← Chapters

အရိုက်ခံရသူ ယုလန်....

Vol. 27 Ch. 378

အရိုက်ခံရသူ ယုလန်....

Vol. 27 Ch. 378

ရှန်းလိသစ်ပင်သည် ယခင်ကကဲ့သို့ ကြီးကျယ်ခမ်းနားနေဆဲဖြစ်ပြီး ကောလိပ်တစ်ခုလုံးကို အုပ်မိုးကာကွယ်ပေးထားသည်။ထိုသစ်ပင်ရိပ်အောက်တွင် တလကြာဝေးကွာနေသည့် သူငယ်ချင်းဖြစ်သူ ယုလန်နှင့်ပြန်ဆုံတွေ့ခဲ့သည်။

ယုလန်က ကြေကွဲနေဟန်ဖြင့် သစ်ရွက်ကြားမှဖြာကျနေသောနေရောင်ခြည်ကိုမော့ကြည့်နေသည်။

"ဘာကြည့်နေတာလဲ?" လီလော့ က သူ့အနားလျှောက်သွားပြီး စူးစူးစိုက်စိုက်ကြည့်လိုက်သည်။

ယုလန်က ဘာမှပြန်မဖြေဘဲ ဆက်ကြည့်နေဆဲပင်...

လီလော့ က တစ်ခုခု မမှန်သလို ခံစားလိုက်ရပြီး ယုလန်ရဲ့မျက်နှာကိုသေချာကြည့်လိုက်သည့်အခါ ဖူးယောင်နေသောမျက်ကွင်းနှစ်ဖက်ကြောင့် ထိတ်လန့်သွားပြီး...

" ငါ့သူငယ်ချင်းယုလန်ကိုဘယ်ကောင်လုပ်သွားတာလဲ!!!!!!"

ယုလန် က သူ့ကို နှုတ်ဆိတ်နေဖို့ လက်ပြလိုက်ပြီး “တိုးတိုးပြောပါကွာ....” ဟု ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

သူက ပိုင်မျန်မျန်နဲ့ ပိုင်တုတုတို့ ရပ်နေတဲ့နေရာကို ငဲဲ့ကြည့်လိုက်ပြီး.....

"ခေါင်းဆောင်က ငါ အခုနောက်ပိုင်း သိပ်မတိုးတက်သေးဘူးလို့ ထင်နေတာ.... သူက ငါ့ကို ခက်ထန်တဲ့တွန်းအားတွေ ပေးနေတယ်လေ... ဒါတွေက ငါ့ကို တွန်းအားပေးထားတဲ့ အမှတ်အသားတွေပဲ....."

"ဒါနဲ့များ ကြေကွဲနေသလိုဟန်ဆောင်နေသေးတယ်....." လီလော့က ငြီးတွားလိုက်သည်။

ယုလန်က ချောင်းဆိုးပြီး ရင်ဘတ်ကို ဖိလိုက်သည်။ "ငါ့ ခေါင်းဆောင်ရဲ့ ချစ်ခြင်းမေတ္တာကြောင့် အခုဆို ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ပထမအဆင့်ရောက်နေပြီကွ......"

"မင်းပြောင်းလဲသွားပြီ..." လီလော့ က သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်သည်။

"မင်းအရင်တုန်းလို မောက်မာတဲ့ ယုလန် မဟုတ်တော့ဘူး...."

"သေလိုက်ပါလား... မင်းသာ မနက်၊ နေ့လယ် ည.... နေ့တိုင်း သုံးကြိမ် အရိုက်ခံရရင် မင်းမာနကြီးနိူင်ပါဉီးမလား...."

ယုလန်က မျက်ရည်စက်လက်နဲ့ ပြန်အော်လိုက်သည်။

လီလော့က သူ့ကို ပုခုံးပုတ်လိုက်ပြီး.....

