အောက်ခြေခံလူတန်းစားအဖြစ် တွေ့ကြုံခံစားခြင်း
Vol. 2 Ch. 13
"ကောင်စုတ်လေး..ငါတို့ မှော်ကုန်သွယ်ရေးအဖွဲ့အစည်းက မြို့ထဲမှာ အရာအားလုံးကို မထိန်းချုပ်နိုင်ပေမဲ့ သာမန်လူတစ်ယောက်ကို သတ်ဖို့ဆိုရင်တော့ အသာလေးဘဲ...!"
သူ၏ စကားလုံးများမှာ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေပြီး မာန်တက်နေသော လင်းချီ၏ အမူအရာကို အောက်ဆုံးသို့ ထိုးကျသွားစေသည်။ လင်းချီ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ "လုံး၀ကို မယုံနိုင်စရာဘဲ...ကျုပ် အရင်က တစ်ခါမှ မခြိမ်းခြောက်ခံရဖူးဘူး"
မော့ထ် နှာခေါင်းရှုံ့လိုက်သည်။ "မင်းက ဆိုင်ဖွင့်စားနေတဲ့ ဘာမှမဟုတ်တဲ့ကောင်ပါကွ ...တစ်ယောက်ယောက် မင်းကို လာပြီး ကူညီမယ်လို့ ထင်နေလား"
"သူ့ကို ဖမ်းလိုက်စမ်း"
မှော်ဆရာနှစ်ယောက်မှ လင်းချီရှေ့သို့ ရုတ်ချည်း ရောက်ရှိသွားပြီး အတင်းအကြပ် ဖမ်းတော့မည့် အချိန်တွင်
"ကောင်စုတ်လေး ..ငါမင်းကို နောက်ထပ် အခွင့်အရေးပေးလိုက်မယ် မင်း ငါ့ကို ဒီမှော်ကန်စွန်းဥတွေ ရောင်းမလား ဒါမှမဟုတ် ဒီမြို့ကနေ ထွက်သွားမလား...!"
မော့ထ် နောက်ဆုံး သတိပေးချက်ကို ပြောလိုက်သည်။လင်းချီမှာ လျစ်လျူရှုဆဲပင်။မှော်ဆရာ နှစ်ဦးမှာ သူနှင့် လွန်စွာ နီးကပ်နေသော်လည်း တည်ငြိမ်သော အမူအရာကို ဆက်လက်ထိန်းသိမ်းထားဆဲ။
"သူ့ဆိုင်ကို ဖျက်စီးပစ်လိုက်..."
မော့ထ် အမိန့်ပေးလိုက်သည်နှင့် မှော်ဆရာနှစ်ဦးမှာ သူတို့၏ တာ၀န်ကို စတင်လုပ်ဆောင်တော့သည်။
သို့သော်လည်း သူတို့ မန္တန် မရွတ်ဆိုမှီ မြောက်များစွာသော အစောင့်များက သူ့တို့ကို ရုတ်တရက် ၀ိုင်းရံလိုက်သည်။
"အာ...ဘာ...ဘာတွေဖြစ်ကုန်တာလဲ"
မော့ထ်က သံချပ်ကာ ၀တ်ဆင်ထားသော အစောင့်များစွာကို မြင်သောအခါ ချက်ချင်း ရှုပ်ထွေးသွားသည်။ အစောင့်ခေါင်းဆောင် သူ့ဆီ ဖြည်းညင်းစွာ လျှောက်လာသည်ကို မြင်သောအခါ
"အာ...မင်းက..."
"လင်းမိသားစုရဲ့ အစောင့်ခေါင်းဆောင်"
"လင်းမိသားစု ...မင်းပြောချင်တာက ဆန်းသစ်လမြို့တော်က လင်းမိသားစုလား"
မော့ထ်၏ မျက်နှာတွင် မျက်နှာချိုသွေးသော အပြုံး ပေါ်လာသည်။အစောင့်ခေါင်းဆောင်မှ ခေါင်းမော့ကာ တစ်ချက်ကြည့်လာခဲ့သည်။
"အမှန်ဘဲ..."
