← Chapters

ရုတ်တရက် မတော်တဆမှုများ

Vol. 2 Ch. 15

ရုတ်တရက် မတော်တဆမှုများ

Vol. 2 Ch. 15

လင်းချီ ၏ ဆိုင်လေးမှာ ပို၍ပို၍ ကျော်ကြားလာသည်။ မိုက်စတား မိသားစု၏ သခင်မလေးနှစ်ယောက်မှာလည်း သူ့ကို ကူညီ၍ ကြော်ငြာပေးကြသည်။မြင့်မြတ်မိသားစု၏ သခင်လေးများမှာလည်း ညီအမနှစ်ယောက်၏ သွေးဆောင်ဖျားယောင်းမှုအောက်တွင် နောက်တစ်ခါ ထပ်၍လာစားချင်ကြသည်။

ထို့နောက် လင်းချီ၏ ၀င်ငွေမှာ ဖြည်းညှင်းစွာ တိုးပွားနေပြီး သူ၏ ပန်းတိုင်နှင့်လည်း နီးသထက် နီးလာလေသည်။သုံး‌ရက်မြောက်နေ့တွင် လင်းချီ၏ အမဲသားစတိတ်ခ်မှာ တစ်မြို့လုံးကျော်ကြားသွားတော့သည်။လူတိုင်း လင်းချီ၏ စတိတ်ခ် ကို တစ်ခါလောက်တော့ အနည်းဆုံး မြည်းစမ်းဖူးကြသည်။ ၎င်းမှာ အတော်လေး ထင်ရှားသော စားဖွယ်တစ်မျိုးဖြစ်သည်။

၎င်းနောက် လင်းချီ စနစ်အဆင့်မြှင့်ရန် ပိုက်ဆံ လုံလောက်ပြီဖြစ်၍ စနစ်ထဲသို့ စိတ်လှုပ်ရှားစွာ ၀င်ရောက်လိုက်ပြီး အဆင့်မြင့်တင်လိုက်သည်။

[ဒင်! ...စနစ် အဆင့်မြင့်နေဆဲ.........]

[ဒင်! ..စနစ်ကို အောင်မြင်စွာ အဆင့်မြင့်တင်ပြီးပါပြီ

အဆင့်(၂)ကို ဖွင့်ပြီး - မှော်ဖားမွှေကြော်၊ မီးတောက်ကြက်ကင်၊ လန်းဆန်းစေတဲ့ အချိုရည်]

[ဒင်! အဆင့်မြှင့်တင်ခြင်းအတွက် ပိုင်ရှင်အား လက်ဆောင်အိတ်ချီးမြှင့်ပြီးပါပြီ ]

[အဆင့်မြှင့် လက်ဆောင်အိတ် -  စွမ်းအားတိုး သကြားလုံး ၊ ပေါက်ကွဲ အမဲသားလုံး၊ အရိုးထွင်ပြီးကြက် (×၁၀၀) ၊ ဖားပြုပ်(×၁၀၀)]

[T/N : (Bullfrogs )အမေရိကန်ဖားတစ်မျိုးဖြစ်ပြီး စားလို့ရပါတယ်]

စနစ် အဆင့်မြင့်ပြီးသောအခါ လင်းချီ စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။

ထို့နောက် မြို့မှထွက်၍ စမ်းသပ်မှုကို ကျော်ဖြတ်ရန် သူ၏ခရီးစဥ်ကို စတင်တော့သည်။

ထိုအချိန်တွင် လီယိုနာ့ဒ် မိသားစု၊ယွီမိသားစုနှင့် အခြားသောမိသားစုငယ်လေးများ မပါသောကြောင့် ‌အတော်လေး တိတ်ဆိတ်နေသည်။ လင်းချီလည်း ထို တိတ်ဆိတ်မှုကို အသားမကျသေးပေ။

