← Chapters

ဝင်ခွင့်အတွက်ယှဉ်ပြိုင်ခြင်း......

Vol. 27 Ch. 376

ဝင်ခွင့်အတွက်ယှဉ်ပြိုင်ခြင်း......

Vol. 27 Ch. 376

မိန်းကလေး၏ ပွေ့ဖက်မှုသည် အလွန်လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး ကိတ်မုန့်ပန်းကန်အလွတ်ကို သူမ ဝမ်းနည်းစွာ ကြည့်နေမိသည်။

"စိတ်မပူပါနဲ့၊ အနာဂတ်မှာ အစားအသောက်တွေ စားဖို့ အချိန်အများကြီးရှိပါသေးတယ်"

ပိုင်မျန်မျန်က ခေါင်းပြုတ်လုမတတ်ခေါင်းညိတ်လိုက်ပြီး.....

"ကျေးဇူးတင်ပါတယ်.... ခေါင်းဆောင်......"

"ဪ..... ဒါက ဘာမှမဟုတ်ပါဘူး၊ မင်းလည်း ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲလေ.... ပြီးခဲ့တဲ့လက ရှီးယန်မှာရထားတဲ့အမြတ်အစွန်းတစ်ဝက်လောက်ကမင်းရဲ့ကျေးဇူးကြောင့်ရထားတာတွေပါ....အဲ့အတွက် မင်းကိုဂုဏ်ပြုပေးရဉီးမယ်.....ဒါက မင်းကိုကတိပေးပြီးသားကိစ္စပဲလေ....အချိန်ကြာသွားတဲ့အတွက် ငါကတောင်တောင်းပန်ရမှာပါ......"

သူမ ခေါင်းခါလိုက်သည်။ လူတိုင်း တန်ဖိုးချင်း မတူကြပေ။ လီလော့ အနေဖြင့် သူမ၏အရသာခံအာရုံကို ပြန်လည်ရရှိရန် ကူညီပေးသည်မှာ ဘာမှမဟုတ်ပေ။ ကြယ်လေးပွင့်ဝိညာဉ်ရည်ဖော်မြူလာ၏တန်ဖိုးနှင့်နှိုင်းယှဉ်လို့ပင်မရချေ။

ယခုအချိန်အထိ သူမသည် အသက်ရှင်ဖို့အတွက်သာ စားခဲ့ရသည် ။စားသောက်သမျှတိုင်းကလည်း ဖယောင်းခဲဝါးနေရသလိုပင်....သူမ အတွက်နေ့ရက်တိုင်းညှင်းပန်းနှိပ်စက်ခံနေရသလို ခံစားခဲ့ရသည်ကို မည်သူမျှသိနိုင်မည်မဟုတ်ပေ။ မလိုလားအပ်တဲ့ အာရုံစိုက်ခံရမှုတွေကိုရှောင်ရှားဖို့အတွက် ဘာမှမဖြစ်သလိုဟန်ဆောင်နေရသည်မှာလဲဝဋ်ကြွေးတစ်ခုလိုပင်......

"ခေါင်းဆောင်၊ အခုကစပြီး ငါ လုပ်နေတဲ့ ဖော်မြူလာအားလုံး ရှီးယန်အတွက်ပဲဖြစ်စေရမယ်....."

"အိုး ဘယ်လိုလုပ်လက်ခံလို့ဖြစ်မှာလဲ... မလိုပါဘူး... ဖော်မြူလာ ရှစ်ခု၊ ကိုးခုလောက်ဆိုရပါပြီ....."

" အော်..ဒါနဲ့လျို့ဝှက် အလင်းအရင်းမြစ် ဒါမှမဟုတ် ရေအရင်းအမြစ်နဲ့ ပတ်သက်တဲ့ သုတေသန တစ်ခုခု လုပ်ဖူးသလား"

လီလော့က ချိုင်ဝေနဲ့ဆွေးနွေးခဲ့သည်ကိုသတိရလိုက်သဖြင့် အခွင့်သာတုန်း ပိုင်မျန်မျန်ကိုမေးကြည့်လိုက်သည်။

"ငါရဲ့အိမ်မက်ဆိုးလိပ်ပြာပဲ့တင်ထပ်သံက ရေပဲ့တင်နဲ့ဆက်စပ်နေတာဆိုတော့ လျှို့ဝှက်ရေအရင်းမြစ်ထုတ်လို့ရလောက်တယ်...ဒါပေမယ့် အခုအချိန်အထိ ငါရဲ့ ကြိုးစားအားထုတ်မှုအားလုံးကို ဖော်မြူလာသုနေသနပေါ်ပဲအာရုံစိုက်ထားတာ...လျှို့ဝှက်ရေအရင်းမြစ်ကိုတခါမှ မစဉ်းစားဖူးဘူး...

