မှော်အဆင့်တက်စေသော စွပ်ပြုတ်
Vol. 3 Ch. 29
ချီးမွမ်းမှု ရှိသကဲ့သို့ ဝေဖန်မှုလည်း ရှိပေသည်။
"စွပ်ပြုတ်က လန်းဆန်းပြီး ချိုအောင် ချက်ပြုတ်ထားပေမယ့် အရသာပိုင်းကျတော့ နည်းနည်းလေး လိုနေသေးတယ် ရှင်းရှင်းပြောရရင် ပထမဆုံးသောက်လိုက်ရင် အရသာရှိတယ် ဒါပေမဲ့ ဒုတိယ၊ တတိယအကြိမ် သောက်လိုက်မယ်ဆိုရင် အရသာက ပေါ့သွားပြီ ဒါကြောင့် ပထမတန်းစားလက်ရာလို့ ပြောလို့ရပေမယ့် ပြီးပြည့်စုံတဲ့ ဟင်းပွဲတော့ မဟုတ်ဘူး"
ကျင်းလင်လင် ထိုမှတ်ချက်တွင် အနည်းငယ် ရှော့ခ် ရသွားခဲ့သည်။ သို့သော်လည်း မည်သူမျှ မပြည့်စုံနိုင်ပေ။ သူမ၏ စွပ်ပြုတ်မှာ လင်းချီ၏ စွပ်ပြုတ်ထက် အရသာရှိမည်ဟု ယုံကြည်ချက် ရှိသည်။
ကြီးကြပ်သူမှ ကျင်းလင်လင်၏ ဟင်းပွဲကို အကဲဖြတ်ပြီးနောက် လင်းချီ ဘက်သို့ လှည့်လိုက်သည်။ ထိုအချိန်တွင် လက်ခုပ်သံများ ရပ်တန့်သွားပြီး တည်းခိုဆောင်တစ်ခုလုံးတောင် တိတ်ဆိတ်သွားသည်။
လူတိုင်းတိတ်ဆိတ်နေခြင်းက သူတို့ လင်းချီကို အထင်သေးကြောင်း သွယ်ဝိုက်၍ ဖော်ပြနေခြင်းပင်။
သို့သော်လည်း ကြီးကြပ်သူမမကတော့ လင်းချီကို ယဉ်ကျေးစွာ နှုတ်ဆက်ဆဲပင်။
"သခင်လေးလင်း...ကျွန်မရှင့်ရဲ့ ဟင်းပွဲကို မမြည်းစမ်းခင် အရင်ဦးဆုံးမေးပါရစေ...ရှင်ဘာလို့ စားဖိုမှူးတစ်ယောက် ဖြစ်ချင်ရတာလဲ.."
"အဲ့တာက....."
"ဆန်းသစ်လမြို့တော်မှာ လင်းမိသားစုက ဩဇာလွှမ်းမိုးမှု အမြင့်ဆုံးဘဲ ...သာမန်လူတွေနဲ့ မြင့်မြတ်သူတွေတောင် ရှင်တို့ မိသားစုကို အရမ်းလေးစားကြတယ်...တကယ်လို့ ရှင်က မှော်နဲ့ ဓား ပညာ မလေ့လာရင်တောင် လူတိုင်းရဲ့ လေးစားမှုကို ခံရပြီးသားပါ ..ဒါတောင် ဘာလို့များ စားဖိုမှူး တစ်ယောက် ဖြစ်ချင်ရတာလဲ..."
