ဗုဒ္ဓနဲ့ ဘုရားသခင်တောင်မှ ငါ့ကို မတားနိုင်ဘူးကွ
Vol. 31 Ch. 453
“လခွမ်း၊ သောက်ကျိုးနည်း ဒါက ဘာကြီးလဲ”
အစ်ကိုကြီးသည် အလန့်တကြားနှင့် ကြည့်ပြီး အနောက်သို့ သုံးလှမ်းမက ဆုတ်လိုက်မိသည်။
သို့သော် သူတို့ကို ပြန်စိုက်ကြည့်နေသည့် တောက်ပသော အစိမ်းရောင် မျက်လုံးနှစ်စုံကို သူ တွေ့လိုက်ရသည်။ တိရစ္ဆာန်များ၏ ပါးစပ်မှ ခပ်တိုးတိုး မာန်ဖီသံ ထွက်ပေါ်လာ၏။
“ခွေးလေး နှစ်ကောင်လေးပါကွာ”
အရာအားလုံးကို သေချာ မြင်ပြီးနောက် သူတို့နှစ်ယောက်က စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ သူတို့၏ မျက်နှာတွင် သရော်ဟန်များပင် ပေါ်လာသည်။
“အစ် … အစ်ကိုကြီး၊ ဒီခွေးနှစ်ကောင်က ဟောင်မှာလား”
ထိုလူက စိုးရိမ်စွာ မေးလေသည်။
“ဟားဟားဟား မကြောက်နဲ့၊ မကြောက်နဲ့၊ ဒီခွေးတွေကို သန်မာတဲ့ အရှိန်အဝါက ဘယ်လို ဖိနှိပ်နိုင်လဲဆိုတာကို မင်းကို ငါ ပြမယ်”
အစ်ကိုကြီးက အထင်သေးသော လေသံဖြင့် ရယ်နေ၏။
ထိုသို့ပြောပြီးနောက် သူသည် ရှောင်ချင်နှင့် ရှောင်ဟွေတို့ကို အာရုံစိုက်လိုက်သည်။ ထို့နောက် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။ ထိုသို့ ခြေလှမ်း လှမ်းလိုက်သည်နှင့် သူ၏ အရှိန်အဝါကိုပါ တပြိုင်တည်း ထုတ်လွှတ် လိုက်သည်။ ၎င်းသည် အတော်လေး လွှမ်းမိုးနိုင်ပုံရပြီး ရှောင်ချင်နှင့် ရှောင်ဟွေတို့ထံ ဦးတည်နေ၏။
ကမ္ဘာမြေ၏ ဂိတ်တံခါး အဖွဲ့ဝင်တစ်ဦး ဖြစ်သောကြောင့် သူတို့သည် သာမန်လူများထက် ခွန်အား သာလွန်သော သိုင်းပညာရှင်များ ဖြစ်ကြသည်မှာ မလွဲမသွေပင်။ ထို့အပြင် သူတို့သည် ကောက်ရိတ်သကဲ့သို့ လူများကို သတ်ခဲ့ပြီး သူတို့သည် သန်မာသော အရှိန်အဝါတစ်ခုကို မွေးရာပါ ပိုင်ဆိုင်ထားကြသည်။ ထိုအရှိန်အဝါသည် ထုတ်လွှတ်လိုက်သည်နှင့် ဘယ်သူ့ကိုမဆို ကြောက်စိတ် ဖြစ်ပေါ်လာစေရန် လုံလောက်ပေသည်။ ယင်းက ခွေးပေါက်လေး နှစ်ကောင်ကို အမြီးကုပ်၍ ကြောက်သွားစေပြီး အတိုးဆုံး လေလည်သံပင် ထွက်လာစေရန် အသာလေး လုပ်နိုင်ပေသည်။
“အစ်ကိုကြီးလို့ မပြောရဘူးဗျာ၊ သန်မာလိုက်တဲ့ အရှိန်အဝါ”
