← Chapters

ကိုယ့်လမ်းကိုယ် လျှောက်ကြခြင်း

Vol. 3 Ch. 30

ကိုယ့်လမ်းကိုယ် လျှောက်ကြခြင်း

Vol. 3 Ch. 30

"တော်သင့်ပြီ"

လင်းချီ လက်ကို အထင်မြင်သေးစွာ ဝေ့ယမ်းလိုက်ပြီး ရင်ကိုကော့ ခေါင်းကိုမော့ကာ လူအုပ်ဆီသို့ ဖြည်းညင်းစွာ လျောက်သွားခဲ့သည်။

"အားလုံးပဲ ဒီညလမင်းရဲ့ လှိုင်းတံပိုးစွပ်ပြုတ်ကို သာမန်စွပ်ပြုတ်တစ်ခွက်ပဲလို့ ထင်နေတယ်လို့တော့ မပြောနဲ့နော်"

"အဲ့တာက သာမာန်မဟုတ်တော့ အထဲမှာ ရတနာ ရှိနေလို့လား"

လင်းချီက အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်သည်။

"တကယ်ပဲ အထဲမှာ ရတနာရှိနေတယ်"

ထို့နောက် ကျင်းလင်လင်ထံ လှည့်လိုက်ပြီး"ငါထင်တာ မှန်မယ်ဆို မင်းက မီးမှော်ဆရာမ မလား"

ကျင်းလင်လင် ခေါင်းငြိမ့်ပြလိုက်သည်။ "အမှန်ပဲ ကျွန်မက မီးမှော်ဆရာ ဒါပေမဲ့ ကျွန်မရဲ့ မှော်ပညာနားလည်မှုက အားနည်းနေ‌တော့ အနိမ့်ဆုံး အဆင့်မှာ ပိတ်မိနေတာ ကြာပြီ"

"အဲ့ဒါဆို မင်းရဲ့ မှော်ပညာကို တစ်‌ခေါက်လောက် ပြန်သုံးကြည့်လိုက်"

လင်းချီ၏ အသံမှာ စင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေပြီး လင်းကျင်ကျင်အား သိချင်စိတ် ပြင်းပြ‌သွားစေသည်။ သူမ ကိုယ်ထဲမှ မှော်စွမ်းအားကို ဆွဲထုတ်လိုက်သည်နှင့် ချက်ချင်း မယုံနိုင်စရာ အရာတစ်ခုကို ရှာ‌တွေ့လိုက်သည်။

"ငါ...."

"ဘယ်လို ခံစားရလဲ"

သူ၏ အသံမှာ မကျယ်လောင်သော်လည်း လူတိုင်း ရှင်းလင်းစွာ ကြားလိုက်ရသည်။

"ငါ့ရဲ့ ညလမင်းလှိုင်းတံပိုးက အရသာရှိရုံတင်မဟုတ်ဘဲ လူတစ်ယောက်ရဲ့ မှော်အဆင့်ကိုလည်း တိုးစေတယ်"

၎င်းကိုကြားတော့ လူတိုင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ရှုပ်ထွေးသွားသည်။တစ်ယောက်ပြီး တစ်ယောက် ထစ်ထစ်အအနှင့် "အ...အမှန်ဘဲလား"

"ဒါပေါ့ ငါ့ရဲ့...."

လင်းချီ စနစ်မှ နောက်ထပ်စွတ်ပြုတ်တစ်ပွဲ ထုတ်တော့မည့် အချိန်တွင် ရုတ်တရက် သူ့တွင် စွပ်ပြုတ် တစ်ပွဲသာ ကျန်တော့ ကြောင်း သတိရသွားသည်။

"ဟမ်..."

