← Chapters

စွမ်းအားတိုး သကြားလုံးလေး

Vol. 2 Ch. 18

စွမ်းအားတိုး သကြားလုံးလေး

Vol. 2 Ch. 18

လင်းချီနှင့် ယွီမုန့်တို့ လူး၀စ်ကို ချုပ်နှောင်ထားသော လှောင်အိမ်ရှိရာသို့ ရောက်သည့်တိုင်အောင် ကျောနှင့် နံရံကိုကပ်၍ တိတ်ဆိတ်စွာ ထွက်ပြေးလာခဲ့ကြသည်။

သို့သော်ငြား လှောင်အိမ်တံခါးအား ဖွင့်ရန် သော့လိုအပ်သည်။ ထိုသော့မှာလည်း ဓားပြဗိုလ်၏ ခါးတွင် ချိတ်ဆွဲထားသည်။

"ဘယ်လိုလုပ်ကြမလဲ"

လင်းချီ အသက်ပြင်းပြင်းရှူလိုက်ပြီး ရုတ်တရက် စနစ်ရှိ စားကောင်းသောက်ဖွယ်များကို အမှတ်ရသွားကာ ရုတ်ခြည်းဆိုသလို အကြံဉာဏ် ပေါ်ထွက်လာသည်။

သူသည် ဓားပြများ အနားယူနေသော မီးလင်းဖိုဆီသို့ ခပ်တည်တည် လျှောက်သွားလိုက်ပြီး သူ့အရှေ့၌ရှိ‌သော ဒယ်အိုးကြီးအား ကိုင်ကာ ဓားပြများ၏ စားဖိုမှူးအဖြစ် ဟန်ဆောင်လိုက်သည်။ အမှန်အားဖြင့် သူသည် စနစ်ထဲမှ အရိုးထွင်ပြီးသား ကြက်သားများကို ထုတ်၍  မီး‌တောက်ကြက်ကင်ကို ပြင်ဆင်နေခြင်းဖြစ်သည်။ ထိုဟင်းပွဲမှာ မီးတောက်နေသကဲ့သို့ ပူစပ်လှပြီး စားပြီးသောအခါ ကိုယ်တွင်းရှိ စွမ်းအားများပေါက်ကွဲထွက်လာမည်။ မှန်ပါသည်၊ ယခုစားသုံးမည်ဆိုပါက သေချာပေါက် အသုံးမ၀င်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်ရန် ပြိုင်ဘက်မရှိသောကြောင့်ပင်။

ထို့ကြောင့် စားသုံးသူကို စွမ်းအားများသာ ကုန်ခမ်းသွားစေလိမ့်မည်။

ချက်ချင်းဆိုသလိုပင် နှစ်လိုဖွယ်ကောင်းသော ရနံ့တစ်မျိုးသည်  ဓားပြများ၏ နှာခေါင်းတွင်းသို့ စီးနင်း၀င်ရောက်လာသည်။ ဓားပြအားလုံး အပြေးအလွှားရောက်လာကြပြီး လင်းချီအား ‌မေးမြန်းလိုက်သည်။ "ဟိတ်..စားတော်ကဲကြီး ဒါဘာဟင်းပွဲတုန်း"

"ကြက်အစပ်ကင်"

လင်းချီ ကြက်ကင်များထည့်ထားသော ပန်းကန်ပြားများကို ကမ်းပေးလိုက်သည်။ ၎င်းမှာ အငွေ့များတထောင်းထောင်းထနေကာ မွှေးကြိုင်သော ရနံ့များဖြင့် သူတို့၏ နှာခေါင်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်‌နေသည်။ ဓားပြအားလုံး ချက်ချင်းပင် သွားရည်ယိုလာကြသည်။

"ငါ့ကိုပေးစမ်း"

"ဟိုကောင် အဲ့တာငါ့ဟာကွ....ဒီကို ငါအရင်ရောက်တာ"

ဓားပြများအားလုံး တစ်ခုခုမသင်္ကာစရာဖြစ်နေသည်ကို သတိမထားမိဘဲ ကြက်ကင်ရရန်သာ အလုအယက် ကြိုးပမ်းနေကြသည်။ သို့သော် သူတို့ တစ်ကိုက် ကိုက်ကြည့်လိုက်သောအခါတွင် မျက်လုံးများ ချက်ချင်း ပြူးကျယ်လာကြသည်။

"သေစမ်း...သောက်ရမ်း စပ်တယ်ဟ"

"စပ်ပေမဲ့ စားလို့တော့ကောင်းသား"

