Vatti နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
Vol. 31 Ch. 454
နောက်တစ်နေ့တွင် ရဲ့လင်းချန်သည် ကောင်းကင်က မှောင်နေသေးသော်လည်း စောစော နိုးလာခဲ့လေသည်။ သူသည် ရှောင်ချင်၊ ရှောင်ဟွေတို့နှင့်အတူ ပန်းခြံသို့ ထွက်လာခဲ့သည်။
“သွားမယ်၊ ဒီနေ့ ငါ မင်းတို့ကို လန်းတာလေး တစ်ခု သင်ပေးမယ်”
ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။
ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် ရဲ့လင်းချန်အနား၌ စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေပြီး အဆက်မပြတ် ခေါ်နေကြသည်။
“ဒယ်ဒီ၊ မနေ့ညက လူဆိုးနှစ်ယောက် လာတယ်၊ ကျွန်တော် သူတို့ကို ချပစ်လိုက်တာ”
“မဟုတ်တာတွေ၊ သူတို့ကို မောင်းထုတ်လိုက်တာ ငါကွ၊ ငါ့ရဲ့ မက်မွန်ခိုးယူခြင်း လက်သည်းကို ဘယ်သူက ခံနိုင်လို့လဲ”
“ရယ်ချင်စရာပဲ၊ ငါ့ရဲ့ ဝံပုလွေ နှစ်တစ်ထောင် သတ်ဖြတ်ခြင်း သိုင်းကွက်ကို မင်း ဟာသများ ထင်နေလား”
“ပြောချင်တာက သူတို့ရဲ့ အဝတ်အစားကို ဆုတ်ဖြဲလိုက်တဲ့သူက ငါပဲလေ၊ မဟုတ်ဘူးလား၊ သူတို့ ကိုယ်လုံးတီးကြီးနဲ့ ထွက်ပြေးသွားတာ ဟားဟားဟား …”
“သူတို့ ဘောင်းဘီတွေကို ဖြဲလိုက်တာ ငါပါ၊ ဟုတ်ပြီလား”
ရှောင်ချင်နှင့် ရှောင်ဟွေသည် သူတို့၏ အောင်မြင်မှုကြီးများကို ဆွေးနွေးပြီး ငြင်းခုန်နေကြဆဲပင်။ သူတို့၏ ငြင်းခုန်သံ ပိုကျယ်လာပြီး ပိုဒေါသထွက်လာသည်ကို မြင်သောအခါ ရဲ့လင်းချန်က သူတို့ကို ချက်ချင်း တားဆီး လိုက်သည်။
မနေ့ညက ဘာဖြစ်ခဲ့သလဲ ဆိုသည်ကို သူ၏ စူးရှသော အာရုံငါးပါးနှင့် သူ ခံစားမိပါသည်။ သို့သော် ကျန်းယွင်ရှီက သူ့ဘေးနား၌ အိပ်ပျော်နေသဖြင့် သူက ၎င်းကို အသေးအဖွဲကိစ္စလေးဟုသာ သဘောထားခဲ့လိုက်သည်။ ရှောင်ချင်နှင့် ရှောင်ဟွေတို့က ထိုသို့သော ကိစ္စမျိုးကို ရှင်းနိုင်သဖြင့် သူ ခုတင်ပေါ်မှ ထရန် မလိုပါ။
“မနေ့ညက မင်းတို့ ကောင်းကောင်း လုပ်ခဲ့တယ်၊ ဆုချတဲ့အနေနဲ့ ငါ မင်းတို့ကို စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကို သင်ပေးမယ်”
သူတို့ စကားပြောနေစဉ်မှာပင် သူနှင့် သူ၏ ဝံပုလွေနှစ်ကောင်တို့သည် ပန်းခြံထဲမှ ရေကန်သို့ ရောက်ရှိသွားသည်။