မြေပုံလမ်းကြောင်းနောက်လိုက်ရင်း လင်းချီစိတ်ပေါ့ပါးနေသည်။ သီချင်းလေးညည်းရင်း ပေါ့ပါးစွာ လမ်းလျှောက်နေခဲ့သည်။

သို့သော်လည်း မကြာမီတွင် မတော်တဆ ဖြစ်ရပ်တစ်ခုနှင့် ကြုံခဲ့ရသည်။

လင်းချီ တောင်ခြေသို့ လျှောက်သွားလိုက်သောအခါ ရွှံ့ထူသောလမ်းကို တွေ့လိုက်ရသည်။ထိုလမ်းပေါ်တွင် လူများစွာ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ခဲ့ဟန် တူသည်။ထို့နောက် လင်းချီ ကျကျန်နေခဲ့သော သံချပ်ကာ အစိတ်အပိုင်းတစ်ချို့ကို တွေ့လိုက်ရသည်။ အစောင့်ခေါင်းဆောင်က သံချပ်ကာကို ဂရုတစိုက် စူးစမ်းလိုက်ပြီးနောက် မျက်နှာ အမူအရာမှာ ချက်ချင်း မဲမှောင်သွားသည်။

"ဒါ...ဒါ ယွီမိသားစုအ‌စောင့်တွေရဲ့ သံချပ်ကာပဲ "

သူပြောပြီး မကြာမီ အစောင့်များအားလုံး မျက်နှာဖြူဆုတ်သွားကြပြီး ကြောက်လန့်၍ တုန်ရီနေကြတော့သည်။

လင်းချီ မေး‌စေ့ကိုထိ၍ ပတ်၀န်းကျင်ကို တစ်ချက်စူးစမ်းလိုက်သည်။

ယွီမိသားစုရဲ့ သံချပ်ကာတွေက သည်မှာ...ဒါပေမဲ့ လူတွေက ဘယ်မှာလဲ

လင်းချီ ပို၍ စိတ်ပူလာသည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး "ဒီမှာ တစ်ခုခု ဖြစ်ခဲ့ပုံဘဲ..ဒါပေမဲ့ ဖြစ်တဲ့ အချိန် ငါတို့လည်း ရှိမနေတော့ သဲလွန်စက ရှာလို့မရဘူး..."

ထိုအချိန်တွင် ကင်းထောက်လွှတ်ထားသော အစောင့်တစ်ယောက်မှ အော်၍ပြေးလာသည်။

"တောင်ပေါ်မှာ ဓားပြတွေရှိတယ်....တောင်ပေါ်မှာ ဓား‌ပြတွေ....."

"ဘာကြီး....ဓားပြတွေ?"

အစောင့်ခေါင်းဆောင်မှာ ဝိရောဓိဖြစ်သွားပြီး လင်းချီကို မေးလိုက်သည်။"သခင်လေး တောင်ပေါ်မှာ ဓားပြတွေ ရှိတယ်ဆိုတော့ ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ"

"ကျွန်တော်ကတော့ အခြားလမ်းကနေသွားဖို့ အကြံပြုချင်တယ် ယွီမိသားစုရဲ့ သံချပ်ကာတွေ တွေ့ရပုံထောက်ရင် သေချာပေါက်သူ့တို့ အသတ်ခံလိုက်ရပြီပဲ"

လင်းချီ ခေါင်းငြိမ့်လိုက်သည်။"အမှန်ဘဲ...ဒီယွီမိသားစုရဲ့ အစောင့်တွေက သေချာရွေးချယ်ထားတဲ့ လက်ရွေးစင်တွေ သူတို့တောင် ဓားပြတွေ လက်ထဲ ကျဆုံးသွားတယ်ဆိုတော့ ငါစိုးရိမ်မိတာက အဲ့ဓားပြတွေက အရမ်းသန်မာတဲ့ စစ်သည်တစ်အုပ်ဖြစ်‌နေမှာကိုပဲ"

