တမာန်တော်သစ်ခေါင်းပေါက်.....
Vol. 27 Ch. 377
လီလော့၏ ကြွေးကြော်မှုကြောင့် ရှင်းဖူ စိတ်ပျက်လက်ပျက် မျက်ဖြူလန်လိုက်ပြီး ပိုင်မျန်မျန်ကတော့ တခစ်ခစ်ရယ်မောနေလေ၏။
သူတို့ရဲ့ ခေါင်းဆောင်က အမြဲတမ်း ရိုးသားတယ်။ သူက ဘာမှ မဖုံးကွယ်ထားဘဲ ကျောင်းကပေးမယ် ရွှေမျက်လုံးအဆင့် ရတနာပစ္စည်းတွေကို တစ်ယောက်တည်းမောင်ပိုင်စီးချင်နေတယ်.....
ချီချန်းသည် သူ၏ တင်းမာသောစကားများကို လျစ်လျူရှုကာ ၎င်းတို့၏အာရုံကို ပြန်ရရန် ချောင်းဟန့်လိုက်ပြီး....
"ငါပြောသလိုပဲ၊ ပဉ္စမအဆင့်က မလုံလောက်ဘူး......"
"ကျွန်တော့်ကို လျှော့မတွက်ပါနဲ့ ဆရာ...."
လီလော့က စောဒကတက်လိုက်သည်။
"ကျွန်တော် ဘယ်လောက်ကြမ်းလဲ ဆရာမသိသေးလို့ပါ......"
ချီချန်းက သူ့ကို လျစ်လျူရှုလိုက်ပြန်သည်။
"လက်ရည်စမ်းပွဲ ပွဲစဉ်ခုနှစ်ပွဲပြိုင်ရမယ်...တစ်ခုစီက အရေးကြီးတယ်....အနိုင်ရဖို့ ယုံကြည်ချက်တစ်ခုရှိရင် ကြယ်သုံးပွင့်ခန်းမမှာတင် ပြီးသွားလိမ့်မယ်...."
သူမ စိတ်ချလက်ချ ပြုံးလိုက်သည်။ "ဟုတ်ပါတယ်၊ ကျန်းချင်းအာရဲ့ပွဲကို ရည်ညွှန်းတာပါ......"
"အဆင့်ကိုး ပဲ့တင်ထပ်သံရှိတဲ့အပြင် သူကိုယ်တိုင်ကလည်းကြိုးစားတဲ့အတွက် ကျန်းချင်းအာက နှစ်တစ်ရာအတွင်း ကြယ်တာယာခရီးရှည်ကောလိပ်မှာတွေ့ခဲ့ရတဲ့ အရည်အချင်းအရှိဆုံး ကျောင်းသားတွေထဲက တစ်ယောက်ပါ.... ကျောင်းက သူ့အပေါ် ကြီးကြီးမားမားမျှော်လင့်ထားတယ်....သူက ဒီလက်ရည်စမ်းပွဲမှာ ဝင်ခွင့်ရဖို့တင်မကဘူး၊ အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှာရှိတဲ့ကြယ်သုံးပွင့်ခန်းမကျောင်းသားတွေထဲမှာ အသန်မာဆုံးသူဖြစ်လာဖို့အခွင့်ရေးရှိသူပါ....."
"ပုံမှန်အတိုင်းတွက်ချက်လိုက်ရင် ငါတို့ကောလိပ် အနိုင်ရဖို့သေချာသလောက်တော့ရှိတယ်....."
"အခြားခြောက်ပွဲလောက်ကတော့ တိုက်ပွဲမစခင်မှာ ပြောဖို့ခက်တယ်....အပြာရောင်အသူရာကောလိပ်က ဉာဏ်အလင်းကောလိပ်လို အားနည်းတဲ့သူတွေမဟုတ်ဘူး.. ပြီးတော့ အပြာရောင်အသူရာကောလိပ်ရဲ့ကြယ်တစ်ပွင့်ခန်းမမှာ အဆင့်မြင့်အဆင့်ရှစ်ပဲ့တင်ထပ်သံပိုင်တဲ့သူနှစ်ယောက်ရှိတယ်လို့လဲကြားထားတယ်...."