ဂျူနီယာ တစ်ယောက်ဖြစ်သော သူသည် သူ့စီနီယာအား အချိန်ကိုက် ချီးကျူးလေသည်။ မသင့်တော်သော အခြေအနေကြောင့်သာ မဟုတ်လျင် သူ ကျယ်လောင်စွာ ပြောပြီး လက်ခုပ်ပင် တီးမိလောက်သည်။
*ဟမ်*
ခွေးနှစ်ကောင်က လုံးဝ မတုန်လှုပ်သည်ကို မြင်သောအခါ သူတို့နှစ်ယောက်သည် ရှောင်ချင်နှင့် ရှောင်ဟွေတို့အား တအံ့တဩ ကြည့်လာကြသည်။
ထွက်ပြေးမည့်အစား ခွေးနှစ်ကောင်တွင် လုံးဝ ကြောက်ရွံ့သည့် အရိပ်အယောင် မရှိပေ။
“ထူးဆန်းတယ်၊ ဒီခွေးနှစ်ကောင်က ဂေါက်နေတာလား”
အစ်ကိုကြီးဆိုသူက မျက်မှောင်ကြုတ်၍ ခန့်မှန်းနေသည်။
“ဖြစ်နိုင်တယ်၊ ပုံစံအရတော့ သူတို့က ရူးကြောင်ကြောင် ခွေးမျိုးတွေ ထင်တယ်၊ Huskies လိုလေ၊ အစ်ကိုကြီး ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
“ဟဲဟဲ သူတို့က မပြေးဘူးဆိုတော့ ငါတို့ကို ရက်စက်တယ်လို့ အပြစ်တင်စရာ မလိုတော့ဘူးပေါ့ကွာ”
အစ်ကိုကြီးက အန္တရာယ် ပေးတော့မည့်ဟန်ဖြင့် ပြောလေသည်။ ထို့နောက် သူက လျှာသပ်၍ မှတ်ချက်ချသည်။
“ငါ ခွေးသား မစားရတာ တော်တော်ကြာပြီ၊ ဒီခွေးနှစ်ကောင်က တော်တော် ဝတယ်၊ သူတို့က အရသာ ရှိမှာ သေချာတယ်၊ ငါတို့ သူတို့ကို ညလယ်စာ အဆာပြေအဖြစ် စားကြတာပေါ့”
“အစ်ကိုကြီးက ဉာဏ်ကောင်းလိုက်တာ”
ယောက်ျားသား နှစ်ယောက်က ရှောင်ချင်နှင့် ရှောင်ဟွေကို ကြည့်ပြီး ရှေ့ဆင့်နောက်ဆင့် ရယ်မောလိုက်သည်။ မသိလျင် သူတို့က ခွေးသား ဟင်းလျာ နှစ်ပွဲကို ကြည့်နေသလိုပင်။
“သွားမယ်”
နှစ်ယောက်လုံးက ပြိုင်တူ တိုက်ခိုက်ကြသည်။ လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်နှင့်အတူ တစ်ယောက်က လက်သီးဖြင့် ထိုး၍ နောက်တစ်ယောက်က ကန်ကျောက်လေသည်။ သူတို့နှစ်ယောက်လုံး၏ တိုက်ခိုက်မှုက ရှောင်ချင်နှင့် ရှောင်ဟွေတို့ထံ တန်းတန်းမတ်မတ် ဦးတည်နေ၏။
သူတို့၏ အခြေအနေကို အကဲခတ်ပုံအရ ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် ရူးကြောင်ကြောင်နှင့် အံ့ဩနေသည့်ပုံ ပေါ်နေ၏။ ဝံပုလွေလေးနှစ်ကောင်၏ မျက်နှာတွင် ဘာပြောင်းလဲမှုမှ မရှိသော်လည်း သူတို့၏ ပါးစပ်များက အထင်သေးစွာ ရယ်မောလိုက်သကဲ့သို့ ကော့တက်လာ၏။