သူတို့အားလုံးချွေးများ ရေတံခွန်ကဲ့သို့ စီးကျ‌နေသော်လည်း စားနေခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။ ဆာလောင်နေသော ဝံပုလွေများကဲ့သို့ အားရပါးရ လုစားနေကြသည်။

ထိုအချင်းအရာအား မြင်ကာ လင်းချီ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ အကြံအစည် အောင်မြင်သွားပြီဖြစ်သည်။

ကြက်ကင်ကို စားပြီးနောက် ဓားပြတစ်ဦးချင်းစီ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များ ပေါက်ကွဲထွက်လာ၍ တစ်ခဏအကြာတွင် အရက်ရှိန်ရောပေါင်းကာ ပင်ပန်းသလို ခံစားလာရပြီး မြေပြင်ပေါ်သို့ အားလုံး လဲကျသွားတော့သည်။

လူသာ ထွက်လာပြီး ဓားပြများအားလုံး အိပ်မောကျ နေသည်ကို မြင်သောအခါ တစ်ခုခုမှားနေသည်ကို သူသိလိုက်သည်။ ထို့‌နောက် ဒယ်အိုးဘေးတွင် ချက်ပြုတ်နေသော လင်းချီထံသို့ လှည့်ကြည့်လိုက်သည်။

"ဟေ့ကောင်...မင်း ဘယ်သူလဲ ဘာလို့ ငါမင်းကို တစ်ခါမှ မမြင်ဖူးတာလဲ"

လင်းချီ သူ့ဘက်သို့ လှည့်၍ မီးတောက်ကြက်ကင်ကို ထုတ်လိုက်သည်။ ထို့နောက် သူ့ရှေ့တွင်ချကာ

"မြည်းကြည့်ဦးမလား"

"မြည်းစရာလား"

လူသာသည် တစ်ခုခုမူမမှန်ကြောင်းအား သိရှိ၍ ကြက်ကင်ကို အဝေးသို့ ပုတ်ထုတ်လိုက်သည်။

သို့ပေမဲ့ လင်းချီသည် မည်သို့မျှ စိတ်မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဓားပြများ အားလုံး အိပ်မောကျနေပြီး သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ခြင်းကြောင့်ဖြစ်၏။

လင်းချီ တည်ငြိမ်စွာ လှည့်လာလိုက်သည်။ သူသည် ခုနကပင် ဓားပြခေါင်းဆောင် စိတ်ထွေပြားနေတုန်း သူ့ထံမှ သော့တွဲကို ခိုးယူထားပြီးသည်ဖြစ်၍ ယွီမုန့်ဆီသို့ သော့တွဲအား ပစ်ပေးလိုက်သည်။

"ဘာကွ...မင်းငါ့ဇနီးကို လွှတ်ပေးလိုက်တယ်...?"

လူသာမှာ မျက်မှောင်ကြုံ့၍ ဒေါသများဖြင့် ပြည့်နှက်နေသည်။ ယွီမုန့်  လှောင်အိမ်တံခါးကို ဖွင့်၍ လူး၀စ်ကို လွှတ်ပေးလိုက်သည်။ နောက်ဆုံးတော့ လူး၀စ် လွတ်မြောက်သွားချေပြီ။ "ယွီမုန့် ‌ကျေးဇူးပဲ"

"ငါ့ကိုကျေးဇူးမတင်နဲ့ လင်းချီကိုသာ တင်"

ထို့နောက် ယွီမုန့် ဖြည်းညှင်းစွာ‌ လျှောက်လှမ်းလာကာ လင်းချီဘေးတွင် ရပ်လိုက်သည်။

"ဟမ့်..ကြည့်ရတာ မင်းက ငါ့လူတွေကို အလဲထိုးပြီးတာနဲ့ ထွက်ပြေးနိုင်ပြီထင်နေတာလား"

ထိုသို့ပြောပြီးနောက် သူ့ဓားကို ဆွဲထုတ်လိုက်သည်။

ဓားမှာ လရောင်အောက်တွင် တလက်လက် တောက်ပနေသည်။

ယွီမုန့် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ရိုးသားစွာ ၀န်ခံရလျှင်  သူမ၏ မှော်စွမ်းအား တစ်၀က်ကိုသာ ပြန်လည်ရရှိသေးသည်ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ဓားသမားဖြစ်သော လူး၀စ်မှာ ဓားပင်မရှိပေ။ ထို့ကြောင့် သူသည်လည်း ဤအခြေအနေတွင် အကူအညီ မပေးနိုင်တော့ပေ။