လီလော့၊ ရှင်းဖူ နှင့်ပိုင်မျန်မျန်တို့ အနည်းငယ် တုန်လှုပ်သွားသည်။
အဆင့်ရှစ်အဆင့်မြင့် ပဲ့တင်ထပ်သံရှိတဲ့သူ နှစ်ယောက်... တကယ်ကို အားကောင်းလွန်းသည်။ ကြယ်တာယာခရီးရှည်ကောလိပ် ကြယ်တစ်ပွင့်ခန်းမတွင်ပင် ချင်ဇူလုတစ်ယောက်သာရှိသည်။ သို့သော်လည်း လီလော့တွင် ပုံမှန်မဟုတ်သည့်ပဲ့တင်ထပ်သံနှစ်ခုရှိနေသေးသည်။
အခြားသော ကောလိပ်များတွင်လည်း ၎င်းတို့၏ လျှို့ဝှက်ပါရမီရှင်များ ရှိလိမ့်မည်။ ကြယ်တာယာခရီးရှည်ကောလိပ်၏ဂုဏ်သတင်းသည် အနည်းငယ်ပိုကောင်းသောကြောင့် ၎င်းတို့အား သတ်ိထားဖို့သိပ်မလိုပေ။
" ပဲ့တင်ထပ်သံအဆင့်တွေကအရေးကြီးတယ်ဆိုပေမယ့် အရာအားလုံး အဲ့အပေါ်မှီခိုနေတာမျိုးတော့မဟုတ်ဘူး....မတူကွဲပြားတဲ့ ဒြပ်စင်တွေကနေ ခွန်အားကိုရအောင်ဆွဲထုတ်နိုင်ရမယ်.....သေခြင်းရှင်ခြင်းတိုက်ပွဲတွေမှာ ပဲ့တင်ထပ်သံအဆင့်မြင့်သူကအားသားတယ်ဆိုပေမယ့် သေချာပေါက်အနိုင်ရဖို့အာမခံချက်မရှိဘူး......ပဲ့တင်ထပ်သံပညာရပ်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်ပြီး ဇွဲပိုရှိသူကသာအနိုင်ရလိမ့်မယ်......"
" သတင်းရထားတာနှစ်ယောက်ဆိုပေမယ့် ဘယ်သူ့ကိုလွှတ်လိုက်မလဲတော့မသိဘူး...သေချာတာက တလအတွင်း အနည်းဆုံး ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင့်ရောက်နိုင်တဲ့သူကိုလွှတ်ကြလိမ့်မယ်....ဒါကြောင့် သူတို့ကို အနိုင်ယူချင်ရင်တော့ တစ်လအတွင်း ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်ကို ရောက်ဖို့ လိုတယ်
... ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း နဲ့ပုံသဏ္ဍာန်ပြောင်းလဲခြင်း အဆင့်ကြားက ကွာဟချက်က တော်တော်ကြီးမားပါတယ်.... မင်းရဲ့ ပဲ့တင်ထပ်သံနှစ်ခု နဲ့တောင်မှ အပြည့်အဝ လိုက်မမှီနိုင်ဘူး.....အဆင့်ရှစ် ပဲ့တင်ထပ်သံပိုင်ဆိုင်ထားတဲ့ ပြိုင်ဘက်တိုင်းကသေချာပေါက်အားနည်းနေမှာမဟုတ်ဘူး......"