“သေပေတော့”
ခွေးနှစ်ကောင်သည် ဤသို့သော တိုက်ခိုက်မှုမျိုးမှ လွတ်မြောက်နိုင်စွမ်း မရှိဟု သူတို့ အကြွင်းမဲ့ ယုံကြည် ထားကြသည်။
သို့သော် သူတို့၏ တိုက်ခိုက်မှုက ရှောင်ချင်နှင့် ရှောင်ဟွေတို့ထံ ကျရောက်ရန် တစ်ပေခွဲမျှ အလို၌ ခွေးနှစ်ကောင်က သူတို့ရှေ့မှနေ၍ တစ်ဖက်သို့ ရုတ်တရက် ရွေ့သွားသည်။ ထို့နောက် ခွေးနှစ်ကောင်က အံ့ဩစရာကောင်းသော အရှိန်ဖြင့် ခုန်ပေါက်၍ သူတို့ထံ ပြေးဝင်လာလေသည်။
“ဗြိ”
ခွေးလက်သည်းက သူတို့ပေါ် ကျရောက်လာသဖြင့် နှစ်ယောက်လုံး၏ ရင်ဘတ်မှ အဝတ်အစားများ စုတ်ပြဲကာ နက်ရှိုင်းသော ကုတ်ရာတစ်ခု ထင်ကျန်လာသည်။
“ဟာ”
နှစ်ယောက်လုံး ပြိုင်တူ တအံ့တဩ ရေရွတ်လိုက်မိသည်။ နှစ်ယောက်လုံး နောက်သို့ ဆုတ်သွားပြီး သူတို့၏ မျက်လုံးတွင် ကြောက်ရွံ့သော အရိပ်အယောင်များ ပေါ်လာသည်။
“ခွေးတစ်ကောင်က ငါ့ကို ဒဏ်ရာရအောင် လုပ်လိုက်တာလား”
အစ်ကိုကြီး၏ မျက်လုံးက ထိုင်းမှိုင်းပုံ ပေါ်လာပြီး သူ့အရှေ့မှ လက်တွေ့ကို လက်မခံနိုင် ဖြစ်နေပုံရသည်။
ထို့နောက် သူက ရှောင်ချင်နှင့် ရှောင်ဟွေကို ထပ်ကြည့်လိုက်သည်။ သူတို့သည် နေရာ၌ ရပ်မြဲရပ်နေပြီး ယောက်ျားသား နှစ်ယောက်အား တည်ငြိမ်စွာ ကြည့်နေသည်။ သူတို့၏ အမွေးများက လရောင်အောက်၌ လေနှင့်အတူ ယိမ်းခါနေသည်။
ချက်ချင်းဆိုသလိုပင် အစ်ကိုကြီး၏ မျက်လုံးများက ကျဉ်းမြောင်းလာပြီး ခွေးနှစ်ကောင်ထံမှ ဩဇာရှိသော အရှိန်အဝါတစ်ခု ပျံ့လွင့်နေသည်ဟု သူ ခံစားမိသည်။
“ဒီခွေးနှစ်ကောင်က … ထူးဆန်းတယ်”
အစ်ကိုကြီးက အလေးအနက် ပြောသည်။
“ငါတို့ အလေးအနက် ထားဖို့ လိုပြီနဲ့တူတယ်”
“လာစမ်း”
ယောက်ျားသား နှစ်ယောက်သည် ချက်ချင်း အသင့်အနေအထား ယူလိုက်ပြီး ခွေးနှစ်ကောင်အား လေးနက်သော အကြည့်ဖြင့် ကြည့်နေကြသည်။
“ဂီး”
ခပ်အုပ်အုပ် မာန်ဖီသံနှင့်အတူ ရှောင်ချင်နှင့် ရှောင်ဟွေတို့က ပြိုင်တူ တိုက်ခိုက်လေသည်။
