← Chapters

အကန့်အသတ်မဲ့အိတ်

Vol. 3 Ch. 24

အကန့်အသတ်မဲ့အိတ်

Vol. 3 Ch. 24

"ဒါက ဘယ်လိုမေးခွန်းကြီးလဲ ပိုက်ဆံမလိုချင်တဲ့လူ ဘယ်မှာရှိမှာလဲ"

“ဒါက… သခင်လေး အချို့ကျ ပိုက်ဆံထက် မှော်ရတနာတွေကို ပိုကြိုက်တဲ့သူတွေလည်း ရှိတာပဲလေ”

"ဘာ အဲ့လို ရှိတယ်လား?"

လူသာက ရှင်းပြသည်။ “ဒါ‌ပေါ့ မေးလ်ကုန်းမြေတိုက်ကြီးမှာ မှော်ရတနာတွေက မင်းရဲ့စွမ်းအားကို ဆက်တိုက်တိုးတက်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲ‌လေ  လေနက်ခံတပ်မှာ အဖွဲ့နှစ်ဖွဲ့ရှိတယ် ပထမတစ်ဖွဲ့က မှော်ဆရာ‌တွေအတွက် မှော်အဖွဲ့အစည်း ၊ဒုတိယတစ်ဖွဲ့ကကျ  ဓားသမားတွေအတွက် ဓားသမားအဖွဲ့အစည်း အဲ့အဖွဲ့နှစ်ဖွဲ့က မှော်ဆရာတွေနဲ့ ဓားသမားတွေဆီကနေ မှော်အဆီအနှစ်တွေကို ပိုက်ဆံနဲ့လဲပြီးမှ စီးပွားရေးလုပ်နေတဲ့ စွန့်ဦးလုပ်ဆောင်သူ လူချမ်းသာတွေက ဖွဲ့ထားတာလေ”

မှော်စွမ်းအင်အဆီအနှစ်ဟုခေါ်သော အရာမှာ မှော်ဆရာနှင့် ဓားသမားများက ရှားပါးမိစ္ဆာသားရဲများကို သတ်ဖြတ်ခြင်းဖြင့် ရရှိနိုင်သော ရတနာတစ်မျိုးဖြစ်သည်။ မိစ္ဆာသားရဲအဆင့်အလိုက် မှော်စွမ်းအင်အဆီအနှစ်များသည်လည်း အမျိုးအစားအမျိုးမျိုးရှိသည်။

ရှားပါး‌သော မိစ္ဆာသားရဲများ၏ အဆင့်သတ်မှတ်ချက်သည် အခြားအရာများနှင့် ကွဲပြားသောကြောင့် ၎င်းတို့ကို ကြယ်တစ်လုံး နှစ်လုံး စသည်ဖြင့် တိုင်းတာ၍မရပေ။ ထို့ကြောင့် ၎င်းတို့ကို တိကျသောအမည်များအသုံးပြု၍ အဆင့်သတ်မှတ်ထားသည်။

အဆင့်နိမ့်ရာမှ မြင့်ရာအလိုက် ရှားပါး၊ ဥသျှောင်၊ ပိုင်နက်သခင်၊ ဒဏ္ဍာရီလာနှင့် ဂန္တဝင်အဆင့် ဟူ၍ စီထားသည်။ အဆင့်တစ်ခုစီက တန်ဖိုးရှိသော မှော်ရတနာကို ပေးနိုင်လေသည်။ အားပျော့သော ရှားပါးမိစ္ဆာသားရဲပင်လျှင် ၎င်းကို တိုက်ခိုက်ရန်အတွက် မှော်ဆရာနှင့် ဓားသမား အနည်းငယ် လိုအပ်မည်ဖြစ်သည်။