လူတော်တော်များများက စားဖိုမှူး အလုပ်ကို အဆင့်အတန်းနိမ့်သော အသက်မွေး၀မ်းကြောင်းတစ်ရပ်အဖြစ် လက်ခံထားကြသည်။ မှော်ကုန်းမြေတွင် မှော်ပညာ မလေ့ကျင့်နိုင်သူတို့သာ ထိုကဲ့သို့သော အသက်မွေး၀မ်းကြောင်းအလုပ်ကို လုပ်ကိုင်ကြသည်။
သို့သော်လည်း သာမန် စားဖိုမှူးနှင့် ထိပ်တန်းစားဖိုမှူးဟူ၍ နှစ်မျိုး နှစ်စားရှိသည်။ ကျင်းလင်လင်ကဲ့သို့သော စားဖိုမှူးများမှာ မှော်ဆေးပညာရှင်များထက်ပင် ထင်ရှားကျော်ကြားသည်။ သို့သော်လည်း ကမ္ဘာကြီးတွင် ကျင်းလင်လင် ဘယ်လောက်များများ ရှိနိုင်မည်နည်း။
ထိုကဲ့သို့ အတွေးများ သူ၏စိတ်ထဲတွင် ဖြစ်ပေါ်လာပြီး လင်းချီ တစ်ခဏမျှ တုန့်ဆိုင်းသွားသည်။ထို့နောက် သူခေါင်းကိုမော့ကာ"ယုတ္တိတန်တဲ့ အဖြေကို ပေးတာထက် ကျုပ်လိုချင်တာကို ပြောတာပိုကောင်းမယ်"
"လူတိုင်းမှာ မတူညီတဲ့ ရည်ရွယ်ချက်တွေကိုယ်စီ ရှိကြတယ်..တချို့က မှော်နဲ့ ခွန်အားကို မက်မောကြတယ်..တချို့ကြ ပိုက်ဆံနဲ့ အာဏာကို မက်မောကြတယ် ဒါပေမဲ့ ကျုပ်ကတော့ ကို့ယ်ကိုယ်ကိုပဲ မက်မောတယ်"
၎င်းကိုကြားတော့ လူတိုင်း ကြက်သေသေသွားသည်။
အများကြီး ပြန်လည်ချေပစရာ ရှိသော်လည်း မည်သူမျှ ဘာမှ မပြောခဲ့ကြ။
ကြီးကြပ်သူ မိန်းကလေးက ကြားတော့ မျက်ခုံးလေးများ တွန့်ကွေးသွားပြီး စိတ်၀င်စားသွားသောအပြုံးကို ထုတ်ဖော်လိုက်သည်။
"နင်က ရယ်စရာကောင်းနေတာလား ဒါမှမဟုတ် သနားစရာကောင်းနေတာလား မပြောတတ်တော့ဘူး"
လင်းချီ တည်ငြိမ်နေခဲ့သည်။ သူမှော်ပညာကော ဓားရေးရော မသိပေ။ ထို့ကြောင့် ပြောင်မြောက်မှုများ မပြုလုပ်နိုင်သော်လည်း သူမလုပ်ချင်ဟု မဆိုလိုပေ။
"နင် စားဖိုမှူး ဖြစ်ချင်တာက မှော်ပညာလည်း မတတ်လို့ ပြီးတော့ ဓားပညာလည်း မလေ့ကျင့်ချင်လို့ ဟုတ်တယ်မလား "
ကြီးကြပ်သူ၏ စကားလုံးများမှာ မြွေဆိပ်ကဲ့သို့ ပြင်းထန်နေပြီး လင်းချီကို စော်ကားနေသယောင် ထင်နေရသည်။
သို့သော်လည်း လင်းချီမှာ ထိုအခိုက်အတန့်တွင် တည်ငြိမ်နေလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။ သူ ညလမင်း၏လှိုင်းတံပိုး ဟင်းပွဲကို သူမထံ တွန်းပို့လိုက်သည်။"သူများရဲ့ ကောင်းခြင်းဆိုးခြင်းကို ပြောဖို့ဆိုရင် အရင်ဆုံး သူတို့ဘယ်လိုကောင်လဲဆိုတာ သိဖို့လိုတယ်"
သူ ပြန်လည်ချေပလိုက်ပုံက လူတိုင်းကို အံ့အားသင့်သွားစေသည်။
ကြီးကြပ်သူလည်း ရှောခ့်ရသွားခဲ့သည်။ ဒီသောက်ကလေး၏ သည်းခံနိုင်မှုမှာ လွန်စွာ မြင့်နေမည်ဟု မထင်မှတ်ထားခဲ့ပေ။
အကယ်၍ တခြားသခင်လေးတစ်ယောက်ဆိုပါက ထိုစကားများပြောနေချိန်တွင် ဒေါနှင့် မောနှင့် ဖြစ်နေလိမ့်မည်။
သို့သော်လည်း လင်းချီမှာတော့ အေးအေးဆေးဆေးရှိနေပြီး သူ့ကိုယ်သူတောင် ပြက်ရယ်ပြုနေလိုက်သေးသည်။
'ဒီကလေးကတော့'
ကြီးကြပ်သူမှာ လင်းချီကို လုံး၀နားမလည်နိုင်ပေ။ သူမ ကြည်လင်နေသော စွပ်ပြုတ်ကို ကြည့်၍ အသက်ပြင်းပြင်းရှူလိုက်ပြီး
"ဒီစွပ်ပြုတ်က ...ညလမင်း၏လှိုင်းတံပိုးလို့ခေါ်တယ် ဟုတ်လား...."