တိတ်ဆိတ်နေသော ညအချိန်၌ ကြားနေရသည့် တစ်ခုတည်းသော အသံမှာ စုတ်ပြဲသံများသာ ဖြစ်လေသည်။ မကြာခင်မှာပင် စုတ်ပြတ်နေသော အဝတ်အစားများနှင့် အရိပ်နှစ်ခုက ခြံထဲမှ ပြေးထွက်သွားကြသည်။ သူတို့သည် သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေကြပြီး သူတို့ ဘယ်ကို သွားလို့သွားနေမှန်း မသိအောင် သွေးပျက်ကာ ခြေလှမ်းများ ယိုင်နဲ့နေ၏။
သူတို့သည် စုတ်ပြတ်သပ်နေပြီး သူတို့၏ အဝတ်အစားများက အပိုင်းအစထက် မပိုတော့ဘဲ လေနှင့်အတူ လွင့်ခါနေသည်။ သူတို့၏ ခန္ဓာကိုယ်မှ ကုတ်ရာများသည် ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။
ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအပြင် သူတို့၏ စိတ်ပိုင်းဆိုင်ရာသည်လည်း အတော်လေး ထိတ်လန့် တုန်လှုပ် သွားခဲ့သည်။ သူတို့က တစ်ချိန်လုံး ဗလုံးဗထွေး ပြောနေကြသည်။
တစ်ချိန်တည်းမှာပင် အဖွဲ့တစ်ဖွဲ့သည်လည်း ဥယျာဉ်ဘေးတစ်ဖက်ရှိ ရေလမ်းကြောင်းမှနေ၍ လာနေသည်။ သူတို့သည် အိမ်ပတ်ဝန်းကျင်၌ ပျက်စီးနေသော လှေငယ်လေးကို စီးလာနေကြသည်။
လှေက သိပ်မကြီးသော်လည်း လူက ခြောက်ယောက် ပါလာသည်။ သူတို့၏ ခေါင်းဆောင်က လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်ပြီး လှေဦး၌ ဝိုင်ခွက်တစ်ခွက်ကို ကိုင်၍ ရပ်နေသည်။
“ဂျူနီယာ ညီမလေး မီယာကို ဒီမှာ ရှိနေတာ မင်း သေချာလား”
ခေါင်းဆောင်က မေးလိုက်သည်။
“စီနီယာအစ်ကို အဲ့ဒါက အမှန်ပါ”
ပိန်ပါးပါးနှင့် ပုပြတ်ပြတ်လူက ပြန်ပြောသည်။ တစ်ခဏမျှ ငြိမ်နေပြီးနောက် သူက ဆက်ပြောသည်။
“လက်အောက်ငယ်သားတွေဆီက ရလာတဲ့ သတင်းအချက်အလက်အရဆို စီနီယာအစ်မ မီယာကိုက ယောက်ျား တစ်ယောက်ကို ခစားနေရတဲ့ပုံပါပဲ”
“ဘာ”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။ သူ့အသံက စူးရှလာပြီး အသက်ရှုနှုန်း မြန်လာကာ မျက်လုံးများက ထိုလူအပေါ် စိုက်ကြည့်နေ၏။
“ထပ်ပြောလိုက်စမ်း”
ထိုလူသည် တံတွေးကို မနည်းမျိုချ၍ ခေါင်းမာစွာ ထပ်ပြောသည်။
“စီနီယာအစ်မ မီယာကိုက အဲ့လူ နွေးအောင် … ညတိုင်း သူ့အိပ်ရာ နွေးအောင် ကူညီပေးလောက်ပါတယ်”
“ခွမ်း”
လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့လက်ထဲမှ ဖန်ခွက်ကို ရုတ်တရက် ဖိခြေလိုက်သည်။ သူ့နဖူး၌ သွေးကြောများ ထောင်တက်လာပြီး ထိုလူအား မလိုက်သည်။