လင်းချီ မျက်နှာမဲ့ရွဲ့သွားသည်။သူခေါင်းကုတ်လိုက်ပြီး ကိုယ့်ဘာကိုယ် တွေးလိုက်သည်။ 'ငါ့မှာ ညအလင်းမြက်နည်းနည်းပဲ ကျန်တော့တာ မေ့သွားတယ် အခု နောက်တစ်ပွဲ လုပ်ဖို့ အမယ်တွေ မလောက်တော့ဘူး'

သို့သော်လည်း လင်းချီ စကားမဆုံးခင် ပရိတ်သတ်များမှ နောက်တစ်ပွဲထပ်လုပ်ရန် တောင်းဆိုလာကြသည်။

လင်းချီ ကိုးရိုးကားယား ဖြစ်သွားသည်။ သူ့တွင် အမယ်မလောက် တော့သည်ကို မေ့သွားခဲ့ခြင်းပင်။

ထိုအချိန်တွင် သူရွေးချယ်ရ ခက်ခဲနေသည်။သူ့တွင် စွပ်ပြုတ် နောက်ဆုံးတစ်ပွဲသာကျန်တော့သည်။ မည်သူ့ကို ပေးရမည်နည်း။

သူ တုန့်ဆိုင်းနေချိန်တွင် ယွီမုန့်၏ တိတ်တဆိတ် မျှော်လင့်နေသော အမူအရာကို သတိထားမိသွားပြီး သူချက်ချင်း အကြံ ရသွားသည်။

"ကောင်းပြီ..ကောင်းပြီ ..အားလုံးဘဲ ဒီစွပ်ပြုတ်က လုပ်ရအရမ်းခက်တာ ပြီးတော့ အမယ်တွေ အများကြီးလည်း လိုသေးတယ် ဒါကြောင့် ဒီနေ့အတွက် တစ်ပွဲဘဲ ရနိုင်တော့မယ်... အနာဂတ်မှာ ခင်များတို့က လိုချင်တယ်ဆိုရင်တော့ ကျွန်တော့်ကို ဆက်သွယ်လို့ရတယ်"

သူ၏ စကားပေါ် အခြေခံပြီးတော့ လူတိုင်း သူ့ကို ကွဲပြားသော အမြင်များဖြင့် ကြည့်လိုက်ကြသည်။ကျင်းလင်လင်နှင့် မန်နေဂျာမှာလည်း လင်းချီကို လွန်စွာ လေးစားသွားကြသည်။

ပြိုင်ပွဲပြီးသွားသောအခါ လင်းချီမှာ လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်လာသည်။ အရာအားလုံးကို ရင်းနှီး၍ သူနှင့်နီးကပ်ချင်နေသူများလည်း ရှိသည်။မည်သို့ပင်ဖြစ်စေ လူတစ်ယောက်၏ မှော်အဆင့်ကို တိုးမြင့်ပေးနိုင်သည့် ဟင်းပွဲမှာ မေးလ်ကုန်းမြေ၌ပင် လွန်စွာ ရှား‌ပါးသောကြောင့်ဖြစ်သည်။

ထိုအချိန်တွင် လင်းချီကို လှောင်ပြောင်ထားသော ချန်းလင်သည်ပင် လင်းချီထံမှ ညလမင်း၏လှိုင်းတံပိုးကို မည်သို့ ရယူရင် ကောင်းမလဲ စဉ်းစားနေရသည်။

တစ်ခဏမျှကြာသောအခါ လင်းချီ သူ့အခန်းသို့ မောပမ်းစွာ ပြန်ရောက်လာသည်။

သူဒီနေ့ ကိုယ့်ကိုယ်ကို သေလုနီးပါး တွန်းအားပေးမိသော်လည်း လိုချင်တာကို ရရှိခဲ့သည်။ ဆန်းသစ်လတောအုပ်သို့ ရောက်သည်နှင့် ညအလင်းမြက်များကို ပို၍စုဆောင်းရပေမည်။ ထိုအခါ ညလမင်း၏ လှိုင်းတံပိုးကို စိတ်တိုင်းကျ ထုတ်လုပ်နိုင်ပေမည်။ ထိုသို့ဖြင့် မှော်ပညာရှင်များ ၊ ဓားသမားများ သူ့ဆီသို့ လာရောက် ၀ယ်ယူနိုင်ပေမည်။ ဈေးနှုန်းမှာ အစစ်မှန် တန်ဖိုးထက် အနည်း‌ငယ် လျော့ကျနေလျှင်တောင် တစ်နေကုန် ကန်စွန်းဥရောင်းနေတာထက်တော့ ပိုကောင်းပေသည်။

လင်းချီ အိပ်ပျော်ခါနီးတွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။

"ဘယ်သူလဲ...နောက်တောင်ကျနေပြီကိုကွာ...."

