← Chapters

သိက္ခာမဲ့သော လူး၀စ်

Vol. 2 Ch. 17

သိက္ခာမဲ့သော လူး၀စ်

Vol. 2 Ch. 17

ထိုအချိန်တွင် လီယိုနာ့ဒ်မိသားစု၏ အစောင့်များမှာ လူး၀စ်၏ စကားလုံးများကို ကြားပြီးနောက် သူတို့၏ သခင်လေးအပေါ် ယုံကြည်မှုများ ပျောက်ဆုံးသွားတော့သည်။ အခြားမိသားစုမှ ယွီမုန့်ပင် သူမမိသားစု၏ အစောင့်များအတွက် ဓားပြမယားအဖြစ်နေရန် သဘောတူလိုက်သည်။ သို့သော်လည်း လူး၀စ်မှာတော့ သူ့ အသက်ရှင်ရေးအတွက် မိသားစု၏ အစောင့်များကိုပင် ရောင်းစားနေသည်။

တကယ့်ကို ဆန်ကုန်မြေလေး အစစ်ပင်။

မည်သို့ပင်တောင်းပန်ပါစေ လူသာ ကတော့ စိတ်မဝင်စားပဲ လူးဝစ်ကို သတ်မည်ဖြစ်သည်။ လူသာက လူးဝစ်ကို လှောင်အိမ်ထဲပြန်ခိုင်းပြီး မင်္ဂလာပွဲညမှာ သတ်ပစ်ရန် ငယ်သားများကို အမိန့်ပေးလိုက်သည်။

လူးဝစ်တစ်ယောက် သနားဖို့တောင်းပန်သော်လည်း အချည်းနှီး။

ယွီမုန့်လည်း သူ့ကို ဂရုမစိုက်အားပဲ ယနေ့ည အခွင့်အရေးကို အသုံးချ၍ မည်သို့ ထွက်ပြေးရမည်ကို စဉ်းစားနေသည်။

သူမ၏ မှော်စွမ်းအင်အားလုံးမှာ အသုံးပြုပြီး ဖြစ်သည်။

အကယ်၍ လင်းချီသာ ဤနေရာတွင်ရှိပါက....

သူမ ပထမဆုံးအကြိမ် ဤသို့ တွေးမိကြောင်း ယွီမုန့် သတိထားမိသွားသည်။ ရုတ်တရက် လင်းချီ သူမကို လာရောက်ကယ်တင်ရန် မျှော်လင့်နေမိသည်။

အခြားတစ်ဖက်တွင် အမွေခံသခင်လေးများနှင့် ၎င်းတို့၏ အစောင့်များမှာ ကိုယ်လုံးတီးနှင့် တောင်အောက်သို့ ဆင်းပြေးသွားကြသည်။သူတို့အသက်ချမ်းသာရာရသွားကြောင်း သိသွားသည်နှင့်တစ်ပြိုင်နက် ဘာမျှ မစဉ်းစားဘဲ တောင်အောက်သို့ ဆင်းလာခဲ့ကြခြင်း ဖြစ်သည်။

အားလုံး လုံခြုံသောနေရာသို့ရောက်သောအခါ ရုတ်ချည်းဆိုသလို မီးအလင်းတစ်ခု တောက်ပသွားသည်။

"အဲ့ဒီက ဘယ်သူလဲဟေ့.."

အစောင့်များ မသိစိတ်နှင့် မီးတောက်ရှိသောနေရာသို့ ကြည့်မိလိုက်ကြသည်။

ထိုသူမှာ မီးတုတ်ကိုင်ထားသော လင်းချီပင်။

"သခင်လေး လင်း..."

လင်းချီက အင်္ကျီမပါသော အမွေခံသခင်လေးများနှင့် အစောင့်များကို မြင်သောအခါ မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။

"မင်းတို့တွေ....ဘာဖြစ်လာခဲ့ကြတာလဲ"

ထို့နောက် သူတို့ကြုံတွေ့ခဲ့သမျှ လင်းချီကို အိတ်သွန်ဖာ‌မှောက် ပြောပြကြ‌တော့သည်။

လင်းချီ ဖြစ်ပျက်ခဲ့သမျှ ကြားသိပြီးနောက် လူး၀စ်နှင့် ယွီမုန့်မှာ အန္တရာယ်ကျရောက်နေကြောင်း သိရှိလိုက်ရသည်။ လူး၀စ် ထိုကဲ့သို့ ခံရသည်မှာ တန်သော်လည်း သေ‌လောက်သည်အထိတော့ မထိုက်တန်သေးပေ။ ထို့ပြင် ယွီမုန့်မှာလည်း ငယ်ရွယ်သေးသည်။ ထို့ကြောင့် ထိုဓားပြ၏ သိမ်းပိုက်မှုကို ခံခွင့် မပြုနိုင်ပေ။