“ထပ်ပြောစမ်း”
“စီနီယာအစ်ကို၊ ကျွန်တော် … ကျွန်တော် …”
“မီယာကို ဒီမှာ ရှိနေမှန်း မင်း သိနေတယ်ဆိုရင် ဘာလို့ သူ့ကို မကယ်တာလဲ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ခပ်မာမာ မေးလေသည်။
“ကျွန်တော်တို့ စီနီယာ အစ်မ မီယာကိုကို ဖြောင်းဖြပါတယ်၊ ဒါပေမဲ့ သူက သူ လောင်းကစားမှာ ရှုံးခဲ့တာကို လက်ခံချင်စိတ် ရှိနေတယ်၊ ဒါ သူ့ရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပါ”
“သိက္ခာကျလိုက်တာ၊ သူ သိက္ခာကျသွားပြီ”
လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်က တုန်ယင်လာသည်။ သူ့မျက်လုံးများက နီရဲနေပြိး အချိန်မရွေး ငိုချတော့မည့်ဟန်ဖြင့် မျက်ရည်များ စဝဲလာလေသည်။
“လောင်းကစားဘုရင်ရဲ့ တပည့်ဖြစ်တဲ့သူက ဘယ်လိုလုပ် အဲ့အဆင့်အထိ ကျဆင်းသွားရတာလဲ၊ သူ့ရဲ့ ဂုဏ်သိက္ခာ ဘယ်ရောက်သွားပြီလဲ”
လူလတ်ပိုင်းအရွယ် အမျိုးသားက မခံမရပ်နိုင်ဖြစ်ကာ ဒေါသထွက်နေ၏။ သူသည် ကောင်းကင်ကို မော့ကြည့်၍ ကြွေးကြော်လိုက်သည်။
“ငါ့ရဲ့ ဂျူနီယာ ညီမလေးအပေါ်မှာ နက်ရှိုင်းတဲ့ ခံစားချက် ရှိနေတယ်ကွာ၊ ပြီးတော့ ငါ အမြဲတမ်း သူ့ကို အရာအားလုံး ပေးဖို့ ဆန္ဒ ရှိတယ်၊ ဘာလို့ သူက ငါ့ကို ပစ်ပစ်ခါခါ ငြင်းပယ်ပြီး အခြားယောက်ျားတွေကို ကူညီတာလဲ … သူတို့ခုတင်ကို နွေးအောင် လုပ်ပေးတာလဲ၊ သူ ငါ့အတွက် ဘာကိုမှ မခံစားမိဘူးလား၊ ဘုရားသခင်က မတရားဘူးကွာ”
“ငါ့နတ်သမီးကို ဖျက်ဆီးရမ်းကားရဲတဲ့သူက ဘယ်သူပဲ ဖြစ်နေပါစေ၊ အဲ့လူ သေချာပေါက် ပြန်ပေးဆပ်ရအောင် ငါ လုပ်ပစ်မယ်”
လူလတ်ပိုင်းအရွယ် အမျိုးသား၏ အသံက အက်ကွဲ၍ မာကြောနေသည်။
“စောင့်မနေတော့ဘူး၊ ငါတို့ ဒီညပဲ လှုပ်ရှားမယ်”
“ဒါ အရမ်း မဆင်မခြင်ရာ ကျလွန်းမနေဘူးလား စီနီယာ အစ်ကိုကြီး၊ ကျွန်တော်တို့ အားလုံးကို အရင် အသေးစိတ် စုံစမ်းရင်ရော”
“ငါတို့ တစ်ရက် စောင့်ရင် မီယာကို တစ်ရက် ထပ်ပြီး အစော်ကားခံရလိမ့်မယ်၊ ငါ့ဂျူနီယာ ညီမလေးကို ကယ်မယ့် ငါ့ဆုံးဖြတ်ချက်ကို ဘယ်သူမှ မတားနိုင်ဘူး”
လူလတ်ပိုင်းအရွယ် အမျိုးသား၏ လေသံက ပြတ်သားနေသည်။