ကန်အလယ်၌ လှေငယ်တစ်စင်း မျောနေသည်ကို မြင်သောအခါ ရဲ့လင်းချန်၏ မျက်လုံးများ လက်သွားလေသည်။ တိုက်ခိုက်ရန် ကြံစည်ခဲ့သူက တစ်ဖွဲ့ထက် ပိုပုံရသည်။ ထိုအဖွဲ့ လှေကို စွန့်၍ ထွက်ပြေးသွားရသည့် အကြောင်းရင်းကို ရဲ့လင်းချန် ခန့်မှန်းမိပါသည်။
တစ်ခဏကြာသော် ကန်ရေပြင်၌ လှိုင်းများ ထလာပြီး ရေကန်အောက်ခြေမှနေ၍ လိပ်အိုကြီး ကူးခတ်လာသည်။
“အခု မင်းတို့ သုံးကောင်လုံး ငါ ညွှန်ကြားတဲ့ နည်းလမ်းအတိုင်း လေ့ကျင့်ရမယ်၊ မင်းတို့ တစ်နေ့လေးတောင် ရေသာခိုလို့ မရဘူး၊ မပျင်းနဲ့ နားလည်လား”
ရဲ့လင်းချန်က ဝံပုလွေနှစ်ကောင်နှင့် လိပ်အိုကြီးအား တန်း၍ အမိန့်ပေးလေသည်။
သူသည် သူတို့အား သူ၏ သားရဲ ယဉ်ပါးခြင်း (အလယ်အလတ်အဆင့်) ဗဟုသုတနှင့် လေ့ကျင့်ပေးလိုခြင်း ဖြစ်သည်။
လိပ်အိုကြီးသည် အချိန်ကြာမြင့်စွာ ရှင်သန်ခဲ့သဖြင့် စိတ်ဝိညာဉ် စွမ်းအင်ကို အလိုလို စုပ်ယူနိုင်စွမ်း ရှိနေသော်လည်း သူ၏ မွေးရာပါ အရည်အချင်းများက အကန့်အသတ်နှင့် ဖြစ်နေသေးသည်။ ယင်းက မျက်မမြင် တစ်ယောက် စိတ်ရှိတိုင်း လျှောက်သွားနေခြင်းနှင့် အတူတူပင်။ တိကျသော လေ့ကျင့်ရေး နည်းလမ်းလောက် ထိရောက်မည် မဟုတ်ပါ။
ရဲ့လင်းချန်၏ အလေးအနက်ပုံစံကို မြင်သည်နှင့် လိပ်အိုကြီးသည် ဝံပုလွေ နှစ်ကောင်နှင့်အတူ ငြိမ်ကျသွားသည်။ သူတို့သခင် ဒေါသထွက်လာအောင် သူတို့ မလုပ်ရဲပါ။ ရဲ့လင်းချန်၏ လေ့ကျင့်မှုအောက်၌ သူတို့ အလွန် ကြိုးစားကြလေသည်။
အခြေခံအချို့ သင်ကြားပေးပြီးနောက် ရဲ့လင်းချန်သည် သူတို့အား ထိုအခြေခံများကို သူတို့ဘာသာသူတို့ ရင်းနှီးသွားအောင် လေ့ကျင့်စေသည်။ ထို့နောက် သူသည် သူ့ခန္ဓာကိုယ်ကို အနေအထားမှန်အောင်ထား၍ အရဟာ လက်သီးစွမ်းအင် (အလယ်အလတ်အဆင့်) ကို လေ့ကျင့်တော့သည်။
ဤသို့သော လက်သီး သိုင်းပညာသည် ပုံမှန် အကန့်အသတ်များကို ကျော်လွန်နေပြီ ဖြစ်သည်။ ၎င်းသည် လေနှင့် ပေါင်းစပ်နိုင်သည်။ လေ၏ အားကို မှီ၍ သူသည် လေအမြောက်ကိုပင် ပစ်လွှတ်နိုင်သည်။ ကျင့်စဉ်ကို သိသည်က သက်သက်၊ ၎င်းကို ကြိုးကြိုးစားစား လေ့ကျင့်ခြင်းက သက်သက် ဖြစ်လေသည်။
သူတို့ တစ်မနက်လုံး အတိအကျ ပြောရလျင် တစ်နာရီတိတိ လေ့ကျင့်ခဲ့ကြသော်လည်း ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် အလွန်အမင်း ပင်ပန်းနွမ်းလျနေ၏။တစ်ဖက်တွင်မူ သူ၏ အခြေခံကြောင့် အတော်လေး အကျိုးရှိသွားသလို ခံစားလိုက်ရသဖြင့် အလွန် စိတ်လှုပ်ရှားနေလေသည်။
