မရှက်ပါနဲ့
Vol. 2 Ch. 14
ရှဲ့ချောင်ဆီက စကားလေး တစ်ခွန်း နှင့်တင် ကျောက်ရွှမ်ကျင်းစိတ်ထဲရှိ မေးခွန်းများစွာဟာ သူ့လည်ချောင်းဝ၌ တစ်သွားခဲ့သည်။
တိုက်ဆိုင်မှု?
သူမသည် အချိန်နာရီအတိအကျကိုတောင် တွက်ခဲ့ပြီးတော့ အခုကျတော့ ဒါက တိုက်ဆိုင်မှုလေးတစ်ခုတင်ပါလို့ သူ့ကို ပြောတယ်?
မည်သို့ပင်ဖြစ်စေ၊ မနေ့ကဖြစ်ရပ်ကို သူပြန်တွေးကြည့်လိုက်လျှင် သူ့မှာ သူမကို တရားရုံးတော်သို့ ပို့တော့မလိုပင် ဖြစ်ခဲ့သည်။ ဒီတော့ ယနေ့ သူ့အား စိတ်အနှောက်အယှက် ပေးရန် သူမ စိတ်မဝင်စားတော့သည်မှာ အကျိုးအကြောင်း သင့်သည်ပင်။
" မိန်းကလေးရှဲ့၊ ကျွန်တော့်ရဲ့ ခရီးလမ်းကြောင်း တစ်လျှောက်မှာ အခြားအန္တရာယ်တွေ ဒါမှမဟုတ် အဟန့်အတားတွေ ရှိနေဦးမလားဆိုတာကို ကူပြီးကြည့်ပေးနိုင်မလား? "
ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်၏ မျက်နှာအား အစုန်အဆန်ကြည့်ကာ အကဲခတ်လိုက်သည်။ အကြောင်းအရင်းအချို့ကြောင့် သူ့လေသံမှာ အတော်လေး ညင်သာလာခဲ့သည်။
ရှဲ့ချောင်သည် သူမ၏စိတ်ထဲတွင် မျက်ဆံများလှန် လိုက်သည်။
သူက ဒီခရီးမှာ အန္တရာယ်တွေကို တစ်ယောက်တည်း ကြုံတွေ့ရမည်သာမဟုတ်။ ထိုလူမှာ ငြိမ်းချမ်းသော ဘဝတွင် နေထိုင်သွားရမည့် လမ်းလည်းမမြင်ပေ။
မကောင်းဆိုးဝါးဝိဉာဥ်နှင့်သရဲတစ္ဆေများကို သူ့လိုဆွဲဆောင်ခဲ့သလို ဆွဲဆောင်နိုင်သည့်လူကို သူမတစ်ခါမှမမြင်ဖူးခဲ့ပေ။ သူ့ခန္ဓာကိုယ်မှစိမ့်ထွက်နေသည့် အမည်းရောင်အငွေ့အသက် ပမာဏမှာလည်း ကောင်းကင်ယံသို့ရောက်လုနီးပါးပင်ဖြစ်သည်!
ဤကဲ့သို့သောလူများထံမှ သူမ ဝေးဝေးနေရမည်...
" ရှင်.….အန္တရာယ် ကြုံတွေ့ရလိမ့်မယ်။ ပိုပြီးတော့ ဂရုစိုက်လိုက်ရုံပါပဲ။ တကယ်လို့ ကျွန်မတို့မှာသာ အရာသေးသေးလေးတွေ အားလုံးအတွက် ဗေဒင်လိုက်ဟောပေးရမယ်ဆိုရင် ကံကြမ္မာဟောပြောသူတွေအကုန် ခြေကုန်လက်ပန်းကျပြီး သေကြတော့မှာပဲ... ပြီးတော့ ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေလို့မဖြစ်ဘူးလေ။"
ရှဲ့ချောင်သည် ပေါ့ပေါ့တန်တန် ပြောလိုက်သည်။
"ချွမ်း"
ငွေတုံးတစ်တုံးကို ရထားလုံးထဲရှိစားပွဲအသေးလေးပေါ်သို့ တင်လိုက်၏။
အရွယ်အစားအရ အကဲဖြတ်ရလျှင် ထိုအရာမှာ ငွေစဆယ်စ လောက် ရှိမည်။
" အန္တရာယ်နဲ့ နီးနေပြီ။ "
ရှဲ့ချောင်သည် ငွေတုံးအားယူလိုက်ကာ သူမ၏ ဝါးခြင်းတောင်းထဲ သိမ်းလိုက်သည်။
ကျောက်ရွှမ်ကျင်း၏ မျက်ခုံးများ မြင့်တက်သွားခဲ့သည်။ မရယ်မိစေရန် ခက်ခက်ခဲခဲ ထိန်းချုပ်ထားပြီး မေးလိုက်သည်။
" ဒါပဲလား?"