"သခင်လေးပြောသလိုဆို ကျုပ်တို့ လမ်းကြောင်းပြောင်းပြီးသွားသင့်တယ်ပေါ့"

လင်းချီ အနည်းငယ် တုန့်ဆိုင်းသွားပြီး ဖြည်းညင်းစွာပြောလိုက်သည်။

"တကယ်လို့  ငါတို့ တခြားလမ်းက သွားလိုက်မယ်ဆိုရင် သူတို့ကို ကူညီဖို့ ဘယ်သူမှ ရောက်မလာတော့ဘူးမလား"

အစောင့်ခေါင်းဆောင် ကြက်သေသေသွားသည်။

ထို့နောက် ရယ်မောချင်စိတ်ကို ထိန်း၍ "သခင်လေး...ယှဉ်ပြိုင်သူ တစ်ယောက်လျော့ရင် ပြိုင်ဘက် တစ်ယောက် လျော့တာပဲ မဟုတ်လား"

လင်းချီ အနည်းငယ် စိတ်မတင်မကျ ဖြစ်နေသည်။သို့သော်လည်း သေချာ ဆုံးဖြတ်ပြီးနောက် "စမ်းသပ်မှုပါ၀င်တဲ့ တခြားသူတွေကော ရှိသေးလား"

"တခြားမြို့ကနေ ကိုယ်စားပြု ယှဉ်ပြိုင်သူတွေတော့ ရှိသေးတယ် ...ပြီးတော့ အင်ပါယာ ဘုရင်မင်းမြတ်ရဲ့ စေလွှတ်ခြင်းခံရတဲ့ ကျွမ်းကျင်သူတွေလည်း ရှိတယ်"

လင်းချီ မျက်ဆံလှန်လိုက်ပြီး အများကြီး မစဉ်းစားတော့ပဲ "သူတို့ကို ဆန့်ကျင်ဖို့ဆို ငါတို့ဘက်မှာ လူအများကြီးရှိဖို့ လိုတယ် ...သူတို့ကို သွားကယ်ရအောင်"

"သခင်လေး..သေချာ စဉ်းစားပြီးပြီလား"

"အဓိပ္ပာယ်မရှိတာတွေ ပြော‌တာရပ်လိုက်ပြီး တောင်ပေါ်တက်ဖို့ ပြင်တော့"

အစောင့်များအားလုံးက  လင်းချီ၏ အမိန့်ကို နာခံကြသည်။ သူတို့မှာ အစောင့်အုပ်စုလေးသာ။ အကယ်၍ အန္တရာယ်နှင့် ကြုံတွေ့လာပါက သူတို့သခင်လေးကို ကျိန်းသေ ကာကွယ်နိုင်လိမ့်မည်ဟု မသေချာပေ။

သို့သော်လည်း လင်းချီက သူတို့ကို လွန်စွာ ယုံကြည်ဆဲ ဖြစ်သည်။ တကယ်တမ်းကျ သူ့ကိုယ်သူပဲ အားကိုးတာဆိုပေမယ့်ပေါ့။

တောင်ပေါ်တက်ပြီးနောက် လူများ တရွတ်တိုက် ဆွဲခေါ်ခံထားရသော ခြေရာများကို တွေ့ရသည်။လင်းချီ တစ်ချက်ခွဲခြမ်းစိတ်ဖြာကြည့်လိုက်သည်။

"ဒီအရာတွေက တောင်ပေါ်ကို တရွတ်တိုက် ဆွဲခေါ်ခံသွားရတဲ့ အစောင့်တွေရဲ့ ခြေရာပဲဖြစ်မယ်"

" အိုး..သေစမ်း..ဓါးပြတွေက သူတို့ကို ကျွန်ပြုဖို့ ခေါ်သွားတယ်လို့တော့ မပြောနဲ့.."

လင်းချီ ခေါင်းငြိမ့်လိုက်သည်။ "ဖြစ်နိုင်တယ် ဒါကြောင့် လူတိုင်း သတိထားနေကြ.."