လင်းချီမှာမူ ပြောစရာ မလိုအောင်ပင် ဓားသမားလည်း မဟုတ် မှော်ဆရာလည်းမဟုတ်။ ထို့အပြင် တိုက်ခိုက်ရေးစွမ်းအားသည်လည်းမရှိ။ လက်ရှိ အသုံးမ၀င်ဆုံးသူကို ပြပါဟု ဆိုပါလျှင် လင်းချီကိုသာ ညွှန်းရပေလိမ့်မည်။

ဆိုရသော် ယခုသူတို့၏ လက်ရှိအခြေအနေဖြင့် အဆင့်မြင့်ဓားသခင်ကို ဆန့်ကျင်ရန် မဖြစ်နိုင်ပေ။

လူသာသည်လည်း လူး၀စ်နှင့် လင်းချီတွင် တိုက်ခိုက်ရေး စွမ်းအားမရှိကြောင်း သတိထားမိလိုက်သည်။ ယွီမုန့်မှာလည်း အခြေခံ မှော်အသုံးပြုသူအဖြစ်သာ ရှိသေးသည်။ ထို့ကြောင့် သူလုံး၀မကြောက်ပေ။

"လင်းချီ နင့်ဆီမှာ မှော်ကန်စွန်းဥလေးရှိသေးလား" ယွီမုန့် မေးလိုက်သည်။

လင်းချီ ယုံကြည်မှု အပြည့်ဖြင့် ပြုံးကာ "ငါ့မှာ ကန်စွန်းဥတော့ မရှိဘူး ဒါပေမဲ့ နင့်ကို ချိုချဉ်တော့ ပေးနိုင်တယ်"

"နင်နောက်ချင်ရင်လည်း အခြေအနေအချိန်အခါကို ကြည့်။ အခုဘယ်ရောက်နေလဲဆိုတာ သတိရဦး" ယွီမုန့်သည် လင်းချီအား ဆူလိုက်သည်။

သို့သော်ငြား လင်းချီ၏ အမူအရာမှာ တည်တည်ငြိမ်ငြိမ်ပင်။ ထို့အပြင် နှုတ်ခမ်းပေါ်၌ အပြုံးတစ်ပွင့်လည်း ရှိနေသေးသည်။

"ငါနောက်နေတာ မဟုတ်ဘူး လွယ်လွယ်ပြောရရင် နင်ဒီသကြားလုံး စားလိုက်တာနဲ့ ငါတို့ အားလုံး အသက်ရှင်ပြီ"

လင်းချီ၏ ယုံကြည်မှုရှိသော အသံကို ကြားလိုက်ရသောအခါ လူး၀စ်နှင့် ယွီမုန့်တို့ သိချင်သွားသည်။

"လင်းချီ မင်းနောက်နေတုန်းလား" လူး၀စ်လည်း သူ့ကို မယုံကြည်ပေ။ "မင်းက တော်တော်လေးအားကိုးမရတာပဲ"

ယွီမုန့်လည်း စိတ်ပျက်သွားကာ သူမ၏ မျက်လုံးများမှာလည်း လင်းချီကို အားကိုးမိသောကြောင့် အရှက်ရနေသည်။ ထို့နောက် လူသာကို အနိုင်ယူရန် နည်းလမ်းများကိုသာ စတင်စဉ်းစားတော့သည်။

"ငါ့ကို ယုံလိုက်စမ်းပါဟ"

လင်းချီ သကြားလုံးကို ယွီမုန့်၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ယွီမုန့်မှာ ထွေးပစ်ချင်သော်လည်း သကြားလုံးလေးမှာ ခရမ်းရောင် တောက်ပနေပြီး ချိုမြိန်သော ရနံများဖြင့် ဆွဲဆောင်နေသည်။

ထို့ကြောင့် သူမ၏ မသိစိတ်မှ အလိုအလျောက်ပင် သကြားလုံးလေးကို ငုံမိသွားတော့သည်။ ရုတ်ခြည်းဆိုသလိုပင် ချိုမြိန်မှုများမှာ သူမ လည်ချောင်းတစ်လျှောက် စီးဆင်းသွားကာ "အ...အရမ်းချိုတာပဲ" ဟု ယွီမုန့် ညည်းတွားမိလိုက်သည်။

ထို့နောက် သူမ၏ ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအားများ တလိပ်လိပ် တက်‌လာသည်ကို ခံစားမိလိုက်သည်။ သူမ စွမ်းအားတို့မြင့်စေသော သကြားလုံး စားလိုက်သည်ကို သတိမထားမိသေးပေ။