ရှဲ့ချောင်မှာ တိတ်ဆိတ်၍သာနေသည်။
ကျောက်ရွှမ်ကျင်း ပြုံးလိုက်သည်။ သူအတော်လေး သဘောကျသွားသောကြောင့် တမင်တကာပင် ငွေစ ငါးဆယ် နှင့် ညီမျှသော ငွေလက်မှတ်များကို ထုတ်လိုက်ကာ စားပွဲထက် တင်လိုက်လေသည်။
" ဒီလောက်နဲ့ဆို မင်းရဲ့အကြံဉာဏ်ကို ဘယ်လောက်ထိ ဝယ်နိုင်မလဲ?"
" စစ်သားတွေရဲ့ ဓားတွေနဲ့ မီးပွားတွေကို ဂရုစိုက်ပါ။"
ရှဲ့ချောင်သည် ငွေကို ဆက်လက် သိမ်းဆည်း လိုက်ပြီးနောက် သူမ၏ ဝါးခြင်းတောင်းထဲမှ အဝါရောင် အဆောင်တစ်ခုနှင့် ကြေးနီမှန် အသေးလေးတစ်ချပ်ကို ရွေးထုတ်လိုက်သည်။
" ဒီမှာ ရှင့်ကို ဘေးကင်းအောင် လုပ်ပေးမယ့် လုံခြုံစေတဲ့အဆောင်နဲ့ မွန်မြတ်တဲ့မှန်ပဲ။ ရှင်လုပ်ရမှာက ဒီအရာတွေကို တစ်ချိန်လုံးရှင့်ဘေးနားမှာ ဆောင်ထားရုံပဲ။ ဒီဟာတွေက အခုခရီးတစ်ခုအတွက်တင်ပဲ။ သူတို့က တခြားနေရာ တွေမှာ အလုပ်မဖြစ်ဘူး။"
ကျောက်ရွှမ်ကျင်းသည် ၎င်းအရာ နှစ်ခုအား စစ်ဆေး ကြည့်ရန် ယူလိုက်သည်။
လုံခြုံစေသော အဆောင်ကို တြိဂံအသေးလေး တစ်ခုအဖြစ် ခေါက်ထား လေသည်။ ထိုအရာ၌ ဤမိန်းမပျိုလေးဆီမှ ရနံ့နှင့်တူညီသော အမွှေးနံ့သာရနံ့ မှိန်ဖျော့ဖျော့လေး ရှိနေသည်။
ဤကြေးနီမှန်လေးမှာ လက်ဖဝါးအရွယ်အစားဖြစ်ကာ ယူဆောင်သွားရန်အတွက် အဆင်ပြေသောအရွယ်အစားပင် ဖြစ်သည်။
ငွေတုံးဖြင့် တန်လား၊ မတန်လား သိနိုင်သောနည်းလမ်းမရှိပေ။ သို့ပေမည့် သူသည် ယူဆောင်ခဲ့ပြီး ဖြစ်သဖြင့် ၎င်းတို့ကို အချို့နေရာများတွင် သုံးရလိမ့်မည်။
ကျောက်ရွှမ်ကျင်းသည် သူမကို ကျေးဇူးတင် လုဆဲဆဲမှာပင် ရှဲ့ချောင်မှ အရင်ပြောလာခဲ့သည်။
"ရှင် ကျွန်မကို ထပ်ပြီး ပေးခဲ့ရင်တောင် ကျွန်မ ရှင့်ရဲ့ ကံကြမ္မာကို ဖတ်မပေး နိုင်တော့ဘူး။"
ရှဲ့ချောင်၏ ရှေ့မှောက်တွင်ပင် ကျောက်ရွှမ်ကျင်းသည် ပစ္စည်းများအား သူ့၏လက်မောင်းထဲသို့ ထည့်သိမ်းလိုက်သည်။
" မိန်းကလေးရှဲ့၊ မင်းရဲ့ ပင်ကိုယ်စရိုက်က တကယ့်ကိုပဲ "
ကျောက်ရွှမ်ကျင်း ရယ်မောရင်း ပြောလိုက်သည်။
နူးညံ့ သိမ်မွေ့တယ်၊ ငွေညစ်တယ်၊ ပြီးတော့ ဓားပြတစ်ယောက်နဲ့တောင် နည်းနည်းတူသလိုပဲ။
သူမကို ဓားပြတစ်ယောက်နဲ့တူတယ်လို့ သူပြောခဲ့သည့်အကြောင်းမှာ သူမရဲ့ပုံစံကြောင့်မဟုတ်ပဲ သူခံစားရသည့် သူမထံမှ လေထုကြောင့် ဖြစ်သည်။
သူမသည် လေလွင့်ကြောင်တစ်ကောင်ကဲ့သို့ပင်။ ပထမအကြည့်တစ်ချက်တွင် သူမသည် အတော်သနားချင့်စဖွယ်ကောင်းပြီး အားနည်းပုံမြင်ရသော်လည်း သူမ၏လက်သည်းများမှာ အိမ်မွေးကြောင်တစ်ကောင်ထက်ပင် ထက်မြလေသည်။
" သခင်လေးက တကယ့်ကို အချိန်ဖြုန်းတဲ့လူပဲ။"