ပိုင်နက်သခင်အဆင့်နှင့်အထက်အတွက် ၎င်းကိုအနိုင်ယူရန် အဆင့်မြင့်မှော်ဆရာများနှင့်အထက်ဖြစ်ရန် လိုအပ်သည်။ ဒဏ္ဍာရီအဆင့်နှင့် ပတ်သက်၍ မေးလ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ထိုကဲ့သို့သောသတ္တဝါများကို မည်သူမျှ တိုက်ခိုက်ဝံ့မည်မဟုတ်ပေ။ နဂါးပျံတောင်ကြားရှိ မီးတောက်နဂါးများ၏ ခေါင်းဆောင်သည် မည်သူမျှ မတိုက်ခိုက်ဝံ့သော မတိုက်ခိုက်နိုင်သော ဒဏ္ဍာရီလာ မိစ္ဆာသားရဲတစ်ကောင်ဖြစ်သည်။

နောက်ဆုံးအနေနဲ့ ဂန္တဝင်အဆင့်အဖြစ် အမျိုးအစားခွဲထားသည့် နတ်ဆိုးသားရဲတွေကို တစ်ခါမှမတွေ့ဖူးချေ။ သို့သော်လည်း နတ်သူငယ်ကိုးဖော်စမ်းချောင်းထဲတွင် ကောင်းကင်ကိုပင်မြိုနိုင်သော ကြီးမားသည့် စပါးကြီးမြွေကြီးမှာ ဂန္တဝင်အဆင့် မိစ္ဆာသားရဲဖြစ်သည်ဟု သတင်းထွက်ဖူးသည်။ သို့သော် ၎င်းကိုမြင်ရခဲသောကြောင့် ၎င်းနှင့်ပတ်သက်သည့် ကောလဟာလများမှာ အလွန်နည်းပါးခဲ့သည်။

မေးလ်ကုန်းမြေတိုက်ကြီးရှိ မှော်ဆရာများ၏ အန္တိမရည်မှန်းချက်မှာ ဒဏ္ဍာရီလာ နဂါးတို့၏ ခေါင်းဆောင်ကို တိုက်ခိုက်ရန်အတွက် နဂါးပျံတောင်ကြားသို့ သွားနိုင်ရန်ဖြစ်သည်။ ဒဏ္ဍာရီအဆင့် မှော်ရတနာများမှာ အနိုင်ယူရန် လုံးဝနီးပါးမဖြစ်နိုင်သော ဒဏ္ဍာရီလာ မိစ္ဆာသားရဲများကို အနိုင်ယူခြင်းဖြင့်သာ ရရှိနိုင်ကြောင်း သိထားရပေမည်။ ထို့ကြောင့် မှော်ဆရာတိုင်းသည် ထိုဒဏ္ဍာရီလာ မှော်ရတနာကို ပထမဆုံး ရရှိမည့်သူဖြစ်ရန် မျှော်လင့်တောင့်တကြသည်။

ဒါပေါ့၊ ဒါဟာ လက်ရှိ လင်းချီအတွက်တော့ ရိုးရှင်းတဲ့ အိပ်မက်တစ်ခုပါပဲ။ သူ၏ လက်ရှိခွန်အားဖြင့် ရှားပါးသော မိစ္ဆာသားရဲမဆိုထားနှင့် ကြယ်ပွင့်အဆင့်သတ်မှတ်ချက်ဖြင့် မိစ္ဆာသားရဲများးကိုပင် အနိုင်မယူနိုင်ချေ။

ယခုတော့ သူသည် ပိုက်ဆံများများရရန် နည်းလမ်းကိုသာ တွေးနေရသည်။

တွေးနေရင်းဖြင့် လင်းချီက လူသာကို မေးလိုက်သည်။ “မင်းမှာ မှော်စွမ်းအင်အဆီအနှစ် ရှိလို့လား”

လူသာသည် သူ့လက်များကို ဖြန့်ကာ ရိုးရိုးရှင်းရှင်းပြောလာသည်။ “အဲဒီတောင်ပေါ်စခန်းကို ကျွန်တော်နေရာစယူကတည်းက ကြယ်ပွင့်အဆင့် အဆင့်နိမ့်မိစ္ဆာသားရဲတွေကိုပဲ တွေ့ခဲ့ရတယ် ရှားပါးအဆင့်ထက် ပိုမြင့်တဲ့ သားရဲတွေနဲ့ မရင်ဆိုင်ဖူးဘူး”

လင်းချီ မျက်လုံး လိမ့်လိုက်ပြီး ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ "ဒါဆိုရင်တော့ မင်း အဓိပ္ပာယ်မရှိတာတွေ လာပြောနေတာပဲ မှော်စွမ်းအင်အဆီအနှစ်ကို ငွေနဲ့ ငါက ဘယ်လို လဲရမှာလဲ"

လူသာလေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "သခင်လေးမှာရှိတာ ကျွန်တော်သေချာတယ်!"

