← Chapters

စမ်းသပ်ပွဲ၏ ပါဝင်ယှဥ်ပြိုင်သူများ

Vol. 3 Ch. 22

စမ်းသပ်ပွဲ၏ ပါဝင်ယှဥ်ပြိုင်သူများ

Vol. 3 Ch. 22

သူတို့ရှေ့တွင် ရပ်နေသည့် ဧရာမပုဂ္ဂိုလ်မှာ သံမဏိချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ သူ၏ခန္ဓာကိုယ်မှာ ကြီးမားပြီး အရပ်က အနည်းဆုံး ၂မီတာလောက် ရှည်သည်။ လူတိုင်း ထိုလူ့ကို တွေ့လိုက်ချိန်၌ အံ့အားသင့်သွားခဲ့ကြသည်။

လင်းချီတောင်ပင် အံ့အားသင့်မှုကို မလွန်ဆန်နိုင်ချေ။ သူ၏ မျက်လုံးတို့ပြူးကျယ်သွားပြီး နှုတ်မှ ရုတ်တရက်ထွက်သွားသည်။'' ဒီလူ့ခန္ဓာကိုယ် ဒါက တအားကြီးနေတာ မဟုတ်ဘူးလား?"

ထိုအချိန်တွင် ယွီမုန့်က ထိုလူ့အကြောင်းရှင်းပြပေးလာသည်။ "သူက ချီရှင်းမြို့တော် မင်မိသားစုရဲ့ သခင်လေး မင်ရှန့်လေ  သူ့ကို အဲ့ဒီလို အကြည့်မျိုးနဲ့ မကြည့်နဲ့ သူကလည်း အဆင့်မြင့်ဓားသမားတစ်ယောက်ပဲ"

လင်းချီလည်း သေသေချာချာ သတိထားကြည့်လိုက်တော့ ထိုဧရာမပုဂ္ဂိုလ်၏နောက်တွင် အလွန်ကြီးမားသော သံမဏိဓားကြီးတစ်လက်ကို တွေ့လိုက်ရသည်။ ဒါ့အပြင် ထိုအရာကို သံကြိုးများနှင့်ပင် တွယ်ဆက်ထားသေး၏။ ထိုအရာက ပေါ့ပါးလိမ့်မည် မဟုတ်ဟု သူခံစားမိလိုက်သည်။

ချီရှင်းမြို့တော်သည် ကြီးကျယ်မြင့်မြတ်သော မျိုးနွယ်များ အလွန်နည်းပါးပြီး အခြေအနေမှာ အတော်ဆုတ်ယုတ်နေခဲ့ပြီးဖြစ်သည်။ ရလဒ်အနေနှင့် ပြိုင်ပွဲသို့ ပါ၀င်ယှဥ်ပြိုင်သူနှစ်ယောက်သာ ပို့နိုင်ခဲ့သည်။

သူတို့မှာ မင်မိသားစုမှ သခင်လေးနှင့် ရှောင်းမိသားစုမှ သခင်လေးတို့ဖြစ်ကြသည်။

သူတို့၏ ပုံပန်းသွင်ပြင်က လူတိုင်း၏အကြည့်ကို ရန်လိုလာစေသည်။ ထိုလူနှစ်ယောက်၏ စွမ်းအားကို လူတိုင်း သိရှိကြပြီးဖြစ်ပေသည်။ အထူးသဖြင့် ပေါင်ရာဂဏန်းလောက်ရှိသော ဧရာမလူသန်ကြီးကဲ့သို့ထင်ရသည့် မင်မိသားစုမှ သခင်လေးဖြစ်သည်။

'သူ့ကိုမကြည့်နဲ့ သူတို့သာ တကယ် တိုက်ခိုက်ကြမယ်ဆိုရင် သူ့ရဲ့ခုတ်ချက်‌တွေကို တားဆီးနိုင်တဲ့သူဆိုတာ အင်မတန်နည်းတယ်'

"ဒီလူက တကယ်ဘဲ အဲ့လောက်တော်တာလား"

ထိုအချိန်တွင် လူသာမှာ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် ထိုဓားသမား၏ တည်ရှိမှုအကြောင်းကိုသာ တွေးနေမိသည်။ သူတို့ အမှန်တကယ် တိုက်ခိုက်ကြမည်ဆိုလျှင် ရလဒ်က မည်သို့ထွက်လာမည်နည်း?