"အဲ့တာ သာမန် စွပ်ပြုတ်ပဲ မဟုတ်လား"
"ဟုတ်တယ် သူက အဲ့တာကို ညလမင်းရဲ့ လှိုင်းတံပိုးဆိုပြီး နာမည်အဆန်းကြီး ပေးလိုက်သေးတယ်..သူထင်နေတာ နာမည်လှရင် အရသာ ပိုကောင်းတယ်များ မှတ်နေလားမသိဘူး"
လူအများအပြား သူ့ကို အထင်သေးနေကြပြီး ကြီးကြပ်သူကလည်း ရယ်နေသည်။ "နင်...နင်ဒီစွပ်ပြုတ်နဲ့ အနိုင်ရဖို့ စဉ်းစားထားတယ်လို့တော့ ငါ့ကိုမပြောနဲ့"
"အိုး...ခင်များရဲ့ စားဖိုမှူးက ဂေါ်ဖီ စွပ်ပြုတ်ကို အနိုင်ရဖို့ ဟင်းပွဲပြုလုပ်ထားပြီး ကျုပ်ရဲ့ ကြည်လင်နေတဲ့ စွပ်ပြုတ်ကျတော့ မရဘူးပေါ့"
"ကောင်းပြီလေ..."
မန်နေဂျာ လင်းချီ၏ အဖြေကို ကျေနပ်သွားသည်။ သို့သော်လည်း အသိအမှတ်ပြုခြင်းတော့မဟုတ်ပေ။
ခဏသာ ကျေနပ်သွားခြင်းဖြစ်သည်။
လင်းချီအတွက်တော့ သူမ၏ အမြင်ကို ပြောင်းလဲစေနိုင်သည့်အရာမှာ ဤစွပ်ပြုတ်သာဖြစ်သည်။
သူမ ဇွန်းကိုကိုင်ပြီး ဟင်းရည် နည်းနည်းခပ်ကာ နီဆွေးသော နှုတ်ခမ်းနှင့် တေ့လိုက်သည်။
သူမ ဤဟင်းပွဲနှင့် ပတ်သက်၍ သိပ်ပြီး မျှော်လင့်မထားသော်လည်း မြိုချလိုက်သောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဘာ...."
ချက်ချင်း တိတ်ဆိတ်သွားပြီး စွပ်ပြုတ်ကို မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်နေသည်။
"ဒါ...ဒါ သာမန် ဟင်းပွဲမဟုတ်ဘူး ဒါ ဘာအရသာလဲ ..ဘယ်လိုလုပ်ထားတာလဲ..."
"ဘာ..ဒါက.."
လူတိုင်း ကြက်သေသေသွားသည်။ထိုအချိန်တွင် မန်နေဂျာ၏ တွန့်ကွေးနေသော မျက်ခုံးများမှာ တစ်စုံတစ်ခုကို ခန့်မှန်းမရ ဖြစ်နေပြီး တစ်လုပ်ပြီး တစ်လုပ် အသည်းအသန် သောက်နေတော့သည်။
သူမ၏ နဂို ကြော့မော့မှုများ ပျောက်ဆုံးသွားပြီး စွပ်ပြုတ်ကိုသာ အာရုံရောက်နေတော့သည်။
"အရမ်းကောင်းတယ်...ဘယ်လိုတောင် ထူးခြားတဲ့ အရသာလဲ..ဒါက တကယ်ဘဲ ညအလင်းမြက်ရဲ့ အရသာလား"
မန်နေဂျာ အရမ်းအံ့ဩနေသည်ကို မြင်သောအခါ ကျင်းလင်လင် ဆွံ့အသွားခဲ့သည်။ သူမလည်း ပြေးသွားပြီး တစ်လုပ်လောက် သောက်ကြည့်လိုက်သည်။
အရသာက လုံး၀ အမိုက်စားပင်။
သူမ ဘယ်တုန်းကမှ ဤသို့ အရသာ ရှိသော စွပ်ပြုတ်ကို မသောက်ခဲ့ဖူးပေ။ သူမ တစ်ကိုယ်လုံး ကြည်လင်နေသော ရေထဲသို့ ရောက်ရှိသွားပြီး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
သူတို့ ကျေနပ်နေသည်ကို မြင်သောအခါ လင်းချီပြုံးလိုက်ပြီး
"တကယ်တော့ ဒီ ညလမင်း၏လှိုင်းတံပိုး စွပ်ပြုတ်က ထူးခြားတာ တစ်ခု ရှိသေးတယ်"
"ဘာထူးခြားတာလဲ"
လင်းချီ တည်းခိုဆောင် ၀န်ထမ်းကို လက်ညိုးထိုး၍
"မီးတွေ မှိတ်လိုက်"
မီးမှာ ချက်ချင်း မှိတ်သွားပြီး မဲမှောင်နေတော ခန်းမထဲတွင် ကြည်လင်သော စွပ်ပြုတ်မှာ အပြာနုရောင် အလင်းများ ထုတ်လွှတ်နေသည်။
"ဒါက....."