“အင်း…”

ထိုသို့ ပြောပြီးနောက် လင်းချီသည် မှော်ဆရာနှင့် ဓားသမားအုပ်စုကို ကြည့်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။ "ဒီလူအုပ်ထဲမှာ အနည်းဆုံး မှော်အဆီအနှစ် တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်တော့ ရှိကြမှာပဲ"

သို့သော် သူသည် ၎င်းတို့ကို ခိုးယူရန် မတတ်နိုင်ပေ။ သူ့တွင် လျှာကဝေစနစ်တစ်ခုသာရှိသည်။ ဒီလောက်အဖိုးတန်တဲ့ အရာကို အစားအသောက်အတွက်နဲ့တော့ ဘယ်သူမှ လဲလှယ်မှာ မဟုတ်ဘူး မဟုတ်လား။

မဟုတ်ရင်...

သူတို့သာ အရေးပေါ် အခြေအနေမှာ ရှိနေခဲ့ရင်တော့ အဲဒါကို သူ အခွင့်ကောင်းယူလို့ရလိမ့်မယ်။ အဲ့အချိန်သူတို့မှာ သူ့ရဲ့ အထူးဟင်းလျာတွေအတွက် မှော်အစွမ်းအနှစ်ကို လဲလှယ်ဖို့ကလွဲပြီး ရွေးချယ်စရာ ရှိမှာမဟုတ်ဘူး။

"လင်းချီ!"

ထိုအချိန်တွင် ယွီမုန့် လမ်းလျှောက်လာပြီး မေးလိုက်သည်။ "လင်းချီ ရှင့်မှာ ကန်စွန်းဥတွေရှိသေးလား"

“အင်း!”

လင်းချီ သတိလက်လွတ် ကန်စွန်းဥတွေကို ယွီမုန့်အား ပေးလိုက်သည်။ သူ သူမကို ပိုက်ဆံမတောင်းပေမယ့် ယွီမုန့်မှ ချက်ချင်း ငွေဒင်္ဂါးဆယ်ပြား ပေးလိုက်သည်။

“ငါတို့က တစ်လမ်းတည်းသွားအဖော်တွေပါ မင်း ငါ့ကို ပိုက်ဆံပေးဖို့ လိုသေးလို့လား" လင်းချီ ပြုံးပြီး ငွေဒင်္ဂါးဆယ်ပြားကို ပြန်တွန်းလိုက်သည်။

သို့သော်လည်း ယွီမုန့်သည် လင်းချီ၏ ကြင်နာမှုကို လက်မခံချင်သောကြောင့် လင်းချီအား ငွေလက်ခံရန် လက်မလျှော့ ပြောဆိုနေခဲ့သည်။

ယွီမုန့်၏ ခေါင်းမာသော အမူအရာကို မြင်လိုက်ရတော့ လင်းချီလည်း သူမ၏ ငွေဒင်္ဂါးပြားများကို တွန့်ဆုတ်စွာ ယူလိုက်ရသည်။ ထို့နောက် သူ မေးသည်။ “ယွီမုန့် ယွီမိသားစုမှာ ရှားပါးမိစ္ဆာသားရဲ‌တွေကို တိုက်ခိုက်ဖို့ အဖွဲ့ ဖွဲ့ဖူးလား”

"ဘာလို့ မေးတာလဲ"

ယွီမုန့်သည် ကန်စွန်းဥကို စားရင်း သိလိုစိတ်ပြင်းပျစွာ မေးလိုက်သည်။

'လင်းချီ ဘယ်တုန်းကများ ဒီလိုမျိုးတွေကို စိတ်ဝင်စားသွားတာလဲ'

"အကြောင်းပြချက်မရှိပါဘူး!"

