← Chapters

သဲထဲရေသွန်

Vol. 16 Ch. 228

သဲထဲရေသွန်

Vol. 16 Ch. 228

အခန်း ၂၂၈ - သဲထဲရေသွန်

"မင်းပြောချင်တာက.. မရီးဒါန်လေးခုအခြေတည်အဆင့် ကျင်ကြံသူတစ်ယောက်ရယ်၊ ရွှေအမြုတေအဆင့်သားရဲ တစ်ကောင်ရယ်က သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်တာတောင် မနိုင်ဘဲ နှစ်ယောက်စလုံးက အလယ်အလတ်‌အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ထဲရဲ့ လက်ချက်နဲ့ သေခဲ့ရတယ်လို့ ပြောချင်နေတာလား.. ဟမ့်!"

‌သွေးကျီးကန်းနန်းတော်သခင်၏ မျက်လုံးများက အစိမ်းရောင် တဖျတ်ဖျတ်လက်နေပြီး.. ဖန်းယွဲ့ကို စိုက်ကြည့်လိုက်၏။ သူလေသံက တည်ငြိမ်နေသော်လည်း ရှင်းပြရန်ခက်ခဲသည့် အေးစက်မှုများက ထွက်ပေါ်နေ၏။

"မင်းခေါ်သွားတဲ့ လူအင်အားကိုလဲ ကြည့်လိုက်ဦး။ တစ်ဖက်သတ် မျိုးဖြုတ်ပစ်ရုံပဲ။ တန်‌လင်းတောင်‌ကြားမှာ ဘယ်ကောင်မှ လွတ်ထွက်သွားစရာ အကြောင်းမရှိဘူး။ ဒါပေမယ့် အခုတော့ ကြည့်စမ်းပါဦး! ဘာတွေ ဖြစ်ခဲ့တာလဲကွာ!"

နန်းတော်သခင်၏ မေးခွန်အောက်တွင်.. ဖန်းယွဲ့နှင့် အခြားသူများသည် သူတို့၏ ခေါင်းကိုငုံ့ထားကြပြီး မည်သူမျှ စကားမပြန်ရဲကြပေ။

လေထုက အေးစက်တောင့်တင်းလာပြီး သတ်ဖြတ်လိုစိတ်ဖြင့် မွန်းကျပ်လာ၏။

နန်းတော်သခင်က ခုခံဖို့ရာ မစွမ်းသာသော အာဏာစက်၏ ကြောက်စရာအော်ရာကို ထုတ်လွှတ်လိုက်၏။

ထိုအခိုက်အတန့်၌ ဒူးထောက်ထိုင်နေ‌ကြ‌သော သွေးကျီးကန်းနန်း‌တော်မှ ကျင့်ကြံသူများအားလုံးသည် နန်းတော်သခင်နှင့် ရင်ဆိုင်ရချိန်တွင် ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရသလို ဘာမျှအရေးမပါ အရာ‌မရောက်သလို သေးငယ်သွားကြသည်ဟု သူတို့ကိုယ်သူတို့ ထင်လာကြ၏။

"ထွက်ပြေးသွားတဲ့သူက ရွှေအမြုတေအဆင့်ဆိုရင်တောင် ငါ လက်ခံပေးလို့ ရပါသေးတယ်! ဒါပေမယ့် ဘယ်လိုဖြစ်လို့များ.. ဒီလောက်လူ‌တွေ အများကြီး ရှိနေတဲ့ကြားက အခြေတည်အဆင့်တစ်ယောက်ကို မထိန်းနိုင်ရတာလဲ! ဟမ့်!"

"အဲ့ထွက်ပြေးသွားတဲ့ အခြေတည်အဆင့် ကျင့်ကြံသူက ဘယ်သူလဲ! ငါ့ကိုပြောစမ်း!"

နန်းတော်သခင်၏ အသံက ပိုပိုကျယ်၍ ခက်ထန်လာ၏။ များစွာ‌‌သော ကျင့်ကြံသူများ၏ မျက်နှာများက ရှုံ့တွနေကြသော်လည်း ဘာမျှတော့ မပြောကြပေ။

"မင်းတို့အကုန်လုံး အမှိုက်တွေပဲ!"

