← Chapters

လောင်းကြေး

Vol. 2 Ch. 12

လောင်းကြေး

Vol. 2 Ch. 12

ယုလာသည် သူမ မွေးဖွားခဲ့စဉ်မှစကာ ပိုးမွေးသလိုမွေး၍ အလိုလိုက်ခံခဲ့ရသည်။ သူမကို မိသားစုမှ အဖိုးတန်ပုလဲတစ်လုံးလို သဘောထားကြသည်။ သူမမိဘများသည်လည်းသူမကိုတုန်နေအောင် ချစ်ကြပြီး သူမအစ်မသည်လည်း သူမကို အရမ်းဂရုစိုက်ပေးသည်။ သူမဟာ ဘဝတစ်လျှောက် လမ်းဘေးအစားသောက်များအား မစားခဲ့ဖူးပေ။

“ဒီလိုအာဟာရမပြည့်ဝတဲ့ အသင့်စားအစားအစာတွေကို တွေ့ရတာ ငါရွံတယ် အထူးသဖြင့် ရှင့်လိုလူဆီကပေါ့”

ဖေးသည် ထိုစကားကိုကြားလိုက်ပြီးနောက် လင်းမိသားစုနှင့် မိုက်စတားမိသားစု၏ ဆက်ဆံရေးကို သုံးသပ်ကြည့်ပြီး‌ ချက်ချင်းပင် “ယုလာ မင်းဘယ်လိုပြောလိုက်တာလဲ”

“မဟုတ်လို့လား လင်းမိသားစုက သခင်လေးရဲ့ အရှက်တကွဲဖြစ်စေတဲ့ အကြောင်းအရာမှန်သမျှက ကောလဟာလတွေလို့ထင်ခဲ့တာ ဒါပေမဲ့ ဒီနေ့သူ့ကို ကိုယ်တိုင်တွေ့လိုက်ရတော့ သူက လုံးဝအမှိုက်ပဲဆိုတာ ငါသိလိုက်ရပြီလေ။ သူကထင်ရှားတဲ့မိသားစုမှာ မွေးဖွားလာပေမဲ့ မြင့်မြတ်တဲ့ပုံတောင် မပေါက်ဘူး”

ထိုစကားအနည်းငယ်သည် လင်းချီရဲ့အမူအရာကို ပြောင်းလဲသွားစေခဲ့သည်။

သူသည် အသက်ပြင်းပြင်းရှူပြီး ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။ “ဒါဆို အထက်တန်းလွှာတစ်ယောက်အနေနဲ့ စကားကို ဘယ်လိုပြောဆိုတတ်ရမလဲဆိုတာ မင်း မသိသင့်ဘူးလားနော်။ ကိုယ့်ကိုကိုယ်ရော ပြောပုံက တော်တော်အောက်တန်းကျတယ်လို့ မထင်မိဘူးလား။ မင်းလည်း မြင့်မြတ်တဲ့ပုံမပေါ်ဘူးဆိုတာ ထပ်ဖြည့်ပြောပေးရဦးမှာလား”

“ချလွင်!”

ယုလာဟာ ထိုစကားကို ကြားပြီးနောက် သူမခါးမှ ဓားရှည်ကို ချက်ချင်းဆွဲထုတ်ကာ လင်းချီကို ညွှန်ပြသည်။ “ရှင်နောက်ထပ် ထပ်ပြောတာနဲ့ ရှင့်လျှာကို ဖြတ်ပစ်မယ်!”

သူ့ရှေ့မှာ တောက်ပနေတဲ့ သံမဏိဓားကို ကြည့်နေပြီး လင်းချီဟာ နည်းနည်းမျှတောင် မတုန်လှုပ်ခဲ့ပေ။ သူသည် သက်ပြင်းချ၍ ညင်သာစွာပြောလိုက်သည်။ “မင်းလက်တွေတုန်နေတုန်းပဲနော်…”

ယုလာသည် ဓါးကို မြှောက်လိုက်သည့်အခါတုန်းက သူမ၏ ခွန်အားအကုန်အစင် အသုံးပြုလိုက်ရသောကြောင့် လက်များတုန်ခါသွားခဲ့သည်။