ထိုကဲ့သို့တွေးရင်း သူ၏ဓားမှာ တိုက်ခိုက်၍ရသည့် တစ်စုံတစ်ခုအား တောင့်တနေသည့်အလား။ သို့သော် လေနက်ခံတပ်၏ စည်းမျဉ်းစည်းကမ်းများကြောင့် မဆင်မခြင်ပြုလုပ်ရန် မဝံ့ရဲခဲ့ပေ။ ထို့ကြောင့် သူတို့အပြင်ရောက်မှ တစ်ကြိမ်လောက် တိုက်ခိုက်ကြရန် သူ့ကိုယ်သူ သတိပေးနေလိုက်သည်။

လူးဝစ်က ရယ်လိုက်ရင်း ပြောလိုက်သည်။ "တွေးတောင် မတွေးလိုက်နဲ့၊ အဲ့ဒီဝတုတ်က အဆင့်မြင့်ဓားသမားဆိုတဲ့ အဆင့်မှာပဲရှိသေးတယ်ဆို‌ပေမယ့် သူရဲ့ခွန်အားက တခြားအဆင့်တူတွေထက် တော်တော်လေးသာတယ် ငါကြားဖူးတာကတော့ အရင်တုန်းက သူ့ကို စိန်ခေါ်တဲ့ အဆင့်မြင့်ဓားသမားတစ်ယောက်ရှိခဲ့ဖူးတယ် အဆုံးသတ်မှာ တိုက်ကွက်တစ်ကွက်လေးနဲ့ အဲ့ဝတုတ်က ပြိုင်ဘက်ကို အလဲထိုးနိုင်ခဲ့တာ"

ထိုအကြောင်းကိုကြားပြီး လူတိုင်း မတတ်သာပဲ ၎င်းလူထွားကြီးအပေါ် ကြောက်ရွံ့စိတ်များ ဝင်လာကြသည်။ သူ၏ဦးတည်ရာ ကောင်တာဆီသို့ လမ်းလျှောက်သွားသော လေးလံသည့် သူ့ခြေလှမ်းများမှာ တဗုန်းဗုန်းမြည်သံထွက်နေသည်။ ထိုအချိန်တွင် မည်သူမှ သူ့ကိုရပ်တန့်ရန် မဝံ့ရဲ့ကြပေ။

ထိုသို့သော ဖိအားမျိုးသည် လူများကို တုန်လှုပ်ခြောက်ခြားစေသည်။

"တစ်ယောက်ခန်း နှစ်ခန်း!"

သူ့အသံ ထွက်ပေါ်လာသည်နှင့် ကောင်တာစာရေးလေး၏ အမူအရာမှာ အလွန်ကြောက်ရွံ့လာခဲ့သည်။ ထို့နောက် သူက သော့များကို အလျင်စလို ကမ်းပေးလိုက်သည်။

တစ်ဖက်တွင် ယွီမုန့်က အလွန်စိတ်သက်သာရာ ရသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် မင်မိသားစုနှင့် ရှောင်းမိသားစုတွင် အလွန်တင်းကြပ်သော စည်းကမ်းများရှိပြီး သူတို့အားရန်မစလျှင် တခြားသူများကို ရန်ပြုခြင်းလုပ်မည် မဟုတ်ပေ။ ထိုနှစ်ယောက်သည် ကြားနေဝါဒကို ကျင့်သုံးကြသည်ဟုပင် ဆိုနိုင်သည်။

ထိုနှစ်ယောက် သူတို့အခန်းဆီသို့ လျှောက်သွားကြတာကို မြင်ပြီးနောက် လူသာက သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။ "ဘာလို့ ဒီစမ်းသပ်မှုမှာ ပါဝင်တဲ့သူတွေက အတော်လေး ထူးဆန်းနေရတာလဲ"

"ဒါက တော်တော်ထူးဆန်းလို့လား? မင်းကသာ ထူးဆန်းတယ်ပြောနေတာ ဒီမှာ ပါဝင်ယှဥ်ပြိုင်သူတွေဆိုတာ သေချာရွေးချယ်ထားတဲ့ အတော်တကာ့ အတော်ဆုံးတွေပဲ ဒီလောက်တော့ရှိမှာပေါ့"

လူးဝစ်က သဘောတူပြီး ရယ်မောလိုက်သည်။ "အတိအကျပဲ၊ ငါတို့ကိုလည်း မြို့တော်ကနေ အတော်ဆုံးတွေလို့ သတ်မှတ်ပြီး ရွေးချယ်ခဲ့ကြတာပဲလေ ဒါပေါ့ ချွင်းချက်တွေတော့ ရှိတာပဲ!"