လူတိုင်း အံ့အားသင့်သွားသည်။ ညအလင်းမြက်က ခူးပြီးသောအခါ သူ၏ အာနိသင်ကို ဆုံးရှုံးသွားသည်။ သို့သော်လည်း စွပ်ပြုတ်က ညအလင်းမြက်ကို ဘ၀အသစ် ပေးလိုက်သကဲ့သို့ ပြာလဲ့သော အလင်းတန်းများ တောက်ပနေစေသည်။
"အရမ်းလှတာပဲ"
ကျင်းလင်လင် အံ့အားသင့်စွာ ပြောလိုက်ပြီး သူမကိုယ်သူမ စိတ်ပျက်နေမှုကို မထိန်းထားနိုင်ခဲ့ပေ။
မီးမှာ တစ်ဖန်ပြန်လည်လင်းလာပြီး စွပ်ပြုတ်ခွက်ထဲရှိ အလင်းမှာ ပျောက်ကွယ်သွားသည်။ လင်းချီ၏ ယုံကြည်ချက်ရှိနေသော အပြုံးသာ ကျန်နေခဲ့၏။
"ဘယ်လိုထင်လဲ မန်နေဂျာ မိန်းကလေး ..ကျုပ်ရဲ့ ညလမင်း၏လှိုင်းတံပိုးကို ဘယ်လိုထင်လဲ"
ပုံမှန်ဆို သူမက ဂျေးများသောသူပင်။ သူမ အမှားရှာချင်သော်လည်း သူမစိတ်ထဲတွင် စောနမှ အဖြစ်အပျက်များသာ ပြည့်နှက်နေပြီး မကျေနပ်မှုကို ရှာလို့မတွေ့ပေ။
"ဒါက...ငါလည်း ပြောစရာ မရှိပါဘူး"
"အိုး..မင်းပြောစရာမရှိဘူးဆိုတာ ဘာကို ဆိုလိုတာလဲ"
အဆုံးတွင် မန်နေဂျာလည်း ကူကယ်ရာမဲ့စွာ ခေါင်းရမ်းလိုက်ပြီး လူအုပ်ကို ကြည့်၍ ကြေညာလိုက်သည်။
"လင်းချီက ပြိုင်ပွဲရဲ့ အနိုင်ရရှိသူလို့ ငါကြေငြာတယ်"
ပြိုင်ပွဲ၏ ရလဒ် ထွက်လာပြီးနောက် ရလဒ်မှာ လူတိုင်း၏ မျှော်မှန်းထားမှုကို ကျော်လွန်နေသောကြောင့် မည်သူမျှ လက်မခံနိုင်သေးပေ။ လက်ခုပ်သံများ နေရာတွင် မရေမတွက်နိုင်သော အာမေဋိတ် အသံများနှင့်သာ အစားထိုးသွားသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...လင်းလင်းက ဘယ်တော့မှ မရှုံးဘူးကွ"
"ဖြစ်နိုင်တယ် ဟင်းပွဲက ပိုပြီး အရသာပိုရှိအောင် မှော်ဆေးရည်တွေ ထည့်ထားတာ ဖြစ်ရမယ်"
လူတိုင်းက ရလဒ်ကို လက်မခံသောအခါ ကျင်းလင်လင်မှ "လူတိုင်း ငြင်းမနေကြပါနဲ့တော့..ကျွန်မက ဒီပြိုင်ပွဲမှာ မျှမျှတတ ရှုံးနိမ့်သွားတာပါ..ကျွန်မလည်း လင်းသခင်လေးက ခုမှ ချက်ပြုတ်တတ်ခါစ စားဖိုမှူးလေးလို့ ထင်မှတ်ထားပေမယ့် တကယ်တော့....."
~~~