“အို မင်းတို့ကလည်းကွာ..” ဖေးသည်လည်း ခက်ခဲသော အနေထားတွင်ရှိနေခဲ့၏။

လူးဝစ်သည် အခြေအနေတွေ ပိုဆိုးလာအောင် မျှော်လင့်နေခဲ့သည်။ သို့မှသာလျှင် သူသည် လင်းချီတစ်ယောက် မြေပေါ်တွင်အရိုက်ခံရတာကို မျက်မြင်တွေ့နိုင်မည်ဖြစ်သည်။

သို့သော် နောက်တစ်စက္ကန့်အကြာမှာတော့ လင်းချီသည် အသားကင်ကိုသာ အပူပေးနေခဲ့သည်။ သူသည် အကင်ကို ထုတ်ပြီး မြှောက်လိုက်သည်။ သူကယုလာကို “ငါ့အသားကင်ရဲ့ ခံနိုင်ရည်အားကို ပြန်ကောင်းမွန်စေတဲ့ စွမ်းရည်ကို မင်းဘာလို့မမြင်နိုင်ရတာလဲ”ဟုပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာ၊ ငါအရင်က စွမ်းအားပြန်လည်ဖြည့်တင်းပေးတဲ့ ရှေးဟောင်းပစ္စည်းတွေ လုံးဝမသုံးဖူးဘူးလို့ ထင်နေတာလား”

“မဟုတ်ဘူး ဒါ‌ပေမဲ့ ဒီဟာနဲ့မတူဘူး။ ဒါကမင်းရဲ့ ခွန်အားကို အမှန်တကယ် ပြန်လည်ရရှိစေနိုင်တဲ့ ဟင်းလျာပဲ!”

သူပြောတာကို မည်သူမှ မယုံခဲ့ကြပါ။ လင်းချီက ဆက်၍ “မင်းငါ့ကို ရိုက်နှက်ချင်လွန်းလို့ လက်ယားနေတာကို ငါသိလို့ ငါမင်းကိုအခွင့်အရေးတစ်ခုပေးမယ်”

“ဘာအခွင့်အရေးလဲ”

“အလောင်းအစားလုပ်ရအောင်၊ ငါ့အသားကင်ကို စမ်းကြည့်ပါ အဆင်ပြေတယ်ဆိုရင် မင်းငါ့အပေါ် အကြွေးတစ်ခုတင်သွားပြီ အဆင်မပြေရင်တော့ ငါဒူးထောက်ပြီး မင်းကျေနပ်တဲ့အထိအရိုက်ခံမယ်”

သူ့အသံသည် မကျယ်လောင်ခဲ့သော်လည်း လူအုပ်ထဲမှ လူတိုင်းတော့ ကြားနိုင်ခဲ့သည်။ လင်းချီသည် ဤမျှကြီးမားသော အလောင်းအစားကိုလုပ်မည်ဟု သူတို့မယုံကြည်ခဲ့ကြပေ။

ထိုလောင်းကြေးသည် လင်းမိသားစု၏ ပုံရိပ်ကို ထိခိုက်စေလိမ့်မည်။ သူ အမှန်တကယ်သာ ဒူးထောက်ပြီး မိုက်စတားမိသားစုမှ မိန်းကလေးတစ်ဦး၏ ရိုက်နှက်ခြင်းအား ခံရပါက လင်းမိသားစုမျက်နှာပျက်ရပေလိမ့်မည်။

မှန်ပါသည်။ အနိုင်ရဖို့အတွက် လုံးဝယုံကြည်မှုမရှိဘဲ လင်းချီဟာ ဤကဲ့သို့ လောင်းကြေးအား ဘယ်တော့မှထပ်မည်မဟုတ်ပါ။

“ဘာလဲ၊ မင်းကိုယ့်ကိုယ်ကိုယ်တော့ သံသယဝင်နေတာမဟုတ်ပါဘူးနော် ဟုတ်ရဲ့လား” လင်းချီသည် တမင်ရန်စလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း စိတ်တိုနေသော ယုလာက သူမ၏ နီရဲနေသော နှုတ်ခမ်းကိုကိုက်လိုက်သည်။ “နည်းနည်းမှမဟုတ်ဘူး”

“ဒါဆိုသ‌ဘောတူတယ်ပေါ့?”

“တူတယ်!”