နောက်ဆုံးတွင် သူမ၏ မေးဖျားကိုမော့လိုက်ပြီး ရှဲ့ချောင်၏ အသံမှာ သိမ်မွေ့ သွားလေသည်။ ရထားလုံး၏ နံရံအပေါ် မှီချလိုက် သည်နှင့်အမျှ သူမ၏ မျက်လုံးများမှာ ဖြေးညင်းစွာ ကျဥ်းမြောင်း သွားကာ သူမကိုယ်သူမ ယပ်ခတ်ရန် ငှက်မွေးယပ်တောင်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
သူမ၏ မျက်နှာမှာ သွေးရောင်မလွှမ်းသေးသော်လည်း မောနေခြင်းမရှိတော့ပေ။ သူမထံမှ ချူချာသောပုံစံမှာ ယခု လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ကျောက်ရွှမ်ကျင်းသည် သူမကို တစ်ချက်လောက် အကဲခတ်ကြည့်လိုက်သည်။ အမတတစ်ပိုင်းပုဂ္ဂိုလ်၏ လက်ကောက်ဝတ်၌ လှုပ်ယမ်းနေသည့် ခေါင်းလောင်းအသေးလေး ရှိနေသည်ကို သူသတိပြုမိလိုက်သည်။ ထိုအရာမှာ ရွှေအစစ်ဖြင့် ပြုလုပ်ထားခြင်းပင်ဖြစ်သည်။
ထိုအရာသည် လေးလံမည့်ပုံမပေါ်သော်လည်း သူမကိုကြည့်ရသည်မှာ ထိုအရာနှင့်ဆိုလျှင် ခိုကိုးရာမဲ့ကာ အထီးကျန်နေပုံ လျော့နည်းသွား သလိုပင်။
သူမ၏ ဖြူဖွေးသော လက်ကောက်ဝတ်ကလေး လှုပ်ရှားသည်ကို မြင်လိုက်ရချိန်တွင် သူဖြားယောင်းသွေးဆောင်ခံ လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူ ဘေးဘက်သို့ အကြည့်ရွှေ့လိုက်၏။
သူတို့ ရှီးဖန်မြို့ကို ရောက်တော့မည်ဖြစ်သည်။
ဤအုပ်စုသည် မြို့ထဲတွင်နားကြရန် စီစဥ်ထားကြသည်မှာ သိသာလှသည်။
မူလတုန်းက သူတို့သည် သူမအား တည်းခိုခန်း တစ်ခုသို့ ပို့ချင်ခဲ့ကြသည်။ သို့ပေမယ့် ရှဲ့ချောင်သည် သခင်မလုနှင့် သမီးဖြစ်သူတို့မှာ စည်းကမ်းတင်းကြပ်သူများဖြစ်သည်ကို သတိရသွားခဲ့သည်။ သူတို့သည် သန်မာ ထွားကြိုင်းသော ယောကျာ်းများက သူမနှင့် လိုက်ပါလာသည်ကို ပျော်ရွှင်ကြလိမ့်မည် မဟုတ်သဖြင့် မြို့တော်ဂိတ်ပေါက်တွင်သာ ဆင်းလိုက်သည်။
" မြန်မြန်သွားပြီး မိန်းကလေးရှဲ့ဆီမှာ အကြံပြုချက် တောင်းကြည့်လေ ?! "
နန်းတွင်းသက်တော်စောင့်ကျို့သည် ချင်းကျီအား အမြန် တွန်းလွှတ်လိုက်သည်။
ချင်းကျီသည် သစ်တုံးကဲ့သို့ ဆွံ့အ နေလေသည်။ ခြေလှမ်းတိုင်းမှာ ခက်ခဲ နေသည်။
" သူမက သာမန် အမျိုးသမီးတစ်ယောက်ပဲလေ...သေချာပေါက်ကို ပေါက်ကရတွေပဲ ပြောလိမ့်မယ်"
နန်းတွင်းသက်တော်စောင့်ကျို့ တစ်ယောက် မျက်ဆံ လှန်လိုက် လေသည်။
" သူမသာ ပေါက်ကရတွေ ပြောနေတာဆိုရင် သခင်လေးက သူမကို ရထားလုံးပေါ် လိုက်စီးဖို့ ဖိတ်မှာတဲ့လား? ငါ ဒီခရီးတစ်လျှောက်လုံး တစ်ချိန်လုံး မင်းကို မပြောခဲ့ဘူးလား? မင်းရဲ့ မာနက အရေးကြီးတယ်။ ဒါပေမဲ့ မင်းရဲ့ ဘဝက ပိုအရေးကြီးတယ်။ ပြီးတော့ ဒီမိန်းကလေးက ငါတို့ အသက်တွေကို ကယ်ပေးခဲ့တာ။ အမြန်ပြေးလိုက် သွားပြီး သူမကို မေးခွန်းတချို့မေးဖို့ကို ဘာတွေ အရမ်းရှက် နေတာလဲ?"
ဒီကောင်က ဒီအတိုင်း ရှက်နေရုံပဲ!
•••••••••••