လူတိုင်း တောင်ပတ်၀န်းကျင်တွင် ဆက်လက်ရှာဖွေနေကြသော်လည်း မည်သည့်သဲလွန်စကိုမျှ မရရှိပေ။

လင်းချီ ကင်းထောက် တပ်သားကို မေးလိုက်သည်။

"မင်းပြောတော့ တောင်ပေါ်မှာ ဓားပြရှိတယ်ဆို ငါတို့ တောင်ပေါ်တောင် ရောက်တော့မယ် ဘာလို့ ခွေး‌တစ်ကောင် ကြောင်တစ်မြီးမှ မရှိရတာလဲ"

အစောင့်လည်း ကူကယ်ရာမဲ့စွာ ခေါင်းယမ်းပြလိုက်သည်။ "သည်အစေခံလည်း မသေချာပါဘူး ဘာလို့ဆို တောင်ပေါ်တက်လမ်းမှာ လမ်းခွဲတွေ အများကြီးရှိတယ်လေ ဘယ်တောင်ထိပ်မှာ ဓားပြတွေရှိလဲ ဆိုတာ မေ့သွားပြီ"

လမ်းနှင့် ဆက်သွယ်ထားသော တောင်ထိပ်မှာ ရှစ်ခုအထိရှိသည်။ လင်းချီ သူတို့ကို အဘယ်သို့ ရှာရမည်နည်း။ ထို့ပြင် သူလည်း စမ်းသပ်မှု အလယ်တွင်သာ ရှိသေးသည်။

"ဟင်း....ဘယ်လောက်တောင် ဒုက္ခပေးလိုက်လဲ"

လင်းချီ ခဏ နားနေရန် ရပ်လိုက်ပြီး အစောင့်များကိုလည်း အင်အားပြန်လည် ဖြည့်တင်းရန် အမဲသားစတိတ်ခ်များ ဝေပေးလိုက်သည်။

ထို‌‌နောက် တောင်ပေါ်သို့  တစ်ဖန်ပြန်လည် လိုက်ရှာကြသည်။ သို့သော်လည်း ဤတစ်ခေါက်တွင် သူတို့ တစ်ခုခုကို တွေ့ရှိသွားတော့သည်။

"သခင်လေး ကြည့်လိုက်...ဟိုမှာ ခြေရာတွေ"

လင်းချီ သွားကြည့်လိုက်သောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။

"မင်းငါ့ကို လူတစ်ယောက်ရဲ့ ဖိနပ်တွေက ဒီလောက်ကြီးတယ်လို့ ပြောနေတာလား"

ခြေရာများအရ ထိုလူမှာ သေချာပေါက် ဧရာမလူသန်ကြီး ဖြစ်ရပေမည်။

"ထင်ရှားတဲ့ မိသားစုကြီး နှစ်ခုက လူတွေက ဒီကိစ္စကို ကိုင်တွယ်နိုင်ပါတယ် သခင်လေး ဘာလို့ ကျွန်တော်တို့ စမ်းသပ်မှုကို ဆက်ပြီး မလုပ်ဆောင်မှာလဲ"

"မရဘူး .. ပြဿနာတွေကို ရှောင်လွှဲတာ ငါတို့ လင်းမိသားစုရဲ့ ပုံစံမဟုတ်ဘူး"

လင်းချီ ‌ခြေရာအကြီးများနောက်လိုက်ရင်း တဖြည်းဖြည်း သွေးရာများကိုပါ တွေ့လာရသည်။

"သွေးက သိပ်မခြောက်‌သေးဘူး ဆိုလိုချင်တာက သူတို့ အဝေးကြီး မရောက်နိုင်သေးဘူးဆိုတာပဲ"