ဆန်းသစ်လမြို့တော်ရှိ ကုန်သွယ်ရေး ဈေးကွက်၏ ရှယ်ယာ အများစုကို လင်းမိသားစုမှ ချုပ်ကိုင်ထားသည်။ ထို့ကြောင့် မှော်ကုန်သွယ်ရေး လုပ်ငန်းစု၏ ဥက္ကဌမှာ လင်းမိသားစုကို အလွန်ပင် ရိုသေလေးစားရသည်။
သူ့ရှေ့မှ လူမှာ လင်းမိသားစု၏ အစောင့်ခေါင်းဆောင်သာဖြစ်သော်လည်း စကားကို နှိမ့်ချစွာပြောလိုက်သည်။
"အိုး..ဒါပေါ့ သခင်လေးလင်းကလည်း ဒီတစ်ခါ စမ်းသပ်မှုမှာ ပါဝင်ယှဉ်ပြိုင်တယ်လို့ ကြားမိတယ် သူ့ကို ဘာလို့မတွေ့မိတာလဲ..."
အစောင့်ခေါင်းဆောင်မှာ စိတ်ရှုပ်ထွေးသွားသည်။
"မင်း..ငါတို့ သခင်လေးကို တကယ် မသိဘူးလား"
"ကျုပ် လင်းမိသားစုရဲ့ ကြီးမြတ်မှုတွေကို ကြားမိတာကြာပါပြီ ဒါပေမယ့် ဆက်ခံသူကိုတော့ တစ်ခါမှ မမြင်ဖူးသေးဘူး"
အစောင့်ခေါင်းဆောင် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ဆတ်ခနဲ ပြောလိုက်သည်။"ခင်ဗျား သေချာပေါက် သခင်လေးကို မြင်ဖူးပါတယ်"
"အာ..သခင်လေးကို တွေ့တာတော့ ကျွန်တော် မမှတ်မိလိုက်ဘူး"
မော့ထ် ကြက်သေသေသွားသည်။သူ့မျက်နှာပေါ်ရှိ အမူအရာမှာ ပို၍ပို၍ ရှုပ်ထွေးလာသည်။ သူခေါင်းကို ကုတ်လိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
"နားထောင်ပါဦးခင်ဗျ လေးစားစွာနဲ့ဘဲ ကျုပ်တော့ တစ်ခါမှ လင်းသခင်လေးကို မတွေ့ဖူးဘူးဆိုတာ သေချာပါတယ် ခင်ဗျ"
"မဟုတ်ဘူး..မြင်ဖူးတယ်ဆိုတာ မင်းကိုယ်မင်းတောင် သိမှာ မဟုတ်ဘူး"
ထိုအချိန်တွင် လင်းချီ ကန်စွန်းဥအချို့ကို ဝါးရင်း မော့ထ်ရှေ့တွင် ရပ်လိုက်သည်။
"ကောင်စုတ်လေး..ဒီကိုဘာလာလုပ်တာလဲ..ထွက်သွားစမ်း..!"