လီလော့ ခေါင်းညိတ်လိုက်သည်။တာအိုနယ်မြေကို စရောက်ကာစက သူဟာ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်တွင်သာရှိခဲ့သည်။ သူ၏ ပဲ့တင်ထပ်သံနှင့် ပဲ့တင်ထပ်သံပူဖောင်းပညာရပ်ကြောင့် ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့် ပြိုင်ဘက်များကို မကြောက်သော်လည်း ထိုပြိုင်ဘက်များသည် အဆင့်ခုနှစ်ပဲ့တင်ထပ်သံရှိသူများသာဖြစ်ကြသည်။ ဥပမာအားဖြင့်၊ ကျောက်ဇီယန်လို ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်နှင့်ရေကုန်ရေခမ်းတိုက်ခိုက်ရမည်ဆိုလျှင် ကောင်းကင်ဝံပုလွေ၏စွမ်းအားမပါလျှင် တစ်ကွက်တည်းနှင့်ရှုံးနိမ့်ရလိမ့်မည်။
မည်သို့ပင်ဆိုစေ အဆင့်ရှစ် ပဲ့တင်ထပ်သံရှိသူတွေဟာ အဆက်မပြတ် အကောင်းဆုံးတိုက်ပွဲဝင်နိုင်ကြသူတွေဖြစ်ကြသည်။ သူတို့အထဲမှာ ဘယ်သူက အနိုင်ယူလိုစိတ်မရှိဘဲနေလိမ့်မလဲ...အဲ့ဒီလို ပြိုင်ဘက်တွေကို ဘယ်တော့မှ လျှော့တွက်လို့ မရဘူး....
လီလော့သည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့် လင်းစွော်ကို အနိုင်ယူခဲ့သော်လည်း လင်းစွော်၏ ပဲ့တင်ထပ်သံ အဆင့်မှာ အဆင့်ခုနှစ်သာ ဖြစ်သည်။ ထို့ထက်၊ လီလော့ သူ့ကိုအနိုင်ယူရန် အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ စွမ်းအားကို လိုအပ်ခဲ့သည်။
လီလော့သည် လက်ရည်စမ်းပွဲတွင် ထိုကဲ့သို့ ပြင်းထန်သော စွမ်းအားကို အသုံးပြုရန် မရည်ရွယ်ထားခဲ့ပေ။ ပထမဦးစွာ၊ ကောင်းကင်ဝံပုလွေ၏အသိစိတ်ကိုခုခံရန် ကောင်းကင်တမာန်ပုလဲဖြင့် တန်ပြန်ရန် လိုအပ်သော်လည်း၊ အထူးသဖြင့် ၎င်းကို မကြာခဏအသုံးပြုပါက အာနိသင်လျော့နည်းလာလိမ့်မည်။ ဒုတိယအနေနဲ့၊ လက်ရည်စမ်းပွဲမှာတင် သူ့ရဲ့ ဝှက်ဖဲကို အသုံးပြုရမယ်ဆိုရင် ရှန့်ပိန်းတွေ့ဆုံပွဲ အတွက် ဘာမှကျန်တော့မည်မဟုတ်ပေ။
နည်းပြချီချန်းပြောခဲ့သလိုပဲ ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ကြယ်တစ်ပွင့်ခန်းမ ကိုယ်စားလှယ်ဖြစ်ဖို့ အမှန်တကယ် ဆန္ဒရှိတယ်ဆိုရင်၊ ထောက်ခံချက်ရဖို့ ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းနိုင်မှဖြစ်မည်။
ထို့အပြင်၊ သူသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း အဆင့်သို့ရောက်ရှိပါက၊ ကျန်းချင်းအာ ချမှတ်ခဲ့သည့် ပန်းတိုင်နှင့် နောက်ထပ်တစ်ဆင့်သာ ဝေးကွာမည်ဖြစ်သည်။
ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်.......
ဤအချက်ကို သူမ ပြောခဲ့စဉ်က အလွန်ရည်မှန်းချက်ကြီးသည်ဟု ထင်ခဲ့မိသည်။ ဒါပေမယ့် ကံကောင်းမှုအချို့ကြောင့် ပန်းတိုင်နှင့်တဖြည်းဖြည်းနီးကပ်လာခဲ့ပြီ.......
"ဆရာ... ရှန့်ပိန်းတွေ့ဆုံပွဲမှာပါဝင်မယ့် ကြယ်တစ်ပွင့်ခန်းမကျောင်းသားတွေ ဘယ်လောက် အားကောင်းနိုင်သလဲ...."
"အသန်မာဆုံး ကြယ်တစ်ပွင့်ခန်းမ ကျောင်းသား?" ချီချန်း စဉ်းစားလိုက်သည်။
"မင်း အသန်မာဆုံးဖြစ်ချင်ရင်၊ ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်ရောက်နေမှဖြစ်မယ်...."
