သိက္ခာမဲ့သော လူး၀စ်
Vol. 2 Ch. 16
ထိုအချိန်တွင် ခံတပ်ထဲ၌ ယွီမိသားစုနှင့် လီယိုနာ့ဒ် မိသားစု၏ အစောင့်များကို ဖမ်းဆီးနိုင်ခဲ့သောကြောင့် အသံမျိုးစုံနှင့် ဆူညံသက်၀င် လှုပ်ရှားနေသည်။ ကျားသားရေနှင့်ချုပ်ထားသော ပလ္လင်ပေါ်တွင် လူသာက သေရည်ပြင်းပြင်းတစ်ခွက်ကို ပါးစပ်အပြည့်သောက်ပြီး ကျေနပ်နေဟန်ရှိသည်။
အဘယ်ကြောင့်ဆိုသော် ယွီမိသားစုနှင့် လီယိုနာ့ဒ် မိသားစု၏ ဆက်ခံသူများကို ဖမ်းဆီးနိုင်ခဲ့သောကြောင့် သူမကြာခင် ကျော်ကြားလာပေတော့မည်။ မည်သို့ပင်ဆိုစေ ထိုမိသားစု နှစ်ခုမှာ ဆန်းသစ်လမြို့တော်တွင် ထင်ရှားသော မိသားစုနှစ်ခုမှဖြစ်သည်။
"ဆရာ တောင်ဓားပြကြီး..."
လှောင်အိမ်ထဲမှ ကျိုးနွံတဲ့အသံတစ်ခု ထွက်ပေါ်လာသည်။
အသံပိုင်ရှင်မှာ လူး၀စ်ပင်။ သူ၏မျက်နှာတွင် မျက်ရည်များဖြင့် ပြည့်နှက်နေပြီး "ဆရာ တောင်ဓားပြကြီး ကျွန်တော် မှားကြောင်း၀န်ခံပါတယ်ဗျာ၊ ခင်များကို မစော်ကားသင့်ခဲ့ဘူး၊ ခင်ဗျားက သဘောထားကြီးတဲ့သူ တစ်ယောက်ပါ၊ ကျွန်တော့်ကို သွားခွင့်ပေးပါဗျာ၊ ကျွန်တော့်မိသားစုက ချမ်းသာပါတယ်၊ ခင်များတောင်းသလောက်ကို ပေးနိုင်ပါတယ်"
အမှန်တွင်တော့ ဤသို့ဖြစ်ရခြင်းမှာ ဤသောက်ပြဿနာကောင် လူး၀စ်ကြောင့်ပင်။
အစောပိုင်းတွင် သူတို့ လေရဲတိုက်သို့ ခရီးဆက်နေရင်း လူး၀စ်နှင့် အပေါင်းအပါတို့မှာ တောင်ဓားပြတချို့နှင့် ဆုံမိကြသည်။ ထိုအချိန်က တောင်ဓားပြများတွင် သူတို့အား ဖမ်းဆီးရန် ရည်ရွယ်ချက်မရှိခဲ့။ ထိုအစား သူတို့၏ စားနပ်ရိက္ခာနှင့် သံချပ်ကာများကိုသာ ထားခဲ့ခိုင်းပြီး ထွက်သွားခွင့်ပြုခဲ့သည်။
သို့သော်လည်း လူး၀စ်က သူတို့ကို သာမန်တောင်ဓားပြများဟုသာ ထင်မှတ်ပြီး ယွီမုန့်ရှေ့တွင် ရှိုးထုတ်ရန် လူသာ ကို လှောင်ပြောင်ခဲ့သည်။
လူသာမှာ မာနကြီးသော လူတစ်ယောက် ဖြစ်သည့်အလျောက် လူး၀စ်၏ စော်ကားမှုကို သည်းမခံနိုင်သည်မှာ သာမန်ပင်ဖြစ်သည်။ သူ၏ အဆင့်မြင့်ဓားသမား အရည်အချင်းဖြင့် လူး၀စ်ကို အနိုင်ယူရန်မှာ အသာလေးပင်။
ယွီမုန့်မှာ တန်ပြန်တိုက်ခိုက်ချင်ပါသော်လည်း သူမ၏ ပြိုင်ဘက်မှာ အုတ်မြစ်ခိုင်မာသောဓားသမားတစ်ယောက် ဖြစ်နေခဲ့သည်။ သူမမှာတော့ မှော်ပညာကို စတင်အသုံးပြုသူ တစ်ယောက်မျှသာဖြစ်သေးသည်။ ထို့ကြောင့် သူမလည်း အလွယ်တကူပင် ဖမ်းဆီးခံလိုက်ရသည်။