ယွီမုန့် သက်ပြင်းချလိုက်သည်။ "ယွီမိသားစုက မှော်ဆရာတွေထဲမှာမှ အထက်တန်းနွယ် မိသားစုတစ်ခုလေ ငါတို့ အဘိုးရဲ့ မျိုးဆက်ကတည်းက‌ မိစ္ဆာသားရဲတွေကို တိုက်ခိုက်ဖို့ နေရာမျိုးစုံကို သွားခဲ့ကြတယ် ရှားပါးအဆင့် မိစ္ဆာသားရဲတွေကိုလည်း တွေ့ခဲ့ပေမဲ့ ဥသျှောင်အဆင့်မှာပဲ ရပ်လိုက်ကြတာ အဲ့ထက်မြင့်တဲ့အဆင့်တွေကိုတော့ ယွီမိသားစုက  စိန်မခေါ်ခဲ့ဖူးဘူး"

"ရှားပါးအဆင့်သားရဲတွေကရော?"

“ရှားပါးအဆင့်တွေက ရှာရလွယ်တယ် မနှစ်တုန်းကတော့ အဲဒီအဆင့်ရှိတဲ့ သားရဲတစ်ကောင်ကို တိုက်ဖို့ ငါ ငါ့အစ်ကိုနှစ်ယောက်နောက်ကို လိုက်သွားခဲ့သေးတယ်”

၎င်းကိုကြားတော့ လင်းချီ ရုတ်တရက် စိတ်လှုပ်ရှားလာပြီး မေးလိုက်သည်။ "အင်း... တိုက်ပွဲအပြီးမှာ ရှားပါးအဆင့် မှော်ရတနာတစ်မျိုးမျိုး... မှော်အဆီအနှစ်လိုဟာမျိုး ရလာတာမျိုးရှိလား"

"ဒါပေါ့ ယွီမိသားစုမှာ ရှားပါးမှော်အဆီအနှစ်‌တွေ အများကြီးရှိတယ် အဲ့တာတွေနဲ့ မှော်ကိရိယာအချို့ကို ဖန်တီးလို့ရတယ်လေ!”

ထို့နောက် ယွီမုန့်သည် သူမ၏ အိတ်ကပ်ထဲမှ အိတ်လေးကို ထုတ်ကာ “ဒါက မှော်အဆီအနှစ်နဲ့ ငါ ဖန်တီးထားတဲ့ မှော်အိတ်ပဲ သူ့မှာ ဆန်းပြားတဲ့သက်ရောက်မှုတွေမရှိပေမယ့် သုံးရတာအတော်အဆင်ပြေတယ်”

"ဘယ်လို အဆင်ပြေတာလဲ"

“ဒီအိတ်က အကန့်အသတ်မဲ့ သိုလှောင်အိတ်လေ အပိုပစ္စည်းအများကြီးကို သိမ်းဆည်းထားနိုင်တယ် ပစ္စည်းတွေကို သိမ်းဆည်းဖို့ပဲ ကောင်းတာပါ တကယ့်တိုက်ပွဲမှာ‌တော့ အသုံးမဝင်ဘူး!"

လင်းချီမှာ အဲ့အိတ်ကို ကြည့်ချင်သော်လည်း ယွီမုန့်က ရုတ်တရက် ပြန်သိမ်းလိုက်ပြီး ပြောသည်။ "ဒါက ငါ့ကိုယ်ပိုင်အိတ်ပဲ!"

လူသာက လင်းချီကို တိုးတိုးပြောတယ် "မှော်ဆရာအသင်းမှာ ဒီအိတ်ကိုသာ ရောင်းလိုက်ရင် ရွှေဒင်္ဂါး ၂၀၀ လောက် တန်တယ်!"

"ဘာ ဒါကအရမ်းစျေးကြီးတာပဲ!”