ဒီချွင်းချက်က လင်းချီကို ဦးတည်ပြောမှန်းသိသာသည်။  သို့သော်လည်း ထိုအခိုက်တွင် လင်းချီသည် ဘာတစ်ခုမှ ဝင်မပြောဘဲ သူ၏အကြည့်တို့သည် အဝေးမှ ပြတင်းပေါက်တစ်ခုဘေးတွင် မတ်တပ်ရပ်နေသော မိန်းကလေးတစ်ဦးပေါ်၌ ရပ်တန့်နေသည်။

ထိုမိန်းကလေးသည် ဆန်းကြယ်သည့်အရှိန်အဝါတစ်မျိုးနှင့် ပြည့်နှက်နေ၏။ သူမက ယွီမုန့်ကဲ့သို့ မျက်နှာကို ဇာပုဝါလွှမ်းထားသည်။ သို့သော် သူမ၏အသွင်အပြင် မျက်လုံးများက သူမသည် အလှပဂေးတစ်ဦးဖြစ်ကြောင်း သိသာစေသည်။

"ဟေး လင်းချီ၊ မင်းဘာတွေကြည့်နေတာလဲ?"

လူးဝစ်ရောက်လာပြီး မေးလိုက်သည်။ သူက လင်းချီစိုက်ကြည့်နေသော နေရာသို့ လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်သည်။

"အိုး. . . . .မင်း အဲ့ဒီအလှလေးကို ကြည့်နေတာပဲ အဲ့ဒီမိန်းကလေးကဘယ်သူလဲ မင်းသိလား?"

လင်းချီလည်း စိတ်ဝင်စားလာပြီး လူးဝစ်ဘက်သို့လှည့်ကာ ခေါင်းခါပြလိုက်သည်။ "မသိဘူး သူမက ဘယ်သူလဲ?"

"ဟားဟား၊ သူမကလည်း ငါတို့လို ပြိုင်ပွဲဝင်တစ်ယောက်ပဲလေ လင်းလုံမြို့ကပေါ့"

"ဆက်ပြော" လင်းချီက ခေါင်းငြိမ့်ပြခဲ့သည်။

"သူမက မေးလ်ကုန်းမြေတိုက်ကြီးရဲ့ အလယ်ပိုင်းဒေသတွေထဲက ရှေးဟောင်းမြို့တော်ရဲ့ မှူးမတ်မျိုးရိုးကပဲ အဲ့နေရာက မှူးမတ်တွေက တစ်ချိန်တုန်းက ဒီတိုက်ကြီးကို အချိန်အတိုင်းအတာတစ်ခုအထိ အုပ်စိုးခဲ့ဖူးတယ်လို့ ပြောကြတယ် ဒါပေမယ့် သူတို့က အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တာကြောင့် လူပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ခံခဲ့ရတယ်"

"နောက်ပိုင်းကျ သူမရဲ့မိသားစု ဖြုတ်ချခံခဲ့ရပြီး သူတို့ရဲ့ အုပ်စိုးမှုလည်း အဆုံးသတ်သွားခဲ့တယ်။ အခု သူတို့က မျိုးရိုးမြင့်မိသားစုတစ်ခုသာသာပဲ သူတို့ရဲ့မျိုးဆက်တွေကလည်း ဘိုးဘေးတွေရဲ့ 'အပြစ်သား' ဆိုတဲ့ ခေါင်းစဥ်ကို ဆက်ခံနေကြရတယ်"

