← Chapters

ပန်းချီကားထဲမှ ထွက်လာသော အမျိုးသမီး

Vol. 31 Ch. 458

ပန်းချီကားထဲမှ ထွက်လာသော အမျိုးသမီး

Vol. 31 Ch. 458

“ဘယ်လို”

ရုတ်တရက် ဆိုလာသဖြင့် ချောင်ရှန်ရှန် လုံးဝ အဆင်သင့်မဖြစ်သလို ဖြစ်သွားရသည်။

“မှန်ထဲ ကြည့်လိုက်”

သူမဦးနှောက်ထဲ ဗလာဖြစ်နေပြီး သူမ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူမ အမှန်တကယ် ကြောက်ရွံ့နေပြီး သူမ၏ နောက်ဆုံးဆန္ဒက ဒုက္ခအဖြစ် အဆုံးသတ်သွားမည်ကို စိုးရိမ်နေ၏။

“လုပ်လေ ကြည့်ကြည့်လိုက်”

သူမ အဆင်သင့်မဖြစ်ခင်မှာပင် ရဲ့လင်းချန်က လှုပ်ရှားလာသည်။ သူက မှန်တင်ခုံပေါ်မှ မှန်ကို လက်တစ်ဖက်ဖြင့် ယူ၍ သူမရှေ့၌ ရပ်လိုက်သည်။

ထိုအခိုက်တွင် ချောင်ရှန်ရှန်၏ ဦးနှောက်သည် မီးတောက်ပေါက်သကဲ့သို့ ပွင့်ထွက်သွားလေသည်။ သူမ ခေါင်းနားပမ်း ကြီးနေပြီးနောက် မှင်တက် အံ့အားသင့်နေသည်။

သူမသည် မှန်ထဲမှ သူမပုံကို ရီဝေသော မျက်လုံးများဖြင့် ကြည့်နေပြီး မယုံနိုင်ဖြစ်နေလေသည်။

“ဒီမှန်ထဲက လူက တကယ်ပဲ ကျွန်မလား”

သူမ ငေးငိုင်စွာ ရေရွတ်နေသည်။ သူမမျက်ဝန်းတွင် မျက်ရည်များက တာတမံ ကျိုးလုနီးပါး ဖြစ်သကဲ့သို့ ပြည့်နှက်လာလေသည်။

“မငိုပါနဲ့၊ မိတ်ကပ်တွေ ပေပွကုန်ရင် မကောင်းဘူး”

အဖြစ်အပျက်ကို မြင်ပြီးနောက် ကျန်းယွင်ရှီက ချောင်ရှန်ရှန်ကို ချက်ချင်း သတိပေးသည်။

သူမသည် ချောင်ရှန်ရှန်ကို ကြည့်ပြီး ယခင်က ပုံစံနှင့် နှိုင်းယှဉ်မိသည်။ ယခု မျက်နှာပုံစံအသစ်ကို ကြည့်၍ မဝနိုင်ပါ။ သူမသာ မျက်စိနှင့် တပ်အပ်မမြင်ခဲ့ပါက လူတစ်ယောက်တည်း ဖြစ်သည်ကို သူမ ယုံရခက် လောက်သည်။

ရဲ့လင်းချန်၏ မိတ်ကပ်သည် သူမ၏ မူလ အသွင်အပြင်ကို ပြန်မရစေပါ။ သို့သော် သူက သူမ၏ အမာရွတ်ပေါ်၌ မိတ်ကပ် ဖုံးလိုက်ခြင်းသာ ဖြစ်လေသည်။

သူမ၏ မီးလောင်ထားသော မျက်လုံးထောင့်မှနေ၍ မက်မွန်ပန်းတစ်ပွင့် ပွင့်လန်းနေပြီး အမာရွတ် တောက်လျှောက် ပွင့်လန်းပျံ့နှံ့နေ၏။ မူလ ဒဏ်ရာက နောက်ခံပုံရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး လုံးဝ အနေခက်မနေပါ။