လီလော့ မျက်လုံးပြူးသွားသည်။ ကျန်းချင်းအာက ပထမနှစ်အကုန်မှာ အဲ့အဆင့်ကိုရောက်ခဲ့တယ်မလား......ဒါဆို တခြားကောလိပ်တွေမှာ သူမကို ယှဉ်နိုင်တဲ့ တခြားသူတွေရှိနေတယ်လို့ ဆိုလိုတာလား....
ချီချန်းက သူ့ကို ကြည့်လိုက်သည်။
"ကျန်းချင်းအာ မင်းကိုပြောလိုက်တာလား?"
"အဲ့လိုမဟုတ်ဘူးလား...."
လီလော့ က အံ့အားသင့်စွာ ပြန်ဖြေသည်။
ချီချန်းက ရယ်သည်။
"မှန်ပါတယ်... ကျန်းချင်းအာက ပထမနှစ် အဆုံးမှာ ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်ထိရောက်ခဲ့တယ်..... ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်..ဒါက သူမ ရောက်နိုင်တဲ့ နေရာမဟုတ်ပေမယ့် ရောက်ဖို့ ရွေးချယ်ခဲ့တယ်....."
"သူက ကျင့်ကြံမှုကိုတမင်တကာဖိနှိပ်ထားတယ်လို့ပြောချင်တာလား....."
လီလော့ က မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"အင်း...အဲ့ကိစ္စကြောင့် ကောလိပ်မှာအတော်ဂယက်ရိုက်ခဲ့သေးတယ်.... ပထမနှစ်အကုန်မှာတင် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်ရောက်နိုင်တယ်ဆိုကတည်းက အံ့မခန်း အောင်မြင်မှုတစ်ခု ဖြစ်နေပြီ၊ ဒါပေမယ့် ဒါဟာ အဆင့်ကိုး အလင်းပဲ့တင်ထပ်သံရဲ့ ကန့်သတ်ချက်တော့ မဟုတ်ဘူး... ကျန်းချင်းအာကို မေးကြည့်တော့ အဲ့ဒါနဲ့ ပတ်သက်ပြီး နောက်ဆုံး နိဂုံးချုပ်က သူမရဲ့ စွမ်းအင်ကျင့်စဉ်ကြောင့်ဖြစ်နေမှန်းသိလိုက်ရတယ်....."
"သူမက ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ စွမ်းအင်ကျင့်စဉ်ကို မရွေးချယ်ခဲ့ဘူး... ဒါပေမယ့် မင်းရဲ့မိဘတွေက သူမအတွက် ပြင်ဆင်ပေးထားခဲ့တယ်လေ...."
"အဲ့ဒီ့စွမ်းအင်ကျင့်စဉ်က မယုံနိုင်လောက်အောင် နက်နဲတယ်... ဒါပေမယ့် ကျင့်ကြံသူရဲ့ စွမ်းအားကို အစောပိုင်းအဆင့်တွေမှာ ထူးထူးခြားခြား ဖိနှိပ်ထားနိူင်တယ်...."
လီလော့ မျက်မှောင်ကြုတ်လိုက်မိသည်။ ကျင့်ကြံမှုအားကောင်းမယ့် ကျင့်စဉ်တွေကိုဘေးဖယ်ထားပြီး ဘာလို့ဒါမျိုးကျင့်စဉ်ပေးခဲ့တာလဲ......
"ငါထင်တာသာမှန်ရင် သူမရဲ့ စွမ်းအင်ကျင့်စဉ်က ရေပေါ်ပေါ်နေတဲ့ရေခဲတုန်းလိုမျိုးဖြစ်လိမ့််မယ်..... ရအများကြီး သိုလှောင်ထားပေမယ့် နည်းနည်းပဲထုတ်သုံးနိုင်တယ်.... ဖိနှိပ်မှုက တစ်နေ့ကျရင် ပေါက်ကွဲလာမယ့် ဖိအားကို ဖန်တီးပေးလိမ့်မယ်....."