"ဒါက မင်းကောင်းဖို့အတွက်ပဲလေကွာ....နောက်တစ်ကြိမ်မှာ မင်းအသက်ရှင်ဖို့ အခွင့်ရေးပိုများလာလိမ့်မယ်.... မင်းလည်း ခရမ်းအဆင့်နည်းပြ ကျောင်းသားတစ်ယောက်ပဲလေ...ဒါ့ကြောင့်ရှန့်ပိန်းတွေ့ဆုံပွဲ မှာ မင်းပါဝင်ရမှာ သေချာပါတယ်... အဲ့ဒီအခါကြရင် ကြံ့ခိုင်ဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ မင်းသိလာလိမ့်မယ်....."

ယုလန်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး....

"ချီးတောင်မှမသွားဘူးကွာ...အကယ်၍သွားခွင့်ရရင်လည်း ငြင်းပစ်လိုက်မယ်....."

လီလော့က သူ့ကို ထူးဆန်းစွာ ပြုံးပြနေသည့်အတွက် ယုလန် အအေးဒဏ်ကြောင့် ကျောရိုးထဲပင်စိမ့်တက်လာသည်။

"လီလော့.... မင်း ငါ့အပေါ် တောင်းပန်သင့်တာ တစ်ခုခု လုပ်ထားသလား....."

"သားကြီး... မင်းက ငါ့အတွက် လက်မောင်း ဒါမှမဟုတ် ခြေထောက်နဲ့တူတယ်....ငါ မင်းကို ဘာလုပ် ဒုက္ခပေးရက်မှာလဲကွာ......"

"ဟေ့ကောင်...ငါ့စကားလုံးတွေယူမသုံးစမ်းနဲ့......"

တခဏအကြာတွင် ပိုင်တုတုတို့ညီအစ်မရောက်လာသဖြင့် လီလော့တို့စကားစပြတ်သွားလေသည်။

" လီလော့..ကျေးဇူးတင်ပါတယ်....."

လီလော့သည် ပိုင်မျန်မျန် ၏ နီရဲနေသော မျက်လုံးများကို ကြည့်ပြီး ၎င်းသည် သူမ၏ အရသာခံအာရုံကို ပြန်လည်ရရှိပြီဖြစ်ကြောင်း အစ်မဖြစ်သူကိုပြောလိုက်မှန်းသဘောပေါက်လိုက်သည်။

"ဒါက ဘာမှ မဟုတ်ပါဘူး၊မျန်မျန်က ငါ့ကို အများကြီး ကူညီပေးခဲ့တယ်.... ဒါက ငါပေးထားတဲ့ကတိအတိုင်းပြန်လုပ်ပေးရုံပါ......"

"မဟုတ်ဘူး၊ ငါ နင့်အပေါ် အကြွေးတင်သွားပြီ ..." ပိုင်တုတု က လေးနက်စွာပြောလိုက်သည်။ "နောင်မှာ အခွင့်အရေးရရင် ငါ နင့်ကို ပြန်ဆပ်ပါ့​မယ်။"

သူမ လှည့်ထွက်သွားပြီး ပိုင်မျန်မျန်ကိုပါ ဆွဲခေါ်သွားလေသည်။

ယုလန် က သူ့ကို အံ့သြစွာ စိုက်ကြည့်နေသည်။

"လီလော့၊  ဘယ်လိုလုပ်လိုက်တာလဲ၊ ဒီကျားအိုမကြီးကို ကြောင်ပေါက်လေးလိုဖြစ်အောင် ဘယ်လိုလုပ်လိုက်တာလဲ"

"ငါက မျန်မျန်ရဲ့ ပြဿနာအနည်းငယ်ကို ကူညီဖြေရှင်းပေးခဲ့တယ်လေ..ဟေး၊ ပိုင်တုတုက ငါ့ကို အကြွေးတစ်ခုတင်နေတယ်လို့ပြောသွားတာ မင်းကြားတယ်မလား.... မင်းကို နည်းနည်းလောက် ရိုက်ခိုင်းလိုက်ရမလား"

ယုလန် လန့်သွားပြီးနောက်......

"ထားလိုက်ပါတော့....ငါ့ဘဝလေးကိုချမ်းသာပေးပါကွာ....."

"မင်း ပိုင်တုတုကို ချစ်မိနေပြီလား...."