ထိုသကြားလုံးမှာ ယွီမုန့်ကဲ့သို့ အခြေခံ မှော်ဆရာများ၏ စွမ်းအားကို ကြီးစွာ တိုးတက်စေသည်။ စားပြီးနောက် အခြေခံမှော်ဆရာမှာ အလယ်အလတ် မှော်ဆရာတစ်ဦး၏ စွမ်းအားကို တခဏမျှ အသုံးပြုနိုင်သည်။

"ငါ့...ငါ့ကိုယ်ထဲမှာ မှော်စွမ်းအင်တွေက ရုတ်တရုက် တိုးလာသလိုခံစားနေရတယ်" ယွီမုန့် မယုံနိုင်စွာ ပြောလိုက်သည်။

တစ်ဖက်ရှိ လူသာမှာ စောင့်မနေတော့ဘဲ သူ၏ဓားကိုကိုင်ကာ ရှေ့သို့တက်၍ လှမ်းခုတ်လိုက်သည်။

"သတိထား.."

လင်းချီ၏ အသံကိုကြားပြီးနောက် သူမ၏ မျက်လုံးများတောက်ပသွားကာ အဝေးရှိ သူမ၏ မှော်တုတ်တံမှာ သူမလက်ထဲသို့ ပြန်ရောက်ရှိလာသည်။

"ရေခဲမှော်ပညာ: ရေခဲချိတ်ပိတ်ခြင်း"

အမှန်တော့ သူမ ယခု မှော်မန္တန်ကို တစ်ခါမျှ အသုံးမပြုဖူးသေးပေ။ သို့သော်လည်း ထိုအချိန်တွင် သတိမမူမိဘဲ ရွတ်လိုက်မိသည်။

ဗုန်း..

သူမ၏ မှော်တုတ်တံမှ လေပြင်းတစ်ချက် တိုက်ခတ်သွားကာ ချက်ချင်းဆိုသလိုပင် ၎င်းပတ်ဝန်းကျင်ရှိ အငွေ့အသက်များကို လေးလံသွားစေသည်။

"ဘာ....."

လေထဲတွင် ရေခဲနှင့် နှင်းများရောနှောနေပြီး လူသာမှာ ရင်ဆိုင်ရ ခက်ခဲနေသည်။

"အာ့....."

သူမတွင် ထိုကဲ့သို့သော မန္တန်ကို အသုံးပြုရန် စွမ်းအားလုံလောက်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူး‌ပေ။

လူသာမှာ အဆင့်မြင့်ဓားသခင်အဆင့်မျှသာဖြစ်သည့်အ‌လျောက် သူ့တွင် အလယ်အလတ်အဆင့်ရှိ‌သည့် မှော်စွမ်းအားကို ခုခံရန် အင်အားမလုံလောက်ပေ။

မကြာမီ သူ မတောင့်ခံနိုင်တော့။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အဝေးသို့ လွင့်ထွက်သွားပြီး ခြေလက်တို့မှာ ရေခဲနေလေသည်။

"အား....."

ယွီမုန့်သည် သူမတွင်ရှိသော မန်နာ အားလုံးကို ခြောက်ကပ်သွားအောင် အသုံးပြုခဲ့ရသည်။ ကံကောင်းစွာ လင်းချီမှာ နောက်မှ ထိန်းထားပေးသောကြောင့် လဲမကျသွားခြင်းပင်။

"မင်းအဆင်ပြေရဲ့လား"

ထိုအချိန်တွင် လင်းချီမှာ သူမကို နောက်မှ ထွေးပွေ့ထားပြီး သူ့ရင်ထဲတွင် တလှပ်လှပ်ဖြစ်နေသည်။ ယခုက သူ ပထမဆုံးအကြိမ် မိန်းကလေးတစ်ယောက်ကို ပွေ့ဖက်ဖူးခြင်းပင်ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ လူသာ၏ မျက်လုံးများမှာ ဒေါသမီးများ တောက်လောင်နေသည်။ သူ့အား အေးခဲထားသော ရေခဲများဆီမှ ကိုယ်လွတ်ရုံးကာ လင်းချီတို့ထံ အံကြိတ်၍ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။

သို့သော် လင်းချီသည် သူ့တွင် မည်သည့်ခွန်အားမျှ မကျန်တော့ကြောင်းသိသောကြောင့် လူသာနှင့် ရင်ဆိုင်ရမည်ဆိုပါကလည်း တစ်ချက်ကလေးမျှ ယိမ်းယိုင်သွားမည်မဟုတ်ပေ။

"မင်းနာမည် ဘယ်လိုခေါ်လဲ"

All Chapters