နန်းတော်သခင်၏ အကြည့်က ရေခဲတမျှ အေးစက်လာပြီး သူ့သူငယ်အိမ်ထဲတွင် ထူးဆန်းသည့် အရောင်က သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာ၏။ သူသည် လက်ဝါးကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ပြီး ဖန်းယွဲ့နှင့် အခြားသူများရှိရာဘက်သို့ ညွှန်၍ ဖိချလိုက်၏။

မူလက စီးဆင်းနေသော မြစ်ရေသည် သိပ်သည်းအားကောင်းသည့် ဖိအားအောက်တွင် ထူးဆန်းစွာ စီးဆင်းမှု ရပ်တန့်သွားသည်ဟု ထင်ရ၏။

ဖောက်!

ကြွတ်ဆတ်ဆတ် အသံတစ်သံက ထွက်ပေါ်လာ၏။

လူတိုင်း၏ အကြည့်အောက်မှာပင် ဖန်ယွဲ့၏ ခန္ဓာကိုယ်က ရုတ်တရတ် သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွား၏။ သူသည် နေရာမှာ ချက်ချင်း ပွဲချင်းပြီး သေဆုံးသွားပြီး အလောင်းတောင် မကျန်ခဲ့ပေ။

ထိုသည်ကို မြင်သောအခါ ဖန်းယွဲ့၏ အနောက်မှာ ဒူးထောက်နေကြသော လူများသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်ကုန်ကြ၏။ သူတို့၏ နုလုံးသားကို တစ်ယောက်ယောက်က ဖျစ်ညှစ်ထားသလို ခံစားလိုက်ရပြီး အသက်ရှူဖို့ပင် မေ့လျော့နေကြ၏။

ရွှေအမြတေနယ်မြေကိုပင် ပိုင်ဆိုင်ရအောင် ကျင့်ကြံထားနိုင်ခဲ့သော ဖန်းယွဲ့လိုလူမျိုးသည် စကားတစ်ခွန်း ရှင်းပြဖို့တောင် အခွင့်အရေးမရလိုက်ဘဲ ဒီအတိုင်းပဲ သေသွားရ၏။

နန်းတော်သခင်၏ အကြည့်က အားလုံးအပေါ် အေးစက်စွာ ကျရောက်လာ၏။

လူတစ်ယောက်‌အပေါ် သူ့အကြည့်ကျရောက်သွားတိုင်း ထိုသူ၏မျက်နှာသည် သေမင်းနှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရသလို အထိတ်ထိတ်အလန့်လန့်နှင့် ဖြူလျော့၏။

"မင်းတို့ရဲ့အမှားကို ချေဖျက်နိုင်ဖို့အတွက်.. မင်းတို့ကောင်တွေကို ငါ အခွင့်‌အရေးတစ်ခု ပေးလိုက်မယ်! အဲ့ဆူဇီမိုကို ရအောင်ရှာကြ! အသေဖြစ်ဖြစ် အရှင်ဖြစ်ဖြစ် ငါ သူ့ကို မြင်ချင်တယ်!"

နန်းတော်သခင်၏အသံ ထွက်ပေါ်လာပြီးနောက် လူတိုင်းသည် သေခြင်းရှင်ခြင်း ဂိတ်တံခါးအား ဖြတ်ကျော်လာခဲ့ရသလို စိတ်သက်သာရာရ ခံစားလိုက်ရ၏။

သိပ်မကြာမီ လူတိုင်းက အလျှိုလျှို ထွက်ခွာ ပျောက်ကွယ်သွားကြ၏။

သူတို့ထဲမှ အချို့က ကျိရွှေမြစ်ထဲသို့ ငုပ်လျှိုးသွားကြပြီး အချို့ကတော့ သဲလွန်စ ရလို့ရငြား ကမ်းစပ်တစ်လျှောက် စစ်ဆေးကြည့်ရှုနေကြ၏။

"အား.. အား!"