တစ်ဖွဲ့လုံးမှာ ဓားပြတစ်အုပ်၏ အနိုင်ယူခြင်းကို ခံလိုက်ရပြီး ခံတပ်ဆီသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည်။
" ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါဗျာ...ကျွန်တော် ခုထိ လက်တောင် မထပ်ရသေးဘူးဗျ" လူး၀စ် ကျယ်လောင်စွာ အော်ငိုလိုက်သည်။ လူကောင်ကြီးကြီး ဓားပြတစ်ချို့က သူတို့လက်ထဲရှိ ပုဆိန်များနှင့် သူ့ကို ရွယ်ထားသောအခါ အလွန်ကြောက်လန့်သွားပြီး ဘောင်းဘီပေါ်တွင် စိုစွတ်သော စီးကြောင်းများ ပေါ်လာသည်။
အခြားသော ဆက်ခံသူသခင်လေးများမှာ အဖမ်းခံထား၍ ကြောက်လန့်နေသော်လည်း လူး၀စ်လောက်တော့ ဒရာမာ မခင်းကြ။ လူး၀စ်၏ ပျော့ညံ့သော လုပ်ရပ်ကို တွေ့သောအခါ သူတို့ အားလုံး အထင်သေးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
သို့သော်လည်း လူသာ မှာ လူး၀စ်ကိုဂရုမစိုက်အားပေ။ သူ့အမြင်တွင် လူး၀စ်သည် သေလူဖြစ်သည်။ လီယိုနာ့ဒ် မိသားစု၏ လှည့်စားမှုကြောင့် အမှုဆင်ခံခဲ့ရသည်သာ မဟုတ်ပါက သူဤ အခြေအနေသို့ ရောက်နေမည် မဟုတ်ပေ။
ယခုတော့ သူ့အလှည့်သို့ရောက်လာခဲ့ပြီ။ လီယိုနာ့ဒ် မိသားစု၏ ဆက်ဆံသူမှာ သူ့လက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသောကြောင့် အသက်ရှင်လျက် လွှတ်ပေးရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
ယွီမိသားစု၏ သခင်မလေးကိုတော့ လူသာ သေချာ အကဲခတ်လိုက်သည်။ သွယ်လျသော ကိုယ်လုံး၊ ဖြူဖွေးသော အသားအရေနှင့် လှပသော မျက်နှာလေးကို မြင်သောအခါ ချက်ချင်းအမိန့်ပေးလိုက်သည်။
"ဟို ကောင်မလေးကို ဒီ ခေါ်လာခဲ့လိုက်"
ထို့နောက် ဓားပြတစ်ချို့မှာ ယွီမုန့်အား လက်ထိပ်မှ ဆွဲခေါ်လာခဲ့သည်။
ထိုအချိန်တွင် ယွီမုန့်၏ မျက်နှာ၌ မလိုလားမှုများနှင့် ပြည့်နှက်နေသော်လည်း ဒူးထောက်ရန် ဖိအားပေးခံလိုက်ရသည်။ လူသာ ဖြည်းညင်းစွာ လမ်းလျှောက်လာပြီး သူမ၏ မေးစေ့ကို ပင့်ကာ မျက်နှာကို သေချာကြည့်လိုက်သည်။ ယွီမိသားစု၏ သခင်မလေးမှာ အင်မတန်လှကြောင်းတော့ ၀န်ခံရပေမည်။
"မင်းနာမည်က ယွီမုန့် ဟုတ်တယ်မလား"
ယွီမုန့် ပြန်မဖြေခဲ့။ သူမ၏ ခေါင်းကို ဘေးသို့ လှည့်လိုက်ပြီး ဆက်လက်၍ ခေါင်းမာနေသည်။
"ဟီးဟီး...ငါမင်းအသက်ကို ချမ်းသာပေးနိုင်တယ်... ပြီးတော့ ယွီမိသားစုက အစောင့်တွေကိုလည်း လွှတ်ပေးနိုင်တယ် ဒါပေမဲ့ မင်းဒီမှာနေပြီး င့ါမိန်းမ လုပ်ပါ့မယ်လို့ ကတိပေးဖို့တော့ လိုတာပေါ့"
"ဆုတောင်းလေ..နင့်အိပ်မက်ထဲမှာပဲ ရမယ်..."