ထိုမိတ်ကပ်သည် ချောင်ရှန်ရှန်၏ အားနည်းချက်ကို အားသာချက်အဖြစ်သို့ ပြီးပြည့်စုံစွာ ပြောင်းလဲပေးခဲ့ပြီး သူမ၏ အသွင်အပြင်တစ်ခုလုံးအား စိတ်ကူးယဉ် လောကထဲမှ ထွက်လာသော မိန်းမလှလေးတစ်ဦးနှင့် တူနေစေသည်။

ရလဒ်က ချောင်ရှန်ရှန်ကို သူမ၏ အသွင်အပြင် ပြန်ရအောင် မကူညီပေးနိုင်သော်လည်း မူလပုံစံ ပြန်ရအောင် လုပ်ပေးသည်ထက် ပို၍ တုန်လှုပ်စရာ ကောင်းလှပေသည်။

ရဲ့လင်းချန်သည် အမာရွတ်ကို မိတ်ကပ်ဖုံးရုံတင် လုပ်ပေးခဲ့ခြင်း မဟုတ်ပါ။ သူက ချောင်ရှန်ရှန်၏ ကျန်မျက်နှာ တစ်ခြမ်းကိုလည်း မိတ်ကပ် လိမ်းပေးခဲ့သည်။ သူသည် eyeliner မှစ၍ ပါးနီနှင့် နှုတ်ခမ်းနီအထိ လိမ်းပေးခဲ့သည်။ အားလုံးက အလွန် လက်ရာမြောက်သော ပုံစံနှင့် ပြီးမြောက်သွားခဲ့ပြီး မက်မွန်ပန်းပွင့်ကလည်း သူမ အသားအရေနှင့် လွန်စွာ လိုက်ဖက်ညီနေ၏။

“ဒါ တကယ်ပဲ ကျွန်မလား”

ချောင်ရှန်ရှန်သည် သူမ၏ မျက်ရည်များကို ထိန်း၍ နှုတ်ခမ်းများ တွန့်ကွေးကာ ပြုံးမိလေသည်။ သူမ ပုံပျက်ပန်းပျက် မဖြစ်ခင်ကထက် ပို၍ လှနေသလို ခံစားမိပြီး သူမ၏ အလှက ပို၍ မှင်တက်ဖွယ် ကောင်းလာပြီး အခြားသူများအား အထင်ကြီးသွားလောက်စေသည်။

“မင်းရဲ့ အားနည်းချက်တွေကို ရင်ဆိုင်ပြီး အဲ့ဒါတွေကို အားသာချက်အဖြစ် ပြောင်းလဲလိုက်ပါ”

ရဲ့လင်းချန် ပြုံးနေသည်။ သူ၏ ရလဒ်နှင့် ပတ်သက်၍ သူ အလွန် ကျေနပ်နေပြီး ဆက်ပြောလိုက်သည်။

“ယွင်ရှီ၊ ကိုယ် မင်းကို သင်ပေးထားတာကို မင်း မှတ်မိမှရမယ်၊ ဒါပေမဲ့ အသေးစိတ် မိတ်ကပ် လိမ်းတာအတွက်က လေ့ကျင့်တာက အဓိကပဲ၊ မင်း အသေးစိတ်ကို ပိုဂရုစိုက်ဖို့ လိုသလို ကောင်းတဲ့ မိတ်ကပ် ကလောင်တံကို သုံးသင့်တယ်”

“အင်း …”

ကျန်းယွင်ရှီ ခေါင်းညိတ်လိုက်သည်။

“ဒါနဲ့ သူ့ဆံပင်ကို ထပ်ကောက်ပေးပြီးတော့ အနက်ရောင် ဇာဂါဝန် လဲပေးလိုက်ပါ၊ ရလဒ်က ပိုကောင်း သွားလိမ့်မယ်”

ရဲ့လင်းချန်က ညွှန်ကြားပြီးနောက် ကြာကြာ ထပ်မနေဘဲ အောက်ထပ်သို့ ဆင်းသွားသည်။

အောက်ထပ်မှ လူများသည် တံခါးပွင့်လာသည်ကို မြင်သည်နှင့် အားလုံး ခပ်အုပ်အုပ် အသံများ ထွက်လာပြီး စိတ်အား ထက်သန်လာကာ ရဲ့လင်းချန်အား ဝိုင်းကြည့်ကြသည်။