သွေးကျီးကန်းဘုရင်က ရုတ်တရတ် ခေါင်းကိုမော့၍ အော်လိုက်၏။

ကောင်းကင်ထက်မှ များစွာသော သွေးကျီးကန်းများသည် ညွှန်ကြားချက် တစ်စုံတစ်ရာကို ရရှိသွားသည့်အလား လှည့်ပတ်ပျံသန်း၍ ပျောက်ကွယ်သွားကြ၏။

သွေးကျီးကန်းဘုရင်က ရှေ့သို့လျှောက်လာပြီး ‌အလေးအနက် ပြောလိုက်၏။

"ဆရာ၊ သူတို့ကို ကျိရွှေမြစ်တစ်လျှောက် လိုက်လံရှာဖွေဖို့ ကျုပ်အမိန့်ပေးလိုက်ပါပြီ။ ဒါပေမယ့် မြစ်က အရမ်းရှည်လျားလွန်းတော့ အဲ့ဆူဇီမိုက ဘယ်နားကမ်းခြေကို တက်မလဲဆိုတာ သိဖို့ ခက်ပါတယ်"

"ကိစ္စမရှိဘူး.. ငါ့မှာ နည်းလမ်းတွေ ရှိပါတယ်"

နန်းတော်သခင်က ဂရုမထားဟန် ပြောလိုက်၏။

သွေးကျီးကန်းဘုရင်က တစ်ခုခုကို အတွေး‌ပေါက်သွားပြီး သူ့မျက်လုံးက ၀င်းလက်သွား၏။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ဟုတ်တာပေါ့! သခင်လေးက အဲ့လူအပေါ်မှာ သွေးကျွန်ပြုခြင်းကို လုပ်ဆောင်ခဲ့တာပဲ.. သခင်လေးက သေသွားရင်တောင် အဲ့ဆူဇီမိုကိုယ်ထဲမှာ သွေးကျိန်စာစွမ်းအင် အကြွင်းအကျန်တော့ ရှိဦးမှာပဲ။ သခင့်ရဲ့ လျှို့ဝှက်ပညာရပ်ကိုသုံးပြီး အဲ့စွမ်းအင် အကြွင်းအကျန်နောက်ကို လိုက်ရင်.. အဲ့လူရဲ့ တည်နေရာကို ကျိန်းသေပေါက် ဆုံးဖြတ်နိုင်မှာပဲ! ဟုတ်တယ်မလား"

"ဒါပေါ့.. ငါ့ရဲ့ လျှို့ဝှက်ပညာရပ်က သူကျိရွှေမြစ်အောက်မှာ ရှိနေရင်တော့ အလုပ်မဖြစ်ဘူး"

နန်းတော်သခင်၏ မျက်လုံးထဲတွင် ရက်စက်သည့် အရိပ်အယောင်များက ပေါ်လာပြီး အေးစက်စွာ ပြောလိုက်၏။

"ဒါပေမယ့်လို့ ဟမ့်! ဆူဇီမိုသာ ကျိရွှေမြစ်ထဲက တက်လာတာနဲ့ သူ့တည်နေရာကို ငါတန်းပြီးသိမှာပဲ!"

...

ထိုအကြောင်းအရာများကို ဆူဇီမိုက မသိရှိပေ။ သို့သော်လည်း သွေးကျီးကန်းများ၏ ကင်းထောက်မှုကို ဖြတ်တောက်ဖို့အတွက် ကျိရွှေမြစ်ထဲ ထိုးဆင်းခဲ့သော သူ၏ အမှုမဲ့အမှတ်မဲ့ ဆုံးဖြတ်ချက်က သူ့ကို ကပ်ဘေးမှ ယာယီအားဖြင့် ရှောင်လွဲစေနိုင်ခဲ့လေသည်။

ချပ်၀တ်စိမ်းမိချောင်း၏ အစာအိမ်ထဲ ရောက်ချိန်တွင် ဆူဇီမို၏ အသက်ဓါတ်က တဖြည်းဖြည်းမှိန်ဖျော့လာ၏။

သွေးစတေးထွက်းပြေးခြင်းကို နှစ်ကြိမ်ဆက်တိုက် အသုံးပြုပြီးနောက် သူ့ခန္ဓာကိုယ်က အတော်ကို ဆိုးဆိုးရွားရွား ထိခိုက်သွား၏။

ဆူဇီမိုသည် သတိလစ်မသွားစေရန် အတတ်နိုင်ဆုံး ကြိုးစားနေလိုက်၏။ သူသည် သွေးနီရောင်၀တ်လူငယ်၏ သိုလှောင်အိတ်ကို အကုန်မှောက်သွန်ချလိုက်၏။