လင်းချီအပေါ် မော့ထ်၏ သဘောထားမှာ လွန်စွာ ဆိုးရွားလေသည်။ နောက်ဆုံးတွင်တော့ သာမန်လူများမှာ သူ့အတွက်တော့ အောက်တန်းစားများကဲ့သို့ပင်။
"မင်းသူ့ကို အဲ့လို ဆက်ဆံဝံ့တယ်ပေါ့"သူ၏ သခင်လေး အော်ဟစ်ခံရသည်ကို မြင်သောအခါ အစောင့်ခေါင်းဆောင်မှာ စိတ်တိုသွားပြီး သူ၏ဓားကို ဆွဲထုတ်လုနီးပါးဖြစ်သွားသည်။
"အရှင်ရယ် စိတ်လျှော့ပါ ဒေါသထွက်စရာမလိုပါဘူး ကျုပ် ဒီ ကောင်စုတ်လေးကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်ပါ့မယ်" မော့ထ်က အစောင့်ခေါင်းဆောင်၏ မျက်နှာသာပေးမှုကို ရရှိရန် အရူးတစ်ယောက်ကဲ့သို့ ဆက်လက် မျက်နှာချိုသွေးနေဆဲ။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် အစောင့်ခေါင်းဆောင်မှာ သူ၏လည်ပင်းကို ဆွဲဆောင့်လိုက်ပြီး ကြမ်းကြုတ်စွာဖြင့် "မင်းရဲ့ အသုံးမ၀င်တဲ့ ဦးနှောက်ကို သုံးပြီး သေချာကြည့်လိုက်စမ်း ဒါ..လင်းမိသားစုရဲ့ သခင်လေးပဲ"
"ဗျာ........"
ထိုစကားလုံးများမှာ သူ၏ နားထဲတွင် မိုးကြိုးပစ်သံကဲ့သို့ မြည်ဟီးသွားပြီး မျက်နှာ ဖြတ်ရိုက်ခံရသလို
ခံစားလိုက်ရသည်။
"သူ..သူက လင်းသခင်လေး...."
လင်းချီ ရယ်ချင်သလိုဖြစ်ပြီး ခေါင်းရမ်းလိုက်သည်။
"ငါ..တကယ့်ကို ပြောစရာစကားမရှိ တော့ဘူး"
မော့ထ်၏ အမူအရာမှာ ကြောက်စရာကောင်းနေပြီး မယုံကြည်နိုင်မှုများနှင့် ရောနှောနေသည်။
'လင်းမိသားစုရဲ့ သခင်လေးက ဒီမှာတကယ်ပဲ ဆိုင်လာဖွင့်ပြီး ကန်စွန်းဥတွေ ရောင်းနေတယ်ပေါ့ ဘယ်သူက ယုံနိုင်မှာလဲ'
သို့သော်လည်း အမှန်တရားက သူ့ရှေ့မှောက်တွင် ရှိသည်။ အစောင့်များအားလုံးမှာ လင်းချီကို အလွန် ရိုသေလေးစားနေကြပြီး ထိုသို့ပြုလုပ်ခြင်းက မော့ထ်၏ ကိုယ်ကိုတောင့်တင်းစေသည်။
"ခွင့် ..ခွင့်လွှတ်ပါ သခင်လေး..ကျုပ် မှားခဲ့မိပါတယ်"
ယခု မော့ထ် အကြောက်ဆုံးမှာ လင်းမိသားစုက သူ၏ ကုန်သွယ်ရေးလုပ်ငန်းစုများနှင့် ပူးပေါင်းမှုအား ဖျက်သိမ်းမည်ကိုပင်။ ဖျက်သိမ်းပါက သူ၏ အနာဂတ်တွင် အကျိုးသက်ရောက်မှုများမှာ လွန်စွာ ပြင်းထန်နိုင်သည်။
သို့သော်လည်း လင်းချီမှာ သူ့မိသားစု၏ စီးပွားရေးလုပ်ငန်းများကို စိတ်မ၀င်စားပေ။ ယခု သူအဖြစ်ချင်ဆုံးမှာ စနစ်ကို အဆင့်မြင့်တင်ဖို့ရာ ငွေရှာရန်ဖြစ်သည်။
သို့သော်လည်း ထိုကောင်မှာ သူ၏ စည်းကို ကျော်ခဲ့သောကြောင့် သင်ခန်းစာတစ်ခုတော့ ပေးရပေမည်။
"ဒီလိုလုပ်ပါလား..ခုကစပြီး ငါ့ကို ကန်စွန်းဥတွေ ကူရောင်းပေးမယ်ဆိုရင် မင်းကို ခွင့်လွှတ်ပေးမယ်"
"ဟမ်..."