“သူ ထွက်လာပြီ”

“လခွမ်း၊ ဘယ်လို ဖြစ်သွားတာလဲ၊ အခု မိတ်ကပ်က ဘယ်လို ဖြစ်နေပြီလဲ”

“ဘာလို့ မိတ်ကပ် ပညာရှင်တစ်ယောက်တည်းပဲ ထွက်လာရတာလဲ၊ ချောင်ရှန်ရှန် ဘယ်မှာလဲ”

“သူတို့ သောက်ကျိုးနည်း ဘာလုပ်တာလဲ၊ မိတ်ကပ်က အလုပ်မဖြစ်လို့ အနောက်တံခါးကနေ ထွက်ပြေးသွား တာများလား”

ရဲ့လင်းချန်သည် အားလုံး၏ အတွေးများကို လျစ်လျူရှု၍ တံခါးပေါက်သို့ ဆက်လျှောက်သွားသည်။ သူသည် လေသဖွယ် နူးညံ့စွာ လျှောက်သွားပြီး မကြာခင်မှာပင် ဘာကိုမှ အရေးမစိုက်ဘဲ အားလုံး၏ မျက်စိရှေ့မှ ပျောက်ကွယ် သွားလေသည်။

သူ၏ အစွမ်းအစများအရ ဘယ်သူမှ သူ့ကို မတားနိုင်ပါ။

သို့သော် လူတိုင်းက သူ၏ အပြုအမူကို အသည်းအသန် ထွက်ပြေးသည်ဟု ထင်သွားကြသည်။

“ဟာကွာ၊ သူက … ထွက်ပြေးသွားတာလား”

“လခွမ်း၊ အခု ဘယ်သူမှ သူ့ကို မတားလိုက်ဘူးလား၊ သူ တကယ်ပဲ မိတ်ကပ် ဘယ်လို လိမ်းပေးရမလဲဆိုတာကို မသိဘူးပဲ”

“အလကားပဲ၊ အတုအယောင်မှန်း ငါ သိနေတယ်၊ သူတို့က ယိုယွင်းမှုတွေက မှော်ပညာ ဖြစ်လာအောင် လုပ်တယ်လို့ ပြောလိုက်သေးတယ်၊ ထွီ …”

“ဒီဆိုင်က လိမ်နေတာ၊ သူက ကျားသစ်လို မြန်မြန် ထွက်ပြေးသွားတာလား”

အိုးယာ ဌာနချုပ်၌။

ဗွီဒီယိုကို ကြည့်ပြီးနောက် စီအီးအို၏ ပါးစပ်က မသိမသာ တွန့်လာပြီးနောက် လှောင်ရယ်လေသည်။

“ငါ ထင်တဲ့အတိုင်းပဲ၊ မိတ်ကပ်က အဲ့အမာရွတ်ကို မပြောင်းလဲနိုင်ဘူးပဲ”

“ဟားဟားဟား ဝိုင်အလှကုန်ပစ္စည်းဆိုင်တော့ သွားပြီ”

“ငါတို့ ပြိုင်ဘက်ရဲ့ ကျဆုံးခြင်းနဲ့အတူ ငါတို့ ဒီည အောင်ပွဲခံမှ ဖြစ်မှာပေါ့”

“ဟားဟားဟား ထပ်ကြည့်စရာ မလိုတော့ဘူး”

စီအီးအိုသည် စိတ်ကြည်လင်နေပြီး အထက်စီးဖြင့် သူမလက်ကို ဝှေ့ယမ်းလေသည်။

“ဟုတ်တယ်၊ ဒီနေ့က နေ့ကောင်းလေးပဲ၊ အားလုံးကို ညနေ အလုပ်စောဆင်းခွင့် ပေးတယ်၊ ညစာကို ငါ ဒကာခံမယ်”

“ဘောစ့်က မိုက်တယ်ဗျာ”

“ဘော့စ်က အကောင်းဆုံးပဲ”

“ဘော့စ် အသက်ရှည်ပါစေဗျာ”