ယွီမုန့် ပြတ်သားစွာ ပြန်ပြောလိုက်သည်။
သို့သော်လည်း ထိုအချက်က လူသာ ကို ပိုမို စိတ်လှုပ်ရှားစေပြီး
"ကောင်းတယ် ငါကလည်း ဒါမျိုးမှ စိတ်၀င်စားတာကွ ဟားဟား......"
"ဒါပေမဲ့ မင်းသေချာစဉ်းစားဖို့တော့ လိုမယ်နော်....မင်းသဘောမတူဘူးဆိုရင် ငါသူတို့အားလုံးကို သတ်ပစ်လိုက်မယ် အဲ့လိုဆိုရင် သူတို့က ငါ့ကို အပြစ်တင်မှာ မဟုတ်ဘူး မင်းကိုပဲ အပြစ်တင်မှာ..."
"နင်....." ယွီမုန့် ခေါင်းမော့လိုက်ပြီး လူသာကို စူးစိုက်ကြည့်လိုက်သည်။
သို့သော်လည်း သူလုံး၀ ဂရုမစိုက်။ သူ ဓားပြဗိုလ် ဖြစ်လာကတည်းက ပိုမိုသန်မာလာပြီး မည်သူမျှကို မကြောက်ခဲ့။ အထူးသဖြင့် သူ ဖမ်းဆီးထားသော သည်မိန်းကလေး၏ရှေ့တွင် ပိုလို့တောင် မကြောက်သေးသည်။
"ဒီတော့ ..ဘယ်လိုလဲ။ မင်းသဘောတူမယ်ဆို သူတို့အားလုံးကို လွှတ်ပေးလိုက်တော့မယ် "
ထိုစကားကို ကြားလျင် အသက်ရှင်ဖို့ တစ်ချိန်လုံးကြိုးစားနေသော လူး၀စ်၏ မျှော်လင့်ချက်များ တောက်ပလာသည်။
လူသာအား အော်ပြောလိုက်ပြီး "ခေါင်းဆောင်ကြီး ကျွန်တော့ကို ကူညီပြီး ဖျောင်းဖျခွင့်ပြုပါ "
၎င်းကိုကြားတော့ လူသာလည်း ပုဆိန်နှင့် ရွယ်ထားသော သူ့လူနှစ်ယောက်ကို ပုဆိန်များ ချရန် အချက်ပြလိုက်သည်။
"ငါမင်းကို အခွင့်အရေးတစ်ခါ ပေးလိုက်မယ်"
လူး၀စ် နောက်ဆုံးတွင် ချိန်းကြိုးများမှ လွတ်မြောက်သွားပြီး ယွီမုန့် ဘေးသို့သွားကာ စတင်ဖျောင်းဖျတော့သည်။
"ယွီမုန့် ဒါက လူတိုင်းကို ကယ်တင်ဖို့ အခွင့်ကောင်းဘဲနော်"
"ဘာအခွင့်ကောင်းလဲ ..နင်ရူးနေတာလား" သူမ ခေါင်းကို ဘေးသို့ လှည့်လိုက်သည်။ လူး၀စ် သူရဲဘောကြောင်စွာ ပြုမူနေသည်ကို ဆက်မမြင်ချင်တော့ပေ။
"အားလုံးကောင်းဖို့ အတွက်ဘဲလေ ငါမင်းကို သေဖို့တောင်းဆိုနေတာမှ မဟုတ်တာ မင်းသာ သဘောတူလိုက်ရင် ငါတို့အားလုံး အသက်ရှင်ပြီ"
ထိုစကားကိုကြားပြီးနောက် သူမ ချီတုံချတုံ ဖြစ်သွားသည်။ ထို့နောက် အမွေခံသခင်လေးများနှင့် သူမမိသားစု၏ အစောင့်များကို ကြည့်ရင်း ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက် ချလိုက်သည်။
လူး၀စ်သူမကို ဆက်လက်ဖြောင်းဖြနေပြီး "ပြီးတော့ ဓားပြခေါင်းဆောင်ကိုလည်း ကြည့်လိုက်ဦး၊ ဒီလောက် အားကောင်းပြီး ပါရမီလည်းရှိတယ်၊ မင်းသာ သူ့မိန်းမ ဖြစ်လာပြီဆိုရင် ငွေကြေး၊ အာဏာ၊ လွတ်လပ်မှု အားလုံးရနိုင်တယ် ယွီမိသားစုမှာ အသုံးချခံ အဖြစ်နဲ့ နေတာထက်စာရင် ပိုမကောင်းဘူးလား "
လူး၀စ်၏ စကားလုံးများကို ကြားပြီးနောက် သူမ၏ ခေါင်းမာမှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သို့သော်လည်း သူ၏ စကားများကို ယုံကြည်သွားသောကြောင့်တော့မဟုတ်။ အချိန်ဆွဲရန်ပင်။ နောက်မှ ထွက်ပြေးရန် နည်းလမ်းကို ဖြည်းဖြည်းချင်း စဉ်းစားရပေမည်။
"အာ...ယွီမုန့်..ငါပြောတာ နားထောင်...."