"ခေါင်းဆောင် နင် လျှို့ဝှက်ရေအရင်းအမြစ်လိုနေလို့လား....ရှီးယန်က အခုအဆင်ပြေနေပြီပဲ...ရှီးယန်မှာရှိနေတဲ့ လျှို့ဝှက်ရေအရင်းမြစ်က ရှပြည်ထောင်စုတစ်ခုလုံးလိုက်ရှာလို့တောင်မရဘူး........"

"ဟုတ်တယ်....အနာဂတ်မှာ ရှီးယန်ရဲ့ထုတ်ကုန်တွေတိုးမြှင့်ဖို့ နောက်ထပ်ရင်းမြစ်တွေ လိုအပ်နေသေးတယ်...."

ပိုင်မျန်မျန်က နားလည်မှုဖြင့် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ .ခေါင်းဆောင် လိုချင်တယ်ဆို ကြိုးစားကြည့်ပေးမယ်လေ......."

"မျန်မျန်... နင် ကျေနပ်လောက်တဲ့ဈေးနဲ့ ဝယ်ပါ့မယ်....."

သူမ ပြုံးပြီး ပခုံးတွန့်လိုက်သည်။ သူမသည် ထိုအရာများကို အမှန်တကယ် ဂရုမစိုက်ခဲ့ပေ။

သူတို့နှစ်ယောက် စကားပြောနေစဉ်တွင် သန့်စင်ရေး အလုပ်ရုံတံခါးပွင့်သွားပြီး ရှင်းဖူ၏အသံကိုကြလိုက်ရသည်။

"နည်းပြရောက်နေပြီ....မင်းတို့ကိုခေါ်ခိုင်းလိုက်လို့......"

လီလော့နှင့်ပိုင်မျန်မျန်တို့ နှစ်ယောက်စလုံး ရှင်းဖူနှင့်အတူ ခက်သွက်သွက်အောက်ဆင်းခဲ့ကြသည်။

အောက်ကိုရောက်တော့ နေရောင်ခြည်အောက်တွင် အေးအေးလူလူ လက်ဖက်ရည်ကြမ်းသောက်နေသည့်ချီချန်းက လီလော့ကိုကြည့်ကာ.......

"အိုး....ပဉ္စမအဆင့်ပါလား.... ရွှေနဂါးတာအိုနယ်မြေမှာ ကံကောင်းခဲ့တယ်ထင်တယ်....."

လီလော့ ပြုံးလိုက်သည်။

"ကံကောင်းခဲ့တယ်လို့ပဲပြောရမှာပေါ့ဗျာ...."

"အခု ချင်ဇူလုလည်း  ပဉ္စမအဆင့်​ရောက်နေပြီကြားတယ်.... "

လီလော့ ခေါင်းညိတ်လိုက်သည်။

"ဒါဆို ကြယ်တစ်ပွင့်ခန်းမမှာ မင်းနှစ်ယောက်က  အသန်မာဆုံးပဲ....ဝမ်ဟေးကျူနဲ့ပိုင်တုတုတို့တောင်မှ ပြီးခဲ့တဲ့လကမှ စတုတ္ထမအဆင့်ကိုရောက်ကြတာ......"

"နည်းပြပြောတာ ဟုတ်လောက်မယ်..."