သူသည် ဒဏ်ရာသက်သာစေနိုင်သည့် ဆေးလုံးများကို ထုတ်ယူ၍ မျိုချလိုက်ပြီးနောက် ကျန်ပစ္စည်းများကို ပြန်ထည့်ထားလိုက်၏။ ထို့နောက် သူစတင် အားဖြည့်တင်းဖို့ လုပ်လိုက်၏။

သည့်အရင်က ဆူဇီမိုသည် သားရဲအတွင်းအမြုတေတစ်ခုကို စားသုံးခဲ့ပြီး ကြီးမားသည့် စွမ်းအင်အဆီအနှစ်ကို သူ့ကိုယ်ထဲတွင် ချိတ်ပိတ်ထား၏။

အတွင်းအမြုတေနှင့် အခြားအရည်အသွေးမြင့်ဆေးလုံးများ၏ အကူအညီဖြင့် ဆူဇီမိုသည် သိပ်မကြာခင် စတင်လေ့ကျင့်လိုက်၏။

"ဟက်.. ဟက်!"

"ဘွန်း.. ဘွန်း!"

ကျား-ကျားသစ်အသံက တွဲဖက်၍ ထွက်ပေါ်လာ၏။

သူ့အင်္ဂါငါးခုအတွင်း အဆီအနှစ်ချီများက အတောမသတ် တိုးပွားလာပြီး သူ့အရိုးနှင့် အရွတ်များက တဖျောက်‌ဖျောက် မြည်နေ၏။ သွေးအသစ်များကလည်း ထွက်ပေါ်လာပြီး အဆက်မပြတ် လှည့်ပတ်စီးဆင်းကာ ဆူဇီမို၏ ခန္ဓာကိုယ်ထဲတွင် အသက်ဓါတ်များက တဖြည်းဖြည်း ပြန်လည်ကြွယ်၀လာ၏။

အချိန်က လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

အချိန်အတော်ကြာပြီးနောက် ဆူဇီမို၏ ခန္ဓာကိုယ်သည် ပြန်လည်‌ကောင်းမွန်လာ၏။ သူ့ဒဏ်ရာများက သက်သာပျောက်ကင်းသွားလေပြီ။

ဝှစ်..!

ဘန်း.. ဘုန်း ဘုန်း!

သူ့ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးက ဆူနာမီကဲ့သို့ ရုန်းကြွလာ၏။

ထိုရုန်းကြွလာသော မျိုးဆက်သွေးထဲတွင် လျှပ်စစ်ဓါတ်များက အတောမသတ် ရောနှောပါ၀င်နေပြီး မြည်ဟည်းလာသော မိုးကြိုးသံများက ကြားရသူ၏ နုလုံးကို တုန်လှုပ်သွားစေလောက်၏။

ချပ်၀တ်စိမ်းမိချောင်း၏ အစာအိမ်ထဲတွင် သားရဲချီများဖြင့် သိပ်သည်းစွာ ပြည့်နှက်လာပြီး ၎င်းတို့က အစိုင်အခဲအဖြစ် ဖွဲ့တည်တော့မလားတောင် ထင်ရ၏။

ထိုသားရဲချီများအားလုံးက ဆူဇီမို၏ ကျင့်ကြံမှုမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။

ချပ်၀တ်စိမ်းမိချောင်း အံ့အားသင့်သွား၏။ သားရဲချီများ၏ မီးဆေးခြင်းအောက်တွင် သူ့ခန္ဓာကိုယ်က ပို၍ကြံ့ခိုင်တိုးတက်လာသည်ကို တုန်လှုပ်ဖွယ်ရာ တွေ့ရှိလိုက်၏။

"လက်စသတ်တော့ သူက အမြုတေဖွဲ့တည်ပြီးသား သားရဲပဲ! ငါအမှတ်မှားနေခဲ့တာပဲ ကြည့်စမ်း!"