လင်းချီ သူ့မေးစေ့ကို အသာထိရင်း တွေးလိုက်သည်။ လူသာမှာ အဆင့်မြင့် ဓားသခင်ဖြစ်၍ သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် အနိုင်ယူရန်မှာ လုံး၀ မဖြစ်နိုင်ပေ။

တစ်ခုတည်းသော နည်းလမ်းမှာ ခိုး၀င်၍ သူတို့နှစ်ယောက်အား လွှတ်ပေးခြင်းသာ ဖြစ်သည်။

ထိုသို့ပြုလုပ်ခြင်းမှာ အလွန်  အန္တရာယ်များသော်လည်း လင်းချီ မရှောင်ဖယ်ခဲ့။ ယခု သူ့တွင် ယုံကြည်မှု  အပြည့် ရှိနေပြီဖြစ်သည်။

"မင်းတို့ တောင်ခြေမှာ စခန်းချထားလိုက် ငါ ဓားပြတွေရဲ့ ခံတပ်ထဲကို ခိုး၀င်ပြီး သူတို့နှစ်ယောက်ကို ကယ်လာခဲ့လိုက်မယ်"

ထိုအကြောင်းကို ကြားသောအခါ လူတိုင်း ကိုယ့်နားကိုပင် မယုံနိုင်ပေ။

သူက တကယ်ပဲ လင်းချီလား။

သူတို့ဘယ်တုန်းကမှ ဤမျှ သတ္တိရှိသူကို မမြင်ဖူးခဲ့ပေ။ တစ်ဖက်ရှိအင်အားစုမှာ သူ့ထက်အင်အားကြီးမားသော်လည်း လင်းချီမှာ ကြောက်ရွံ့ခြင်း တစ်စက်မျှမရှိ။ တစ်ယောက်တည်းပင် သွား၍ ကယ်တင်‌ဝံ့ပေသည်။ တကယ့်ကို အာဂပင်။

ထိုကဲ့သို့သော သတ္တိ‌ကြောင့် လူတိုင်း လင်းချီကို လေးစားသွားကြသည်။

"သခင်လေး မသွားပါနဲ့လား.. သခင်လေးမှာ ပြိုင်ပွဲ အောင်မြင်ဖို့ အခွင့်အရေး ရှိ‌သေးတယ် သခင်လေးက လင်းမိသားစုရဲ့ မျှော်လင့်ချက်ပဲ" လင်းမိသားစု၏ အစောင့်တပ်သားတစ်ယောက်မှ တောင်းဆိုလိုက်သည်။

သို့သော်လည်း လင်းချီပြုံးလိုက်ပြီး "စိတ်မပူပါနဲ့ ဒီလို ကိစ္စသေးသေးလေးတောင် မကိုင်တွယ်နိုင်ရင် အနာဂတ်မှာ လင်းမိသားစုကို ဘယ်လို စီမံရမှာလဲ.."

သူ၏ အသံမှာ မကျယ်သော်လည်း လူတိုင်း၏ နားထဲတွင်တော့ ကျယ်လောင်ပြီး ကြည်လင်နေသည်။ထိုအချိန်တွင် အစောင့်များမှာ မျက်ရည်များ ဝိုင်းလာပြီး သက်ပြင်းတစ်ချက်ချကာ "သခင်လေးတောင် အရွယ်ရောက်ပြီပဲ ပြီးတော့ ဒီလိုကိစ္စမျိုးကိုတောင် တာ၀န်ယူလိုက်သေးတယ် သခင်လေးသာ ပြိုင်ပွဲမှာ ရှင်သန်ခဲ့ရင် သခင်ကြီးကို ဒီအကြောင်းတွေ ပြန်ပြောပြရမယ်"

"ကောင်းပြီ အားလုံး ဒီမှာနေခဲ့ပြီးတော့ အဆင်သင့် လုပ်ထားကြ ကျုပ်တောင်ပေါ်  တက်သွားတော့မယ်"

လင်းချီအမိန့်ပေးလိုက်သောအခါ အားလုံး စခန်းချလိုက်ကြပြီး တစ်ချို့နေရာတွင် ထောင်ချောက်များပင် တပ်ဆင်ထားကြသည်။ အကယ်၍ သူတို့ နောက်မှ အလိုက်ခံရပါက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရန်ပင်။