လီလော့၏ မျက်မှောင်ကြုံ့လိုက်မိပြန်သည်။ကာလရှည်ကြာ ဖိနှိပ်ထားတာက တစ်နေ့နေ့မှာ ပေါက်ကွဲစေမည့် တွန်းအားပေးမှုတစ်ခုဖြစ်လာမယ်ဆို...ဘယ်နေ့များဖြစ်လိမ့်မလဲ.... ရှင်းပါတယ်၊ ကျန်းချင်းအာက သူ့ကိုဒီအကြောင်း အကုန်မပြောခဲ့ပါဘူး.....
"ဘယ်လိုပဲဖြစ်ဖြစ်၊ ရှန့်ပိန်းတွေ့ဆုံပွဲမှာဝင်ပြိုင်ဖို့ ကျန်းချင်းအာရဲ့ ခွန်အားကို
စံနှုန်းအဖြစ် သတ်မှတ်ထားဖို့မလိုပါဘူး.... ဒါဟာ ဖြစ်နိုင်ချေရှိတဲ့ အမြင့်ဆုံးစံနှုန်းလည်းမဟုတ်ဘူး... ဒါ့အပြင်၊ ကျန်းချင်းအာ ပထမနှစ်တုန်းက ရှန့်ပိန်းတွေ့ဆုံပွဲနဲ့လည်းမကြုံခဲ့ရဘူး......"
"ရှန့်ပိန်းတွေ့ဆုံပွဲ မရှိရင် ကျောင်းက ကျောင်းသားတွေကို အရင်းအနှီးတွေပေးဖို့ ဖြုန်းတီးနေမှာ မဟုတ်ပါဘူး။ ဥပမာ၊ နင်တို့ သင်ကြားနေတဲ့ အထူးလေ့ကျင့်မှုတွေပေါ့...... ပုံမှန်အတိုင်းဆို တစ်ဦးချင်းစွမ်းရည်က အရေးကြီးပေမယ့် အရင်းအမြစ်တွေရဲ့ စွမ်းအားကိုလည်း လျှော့တွက်လို့မရဘူး...."
လီလော့ ခေါင်းညိတ်လိုက်သည်။ အရိပ်လှိုဏ်ဂူ၏ ရောင်စုံကျောက်ရေအိုင်တွင်ဖြစ်စေ ရွှေနဂါးတာအိုနယ်မြေ၏ တာအိုရွှေကျင့်ကြံမှုတွင်ဖြစ်စေ၊ သူသည် သူ့အပေါ် တွန်းအားပေးခဲ့သည့် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သည်။ ၎င်းတို့မရှိလျှင် လီလော့သည် စတုတ္ထအဆင့်တွင်သာ ရှိပေမည်။
"ဒါ့အပြင်၊ နင်နဲ့ချင်ဇူလုတို့က ကြယ်တစ်ပွင့်ခန်းမရဲ့ ကိုယ်စားလှယ်နေရာကိုသေချာပေါက်ရဖို့မလွယ်လောက်ဘူး..... ခရမ်းအဆင့် နည်းပြတွေအားလုံး ဒီရာထူးကို မျက်စိကျနေကြပြီ...မင်းနဲ့ ချင်ဇူလုတို့က အကောင်းဆုံးအခွင့်အရေးတွေ ရနေကြပေမယ့် ဒါဟာ တကယ့်ပြိုင်ပွဲတစ်ခုပဲလေ....ပုံသဏ္ဍာန်ပြောင်းလဲခြင်း အဆင့်ဆို ဘယ်သူက ဖြတ်ကျော်နိုင်မလဲ စောင့်ကြည့်ရမှာပဲ......"
လီလော့ ခေါင်းညိတ်လိုက်သည်။ လက်ရည်စမ်းပွဲတွင် ပွဲစဉ်ခုနှစ်ပွဲပြိုင်ရမည်။ ကြယ်တာယာခရီးရှည်ကောလိပ် အရည်အချင်းပြည့်မီခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရာတွင် တစ်ဦးချင်းစီ၏စွမ်းဆောင်ရည်ကိုကြည့်ရမည်ဖြစ်သောကြောင့် ကျောင်းက ဒီဆုံးဖြတ်ချက်ကို အလေးအနက်ထားမှာ သေချာပါသည်။
"ဆရာ၊ အထူးလေ့ကျင့်ရေးဆိုတာ ဘာလဲ...."