လီလော့က သူ့ကို ထူးဆန်းစွာ ကြည့်ရင်း မေးလိုက်သည်။

"ကြိုက်စရာလားကွာ....."

" ဒါဆို ငါလိုရုပ်ချောတဲ့သူကို ပိုင်တုတုကြိုက်လောက်လား....."

"လီလော့ ၊ မင်းက သိပ်ဥာဏ်မမီဘူးလား ငါ့ထက် နည်းနည်းပိုချောတာနဲ့ သိပ်မောက်မာမနေနဲ့  မင်းနဲ့ပိုင်တုတုက ဘယ်လိုမှမဖြစ်နိုင်ဘူး....စိတ်ကူးယဉ်မနေနဲ့......"

"ကျွန်တော့်ရဲ့ အရည်အချင်းတွေ ကြိုးစားမှုတွေက မင်းထက်အများကြီး ပိုထူးချွန်တယ်လို့ ငါထင်တယ်..." လီလော့က ဆက်ပြောလိုက်သည်။

ယုလန်း၏ မျက်နှာသည် အရောင်ပြောင်းသွားပြီး....

"ကောင်းပြီ အစ်ကိုလော့.... မင်းက ချောတာကို ငါ ဝန်ခံတယ်...ဒါပေမယ့် ပိုင်တုတုကိုလိုက်ဖို့ အကြောင်းပြချက် မရှိဘူး!"

လီလော့က သူ့ကို နောက်ကျောကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်ပြီး....

"ဟားးးးဟားးးး ယုလန် ..မင်း ပိုင်တုတုလိုပုံစံမျိုးကိုကြိုက်မှန်း မသိခဲ့မိဘူး....."

ယုလန်သည် အရိုးကွဲအောင်ရိုက်သူကို အသည်းစွဲအောင်ချစ်မိခဲ့ပြီ။

" မဟုတ်ဘူး....ငါကနူးညံသိမ့်မွေ့တဲ့သူတွေကိုပဲသဘောကျတာ....."

ယုလန်...အခုချိန်ထိ ဝန်မခံချင်သေးပေ။

"နူးညံ့သိမ်မွေ့သူလေးတွေကိုမေ့ထားလိုက်စမ်းပါ...ပိုင်တုတုက ခေါင်းမာပေမယ့်စိတ်ရင်းကောင်းပါတယ်....မင်းသေချာကြိုးစားပေါ့ကွာ.."

ယုလန်က  ခဏစဉ်းစားပြီး...

"ဟေး.... ပိုင်တုတု ခေါင်းမာတာ စီနီယာကျန်းချင်းအာကိုမှီမယ်မထင်ဘူး..... စီနီယာကျနိးချင်းအာလို သတို့သမီးလောင်းရထားတာတောင် အခြားမိန်းကလေးတွေနဲ့ အီစီကလီလုပ်နိုင်တဲ့နည်းလမ်းလေး ငါ့ကိုသင်ပေးပါလား......"

" ဟေ့ကောင်....ငါကအကောင်းနဲ့အကြံပေးတာကို ချီးစကားတွေလာမပြောနဲ့......"

အနောက်ကနေ ရင်းနှီးတဲ့အသံတစ်ခုက သူတို့ကို နှောက်ယှက်လိုက်တာနဲ့ ယုလန် ပြောမယ့်စကားများကိုမျိုချလိုက်ရသည်။

"နင်တို့ဘာတွေပြောနေကြတာလဲ...."

လီလော့ လှည့်ကြည့်လိုက်တော့ ကျောင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည့်လုချင်းအာကိုမြင်လိုက်ရသည်။

" ယုလန်က ပိုင်တုတုကိုသဘောကျနေလို့....ဖွင့်ပြောဖို့အကြံပေးနေတာ......"

လုချင်းအာ ချက်ချင်းပင် စိတ်ဝင်စားသွားပြီး....

"နင် ပိုင်တုတုကို ကြိုက်နေတာလား..."