လင်းချီ လရောင်နှင့် အသားကျပြီးနောက် တောင်ပေါ်တက်လမ်းကို စမ်းတဝါးဝါး မြင်လာသည်။ ထို့နောက် တောင်ထိပ်ပေါ်ရှိ ခံတပ်ဆီသို့ ဖြည်းညင်းစွာ တက်သွားတော့သည်။

လင်းချီ တောင်ပတ်လည်တစ်ဝိုက်ကို ကြည့်လိုက်သောအခါ ခံတပ်တစ်ခုလုံး မီးများ လင်းထိန်နေပြီး ဓားပြများ အားလုံး ပျော်ရွှင်စွာ စားသောက်နေကြသည်။

လင်းချီ တိုက်ရိုက် မ၀င်သွားပေ။ ထိုအစား လေးငါးယောက်ခန့် စောင့်ကြပ်နေသော စောင့်ကြည့်မျှော်စင် ဆီသို့ တက်သွားသည်။

သူ  ခိုး၀င်နေတုန်း ရုတ်တရက် ကျင်ငယ်ရည်အနံ့ ရလိုက်သည်။ထိုအနံ့မှာ သူ၏ အာရုံစိုက်မှုကို ရရှိသွားပြီး အနံ့လာရာဘက်သို့ ကြည့်လိုက်သည်။

"ဟမ်.."

လင်းချီ သူ့ရှေ့ရှိ လှောင်အိမ်ထဲတွင် မျှော်လင့်ချက်များပျောက်ဆုံးနေသော မျက်နှာပေးဖြင့် ထိုင်နေသော လူး၀စ်ကို တွေ့လိုက်ရသည်။ ကျင်ငယ်ရည် အနံ့ကတော့....

ဒီကောင် အကြောက်လွန်ပြီး ပေါက်ချထားတာဖြစ်မယ်။ တော်တော်သနားစရာကောင်းတဲ့ ကောင်ပဲ။

လင်းချီ သက်ပြင်းချလိုက်သည်။ ထို့နောက် ဘယ်သူမှ မရှိတုန်း လူး၀စ်ကို တိတ်တိတ်လေး အသံပေးလိုက်သည်။

"လူး၀စ်....(လေသံတိုးတိုးလေးဖြင့်)"

လူး၀စ် ကြားသွားပြီး ခေါင်းမော့ကြည့်လိုက်သည်။

"ဟင်...လင်းချီ.... မင်းဘယ်လို......"

"ရှူး........."

လင်းချီ တိုးတိုးပြောရန် အချက်ပြလိုက်ပြီး

"ယွီမုန့်... ဘယ်မှာလဲ"

လင်းချီ သူ့ကို လာမကယ်မှန်း သိသော်လည်း ပြင်းပြင်းထန်ထန် တောင်းပန်လိုက်ပြီး "လင်းချီ ငါ့ကို အမြန်ကယ်ပါဦး"

"ငါမင်းကို ယွီမုန့် ဘယ်မှာလဲလို့ မေးနေတာ "

လူးဝစ် အသက်အ၀ရှူလိုက်ပြီး ခံတပ်ရှိရာဘက်သို့ ညွှန်ပြကာ "အထဲမှာ.."

လင်းချီ ခေါင်းတစ်ချက် ငြိမ့်လိုက်ပြီး "ငါ ယွီမုန့်ကို ကယ်ပြီးရင် မင်းကို ပြန်လာကယ်မယ်"

ထို့နောက် လင်းချီ ခံတပ်ထဲသို့ ခိုး၀င်သွားတော့သည်။

ဓားပြများမှာ သေရည် အများအပြား သောက်ထားသောကြောင့် ‌ပေါ့လျော့ကာ မည်သူမျှ လင်းချီ ၀င်ရောက်လာသည်ကို သတိမထားမိပေ။လင်းချီ ထိုအခွင့်အရေးကိုယူ၍ ခံတပ်ထဲသို့ တိတ်ဆိတ်စွာ ၀င်ရန် ကြိုးပမ်းလိုက်သည်။သို့သော်လည်း ၀င်ခါနီး ဆဲဆဲတွင် 'လူသာ' ထွက်လာသည်ကို တွေ့လိုက်ရသည်။

ချက်ချင်း နောက်ဆုတ်၍ နံရံနှင့် ကပ်လိုက်ပြီး အသက်ရှူသံကို ထိန်းညှိလိုက်သည်။ လူသာမှာ တစ်စုံတစ်ယောက်က ခံတပ်ထဲသို့ ခိုး၀င်ရဲလိမ့်မည်ဟု ထင်မှတ်မထားသောကြောင့် ကာကွယ်မှုများ မပြုလုပ်ထားပေ။ ထို့ကြောင့် လင်းချီကို မတွေ့သွားခြင်းပင်။