လီလော့က စိတ်ဝင်တစား မေးလိုက်သည်။
"မင်းတို့တွေ ကံကောင်းလိုက်တာ။ မင်းတို့ရဲ့ကျောင်းဘဝ တစ်နှစ်တောင်မပြည့်ခင် ရှန့်ပိန်းတွေ့ဆုံပွဲ ဝင်ခွင့်ရဖို့ ကျောင်းက မင်းတို့တောင်းသမျှကို တကယ်ထုတ်ပေးခဲ့တယ်..... မင်းတို့အတွက် တမာန်တော်သစ်ခေါင်းပေါက်ကို ဖွင့်ပေးထားတယ်...."
"တမာန်တော်သစ်ခေါင်းပေါက်?"
"အဲ့ဒါက ရှန်းလိသစ်ပင်မှာ ထွင်းထုထားတဲ့ သေးငယ်တဲ့ နေရာတစ်ခုပါ... သစ်ပင်ရဲ့ အနှစ်သာရကို အဲ့ဒီနေရာမှာ စုဆောင်းထားတယ်...အဲ့ဒါက အခြေခံအုတ်မြစ်တွေကို မထိခိုက်စေဘဲလူတစ်ယောက်ရဲ့ ကျင့်ကြံမှု အရှိန်ကို မြှင့်တင်ပေးနိုင်တယ်....."
"အရင်ဆုံးပုံသဏ္ဍန်ပြောင်းလဲခြင်းအဆင့်ရောက်အောင်ကြိုးစားကြ....ကံကောင်းခဲ့ရင် စစ်သူကြီးအဆင့်တောင်ရောက်သွားနိုင်တယ်....."
"တမာန်တော်သစ်ခေါင်းပေါက်မှာရှိတဲ့ စွမ်းအင်အနှစ်သာရကို ရှန်းလိသစ်ပင်က နှစ်အတော်ကြာအောင် သိမ်းဆည်းပေးထားတယ်.... ဒါကြောင့်မို့တန်ဖိုးသိပ်ကြီးလွန်းတယ်..... ရှန့်ပိန်းတွေ့ဆုံပွဲလို အရေးကြီးတဲ့ ပြိုင်ဆိုင်မှုတစ်ခုအတွက်သာ ကျောင်းက ပြိုင်ပွဲဝင်ကျောင်းသားတွေအတွက် ဒီအထူးအရင်းအမြစ်ကို ဖွင့်ပေးတာ... "
"ဒါ့ပြင်၊ ခရမ်းအဆင့် ကျောင်းသားတွေကိုသာ အသုံးပြုခွင့်ပေးထားတယ်...."
သုံးယောက်သား အခွင့်ထူးကြောင့် ခေါင်းညိတ်လိုက်ကြသည်။ လောကကြီးက အမြဲတမ်း တရားမျှတနေသည်မဟုတ်ပေ။ ကျောင်းသည် အကောင်းဆုံး ကျောင်းသားများကို လိုချင်ပြီး အလားအလာ အရှိဆုံးသောသူများအတွက် ၎င်း၏ အကန့်အသတ်ရှိသော အရင်းအမြစ်များကို သုံးစွဲမည်ဖြစ်သည်။ ရွှေအဆင့် နှင့် ငွေအဆင့် ကျောင်းသားများကတော့ စည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။
"အချိန်မရွေး သွဖို့ ပြင်ဆင်ထားပါ....တခြား ခရမ်းအဆင့်အဖွဲ့တွေကလည်း တမာန်တော်သစ်ခေါင်းပေါက်ကို တစ်ချိန်တည်းမှာ ဝင်ရလိမ့်မယ်.. အဲ့ဒါက မင်းတို့အတွက် ကျောင်းကစီစဉ်ပေးထားတဲ့ နောက်ဆုံး အထူးလေ့ကျင့်မှုပဲ"
သုံးယောက်စလုံး သူမထွက်သွားသည်ကို စူးစမ်းလိုစိတ်နှင့်တောက်ပစွာ ကြည့်နေကြသည်။
***