ယုလန်က သူတို့ကို ထိတ်လန့် ကြည့်နေလေသည်။ နောက်ဆုံးတွင် သူသည် လုချင်းအာr၏ စူးစမ်းလိုစိတ်ကြောင့် လက်နက်ချကာ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့သည်။

"သူက နူးညံ့ပြီး ချစ်စရာကောင်းတဲ့သူမျိုးကို သဘောကျတယ်လို့ အမြဲပြောခဲ့ပေမယ့် အခုချိန်မှာတော့ သူ့ကို အနိုင်ယူတတ်တဲ့သူကို ချစ်မြတ်နိုးလာပါပြီ" လီလော့က ရယ်မောလိုက်သည်။

လုချင်းအာက ခေါင်းညိတ်လိုက်ပြီး....

"ပိုင်တုတုက စိတ်ရင်းကောင်းပါတယ်.... သူက သူ့ကို တင်းတင်းကျပ်ကျပ် ဆက်ဆံတယ်၊ ဒါပေမယ့် သူ့အကျိုးအတွက်ပဲလေ.... ယုလန်လည်း ဒါကို သဘောပေါက်တယ်....ဒါပေမယ့် သူက ခေါင်းဆောင်မို့လို့ လုပ်တာလို့ ထင်နေတယ်ပုံရတယ်... လက်တွဲဖော်အနေနဲ့ သူ့ကို စေတနာထားနိူင်မလားဆိုတာကိုလည်း သံသယဝင်နေတာလဲပါမှာပေါ့.....ပိုင်တုတုလို သန်မာတဲ့သူမျိုးကိုသဘောကျရင် တော်တော်ကြိုးစားမှဖြစ်မယ်......"

လီလော့က သဘောတူသည့်အနေဖြင့်ခေါင်းညိတ်လိုက်သည်။ ကြယ်တစ်ပွင့်ခန်းမ ရှိ မိန်းကလေးများစွာထဲတွင် ပိုင်တုတုသည် လုချင်းအာနှင့် ပိုင်မျန်မျန်တို့လို မလှပသော်လည်း ခွန်အားအရာတွင် ယောက်ကျားသားများနှင့်တန်းတူလိုက်နိူင်သူဖြစ်သည်။

ပိုင်တုတုရဲ့ လန်းဆန်းတက်ကြွပြီး စွဲမက်ဖွယ်စွမ်းရည်တွေကြောင့် မိန်းကလေးတော်တော်များများက သူ့ကို စံပြပုဂ္ဂိုလ် တစ်ယောက်အဖြစ် မြင်ကြသည်။

"အော် ဒါနဲ့ ...လင်းစွော်ဘယ်လိုဖြစ်သွားလဲ....."

"ငါလည်းသေချာမသိဘူး....ဒါပေမယ့် ငါ့အမေရဲ့ ပင်ကိုယ်စရိုက်အရတော့ သူက နေ့အလင်းရောင်ကို ဘယ်တော့မှ မမြင်ရတော့မှာမဟုတ်လောက်ဘူး....."

လီလော့သည် စာနာစိတ်မရှိစွာ ခေါင်းညိတ်ထောက်ခံလိုက်သည်။ လင်းစွော်သည် လုချင်းအာ၏ဘဝနှင့် အနာဂတ်ကို ထိခိုက်အောင်ကြိုးစားခဲ့သည့်အတွက် တန်ရာတန်ကြေးပေးဆပ်ရလိမ့်မည်။

လင်းစွော်ကို ကျောထောက်နောက်ခံပြုသော အင်အားစုများနှင့် ပတ်သက်၍လည်း သူ့အနေဖြင့် စိုးရိမ်စရာမရှိပေ။ ဒါတွေက ယုဟုန်ရှီတွေးပူရမည့်ကိစ္စများသာပင်.....