သူမ၏အမည်က သုန့်လင် ဖြစ်ပြီး သူမသည် ယွီမုန့်ကဲ့သို့ အခြေခံအဆင့် မှော်ဆရာတစ်ဦးဖြစ်သည်။ သို့ရာတွင် လင်းလုံမြို့တော်၏ ရှေးဘိုးဘေးများသည် သူတို့၏ မှော်အမွေအနှစ်တို့ကို သိမ်းယူခံခဲ့ရသည်။ နောက်ပိုင်းတွင် သူတို့၏ ဆက်ခံသူများက အချို့အမွေအနှစ်များကို ပြန်လည်ရရှိအောင် ကြိုးပမ်းနိုင်ခဲ့သော်လည်း အပိုင်းတစ်ပိုင်းမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ပြောကြသည်မှာ သူတို့၏ ရှေးဘိုးဘေးများက အမွေအနှစ်များ အသိမ်းခံရမည့် အရေးမှ ကာကွယ်ရန် ယင်းအပိုင်းအား ဝှက်ထားခဲ့ကြသည်ဟုပင်။

ထို ပျောက်ဆုံးနေသော စာမျက်နှာများတွင် အလွန်အစွန်းထက်သော တားမြစ်ထားသည့် မှော်ဂါထာများ ပါဝင်သည်။ ထို့ကြောင့် အနည်းငယ်သော လူတို့သာ ထိုအရာကို ရှာဖွေရန် ကြိုးစားကြလိမ့်မည်၊ သို့သော် တစ်ချိန်တည်းတွင် သုန့်လင်သည်လည်း သူမအား ရည်ရွယ်ချက်ရှိရှိချဥ်းကပ်လာသူများကို သတိထားနေခဲ့ရသည်။

ဗဟိုတည်းခိုဆောင် တစ်ခုလုံး ပြိုင်ပွဲဝင်များနှင့် ပြည့်လုနီးပါးဖြစ်သွားသည်ကို ကြည့်ရင်း လင်းချီလည်း အနည်းငယ် စိတ်ရှုပ်သွားသည်။ သူသည် လူစုလူဝေးကြောင့် မနက်စာစားဖို့အတွက်ပင် အမြဲတမ်း စောင့်နေရသည်။

ထို့နောက် သူ အကြံတစ်ခု ရသွားသည်။ သူသည် သူ၏စနစ်အား အနာဂတ်တွင် အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်း သိသဖြင့် ထုံးစံအတိုင်း ထိုအရာကို အဆင့်မြှင့်တင်ရန် ရွှေဒင်္ဂါးများ လိုအပ်လိမ့်မည်။

ယခု သူ့တွင် ရွှေဒင်္ဂါးလက်ကျန် များများစားစား မရှိတော့ပေ၊ သူ၏ အတွေ့အကြုံရမှတ်များသည်လည်း ပြည့်လုနီးပါးဖြစ်နေပြီ။ ထို့ကြောင့် နောက်ထပ်အဆင့်မြှင့်တင်ဖို့ရန်အတွက် ပြင်ဆင်ရန် ငွေရှာဖို့ သူ စတင်လုပ်ဆောင်သင့်ပြီမဟုတ်လား။

ဤနေရာတွင် ဝန်ဆောင်မှုမှာ အလွန်နှေးသောကြောင့် အစားအသောက်အတွက် အချိန်အကြာကြီး စောင့်ဆိုင်းနေရသည့် ပြိုင်ပွဲဝင်များကိုလည်း သူကူညီနိုင်လိမ့်မည်။

လင်းချီသည် သူ၏စနစ်မှ အစားအသောက်အားလုံးကို ထုတ်ယူလိုက်သည်။ သံသယဖြစ်ခံရခြင်းမှ ရှောင်ကြဉ်ရန်အတွက် သူသည် တမင်တကာ ဒုတိယထပ်ရှိ အခန်းသို့သွားကာ အစားအသောက်များကို ပြင်ဆင်ခဲ့သည်။ ထို့နောက် သူက ပထမထပ် ခန်းမအတွင်းရှိ လူများကို အော်ပြောလိုက်သည်။ "အားလုံးပဲ ဒီမှာ မနက်စာရနေပြီနော်။ သုံးဆောင်လိုသူတိုင်း လာရောက်စားသုံးနိုင်ပါပြီ!"