လီလော့၏ ရေအလင်း ပဲ့တင်ထပ်သံ ဆင့်ခုနှစ်သို့မရောက်ခင်က ချင်ဇူလုနှင့်တန်းတူအနေအထားရှိသော်လည်း ယခုချိန်တွင် ချင်ဇူလုကို အနိုင်ရမည်ဟု ယုံကြည်နေသည်။

အထူးသဖြင့် သူ၏ မြှားဖြင့် တိုက်ခိုက်ခြင်းကိ ချင်ဇူလု ခုခံဖို့လွယ်ကူလိမ့်မည်မဟုတ်ပေ။သို့တိုင် ကောင်းကင်ဝံပုလွေ၏ စွမ်းအာကိုချေးဌားရလိမ့်မည်။

သို့သော်လည်း အားလုံးကို ခြုံကြည့်လျှင် ကြယ်တစ်ပွင့်ခန်းမတွင် ဘုရင်အဖြစ် သတ်မှတ်ခံရနိုင်သည်။

ချီချန်းက ခေါင်းခါလိုက်သည်။

"မလုံလောက်သေးဘူး...."

ပိုင်မျန်မျန်နှင့်ရှင်းဖူတို့က သူမကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

ပဉ္စမအဆင့်က မလုံလောက်သေးဘူးလား.....

လီလော့လည်း အံ့သြသွားသည်။

"ရှန့်ပိန်းတွေ့ဆုံပွဲ မှာ တိုက်ခိုက်ဖို့ မလုံလောက်ဘူးလား?"

"အိုး ငါ့တပည့်လေးတောင် အရိပ်ပြရင်အကောင်မြင်တတ်နေပြီပဲ..... "

ချီချန်းက သူ့ကို ရယ်မောလိုက်သည်။

"ပဉ္စမအဆင့်ဆိုတာ ရှန့်ပိန်းတွေ့ဆုံပွဲအတွက်မပြောနဲ့ ဝင်ခွင့်ပြိုင်ပွဲမှာတောင် အောက်ဆုံးအဆင့်လောက်ပဲရှိဉီးမှာ....."

"ဝင်ခွင့်ပြိုင်ပွဲ....အဲ့တာ ကောလိပ်ချင်းလက်ရည်စမ်းမယ့်ပွဲကိုပြောတာမလား....."

"ဟုတ်တယ်..အဲ့ပြိုင်ပွဲမှာအနိုင်ရမှ ရှန့်ပိန်းတွေ့ဆုံပွဲကိုတက်ရောက်နိုင်မှာ.....ဒီတစ်ခေါက် ကြယ်တာယာခရီးရှည်ကောလိပ်နဲ့ပြိုင်ရမယ့်ကောလိပ်က အပြာရောင်အသူရာကောလိပ်ပဲ.....သူတို့က အားကောင်းပြီးအရှေ့ပိုင်းနတ်ဘုရားကုန်း​မြေမှာအတော်လေးကျော်ကြားတယ်......"

လီလော့တို့သုံးဉီး  တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ အကယ်၍ သူတို့သာ အပြာရောင်အသူရာကောလိပ်ကို  မအနိုင်ယူနိုင်ခဲ့ပါက ရှန့်ပိန်းတွေ့ဆုံပွဲတွင်ပါဝင်နိုင်မည်မဟုတ်ပေ။

ကောလိပ်တိုင်း ရှန့်ပိန်းတွေ့ဆုံပွဲကို အလွန်အလေးအနက်ထားကြောင်း သူတို့သိသည်။ ဤသည်မှာ နာမည်ဂုဏ်သတင်းအတွက် တိုက်ပွဲတစ်ခုသာမက လုံကူရှန့်ပိန်းကိုပါ ပိုင်ဆိုင်ခြင်းလည်းဖြစ်သည်။ မှော်ဆန်သည့်ထိုအရာသည် အရိပ်လှိုဏ်ဂူကိုဖိနှိပ်နိုင်ပြီး ကျောင်းသားဘဝများကိုပင် ကယ်တင်နိုင်မည်ဖြစ်သည်။

ဒါဟာ သူတို့အားလုံး တိုက်ပွဲဝင်ရမယ့်အကြောင်းပြချက်တစ်ခုပင်.....