ဆူဇီမိုသည် လူသားအသွင်ယူထားသော အမြုတေတည်ပြီးသား သားရဲတစ်ကောင် ဖြစ်ရမည်ဟု ချပ်၀တ်စိမ်းမိချောင်းက တွေးလိုက်၏။

အချိန်အတန်ကြာပြီးနောက် ဆူဇီမိုက သူ့မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ ညအမှောင်ထဲ၌ ဖြတ်သန်းသွားသော ကြယ်တစ်စင်းလို သူ့မျက်လုံးများထဲ၌ တဖျတ်ဖျတ်လက်တောက်ပနေ၏။

ဆူဇီမို၏ ရင်ဘတ်နား၀တ်ရုံစထဲမှ ခေါင်းလေးတစ်ခေါင်းက ပြူထွက်လာပြီး သူ၏ နက်မှောင်တောက်ပနေသော မျက်လုံးများဖြင့် ချောင်းကြည့်လိုက်၏။

လူတစ်ယောက်နှင့် တောကောင်တစ်ကောင်က တစ်ဦးကိုတစ်ဦးကြည့်ရင်း ဆူဇီမိုက ပြုံးလိုက်၏။

ကပ်ဘေးတစ်ခုမှ ရုန်းထွက်လွတ်မြောက် ရှင်သန်လာနိုင်ခြင်းက တစ်ကယ်ပျော်ဖို့ကောင်းလေသည်။

သားရဲအတွင်းအမြုတေကို သန့်စင်ချေဖျက်ပြီးနောက် ဆူဇီမိုသည် အင်္ဂါသန့်စင်ခြင်းတွင်လည်း အတန်အသင့် ခရီးပေါက်ခဲ့လေသည်။

သူသည် အခုထိ အဆင့်မြင့်တတ်ကျွမ်းမှုကို မရရှိသေးသော်လည်း ယခုလောက်အထိ ခရီးပေါက်ခဲ့တာကပင် တော်တော်လေးကောင်းနေပြီဟု ပြောလို့ရလေသည်။ အစကတည်းက ဤနည်းစနစ်က ကျင့်ကြံဖို့ရာ အလွန်ခက်လှသောကြောင့် ဖြစ်လေသည်။

"ဖက်တီးလေးတို့၊ လမ့်ရိုတို့နဲ့ တခြားသူတွေရော လွတ်အောင်ထွက်ပြေးနိုင်ခဲ့ရဲ့လား ငါသိချင်ပါရဲ့။ တောင်ထွတ်သခင်၀မ်ရွှမ်းနဲ့ အကြီးအကဲယုရော အခြေအနေ‌ ကောင်းပါ့မလား"

ဆန်းကြယ်တောင်ထွတ်မှ လူများအကြောင်း တွေးမိရင်း ဆူဇီမိုသည် သက်ပြင်းချလိုက်၏။

အခုအချိန်ထိ တန်လင်းတိုက်ကြားတွင် တိုက်ခိုက်ခဲ့သော အဖွဲ့အစည်း၏ နောက်ခံသရုပ်မှန်ကို သူတို့မသိရှိကြသေးပေ။

သို့သော်လည်း တစ်ဖက်အဖွဲ့က ကြိုတင်ပြင်ဆင်လာသည်မှာ ထင်ရှားလေသည်။

နောက်ပြီး တန်လင်းတောင်ကြားမှ တိုက်ပွဲက လက်စားချေဖို့အတွက် ဖြစ်လေသည်။

ဘာပဲပြောပြော လင်းဖုန်းမြို့ပြင်မှာတုန်းက ထိုအဖွဲ့အစည်းမှ ကျင့်ကြံသူများအား သတ်ဖြတ်ပစ်ခဲ့သူမှာ ဆူဇီမို ဖြစ်လေသည်။

သို့သော်လည်းပဲ တန်လင်းတောင်ကြား၌ တိုက်ခိုက်မှုမှာ လက်စားချေဖို့ထက် ဂိုဏ်းပေါင်းစုံပြိုင်ပွဲအတွက် ဖြစ်တန်ရာ၏။

ဂိုဏ်းပေါင်းစုံပြိုင်ပွဲတွင်.. စိတ်ဝိညာဉ်၊ ဆေးပညာ၊ အဆောင်လက်ဖွဲ့နှင့် နတ်ပန်းပဲဟူ၍ ပြိုင်ပွဲခေါင်းစဉ်လေးခု ရှိ၏။ ခေါင်းစဉ်တစ်ခုစီအောက်၌ ထိပ်ဆုံးဆယ်ယောက်စာရင်း ၀င်သူများသာလျှင် ရှေး‌ဟောင်းတိုက်ပွဲမြေဆီသို့ ၀င်ရောက်ခွင့်ရလေသည်။