လင်းချီ၏ မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွားသည်။ သူသည် ဒီနေ့နံနက်က ကန်စွန်းဥများကို ရွှေဒင်္ဂါးတစ်ဒါဇင်ဖြင့်သာ ရောင်းချခဲ့သည်။ ဒီအိတ်သေးသေးလေးဟာ ရွှေဒင်္ဂါး ၂၀၀ တန်တယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။

ဒီအိတ်ကိုသာ သူရနိုင်ရင် စနစ်ကို အဆင့်မြှင့်တင်ဖို့ စိတ်ပူစရာ မလိုအပ်တော့ပေ။

စိတ်ထဲတွင် လင်းချီ ယွီမုန့်ကို ဖျောင်းဖျချင်သည်။ ဒါပေါ့ သူခိုးယူမှာ မဟုတ်ပါဘူး။ ယင်းအစား ယွီမုန့် ဒီအိတ်ကို စွန့်လွှတ်ရန် သူ၏အရသာရှိသော အစားအစာများကို အသုံးပြုမည်ဖြစ်သည်။

သို့သော် မှော်ကန်စွန်းဥများနှင့်တော့ ယွီမုန့်ကို ဆွဲဆောင်နိုင်မည် မဟုတ်ပေ။ ထို့အပြင် သူမက ၎င်းတို့ကို ငွေဒင်္ဂါးဆယ်ပြားဖြင့် ဝယ်ယူထားခဲ့ပြီးဖြစ်သည်။ သူမသည် သူတို့အတွက် အိတ်ကို လဲလှယ်မည်မဟုတ်ပေ။

ထို့နောက် လင်းချီသည် သူ့အခန်းထဲသို့ ချက်ချင်းဝင်သွားကာ ယွီမုန့်ကို ဆွဲဆောင်နိုင်မည့် ဟင်းလျာအချို့ကို ရှာတွေ့နိုင်မလားဟု သိနိုင်ရန် စနစ်ကို ဖွင့်လိုက်သည်။

သူ ရွေးချယ်စရာတွေကို ကြည့်ရင်း အဆင့်နှစ်တွင် ချက်ပြုတ်လို့ရသည့် ဟင်းကို မတော်တဆ တွေ့လိုက်သည်။ ၎င်းသည် လူတစ်ဦး၏ မှော်ပညာအဆင့်ကိုပင် တိုးမြှင့်နိုင်သည်။

သို့သော် ကန့်သတ်ချက်ရှိသည်။ လူတစ်ဦးသည် ၎င်းကို တစ်ကြိမ်သာ စားနိုင်ပြီး ယင်းနောက်တွင် ၎င်း၏ အာနိသင် ဆုံးရှုံးသွားမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုဟင်းသည် လူတစ်ဦး၏ မှော်အဆင့်ကို အဆင့်တစ်ခု တိုးစေနိုင်သည်။ ယွီမုန့် နှင့် လဲလှယ်ရန် အသုံးပြုမည်ဆိုလျှင် သူမ သေချာပေါက် စဉ်းစားရပေလိမ့်မည်။

သို့သော် ဟင်းချက်နည်း၏အောက်ခြေရှိ ပါဝင်ပစ္စည်းများသည် လင်းချီ၏‌ရှေ့ဆက်ရန် လမ်းကြောင်းကို ရပ်တန့်သွားစေခဲ့သည်။

"ဒီဟင်းက ည‌ရောင်မြက်လိုတယ်လား"

ထိုမြက်မျိုးကို ဆန်းသစ်လသစ်တောတွင် ညအချိန်တွင်သာ မြင်တွေ့ရပြီး ၎င်းကို မိစ္ဆာသားရဲများစွာဖြင့် ဝန်းရံထားလေ့ရှိသည်။ ရဖို့ လွယ်တဲ့အရာတော့ မဟုတ်‌ပေ။

သို့သော် စည်းစိမ်နှင့် ဂုဏ်သိက္ခာသည် အန္တရာယ်ကြားမှသာ လာသည်။ သူသည် ညရောင်မြက်ကို ရနိုင်သရွေ့ ယွီမုန့်၏အိတ်သည် သူအတွက်သာ ဖြစ်ပေလိမ့်မည်။

All Chapters