ထိုအချိန်တွင် ကြယ်တစ်ပွင့်ခန်းမ ယမှ ခရမ်းအဆင့်နည်းပြအဖွဲ့များ အားလုံးစုဝေးခဲ့ကြသည်။ လီလော့သည် ဝမ်ဟေးကျူနှင့်ဒူဇီပိုင်ရွှမ်းတို့ သူ့ကို စေ့စေ့စပ်စပ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ လီလော့ ပဉ္စမအဆင့်သို့ရောက်ရှိသွားပြီဟူသော ကောလဟာလများကိုလည်း ၎င်းတို့ကြားသိခဲ့ရသည်။ သူသည် ယခုသူတို့ထက်သာလွန်နေပေပြီ။

ဒီသတင်းကြောင့် နှစ်ယောက်လုံး စိတ်မသက်မသာဖြစ်ခဲ့ကြရသည်။နှစ်စတုန်းက သူတို့ထက်အားနည်းခဲ့သည့်လီလော့သည့် ယခုချိန်တွင် သူတို့ကိုကျော်တက်သွားလေပြီ။

"အခြားကျောင်းသားတွေလည်း အများကြီး တိုးတက်နေပုံရတယ်။ ဒဏ္ဍာရီလာ ရွှေနဂါးတာအိုနယ်မြေကြောင့် ငါရယ် ချင်ဇူလုရယ်လုချင်းအာရယ် တိုးတက်ခဲ့ပေမယ့်  ပိုင်တုတု၊ဝမ်ဟေးကျူ နဲ့ တခြားသူတွေကလည်းငါတို့လောက်နီးနီးတိုးတက်လာကြတာပဲ....."

လီလော့၏မှတ်ချက်ကို လုချင်းအာကလည်းသေချာတွေးဆပြီးတုံ့ပြန်လိုက်သည်။

"ဘာလို့လဲဆို​တော့ ငါတို့ တာအိုနယ်မြေထဲ မှာရှိ​နေချိန်​မှာ ခရမ်းအဆင့်နည်းပဆရာ​တွေက သူတို့ရဲ့ တပည့်​​တွေကို အားသွန်​ခွန်​စိုက်​လေ့ကျင့်ပေးနေကြတယ်လေ....ခရမ်းအဆင့် ကျောင်းသားတိုင်းကို အရင်းမြစ်တွေပေးပြီးသေချာပျိုးထောင်ပေးနေတဲ့အတွက် ကြယ်တာယာခရီးရှည်ကောလိပ်ကိုလျှော့တွက်လို့မရဘူး......"

“ဒါ့အပြင် နင့်ရဲ့ ခန့်မှန်းချက်က သိပ်မတိကျဘူး ...ငါသိလောက်ဆို ဝမ်ဟေးကျူက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ စတုတ္ထအဆင့်ကို ရောက်နိုင်ခဲ့တာ..  ဆိုလိုချင်တာက သူတို့ရဲ့ အခြေခံတွေမခိုင်မာလောက်သေးဘူး...ငါတို့တွေက တာအိုရွှေကနေရတဲ့စွမ်းအားတွေကြောင့် ပဉ္စမအဆင့် ဖြစ်လာတာဆိုတော့ သူတို့ထက် အခြေပိုခိုင်တယ်......"

"ချင်းအာရယ်...ဖြစ်နိုင်ပါ့မလား...."

"အေးပါ...စိတ်ကူးသက်သက်လို့ပဲထားလိုက်ပါ..... ဘယ်လိုပဲဖြစ်ဖြစ်၊ နင်နဲ့ ချင်ဇူလုတို့ ဒီနှုန်းနဲ့သာဆို ပုံသဏ္ဍာန်ပြောင်းလဲခြင်း အဆင့်ကို အရင်ဆုံးရောက်မှာ သေချာတယ်..."

"ငါမျှော်လင့်ပါတယ်" လီလော့က ခရမ်းအဆင့်နည်းပြ လမ်းညွှန်ဆရာများ ချဉ်းကပ်လာသည်ကို တွေ့ရန် မျှော်ကြည့်ရင်းပြောလိုက်သည်။

သူတို့သည် သိပ်မကြာခင် တမာန်တော်သစ်ခေါင်းပေါက်ထဲသို့ဝင်ရောက်ရတော့မည်ဖြစ်ပြီး ကြယ်တာယာခရီးရှည်ကောလိပ်အဖိုးတန်သောအရင်းအမြစ်များ မည်မျှကောင်းသည်ကို သိရှိနိုင်တော့မည်ဖြစ်သည်။

***

All Chapters