“ဗုဒ္ဓနဲ့ ဘုရားသခင်တောင်မှ ငါ့ကို မတားနိုင်ဘူးကွ၊ ဓားတွေ၊ မီးတောက်တွေ၊ တောင်တန်းတွေနဲ့ ပင်လယ်တွေ တောင်မှ ငါ့ကို လုံးဝ မတားနိုင်ဘူးကွ”
ထိုသို့သောအချိန်မျိုး၌ သူ ဘယ်လောက် ချောမောနေမလဲ ဆိုသည်ကို သူ စိတ်ကူးယဉ်နေမိသည်။
သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့အောက်မှ လှေက ရုတ်တရက် လှုပ်ခါသွားပြီး ကြီးမားသော စွမ်းအားတစ်ခု၏ ပင့်တင်ခြင်း ခံလိုက်ရသည်။
*ဒါ … ဒါက …*
လူတိုင်းသည် မိမိနှလုံးသားက လည်ပင်းမှနေ၍ ခုန်ထွက်သွားလေမလားဟု ခံစားလိုက်ရသည်။ ထို့နောက်တွင်မူ ကောင်းကင်မှနေ၍ ရေများ ကျဆင်းလာပြီး သူတို့အပေါ် တန်းကျလာသဖြင့် ရေချိုးသကဲ့သို့ဖြစ်ကာ ချမ်းစိမ့် သွားလေသည်။
သူတို့အားလုံး ရေကျလာသည့် အရင်းအမြစ်ကို မော့ကြည့်လိုက်သောအခါ မျက်လုံးများ ကျွတ်ကျမတတ် ပြူးကျယ်သွားလေသည်။ သူတို့ မြင်လိုက်ရသည့် အရာမှာ ကြီးမားသော လိပ်ကြီးတစ်ကောင်က ခေါင်းကို လှည့်၍ သူတို့ကို အသာအယာ ကြည့်နေခြင်းပင်။ ချက်ချင်းဆိုသလိုပင် လူတိုင်း ခေါင်းစခြေဆုံး အေးစိမ့်သွားပြီး ကြက်သီး တဖြန်းဖြန်း ထလာကြသည်။
“သောက်ကျိုးနည်း၊ ဘုရားရေ … ရေမိစ္ဆာကြီးဟ”
“မြတ်စွာဘုရား၊ တရုတ်မှာ တကယ် မိစ္ဆာတွေ ရှိတာပဲ ကြောက်ဖို့ကောင်းလိုက်တာ”
“ကြောက်စရာပဲ၊ ကြောက်ဖို့ကောင်းလိုက်တာ၊ အမေရေ … ကျွန်တော် ဂျပန်ကို ပြန်လာချင်ပြီ”
…
စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့သည် လှေပေါ်မှ ချက်ချင်း ခုန်ချ၍ ရေထဲ ဆင်းကြသည်။ သူတို့သည် အသည်းအသန် ရေကူးနေပြီး ကမ်းဘက်သို့ မြန်မြန်ရောက်ရန် ဦးတည်နေကြလေသည်။
လက်ရှိတွင် စီနီယာ အစ်ကိုကြီးက အရှိန်အဝါက ထွက်ပေါ်လာပြီး သူက အမြန်ဆုံး ကူးနေ၏။ သူ၏ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်က လျင်မြန်စွာ လှုပ်ရှားနေပြီး မော်တာတစ်လုံးလိုပင်။ သူသည် ပြိုင်စံရှားသော အရှိန်နှင့် ထွက်ပြေးနေပြီး အခြားသူများအား အနောက်၌ ချန်ထားခဲ့လေသည်။ သူသည် အဖွဲ့ထဲ၌ အထူးချွန်ဆုံး ရေကူးသမား ဖြစ်သည်မှာ မြေကြီးလက်ခပ် မလွဲပင်။
…