ထို့နောက် ယုလာသည် လင်းချီ၏ အသားကင်အား ချက်ချင်းပင် လှမ်းယူလိုက်သည်။ သို့ပေမဲ့လည်း သူမယူလိုက်သည့် အခိုက်အတန့်တွင် အငွေ့တ‌ထောင်းထောင်းထနေသော အကင်သည် သရေယိုစရာ အနံ့များထုတ်လွှတ်လာသည်။ သူမ၏ မိသားစုနှင့် မကြာခဏသွားခဲ့ဖူးသော ဆန်းပြားသော စားသောက်ဆိုင်များရှိ အကင်များထက်ပင် ပို၍ စားချင်စဖွယ်ဖြစ်လှသည်။

သူမသည် မဆိုင်းမတွ ကိုက်စားပြီးနောက် သတိကြီးစွာထား၍ မြည်းစမ်းလိုက်သည်။

အသားသည် နူးညံ့ပြီး အရည်ရွှမ်းကာ အကင်ထဲ၌ ပျားရည်ထည့်ထားသည်ကို သူမသတိထားမိလိုက်သည်။ ထိုအသားကင်သည် နတ်သုဒ္ဒါကဲ့သို့ အရသာဖြစ်နေကာ မျိုချလိုက်သည်နှင့်တစ်ပြိုင်နက် သူမဗိုက်ထဲတွင် စွမ်းအင်များ တဟုန်ထိုးတက်လာသည်ကို ခံစားလိုက်ရသည်။

သူမ ပထမတစ်ကိုက်စားပြီးသည်နှင့် ‌နောက်တစ်ခုကိုချက်ချင်းဆိုသလို စားချင်လာသည်။ သူမတစ်လုတ်ပြီး တစ်လုတ်စားနေသည်ကို ကုန်စင်အောင်စားပြီးသည်အထိ လူတိုင်းစောင့်ကြည့်နေကြသည်။ ထိုအခိုက် သူမခံတွင်းတစ်ခုလုံး ချိုမြိန်ပျားရည်များနှင့် ပြည့်နှက်နေသည့်အလား။

လင်းချီ မတတ်နိုင်ဘဲ ရယ်မိလိုက်သည်။ အထက်တန်းလွှာဆိုတဲ့ သူမက ဘယ်လိုလုပ် ဒီလို ဂရုမစိုက်ဘဲ ဘယ်လိုပြုမူနိုင်ရသလဲ။

သူသည် အသက်ကိုပြင်းပြင်းရှူပြီး သူမအား မေးလိုက်သည်။ “ဘယ်လိုထင်လဲ၊ အခုမင်းရဲ့ဓားကိုဆွဲထုတ်ကြည့်လိုက်ပါဦး။”

အသားကင်သည် အလွန်အရသာရှိကြောင်း ယုလာဝန်ခံရမည်။ သို့သော် သူမ၏ ကြံ့ခိုင်မှုကို ပြန်လည်ရရှိရန် အမှန်တကယ်ထိရောက်မှုရှိနိုင်ပါ့မလား။

သူမမျက်လုံးအား မှေးထားကာ ဓားကိုချက်ချင်းဆွဲထုတ်လိုက်သည်။ ထို့နောက် သံမဏိဓားအား လင်းချီရှိရာ တည့်တည့်သို့ ချိန်ရွယ်လိုက်သည်။ သူမ၏ လက်မောင်းသည် မတုန်လှုပ်တော့ဘဲ တစ်ကိုယ်လုံး အင်အားများနှင့် ပြည့်နှက်နေသည်။

“ဒါ...ဒါအံ့ဩစရာပဲ” ယုလာသည် မယုံနိုင်ဖြစ်သွားခဲ့ရသည်။

၎င်းသည် အသားကင်မျှသာ ဖြစ်သော်လည်း သူမ၏ ခွန်အားမှာ အမှန်တကယ် ပြန်လည်ပြည့်ဖြိုးလာခဲ့သည်။

“ဒါကဘယ်လိုအသားကင်မျိုးလဲ”

လင်းချီသည် သူ၏ လက်အား ဝှေ့ယမ်းပြကာ ခေါင်းကိုခါယမ်းလိုက်သည်။ “ဒါကငါ့ရဲ့လျှို့ဝှက်ချက်ပဲ၊ ငါဘယ်သူ့ကိုမှ ပြောပြမှာမဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် အခုမင်းငါ့ကိုယုံသွားပြီမလား”

