမ်တော် မာ အနားယူရင်း လွန်ခဲ့တဲ့ နှစ်ရက်က သူလုပ်ခဲ့တဲ့ သူမရဲ့ အရသာကို ပြန်လည်ရရှိစေမယ့် ဆေးရည်ဖြစ်သည်။ သူ့ရဲ့ တွက်ချက်မှုသာ မှန်ကန်ရင် ဒါက ပိုင်မျန်မျန် ရဲ့ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။

ပိုင်မျန်မျန် က ကိတ်မုန့်ကို ပါးစပ်ထဲမှာငုံထားပြီး ဘာအမူအရာမှ မပြသည့်အတွက် လီလော့ စိုးရိမ်တကြီးနဲ့ ဆက်ကြည့်နေခဲ့သည်။

ဒါက မအောင်မြင်ဘူးလား.....

ရုတ်တရက် သူမပါးပြင်ပေါ်သို့ မျက်ရည်များ လိမ့်ဆင်းလာသည်ကိုမြင်လိုက်ရသောအခါတွင် လီလော့လည်းအတော် စိတ်ဓာတ်ကျသွားသည်။

"မျန်မျန်?"  သူမ ဝမ်းနည်းနေလား ပျော်ရွှင်နေလားမသိသည့်အတွက် လီလော့ သတိထားပြီး မေးလိုက်သည်။

သူမသည် ကိတ်မုန့်ကို လက်နှစ်ဖက်ဖြင့် အပြည့်ယူကာ ပါးစပ်ထဲသို့ ဟမ်စတားတစ်ကောင်လို ဖောင်းလာသည်အထိ ထိုးသွပ်နေပြီး....

"ခေါင်းဆောင်... အရသာခံလို့ရပြီ....."

"ငါအရသာခံလို့ရပြီ.... " သူမ တုန်လှုပ်သောအသံဖြင့် ပြောလိုက်ပြီး ငိုနေလေ၏။

လီလော့ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူအောင်မြင်သွားပုံရသည်။

ကိတ်မုန့်ဝါးရင်း ငိုနေသော မိန်းကလေးကို သဘောကျစွာ ပြုံးပြလိုက်ပြီး....

"ဖြည်းဖြည်းစား...နင်နေဉီးမယ်..."

ပိုင်မျန်မျန်သည် သူမ၏မျက်နှာပေါ်ရှိ နောက်ဆုံးကိတ်မုန့်အမှုန်အမွှားများကို ပါးစပ်ထဲသို့ထည့်ကာ အလုပ်များနေပါသည်။ အချိုသည် အခြားသူတိုင်းအတွက် ပုံမှန်အရသာဖြစ်ကောင်းဖြစ်နိုင်သော်လည်း အရသာခံအာရုံဆုံးရှုံးသွားသူများသာ ၎င်း၏တန်ဖိုးကိုသိမြင်နိုင်လိမ့်မည်။

အမှောင်ဖုံးနေသည့် သူ့ကမ္ဘာကို အလင်းရောင် ပြန်ရောက်သလိုပင်...

ပိုင်မျန်မျန်သည် နောက်ဆုံးကိတ်မုန့်အပိုင်းအစများကို စားသောက်ပြီးနောက် မျက်ရည်များကိုသေချာသုတ်လိုက်ပြီး လီလော့ကို ပွေ့ဖက်ကာ.....

“ခေါင်းဆောင်.....တကယ် ကျေးဇူးတင်ပါတယ်” လို့ တိုးတိုးလေး ပြောလိုက်သည်။

လီလော့ အနည်းငယ် ရှက်ရွံ့စွာ ပြုံးလိုက်မိသည်။

မိန်းကလေးတွေက ကျေးဇူးတင်ကြောင်းပြောဖို့ ဘာလို့ ပွေ့ဖက်ခြင်းကိုသာ သုံးပြုကြတာလဲ.....

***

All Chapters