…

အားလုံး ထွက်သွားတော့မည့်အချိန်၌ တိုက်ရိုက် ထုတ်လွှင့်နေသည့် ဗွီဒီယိုထဲမှ ကျယ်လောင်သော အာမေဋိတ်သံ ထွက်ပေါ်လာပြီး ဆူဆူညံညံ ဖြစ်လာလေသည်။

ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ ဒုတိယထပ်တံခါးက ထပ်မံ၍ ပွင့်လာသည်ကို မြင်လိုက်ရသည်။

ကျန်းယွင်ရှီ ထွက်လာသည်။ သို့သော် အားလုံး၏ အကြည့်က သူမကို ကျော်၍ အနောက်မှ အမျိုးသမီးပေါ် ကျရောက်နေ၏။

ရိုးရှင်းသော ထိုအကြည့်တစ်ချက်က အားလုံးကို တုန်လှုပ်သွားစေပြီး သူတို့အား မျက်လုံးကျွတ်ကျမတတ် စိုက်ကြည့်မိ သွားစေသည်။

ထိုအမျိုးသမီးက ခေါက်ယပ်တောင်ကို ကိုင်ထားပြီး အနက်‌ရောင် ဇာဂါဝန်ရှည်ကို ဝတ်ထားသည်။ သူမဆံပင်ကို အနီရောင် ဖဲကြိုးဖြင့် မြင့်မြင့်ချည်ထားပြီး သူမအသွင်အပြင်က ရှေးခေတ် ဝတ်စားဆင်ယင်ပုံဘက် သွားနေကာ သူမအား ရဲစွမ်းသတ္တိရှိ၍ အနိုင်မခံ အရှုံးမပေးတတ်သော ပုံစံ ပေါ်နေစေ၏။

“လခွမ်း၊ လခွမ်း၊ လခွမ်း၊ ဝိုင်အလှကုန် ပစ္စည်းဆိုင်မှာ ဘယ်တုန်းက ဒီလောက် လှတဲ့ မိန်းကလေးတစ်ယောက် ပေါ်လာတာလဲ”

“မဖြစ်ဘူး၊ သူ့အလှကြောင့် ငါ အသက်ရှူမရ ဖြစ်တော့မယ်၊ ငါ အသက်ရှူ ကူပေးဖို့ လိုနေပြီ”

“သေစမ်း၊ ငါ နေရာတစ်ခုကို ပြောင်းသွားတာလား၊ ဒီမိန်းမလှလေးက anime ထဲက ထွက်လာတာတော့ မဟုတ်ဘူးမလား”

“လှရက်လိုက်တာကွာ၊ ဘယ်သူမှ ဒီလောက် cosplay မလုပ်နိုင်ဘူး၊ ဒါ ငါ့မျက်လုံးတွေကို ကန်းအောင် လုပ်နေတာပဲ”

“ငါ ချစ်မိသွားသလို ခံစားနေရတယ်”

…

အမျိုးသားများသာမက အမျိုးသမီးများလည်း ထိတ်လန့်နေကြသည်။ စိတ်ကူးယဉ် ကမ္ဘာထဲရှိ ပန်းချီကားထဲမှ မိန်းကလေး တစ်ယောက် ထွက်လာသည်ကို ကြည့်နေရသည်ဟု သူတို့ ခံစားနေရလေသည်။

လူသားများသည် အမြင်အာရုံကို စွဲလမ်းသည့် သတ္တဝါများ ဖြစ်ကြပေသည်။ သတင်းအချက်အလက် လျင်မြန်စွာ စီးဆင်းနေသော ခေတ်ကြီး၌ သူတို့သည် မိန်းမလှလေးများစွာကို မြင်ဖူးကြသည်။ သူမတို့ကို မြင်သောအခါ သူတို့ အံ့ဩမိသော်လည်း သူတို့ တည်ငြိမ်အေးဆေးမှု ပျောက်မသွားပါ။ သို့သော် သူတို့အရှေ့မှ အမျိုးသမီးသည် သာမန် မိန်းမလှလေးများနှင့် လုံးဝ ခြားနားနေပြီး လုံးဝ မတူခြားနားနေပြီး ခေတ်သစ် မိန်းမပျိုတစ်ဦး၌ ရှိနေသော ပုံစံမျိုး မဟုတ်ပေ။