အိမ်သို့ ပြန်လာသောအခါ ကျန်းယွင်ရှီက မနက်စာပင် ပြင်ဆင်ပြီးနေပြီး ရဲ့လင်းချန် ပြန်အလာအား ပျော်ရွှင်စွာ စောင့်နေသည်။
ချစ်သူစုံတွဲ၏ အချစ်စစ်ပွဲကို သည်းခံခဲ့ရသည့် မီယာကိုမှလွဲ၍ မနက်စာစားချိန်က နွေးထွေးဖွယ် ကောင်းလှသည်။ မနက်စာ စားပြီးနောက် ကျန်းယွင်ရှီက မီယာကိုခေါ်၍ ဝိုင်အလှကုန် ပစ္စည်းဆိုင်သို့ ထွက်သွားလေသည်။ ရဲ့လင်းချန်သည်လည်း အပြင်သို့ ထွက်လာခဲ့သော်လည်း သူ သွားသည့် နေရာက စားသောက်ဆိုင်တစ်ဆိုင်သို့ ဖြစ်သည်။
ရဲ့လင်းချန် ရောက်သွားချိန်တွင် ကျားတိနှင့် နောက်ထပ် လူငယ်လေးတစ်ယောက်တို့က ထိုင်နှင့်နေပြီး သူ့အား စောင့်နေသည်။
“ဆရာရဲ့ မင်း ရောက်လာပြီပဲ”
ကျားတိက ချက်ချင်း မတ်တပ်ရပ်၍ ရဲ့လင်းချန်အား လေးစားစွာ နှုတ်ဆက်လေသည်။
“ဟဲလို ဆရာကျား”
ရဲ့လင်းချန်က ခေါင်းညိတ်တုံ့ပြန်လိုက်သော်လည်း သူ့အကြည့်က ကျားတိဘေးမှ လူငယ်လေးထံ ကျရောက် နေ၏။
ထိုလူငယ်သည် နှာတံမြင့်၍ နက်မှောင်သော မျက်လုံးများ ရှိသည်။ သူသည် မချောသော်လည်း အလွန် ကြည့်ကောင်းသည်။
သူသည် အနက်ရောင် ကုတ်အင်္ကျီနှင့် အနီရင့်ရင့် နက်ကတိုင်၊ အပြာရင့်ရင့် ဘောင်းဘီရှည်နှင့် တောက်ပသော သားရေ ဖိနပ်တို့ကို သူက ဝတ်ဆင်ထားသည်။ သူသည် အလွန် ဖက်ရှင်အမြင် ရှိသူတစ်ယောက် ဖြစ်မှန်း သိသာလှသည်။
သူသည် စည်းစနစ်ရှိ၍ စိတ်အားတက်ကြွသူ တစ်ယောက်ပင်။
“ဒါက Vatti ရဲ့ ဒါရိုက်တာလေး၊ သခင်လေး မာတင်ပါ”
ကျားတိက ချက်ချင်း ရဲ့လင်းချန်ကို ထိုလူငယ်နှင့် မိတ်ဆက်ပေးသည်။
ရဲ့လင်းချန် မသိမသာ မျက်ခုံးပင့်လိုက်မိသည်။ Vatti ၏ ဒါရိုက်တာလေးသည် Vatti စီအီးအို၏ သား ဖြစ်လောက်သည်။ ထိုသို့ဆိုလျင် ထိုလူငယ်သည် မျိုးရိုးစဉ်ဆက် ချမ်းသာသော သူဌေးလေးပင်။
“ဆရာရဲ့၊ မင်းနဲ့ တွေ့ရတာ ဂုဏ်ယူပါတယ်၊ မင်းက ငါ ထင်ထားတာထက် ငယ်နေတာပဲ”
မာတင်က ရဲ့လင်းချန်ဆီသို့ ခင်ခင်မင်မင်နှင့် လက်ဆန့်ပေးလိုက်သည်။
“ဟဲလို သခင်လေးမာ”
ရဲ့လင်းချန်က ပြုံးလိုက်ပြီးနောက် နှစ်ယောက်သား လက်ဆွဲ နှုတ်ဆက်လိုက်ကြသည်။ နှုတ်ဆက်ပြီးနောက် သူတို့သည် လိုရင်းကို ပြောကြလေသည်။