"အဆင်ပြေတယ်မလား... ဒါဆို အမြန်လာတော့"
လင်းချီ သစ်ပင်အောက်တွင် ဇိမ်ရှိစွာ လဲလျောင်းနေသည်။ မှော်ကုန်သွယ်ရေး၏ ဥက္ကဌ မော့ထ် မှာတော့ သူ့ဆိုင်တွင် ကန်စွန်းဥများကို အတည်လာရောင်းပေးနေရသည်။လင်းချီလည်း မတတ်နိုင်စွာ ရယ်မောလိုက်မိသည်။
"အာ..သခင်လေး ဘာပဲဖြစ်ဖြစ် ကျွန်တော်က ကုန်သွယ်ရေးဥက္ကဌလေ အာ့ကြောင့်...."
"အိုး..ဒါဆို ခင်ဗျားက ပြန်သွားပြီး ကျုပ်အဖေနဲ့ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို ဆွေးနွေးချင်တယ်ပေါ့?"
မော့ထ်၏ လေသံမှာ ချက်ချင်းပြောင်းလဲသွားပြီး သူ၏ ၀န်ဆောင်မှုပေးသော ပုံစံမှာလည်း ၁၈၀ ဒီဂရီလောက် ပြောင်းလဲသွားကာ ကန်စွန်းဥလာ၀ယ်သူမှန်သမျှကို အရိုသေပေးနေတော့သည်။
နေ့လည်ကျော်ပြီးနောက် မော့ထ်လည်း မှောင်ခိုဈေးသည်တစ်ဦး၏ အတွေ့အကြုံကို ခံစားလိုက်ရသည်။ သူမောပမ်း၍ သေခါနီး ဖြစ်သောကြောင့် လင်းချီမှာ သူ့ကိုတာ၀န်မှ ပြန်လွှတ်လိုက်ပြီး အနားယူခိုင်းလိုက်လေသည်။
သို့သော်လည်း သည်နေ့အတွက် ငွေအလုံအလောက် မရရှိသေးပေ။ ထို့ကြောင့် သူ၏ ပန်းတိုင်ကို ရောက်ရန် နောက်ထပ် နှစ်ရက် ခန့် ဆိုင်ထပ်ဖွင့်ရဦးမည်။
နောက်တစ်နေ့ နံနက်တွင် လီယိုနာ့ဒ် မိသားစုနှင့် ယွီမိသားစု၏ အစောင့်များမှ ထွက်ခွာရန် ပြင်ဆင်နေကြသည်။ သူတို့ လုံလောက်အောင် အနားယူပြီး နောက် မြန်နိုင်သမျှ မြန်မြန် ထွက်ခွာချင်နေသည်။
သို့သော်လည်း လင်းချီတွင် ထွက်ခွာရန် အစီအစဉ် မရှိသေးပေ။ လူတိုင်း ထွက်ခွာဖို့ အသင့်ဖြစ်ချိန်တွင် လင်းချီမှာ တိတ်တိတ်လေး ဆိုင်ကို ခင်းကျင်းနေသည်။ သူ၏ ဆိုင်ကို နောက်တစ်ရက်ဖွင့်ရန် စီစဉ်ထားခြင်းပင်။
လူး၀စ်နှင့် ယွီမုန့် အံ့အားသင့်သွားသည်။လင်းချီ ဘာမှားနေတာလဲ။ သူ စီးပွားရေး လုပ်တာကို စွဲလမ်းသွားတာများလား။
လင်းချီမှာ သူသည် စမ်းသပ်မှု အလယ်တွင် ရောက်နေကြောင်းသိသော်လည်း ဆိုင်ဖွင့်ရန် ဆန္ဒရှိဆဲပင်။