ရှေးဟောင်းတိုက်ပွဲမြေက အလွန်တရာ အန္တရာယ်များလှပါသည် ဆိုလျှင်တောင်၊ အဲ့နေရာကို ၀င်ရောက်နိုင်ဖို့က အခြေတည်အဆင့် ကျင့်ကြံသူတိုင်း၏အိပ်မက် ဖြစ်ကြလေသည်။

အန္တရာယ်၏ အနောက်မှာ မဟာအခွင့်အလမ်းများက ကပ်ပါလာ၏။

ဂိုဏ်းပေါင်းစုံပြိုင်ပွဲတိုင်း၌ ဆန်းကြယ်တောင်ထွတ်သည် စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းတွင် အမြဲလိုလို အရေအတွက် အများဆုံး ဗိုလ်ဆွဲခဲ့ကြ၏။ အနည်းဆုံးရသည့်နှစ်မှာတောင် သုံးနေရာရလေသည်။

ယခု ဆန်းကြယ်တောင်ထွတ်မှ အမွေခံတပည့် သုံးယောက်စလုံးနှင့် အခြားပင်မတပည့်များအားလုံး စုဝေးနေကြချိန်တွင် သွေးနီရောင်၀တ်လူငယ်က တိုက်ခိုက်ဖို့ ရောက်လာခဲ့ပြီး သူတို့ကို သူ၏ သွေးကျွန်အဖြစ် သွတ်သွင်း၍ ထိန်းချုပ်ချင်နေသည့် သူ့ရည်ရွယ်ချက်ကို ခန့်မှန်းကြည့်လို့ရလေသည်။

ဆိုလိုသည်မှာ သူ့အကြံအစည်သာ အထမြောက်သွားပါက သွေးနီရောင်၀တ်လူငယ်သည် ဂိုဏ်းပေါင်းစုံပြိုင်ပွဲ၌ ထိပ်ဆုံးဆယ်ရောက်စာရင်းတွင် အနည်းဆုံး သုံးနေရာ ပိုင်ဆိုင်သွားပေလိမ့်မည်။

မရီးဒါန်လေးခုအခြေတည်အဆင့်ဟူသော သူ၏ လက်ရှိကျင့်ကြံမှုအရ.. သွေးနီရောင်၀တ်လူငယ်ကိုယ်တိုင်က နောက်ထပ်တစ်နေရာကို ရယူနိုင်ပေလိမ့်မည်။

ထိုအခါ စုစုပေါင်း လေးနေရာဖြစ်လာ‌မည်။

သွေးနီရောင်၀တ်လူငယ်သည် နောက်ထပ် ပါရမီမြင့်သည့် မရီးဒန်ကျင့်ကြံသူအနည်းငယ်ကိုသာ ထပ်မံ သွေးကျွန်ပြုနိုင်ခဲ့လျှင် စိတ်ဝိညာဉ် အဆင့်သတ်မှတ်စာရင်းက သူ့လူတွေနှင့် ‌ပြည့်နေပေတော့မည်။

တစ်ကယ်တော့ ထိုသည်က သွေးကျီးကန်းနန်းတော်သခင် လိုချင်သည့်ရလဒ် ဖြစ်ပေလိမ့်မည်။

ထိုအခါမှသာ ရှေးဟောင်းတိုက်ပွဲမြေကို ၀င်ရောက်ရာ၌ သူ့တပည့်အပေါ် အန္တရာယ်မကျရောက်ဖို့ စိတ်ချနိုင်ပေမည်။

ကံဆိုးစွာနှင့်ပင် သူ့အကြံအစည်များအားလုံးက သဲထဲရေသွန်ဖြစ်ခဲ့ရပေပြီ။

သွေးကျီးကန်းနန်းတော်သခင်လေးက ရှေးဟောင်းတိုက်ပွဲမြေကို မ၀င်ရောက်ခင်မှာပင် အပြင်ဘက်၌ ကြွေလွင့်ခဲ့ရပေပြီ။

All Chapters