“ဥက္ကဋ္ဌကျားက ဆရာရဲ့ရဲ့ ကမ်းလှမ်းမှုကို ပြောထားပြီးပါပြီ၊ အဲ့ဒါက တော်တော်လေး အထက်စီးဆန်တဲ့ တောင်းဆိုမှုပဲ”
မာတင်က ပြုံး၍ တည်ငြိမ်သော လေသံနှင့် ပြောသော်လည်း ခက်ထန်သော အရိပ်အယောင် ပေါ်လွင်နေသည်။
“ဒါပေမဲ့ အဲ့ဒါက Vatti ကိုလည်း သိပ်အကျိုးရှိစေတာပဲလေ၊ မဟုတ်လို့လား”
ရဲ့လင်းချန်က အမေးနှင့် ပြန်တုံ့ပြန်လိုက်သည်။
“သင့်လျောတဲ့ အခြေအနေမျိုးနဲ့ဆိုရင်တော့ ဟုတ်တယ်၊ မင်းအကြံတွေက အောင်မြင်နိုင်မယ်လို့ မင်း ထင်လား”
မာတင်က ရဲ့လင်းချန်ကို စေ့စေ့ကြည့်လေသည်။
ရဲ့လင်းချန်၏ အမူအရာက ပြောင်းလဲမသွားပေ။ သူက ပခုံးတွန့်၍ ပြန်ပြောလိုက်သည်။
“ဆရာကျားက ခင်ဗျားကို ကျုပ်နဲ့ ပတ်သက်ပြီး တော်တော်များများ ပြောလိမ့်မယ်လို့ ကျုပ် ယုံတယ်၊ အခုတလော Vatti ရဲ့ ရောင်းအားနဲ့ ပတ်သက်ပြီး ကျုပ် ပြောစရာမလိုပါဘူး၊ ဟုတ်တယ်မလား၊ သခင်လေးမာ ကျုပ်ကို မယုံရင် ကျုပ် ပူးပေါင်းဖို့ ဖိအားမပေးဘူး၊ ကျုပ်တို့ ဖျက်သိမ်းလိုက်လို့ ရတယ်”
“ဆရာရဲ့ ဒါ အသေးအဖွဲ ကိစ္စလေး မဟုတ်ဘူး၊ ကျုပ် လုံးဝလို့ ဆုံးဖြတ်လို့ မရဘူး၊ အဲ့ဒါကြောင့် သခင်လေးမာကို ဖိတ်ထားတာပဲ၊ မင်း ငါတို့ကို အသေးစိတ် ပြောနိုင်မလားလို့ ငါ သိချင်တယ်”
ကျားတိက ဘေးမှတင်၍ ဝေ့လည်ကြောင်ပတ် ပြောလေသည်။
ရဲ့လင်းချန်က ကျားတိကို ကြည့်ပြီး တစ်ဒင်္ဂမျှ စဉ်းစားသွားသည်။ ထို့နောက် သူက ပုံတစ်ခုကို ထုတ်လိုက်သည်။
“ကောင်းပြီလေ၊ ဒါ ကျုပ် ပြင်ထားတဲ့ အိတ်ဒီဇိုင်းပဲ၊ တစ်စုံလုံးပေါ့၊ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်နဲ့ ခရီးဆောင်အိတ်”
Vatti က သူ့စိတ်ကူးများအား ခိုးယူသွားမည်ကို သူ မစိုးရိမ်ပါ။ အကြောင်းမှာ ဒီဇိုင်းက ဧရာမ စပါးအုံးမြွေကြီး၏ အရေခွံကို အခြေခံ၍ ဆွဲထားခြင်းကြောင့် ဖြစ်သည်။ သုံးရမည့် ပစ္စည်းက အလွန် မြင့်မားသည်။
ကျားတိက ပုံကို လှမ်းယူလိုက်သော်လည်း မာတင်ကို တန်းပေးလိုက်သဖြင့် ရဲ့လင်းချန်အား မသိမသာ မျက်မှောင်ကြုတ်သွားစေသည်။
“ဆရာရဲ့၊ သခင်လေးမာက ဖက်ရှင်မေဂျာကို အထူးပြုယူထားပြီးတော့ နိုင်ငံခြားမှာ လေးနှစ်တိတိ ပညာသင်ယူခဲ့တာပါ၊ သူက ဒီအပိုင်းမှာ တော်တော်လေး ထူးခြားတဲ့ အမြင် ရှိတယ်”