လင်းချီ ရှေ့သို့ ဆက်လက်လိုက်သွားခဲ့သည်။

ရုတ်တရက် ဆည်းဆာတောင်ထိပ်တွင် ဓားပြများ တည်ဆောက်ထားသော ခံတပ်အကြီးစားကို မြင်တွေ့လိုက်ရပြီး သောက်စားနေသည့် အသံများကို အဝေးမှပင် ကြားနေရသည်။

"အကိုကြီးလူသာက အရမ်းစွမ်းတာဘဲ ကျုပ်တို့ ပိုင်နက်ထဲကို ကျူးကျော်လာသူတွေကို တစ်ချက်ထဲနဲ့ နှိမ်နင်းပစ်လိုက်တာ"

"အကိုကြီးက ပြိုင်ဘက်ကင်းပါတယ်လို့ ငါမင်းကို မပြောဖူးဘူးလား"

သူတို့၏ ခေါင်းဆောင်ကို မြှောက်ပင့်သံများကြားတော့ လင်းချီ လူး၀စ်နှင့် ယွီမုန့်ကို ဖမ်းဆီးသွားသူမှာ သူတို့ပြောနေသော လူသာဖြစ်မည်ဟု ယူဆလိုက်သည်။

လူသာ...

ဓားပြများ၏ ခေါင်းဆောင်ဖြစ်ပြီး အစစ်အမှန် အဆင့်မြင့် ဓားသခင်တစ်ယောက်လည်းဖြစ်သည်။ လူး၀စ်ကို တစ်ချက်တည်းဖြင့် အနိုင်ယူလိုက်ပြီး ယွီမုန့်နှင့် တိုက်ခိုက်သောအခါတွင်တောင် ခွန်အားကို မထိန်ချန်ထားခဲ့ပေ။ မျက်စိတစ်မှိတ် အတွင်းတွင် ဆက်ခံသူ နှစ်ယောက်လုံး အဖမ်းခံလိုက်ရသည်။

ထိုအချိန်တွင် လူး၀စ်နှင့် ယွီမုန့်မှာ ခံတပ်အတွင်းရှိ လှောင်အိမ်ထဲတွင် အဖမ်းခံထားရသည်။လူးဝစ်မှာ မျှော်လင့်ချက်မဲ့သော အနေအထားသို့ ရောက်ရှိနေပြီး လွှတ်ပေးရန် စတင်တောင်းပန်တော့သည်။

"သူတော်ကောင်းကြီးတို့...ကျွန်တော့်ကို မသတ်ပါနဲ့ဗျာ..ကျုပ်ခင်များတို့နဲ့ ပူးပေါင်းပါ့မယ်....မဟုတ်ဘူး ကျုပ်ခင်များတို့ရဲ့ လက်အောက်ခံလုပ်ပေးပါ့မယ် အဲ့လို မဖြစ်နိုင်ရင်တောင် ကျုပ်ကို ခွေးတစ်ကောင်လို ဆက်ဆံလည်း ရပါတယ် ..မသတ်ရင် ပြီးတာပါဘဲ"

ယွီမုန့် လူး၀စ်ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ သိသာစွာပင် သူမ လူး၀စ်ကို လုံး၀ စိတ်ပျက်သွားသည်။

ဓားပြများအားလုံး သူတို့ကို ဂရုမစိုက်ပေ။ သူတို့၏ အကိုကြီး လူသာ သာလျင် သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သည်။

လူသာမှာ စိတ်ကောင်း၀င်နေသည်။ အထူးသဖြင့် ထိုကဲ့သို့ အလှပဂေးလေးကို ဖမ်းဆီးပြီးနောက်တွင်ဖြစ်သည်။။

"ဟားဟား...ညီကိုတို့ အဲ့ကောင်ကို ဒီည ဖျော်ဖြေတဲ့အနေနဲ့ သတ်လိုက်ကြမယ် ဟိုရဲ့ အလှပဂေးလေးကတော့ ခုကစပြီး ငါ့မိန်းမပဲကွ ဟားဟား.... "

~~~

All Chapters