လင်းချီလည်း အခွင့်အရေးကို ဆုပ်ကိုင်ကာ အခန်းထဲသို့ ခိုး၀င်သွားတော့သည်။

ထို့နောက် ကုတင်ပေါ်တွင် သတို့သမီးကဲ့သို့ ၀တ်စားဆင်ယင်ထားသောယွီမုန့်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ယွီမုန့်၏ ၀မ်းနည်းနေသော မျက်နှာကိုကြည့်ရင်း တစ်စုံတစ်ရာ မပြောမိစေရန် လျှာကို ကိုက်လိုက်သည်။

လင်းချီ အခန်းထဲသို့ ၀င်လာသော်လည်း ယွီမုန့်မှာမည်သို့ ထွက်ပြေးရန် အတွေးတွင် နစ်မြုပ်နေသောကြောင့် သတိမထားမိလိုက်။

"အိုး...မင်းက ၀တ်စုံတွေတောင် ၀တ်ထားပြီးပြီပဲ ကြည့်ရတာတော့ ဒီမှာပဲ နေပြီး ဓားပြဗိုလ်ကတော် လုပ်ချင်နေတယ်နဲ့တူတယ်.."

အသံကြားသောအခါ  မော့ကြည့်လိုက်ပြီး လင်းချီ သူမကိုထူးဆန်းစွာ  ကြည့်နေသည်ကို မြင်တော့ ရှက်သွေးဖြာသွားသည်။

"ရှင်...ရှင် ဘာပြောလိုက်တယ်"

"စတာပါဗျာ... " လင်းချီ ပြုံးရယ်လိုက်မိသည်။

"ရှင်ဘာလို့ ဒီရောက်‌နေတာလဲ  ရှင်ရော အဖမ်းခံခဲ့ရတာလား"

လင်းချီ ထပ်ရယ်မိလိုက်သည်။ "ငါက အဖမ်းခံထားရတဲ့ရုပ်ပေါက်နေလို့လား၊ မင်းကို လာကယ်တာလေ"

၎င်းကိုကြားပြီးနောက် ယွီမုန့်၏ မျှော်လင့်ချက်တို့  တောက်ပလာသည်။ သို့သော်လည်း သူမ စိတ်မကောင်းမိပေ။ သူမတစ်ချိန်လုံး လင်းချီကို ပြိုင်ဘက်အဖြစ် သဘောထားခဲ့မိသည်။ ဒါပေမဲ့ ဘာကြောင့် သူက  အမြဲတမ်း သူမကို ကယ်နေခဲ့တာလဲ။

"ရှင်....ရှင် ကျွန်မကို ကယ်ဖို့ မလိုဘူး" ယွီမုန့် အေးစက်စွာ နှာခေါင်း တစ်ချက် ရှုံလိုက်သည်။

လင်းချီလည်း ရည်ရွယ်ချက်ရှိရှိ နောက်ပြန်လှည့်လိုက်ပြီး "အိုး..အဲ့ဒါဆိုလည်း ငါလစ်ပြီနော်"

"ဟေ့.. နေဦးလေ"

ယွီမုန့်၏ မျက်နှာ နီရဲနေသည်။ သေချာတာပေါ့ ယွီမုန့် ဘာတွေးနေလဲ လင်းချီသိသည်။

"သွားစို့ ဒီရောက်နေပြီဆိုမှတော့ ထွက်ဖို့ အရင် စဉ်းစားကြ‌တာပေါ့"

လင်းချီ စကားကို ကြားပြီးနောက် ယွီမုန့်၏ သဘောထားများ အနည်းငယ် ပြောင်းလဲသွားသည်။

ထို့နောက် လင်းချီနောက်သို့ တိတ်ဆိတ်စွာ လိုက်သွားတော့သည်။ တံခါး၀တွင် ဓားပြများစောင့်ကြပ်နေသောကြောင့် ပြတင်းပေါက်မှ ထွက်ခဲ့ကြသည်။ သို့သော်လည်း ခံတပ်အပြင်သို့ရောက်ချင်ပါက ပင်မ တံခါးပေါက်မှ ဖြတ်သန်းရပေမည်။

"အခု ဘာလုပ်ကြမလဲ ပင်မတံခါးပေါက်ကနေ ထွက်သွားမယ်ဆို သေချာပေါက် ဓားပြတွေ တန်းသတိထားမိသွားမှာပဲ"

All Chapters