ရဲ့လင်းချန်သည် ကျားတိ၏ ရှင်းပြချက်ကို နားထောင်ပြီးမှသာ မျက်မှောင်ကြုတ်ထားရာမှ ပြေလျော့သွားသည်။ ထို့နောက် သူသည် အာရုံစိုက်ရင်း အလုပ်များနေသည့် သခင်လေးမာကို ထပ်ကြည့်လိုက်သည်။
တကယ်တမ်းတွင် သူဌေးသား အများစုသည် ကောလာဟလများ၌ ပြောသကဲ့သို့ သည်းမခံနိုင်လောက် သောသူများ မဟုတ်ပါ။ လက်ဖွာသူများ ရှိသော်လည်း သူတို့က အနည်းစုသာ။ ချမ်းသာသော မိသားစု၏ ကလေးများ ဖြစ်သောကြောင့် သူတို့ ငယ်စဉ်ကတည်းက အကောင်းဆုံး ပညာရေး ရရှိခဲ့ပြီး အမြင့်ဆုံး အာဟာရ စံချိန်စံနှုန်းများဖြင့် ပျိုးထောင်ခံရပြီး ရာထူးကြီးသော ပုဂ္ဂိုလ်များနှင့် အဆက်အသွယ် လုပ်နိုင်ကြောင်း တွေးကြည့်နိုင်ပေသည်။ သူတို့က ဘယ်လောက် ဆိုးနိုင်ပါမည်နည်း။
လူချမ်းသာနှင့် ဆင်းရဲသားကြားမှ ခြားနားချက်က ဆက်လက်၍ ကျယ်ပြန့်လာရုံသာ ရှိပေမည်။ သူတို့၏ ချမ်းသာမှုသည် မျိုးဆက်သုံးဆက်အထိ ကြာရှည်တတ်ပြီး ထိုသို့ ဖြစ်ရသည့် အကြောင်းရင်းမှာ ပြောင်းလဲသွားသော အချိန်ကြောင့်ပင်။
ရှုနန်၊ ရှုဝမ်ချင်နှင့် အိုးရန်ချင်းတို့သည်လည်း သူဌေးသမီးများ ဖြစ်သော်လည်း သူတို့နှင့် ရွယ်တူများကြား၌ ထူးချွန်နေ၏။
“သိပ်ပြီးပြည့်စုံတဲ့ စိတ်ကူးပဲ”
သခင်လေးမာက ပင့်သက်ရှိုက်၍ ရဲ့လင်းချန်အား အံ့ဩမှုတို့နှင့် ပြည့်နေသော အကြည့်ဖြင့် ကြည့်လေသည်။
သူ့တွင် အသွင်အပြင်ကို ကြည့်၍ လူတွေကို ဝေဖန်အကဲခတ်တတ်သော အကျင့် မရှိသော်လည်း ရဲ့လင်းချန်ကဲ့သို့ လူငယ်လေး၌ ဤသို့သော ထိပ်တန်းအဆင့် ဒီဇိုင်း ရှိနေသည်က မယုံနိုင်စရာ ကောင်းလှသည်။
ကျားတိ သူ့ကို ပြောပြခဲ့စဉ်က သူ အတော်လေး မယုံနိုင် ဖြစ်ခဲ့ရသည်။
“ဒါက …”
မာတင်က ရပ်လိုက်ပြီးမှ ဆက်ပြောသည်။
“ဆရာရဲ့ ဒီဒီဇိုင်းက လူသိများလိမ့်မယ်ဆိုတာ သေချာလား၊ ဧရာမ စပါးအုံးမြွေကြီးရဲ့ အရေခွံက အဲ့လောက် မာတာလား”
ရဲ့လင်းချန်၏ ဒီဇိုင်းအရ သူ့အကြံကို အကောင်အထည်ဖော်ရန် သာမန်ပစ္စည်းများနှင့် ပုံဖော်ရန် မဖြစ်နိုင်ပေ။
“ဟုတ်တယ်၊ ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ အရေခွံကပဲ အလုပ် ဖြစ်လိမ့်မယ်”
ရဲ့လင်းချန်၏ မျက်လုံးများက ငြိမ်နေပြီး တည်ငြိမ်သော အမူအရာ ပေါ်နေသည်။
“ကျုပ်တို့ ပူးပေါင်းမှုကို ဆက်လုပ်နိုင်မယ်လို့ ခင်ဗျား ခံစားမိလား သခင်လေးမာ”
…