ဤအလှအပ၏ သက်‌ရောက်မှုကို အသာလေး တွေးကြည့်နိုင်ပေသည်။

လူတိုင်း၏ တုံ့ပြန်မှုကို မြင်သောအခါ မူလက သေဆုံးနေသော ချောင်ရှန်ရှန်၏ နှလုံးသားက တစ်ဖန် အသက်ဝင် လာ၏။ အမျိုးသမီးတိုင်း အလှအပကို ချစ်မြတ်နိုးပြီး အခြားသူများက သူမတို့၏ အလှကို အံ့ဩချီးမွမ်း သောအခါ ပျော်ရွှင်တတ်ကြသည်။

သူမ၏နှုတ်ခမ်းထက်၌ အပြုံးတစ်ခုက အလိုလို ဖြစ်ပေါ်လာသည်။

သို့သော် ထိုအပြုံးက သူမ၏ မျက်နှာပေါ်မှ မက်မွန်ပန်းပွင့် ပုံစံပေါ် သွားသက်ရောက်ပြီး ပန်းပွင့်၏ ဖြူစင်မှုကို ပို၍ ဆွဲဆောင်မှု ရှိသွားစေသည်။ ချက်ချင်းဆိုသလိုပင် ဝိုင်အလှကုန် ပစ္စည်းဆိုင်တစ်ခုလုံး၌ နှလုံးခုန်မြန်သော အသံတို့နှင့် ပြည့်နှက်သွားလေသည်။

အမျိုးသားများသည် နှုတ်ခမ်းများ ခြောက်သွေ့လာသည်ကို ခံစားမိနေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

“သူ … သူ … သူက … ချောင်ရှန်ရှန်တော့ မဟုတ်နိုင်ဘူးမလား”

မိန်းကလေးတစ်ယောက်က ထိုအမျိုးသမီးကို သေချာကြည့်ပြီးနောက် တိတ်ဆိတ်မှုကို ဖြိုခွင်း၍ သတိထား မေးလိုက်သည်။

စကားတစ်ခွန်းက ထောင်ချီသော အခြားသူများကို ငြိမ်ကျသွားစေသည်။

ချက်ချင်းဆိုသလိုပင် အားလုံး၏ ရင်ထဲ၌ မုန်တိုင်း ထန်လာသည်။

“ချောင်ရှန်ရှန်လား၊ မဖြစ်နိုင်လိုက်တာ၊ အဲ့ဒါ ချောင်ရှန်ရှန်လား”

“မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ချောင်ရှန်ရှန် ဖြစ်မှာလဲ”

“သူ့မျက်နှာတစ်ဝက်ကို ဖုံးနေတဲ့ မက်မွန်ပန်းပွင့်က ချောင်ရှန်ရှန် မီးလောင်ခံထားရတဲ့ နေရာလိုပဲ”

“သောက်ကျိုးနည်း၊ အံ့ဩဖို့ ကောင်းလိုက်တာ၊ ငါ့နတ်သမီးလေးက ပိုပြီးတော့ နတ်သမီး ဖြစ်လာတာပဲ”

“ငါတော့ သူလို့ မထင်ဘူး၊ အဲ့ဒါ မီးလောင်ဒဏ်ရာလေ၊ လုံးဝ အစအန မကျန်ခဲ့ဖို့ မဖြစ်နိုင်ဘူး၊ ဒါက ထိတ်လန့်ဖို့ ကောင်းလွန်းတယ်”

…

အပူတပြင်း ဆွေးနွေးသံများကြား၌ ချောင်ရှန်ရှန်၏ မျက်လုံးက ကြည်လင်လာပြီး ပို၍ တောက်ပလာသည်။ သူမက တက်ကြွသော အသံဖြင့် ပြောလိုက်သည်။

“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မက ချောင်ရှန်ရှန်ပါ”

ထိုစကားတစ်ခွန်းတည်းက တိကျသော သက်သေကို ဖော်ပြနေပြီး လူအုပ်ကြား၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

…

All Chapters