လက်ရည်စမ်းပွဲသည်အကြိုစစ်ဆေးမှုတစ်ခုဖြစ်ပြီး သူတို့ထဲက တစ်ယောက်သာ ရှန့်ပိန်းတွေ့ဆုံပွဲအတွက် အရည်အချင်းပြည့်မီနိုင်လိမ့်မည်။

သူစိတ်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး အရာတွေက သွေးထွက်သံယိုနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အတွက် လီလော့ ငြီးငြူလိုက်မိသည်။

ရှန့်ပိန်းတွေ့ဆုံပွဲစတင်ဖို့ အချိန်သိပ်မလိုတော့ပေ။

စစ်မှန်သော တိုက်ပွဲမစတင်မီကပင် တိုက်ပွဲများကိုကြိုတင်ဆင်နွှဲရတော့မည်။

"လက်ရည်စမ်းပွဲက ဘယ်လိုမျိုးလည်း....ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ပထမနှစ်တွေဆိုတော့ ဖိအားသိပ်မရှိလောက်ပါဘူးနော်....."

" မင်းမှားနေပြီ...လက်ရည်စမ်းပွဲမှာရော ရှန့်ပိန်းတွေ့ဆုံပွဲမှာပါ ကြယ်တစ်ပွင့်ကနေ ကြယ်လေးပွင့်ခန်းမအထိ ခန်းမတိုင်းကကျောင်းသားတွေအားလုံးက အရေးကြီးတဲ့အပိုင်းမှာ ပါဝင်ကြပြီး သူတို့ကျောင်းရဲ့ အောင်ပွဲအတွက် ပံ့ပိုးပေးရတယ်.... ကြယ်သုံးပွင့်နဲ့ ကြယ်လေးပွင့်ခန်းမ ကျောင်းသားတွေက နည်းနည်းပိုပြီး ဖိအားတွေ ကြုံရတာ မှန်ပါတယ်၊ ဒါပေမယ့် ငယ်ရွယ်တဲ့ ကျောင်းသားတွေက အရေးမကြီးဘူးလို့ မဆိုလိုဘူး....."

"ရှန့်ပိန်းတွေ့ဆုံပွဲ ကို ခဏဘေးဖယ်ထားလိုက်ဉီး... အခုလကစပြီး လက်ရည်စမ်းပွဲအတွက် ကောလိပ်နှစ်ခုရဲ့ ခန်းမလေးခုလုံးကနေ စုစုပေါင်း အဖွဲ့ဝင်ခုနစ်ဦးစီကို ရွေးချယ်တော့မယ်.... ကြယ်တစ်ပွင့်ခန်းမ အပြင် အခြားခန်းမသုံးခုကနေ ကိုယ်စားလှယ်နှစ်ဦးစီ စေလွှတ်ကြလိမ့်မယ်....​ရွေးချယ်ခံရတဲ့ ခုနစ်ယောက်က ဆန့်ကျင်ဘက်ကျောင်းက ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်....."

"ဒါဆို ခန်းမတစ်ခုစီရဲ့ အသန်မာဆုံးကျောင်းသားကပဲ ကိုယ်စားပြုခွင့်ရမှာပေါ့.....ဆရာ၊ ကျောင်းက ဝင်ခွင့်ရအောင် ကူညီပေးတဲ့သူအတွက် ကြီးကြီးမားမား ဆုကြီးတစ်ခု ရှိတယ်လို့ ကျွန်တော်ကြားထားတယ်....."

ချီချန်းက အပြုံးမပျက် ခေါင်းညိတ်လိုက်သည်။

"အမှန်ပါပဲ။ ဝင်ခွင့်ရအောင်ကူညီပေးတဲ့ ဘယ်သူမဆို ရွှေမျက်လုံးအဆင့် အဖိုးတန်ပစ္စည်းတစ်ခုကို ရွေးချယ်ဖို့ ရတနာစံအိမ်ထဲကို ခွင့်ပေးလိမ့်မယ်....."

လီလော့ လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

"ကျွန်တော်က ပုံမှန်ဆို သိုသိုသိပ်သိပ်လေးပဲနေတတ်ပေမယ့် ကျွန်တော်လည်း ကြယ်တယာယာခရီးကောလိပ်ရဲ့ ကျောင်းသားတစ်ယောက်ပါ။ ကျောင်းအပေါ်ထားရှိတဲ့ ကျွန်တော့်ရဲ့ အချစ်က ချင်ဇူလုထက် ပိုနက်ရှိုင်းပါတယ်.....ဒါကြောင့် ကြယ်တစ်ပွင့်ခန်းမအတွက် ကိုယ်စားပြုဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး...ကျွန်တော်က သူတို့ထဲမှာ အသန်ဆုံးပဲလေ....."

***

All Chapters