လင်းချီ အော်ပြောပြီးလျှင်ပြီးချင်း ပထမထပ်ရှိ သေလုမျောပါး ဆာလောင်နေသူများမှာ ဒုတိယထပ်သို့ အလုအယက် တက်လာကြသည်။

လင်းချီသည် စားပွဲပေါ်တွင် သူ ကြိုတင်ပြင်ဆင်ထားသည့် အသားကင်နှင့် မှော်ကန်စွန်းဥများကို  ရောင်းချရန် အဆင်သင့်ဖြစ်နေခဲ့သည်။

သူသည် တစ်စုံတစ်ယောက်၏ စီးပွားရေးကို နှောက်ယှက်နေသည်မှာ သိသာသော်လည်း တည်းခိုဆောင်က သူ့ကို တစ်စုံတစ်ခု မပြုလုပ်ရဲပေ။ သူတို့က အကောင်ကြီးကြီးအမြီးရှည်ရှည်များ မဟုတ်ပါလား။ သူတို့ထဲက တစ်ယောက်ယောက်ကိုသာ စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်မိလိုက်ပါက သူတို့ပဲ ဒုက္ခရောက်သွားနိုင်သည်။

လူတိုင်း ဒုတိယထပ်သို့ တက်သွားချိန်တွင် သူတို့အားလုံးသည် ထူးကဲသောစားဖွယ်များစွာ၏ နောက်တွင် ရပ်နေသည့်လင်းချီကို မြင်ရချိန်၌ ကြက်သေသေသွားခဲ့ကြသည်။

"ဒါ . . . ဒါဆန်းသစ်လမြို့တော်က လင်းမိသားစုရဲ့ သခင်လေးမဟုတ်လား?"

"ဘာ? သူ့မိသားစုက မွဲပြာကျသွားလို့လား ဒါမှမဟုတ် တစ်ခုခု ဖြစ်လို့လား? ဘာလို့သူ ရုတ်တရက်ကြီး မနက်စာ ရောင်းနေတာလဲ?"

"မဟုတ်သေးဘူး. . .ဒါ ထောင်ချောက်တစ်ခုများလား?"

မည်သူမှ ထိုစားဖွယ်များကိုဝယ်ယူရန် အပေါ်သို့ မသွားဝံ့ကြပေ။ လင်းချီလည်း အလွန် ရှက်နေမိသည်။ စုရုံးနေသောလူအုပ်ကြီးက သူ့ကိုစိုက်ကြည့်နေချိန်တွင် သူလည်း အကူအညီမဲ့စွာ ရပ်နေရုံသာ တတ်နိုင်သည်။

"အမ်"

ထိုအချိန်တွင် လူထွားကြီးတစ်ယောက်က လူအုပ်ထဲမှ ထွက်လျှောက်လာခဲ့သည်။ သူက အေးဆေးတည်ငြိမ်နေခဲ့ပြီး ရန်ပြုမည့်ပုံလည်း မပေါ်ခဲ့ပေ။ သူသည် လင်းချီဆီသို့ တစ်လှမ်းချင်း လျှောက်သွား၏။

ကြီးမားသည့် စိတ်ဖိအားသည် လင်းချီအား ထိတ်လန့်ချွေးပြန်စေသောကြောင့် သူသည် ပုံစံမကျစွာသာ ပြုံးနိုင်တော့သည်။ "မင်း ဘာလိုချင်လို့လဲ?"

လူထွားကြီးသည် မှော်ကန်စွန်းဥကို မညွှန်ပြမီ ခဏတာ စဥ်းစားလိုက်ပြီး "ငါ့ကို ကန်စွန်းဥအလုံး ငါးဆယ်ပေး" ဟု ပြောလိုက်သည်။

ထိုအရေအတွက်က လင်းချီအပါအဝင် အားလုံးကို အံ့သြသွားစေခဲ့သည်။

"သူက ကန်စွန်းဥအလုံးငါးဆယ်ကို ဒီလိုပဲ ဝယ်ချပစ်လိုက်တယ်?"

မင်မိသားစုမှ သခင်လေးသည် အလွန်အစားကြီးသူ တစ်ယောက်ဖြစ်ကြောင်း သူ အမြဲကြားခဲ့ရပြီး ဖြစ်သည်။သို့သော် သူ့မျက်စိရှေ့တွင် အမှန်တကယ် ကိုယ်တိုင်တွေ့မြင်လိုက်ရမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

All Chapters