ယွီမုန့်က လင်းချီကို ပြိုင်ဘက်တစ်ယာက်အဖြစ် မြင်သော်လည်း ကြင်နာစွာ အကြုံပြုလိုက်သည်။ "လင်းချီ နင်ငါတို့နဲ့ မလိုက်ခဲ့ဘူးဆိုရင် စမ်းသပ်ချက်ကို ကိုယ့်ဘာသာ ကျော်ဖြတ်ရမှာနော် ...ငါတို့ နင့်ကို ထိုင်ပြီး စောင့်နေမှာ မဟုတ်ဘူး "
လင်းချီ သူမ ဘာပြောရန် ကြိုးစားနေသလဲဆိုတာကို နားလည်သည်။ သူမ၏ အကူအညီကို ကမ်းလှမ်းနေပြီး သူတို့နှင့် အတူ ထွက်ခွာရန် ရွေးချယ်ခိုင်းနေသည်။
သို့သော်လည်း သူ၏ စိတ်ထဲတွင် စနစ်ကို အဆင့်မြင့်ရမည်ဟူသော စိတ်တစ်ခုသာရှိသည်။ တခြားအရာအားလုံးကတော့ ဒုတိယ ဦးစားပေးပင်။
"ဒါဆို မင်းတို့တွေ အရင် သွားနှင့်လိုက် ..ငါနောက်ကနေ လိုက်ခဲ့လိုက်မယ်.."
လူး၀စ် ယွီမုန့် ဆီသို့ လျှောက်သွား၍ ပြောလိုက်သည်။ "ယွီမုန့် .. မင်းသူနဲ့ အချိန်ဖြုန်းမနေနဲ့ မင်းသူ့ကို ဖျောင်းဖျဖို့ ကြိုးစားရင်တောင် အလကားဘဲ ကိုယ်တို့နှစ်ယောက် အတူသွားပြီး စမ်းသပ်မှုကို ကျော်ဖြတ်တာ ပိုကောင်းတယ်"
ယွီမုန့် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး လင်းချီအပေါ် အနည်းငယ်စိတ်ပျက်မိသွားသည်။ ယွီမုန့် သူ့ကို ပြိုင်ဘက်အဖြစ်မြင်သော်လည်း လင်းချီက စမ်းသပ်မှုကို ၀တ်ကျေတမ်းကျေသာ ယှဉ်ပြိင်နေသည်။ ထိုအချက်က သူမကို ပို၍ စိတ်ပျက်သွားစေခြင်းပင်။
ယွီမုန့် ပြတ်သားစွာ တစ်ဖက်သို့ လှည့်လိုက်ပြီး လင်းချီထံသို့ စကားတစ်လုံးမျှ မပြောခဲ့တော့ပေ။ လူး၀စ်လည်း သူ့ကို အထင်သေးသော အပြုံး တစ်ချက်ပေးလိုက်သည်။
သို့သော်လည်း စမ်းသပ်မှုမှာ လင်းချီအတွက် ဘာမျှ အဓိပ္ပာယ်မရှိပေ။ စနစ်ကသာ ပထမဦးစားပေးပင်။
ယွီမိသားစုနှင့် လီယိုနာ့ဒ် မိသားစု ထွက်ခွာသွားပြီးနောက် လင်းမိသားစု အစောင့်ခေါင်းဆောင်က မေးလိုက်သည်။"သခင်လေး...ပိုက်ဆံ အရမ်းလိုနေလို့လား စမ်းသပ်မှုပြီးလို့ လင်းအိမ်တော်ကို ပြန်ရောက်ရင် သခင်လေး လိုချင်သလောက် ရနိုင်လေတယ် "
"အဲ့အချိန်ဆို နောက်ကျသွားလိမ့်မယ်"
လင်းချီ တုံးတိကြီး ဖြေလိုက်ပုံက အစောင့်ခေါင်းဆောင်ကို ပို၍ စိတ်ရှုပ်သွားစေသည်။
"စိတ်ရှည်စမ်းပါ .. ဒီနှုန်း အတိုင်းဆို နှစ်ရက်ပြီးရင် အားလုံး အဆင်ပြေပြီ"
~~~