ယုလာသည် လျှင်မြန်စွာ ခေါင်းကို ညိတ်လိုက်သည်။ သူမမျက်လုံးများကနေ သူမထပ်စားချင်သေးကြောင်း မည်သူမဆိုသိနိုင်သည်။

“မင်းယုံတယ်ဆိုကတည်းက မင်းရှုံးသွားပြီဆိုတာ သက်သေပြလိုက်တာပဲ”

လူတိုင်းမယုံကြည်နိုင်ဖြစ်ခဲ့ရသည်။ လူတစ်ယောက်၏ ကြံ့ခိုင်ရေးကို ပြန်လည်ကောင်းမွန်နိုင်စေအောင် လင်းချီဟာ ဘယ်လိုအစားအစာမျိုးကို ရောင်းချခဲ့တာပါလဲ။

“ငါ…”

ယခုမှပင် သူမအမှန်တကယ်ပျောက်ဆုံးနေသည့် စွမ်းအင်များရရှိနိုင်ခဲ့ပြီကို သတိပြုမိခဲ့သည်။ ဤရိုးရှင်းသော အသားကင်ထဲတွင် ထိုမျှသော အစွမ်းထက်သည့် ဂုဏ်သတ္တိများပါဝင်ခဲ့သည်။

ဘေး၌ ကြည့်နေသော‌ ဖေးမှာလည်း မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။ သူမ၏ အကြည့်များသည် လင်းချီပေါ်သို့ ကျရောက်လာပြီး သူမ၏ နှုတ်ခမ်းထောင့်များသည်လည်း ကျယ်ပြောသော အပြုံးတစ်ပွင့်အဖြစ် ပြောင်းလဲသွားသည်။ လင်းမိသားစုမှ သခင်လေးသည် အလွန်စိတ်ဝင်စားဖို့ကောင်းလှသည်။

“ရှုံးရင် မင်းငါ့ကို ကူညီမယ်လို့ သဘောတူခဲ့တယ်နော်!”

ယုလာဟာ ချက်ချင်းနောက်ကို ခြေတစ်လှမ်းဆုတ်ပြီး ပြောလိုက်သည်။ “အရင်ဆုံး ကျွန်မ ရှင်းအောင်ပြောထားပါရစေ။ ကျွန်မဘယ်သူကိုမှလည်း သတ်မှာမဟုတ်သလို မီးလည်းရှို့ပေးမှာမဟုတ်ဘူးနော် နောက်ပြီး… သစ္စာလည်း ဖောက်မှာမဟုတ်...”

“ကောင်းပြီ၊လုံလောက်ပြီ အဲ့ဒါတွေ မလိုပါဘူး”

လင်းချီသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ “ငါ့ဆိုင်ကို အရောင်းမြှင့်တင်ဖို့မင်းကိုကူညီစေချင်တယ်။ မင်းလုပ်ရမှာကဖောက်သည်တွေကိုဆွဲဆောင်ရမှာပဲ မင်းနားလည်တယ်မလား”

“ဖောက်သည်တွေကို ဆွဲဆောင်ရမှာ ဟုတ်လား” ဖေးသည် သံသယရှိစွာမေးလိုက်သည်။

“ဟုတ်တယ် မိန်းကလေးဖေး၊ မင်းမှာလည်း တခြားလုပ်စရာမရှိရင် ကူကြော်ငြာပေးပါလား ဒီမြို့မှာ အလွန်ရက်ရောတဲ့ တော်ဝင်မျိုးနွယ်တွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်သိတယ်”

လင်းချီသည် အဘယ့်ကြောင့် ငွေရှာရန်စိတ်ပိုင်းဖြတ်ထားသည်ကိုမည်သူမျှမသိခဲ့ပါ။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိတွင် မိုက်စတားမိသားစု၏ ညီအစ်မနှစ်ဦးဟာ လင်းချီလက်ထဲမှာရှိနေပြီဖြစ်သည်။

ယုလာသည် ဒေါသထွက်လွယ်ပြီး မာနကြီးသော်လည်း သူမ ရှုံးထားသောကြောင့် သူမ စကားကို မတည်၍ မရနိုင်ခဲ့ပေ။

“ကောင်းပြီ၊ ကျွန်မ ရှင့်ကို တစ်ရက်ထဲပဲကြော်ငြာဖို့ကူညီမှာနော်”