လူး၀စ် စကားပင်မဆုံးသေး။ ယွီမုန့် သူမ၏ မျက်လုံးထဲတွင် စိတ်ဆုံးဖြတ်ပြီးသော အကြည့်များဖြင့် လူသာကိုကြည့်လိုက်ပြီး
" ငါလက်ခံတယ်"
လူး၀စ် အပျော်လွန်သွားသည်။ လူသာလည်း ပြုံး၍ ဓားပြများကို အမိန့်ပေးလိုက်သည်။
"မြန်မြန် ငါတို့ ဒီညနေ မင်္ဂလာအခမ်းအနား ကျင်းပကြမယ်"
"ခဏနေဦး"
ရုတ်တရက် ယွီမုန့် ထပ်ပေါင်းပြောလိုက်သည်။
"ယွီမိသားစုရဲ့စည်းမျဉ်းအရ လရောင်အောက်မှာပဲ မင်္ဂလာဆောင်ရမယ် ခုမှ နေ၀င်ရုံရှိသေးတယ် လတောင် ထွက်မလာသေးဘူး "
လူသာ မျက်ခုံးကြုတ်လိုက်ပြီး "ငါမင်းတို့ စည်းကမ်းတွေကို စိတ်မ၀င်စားဘူး"
သို့သော်လည်း သူမလက်ခံပြီးမှတော့ နည်းနည်းလောက်ထပ်စောင့်ရလို့လည်း ကိစ္စတော့မရှိပေ။
လူး၀စ် အသံနိမ့်ပြီး မေးလိုက်သည်။
"ခေါင်းဆောင်ကြီး သူမသဘောတူပြီဆိုတော့ ကျွန်တော်တို့......"
လူသာ သူ့အနောက်မှ ဓားပြများကို ညွှန်ပြရင်း အမိန့်ပေးလိုက်သည်။ "သူတို့ရဲ့ လက်နက်တွေနဲ့ သံချပ်ကာတွေကို ထားခဲ့ပြီး ထွက်သွားခိုင်းလိုက်တော့"
ထိုသို့ အမိန့်ကိုကြားပြီးနောက် လူး၀စ် အပျော်လွန်ပြီး "ဟုတ်ကဲ့"ဟု ပြောလိုက်သည်။ သို့သော်လည်း လူး၀စ် လှည့်လိုက်သောအခါ အသွားထက်တဲ့ ဓားတစ်စင်းက သူ့ကို ရပ်တန့်သွားစေသည်။
အကြောက်လွန်၍ ဖြူလျော်သွားပြီး ဖြည်းဖြည်းချင်းလှည့်ကာ "ခေါင်းဆောင်ကြီး .....ကျွန်တော်တို့ကို....... သွားခွင့်ပြုမယ်လို့ သဘောတူ......"
လူသာ ပြုံးပြီး ပြောလိုက်သည်။
"သူတို့ သွားလို့ရတယ် ဒါပေမဲ့ မင်းကတော့ မရဘူး ဒီနေ့က မင်္ဂလာရှိတဲ့နေ့ဆို တော့ ပိုပြီး မင်္ဂလာရှိသွားအောင် တစ်ယောက်ယောက်ကို သတ်ပြီး အောင်ပွဲခံရမယ်"
ထိုစကားလုံးများမှာ လူး၀စ်ကို မျှော်လင့်ချက် ကင်းမဲ့သွားစေပြီး ချက်ချင်း မြေပေါ်တွင် ဒူးထောက်ကာ "ခေါင်းဆောင်ကြီး ကျုပ်ကိုတော့ မသတ်ပါနဲ့ဗျာ ကျုပ်တို့မိသားစုထဲမှာ အစောင့်တွေ အများကြီးရှိတယ် ကြိုက်တဲ့တစ်ယောက်ကို သတ်လိုက်ပါဗျ အီးဟီးဟီး......"