လင်းချီဟာ တိတ်တဆိတ်ဝမ်းသာသွားခဲ့သည်။ “မင်းရဲ့ အဲ့လှပတဲ့ခြေထောက်လေးတွေနဲ့ ဒီမှာရပ်နေတာနဲ့တင် မြင့်မြတ်တဲ့သခင်လေးတွေကို ဆွဲဆောင်နိုင်မှာမဟုတ်ဘူးလား”

ထိုကဲ့သို့ပင် ယုလာသည် လင်းချီ၏ ဆိုင်ခန်းမှ ပင်တိုင်မော်ဒယ်ဖြစ်လာခဲ့သည်။ ထိုနေရာမှာရပ်နေရုံမျှဖြင့် သခင်လေးအများအပြားလာရောက်ခဲ့ကြသည်။

နေ့လယ်ခင်းလေးမှာတင် မြို့ထဲမှ လူတိုင်းနီးပါးသည် လင်းချီ၏ အသားကင်နှင့် ကန်စွန်းဥများအား လာဝယ်စားခဲ့ကြသည်။

လင်းချီသည် ယနေ့သူ့လုပ်အား၏ အသီးအပွင့်များအား မြင်တွေ့လိုက်ရပြီဖြစ်သည်။ တစ်ရက်တည်းမှာပင် သူသည် စနစ်အဆင့်မြှင့်တင်ရန် လိုအပ်ချက်များ၏ သုံးပုံတစ်ပုံသို့ရောက်ရှိသွားခဲ့သည်။ နှစ်ရက်သုံးရက်အတွင်း အဆင့်မြှင့်ရန်ငွေအလုံလောက်စုဆောင်းနိုင်မည်ဖြစ်သည်။

ညနေစောင်းလာသောအခါ ယုလာသည် မောပန်းလာ‌၍  “ကောင်းပြီ၊ ကျွန်မ ရှင့်အတွက် လူလုံလောက်အောင် ရှာပေးပြီးပြီ ၊အခုပြန်လို့ရပီလား” ဟုပြောလိုက်သည်။

လင်းချီသည် သူ၏ လက်အား ဝှေ့ယမ်း၍ “ကောင်းပြီ မင်းသွားလို့ရပြီ....ခဏနေဦး”

လင်းချီဘာလုပ်နေလဲဆိုသည်ကို ယုလာမသိပေ။ လင်းချီဟာ သူ့၏ နူးညံ့သော အသားကင်အား ဓား၊ခက်ရင်းတို့ဖြင့် ပြင်ဆင်နေသည်ကို သူမ တွေ့ခဲ့သည်။

“ဒီနေ့ မင်းရဲ့ကြိုးစားမှုအတွက်ကျေးဇူးတင်ပါတယ်။ ဒီဓားနဲ့ ခက်ရင်းတပ်ထားတဲ့ ပန်းကန်ထဲက အစားအသောက်တွေကို မင်းကိုပေးမယ်၊ အထက်တန်းလွှာတစ်ယောက်အတွက် ဒါကတင့်တယ်မှုရှိရဲ့လား”

ယုလာဟာ မဝန်ခံချင်သော်ငြား သူမ၏ နှလုံးသားထဲတွင်တော့ လင်းချီဟာ လူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုပြီးသားဖြစ်သည်။

လင်းချီကတော့ သူမဟာစိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု ထင်နေသေးပေမဲ့ အရင်ထက်စာရင်တော့ သူ၏အမြင်မှာ အနည်းငယ်တိုးတက်လာခဲ့လေသည်။

“ရှင့်နာမည်က လင်းချီမလား” ယုလာက မေးမြန်းလိုက်သည်။

လင်းချီက ခေါင်းညိတ်ပြလိုက်၏။ သူမ၏ မျက်လုံးများသည် တောက်ပသောအလင်းရောင်များနှင့် ပြည့်နှက်နေသည်။ ဘာကိုဆိုလိုသည်ကို သူ မသိသော်လည်းရန်ငြိုးဖွဲ့ခြင်းတော့ မဟုတ်နိုင်ပေ။

“ကျွန်မ ရှင့်ကိုသတိရနေမှာပါ”

ယုလာသည် အကင်အား မစားသုံးခဲ့ပါ။ ထိုအစား သူမသည်အေးစက်စွာ လှည့်၍ ထွက်သွားခဲ့သည်။

All Chapters