လင်းချီ နှေးကွေးစွာ လျှောက်သွားပြီး တံခါးဆွဲဖွင့်လိုက်သည်။ တံခါးနောက်တွင် လူး၀စ်မှာ သူ့ကို အားရပါးရ ပြုံးပြနေသည်။

သူ့ပုံစံကိုကြည့်ရင်း တစ်ခုခု မကောင်းတာ ဖြစ်တော့မည်ဖြစ်ကြောင်း သိလိုက်သည်။

"မင်း...ဒီဘာလာလုပ်တာလဲ..နောက်တောင်ကျနေပြီကို..."

"ဟီးဟီး..လင်းချီ...မဟုတ်သေးဘူး သခင်လေးလင်း"

လူး၀စ် အပြုံးလေးနှင့် အခန်းထဲ ၀င်လိုက်ပြီး

"ငါအရင်က မင်းအပေါ် အများကြီး မှားခဲ့ဖူးတယ် ကျေးဇူးပြုပြီး ခွင့်လွှတ်ပါကွာ..ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်လုံးက တစ်မြို့တည်းက ယှဉ်ပြိုင်သူတွေပဲမလား"

"ဒီတော့ ဘာဖြစ်လဲ"လင်းချီ စိတ်အခြေအနေ ဆိုးဝါးနေပြီး အေးစက်စွာ မေးလိုက်သည်။

"ဟားဟား..မင်းသိလား ငါတို့ အားလုံးက စမ်းသပ်ပွဲကို အကုန်အတူ ‌ကျော်ဖြတ်ချင်ကြတယ်လေ..ဒီတော့ မင်းငါ့ကို စွပ်ပြုတ်တစ်ပွဲလောက် ‌လုပ်ပေးပြီး အဆင့်မြင့်ဓားသခင်ဖြစ်အောင် လုပ်ပေးပါလား"

"အိုး..မင်းက အဆင့်မြင့်ဓားသခင် ဖြစ်ပြီးသား မဟုတ်လား"

လူး၀စ်ခေါင်းကို ချက်ချင်းငုံ့လိုက်ပြီး အရှက်ရစွာဖြင့် "အဲ့တာနဲ့ ပတ်သက်ပြီးတော့....တကယ်တော့ ငါက အဆင့်မြင့် ဓားသခင် မဖြစ်သေးဘူး..အားလုံးက ငါ့မိသားစုက လိုက်ဖြန့်ထားတဲ့ အလိမ်အညာတွေပဲ ငါ သာမန်ဓားသမားအဆင့်ပဲ ရှိသေးတာ အိမ်မှာ နှစ်၀က်လောက် လေ့ကျင့်ပြီးတာတောင် အဆင့်မတက်နိုင်သေးဘူး ဒါကြောင့် ငါမင်းကို အကူအညီတောင်းနေတာပါ"

"ငါ့အကူအညီ...."

လင်းချီ မေးပွတ်လိုက်ပြီး ကလိမ်ကကျစ်ကျသော အမူအရာ ပေါ်လာသည်။

"ငါမင်းကို ကူညီဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး ညလမင်းရဲ့ လှိုင်းတံပိုးက မင်းရဲ့အဆင့်ကို ‌တိုးပေးနိုင်တယ် ဒါပေမဲ့ အဲ့တာက သာမန် ဟင်းတစ်ပွဲတော့ မဟုတ်ဘူး ဒါကြောင့် မင်းငါ့ကို အလကားလုပ်ပေးဖို့တော့ မတောင်းဆိုဘူးမလား "

ထိုစကားကိုကြားတော့ လူး၀စ်လည်း အမူအရာပြောင်းသွားပြီး သူ၏ ပိုက်ဆံအိတ်ကို နှေးကွေးစွာ ထုတ်လိုက်သည်။

"သခင်လေးလင်း မင်းငါ့ကို ဈေးတော့ တအားမတင်ဘူးမလား"

လင်းချီ ခေါင်းငုံ့လိုက်ပြီး လူး၀စ်၏ ပိုက်ဆံအိတ်ကို ကြည့်လိုက်သည်။ သူ့တွင်ပိုက်ဆံအချို့ရှိသော်လည်း ရွှေပြား ၁၀၀ မကျော်ပေ။

"နိုး...စိတ်မ၀င်စားဘူး"

လင်းချီ လူး၀စ်ကို ချက်ချင်း ငြင်းဆန်လိုက်ပြီး အကြံတစ်ခုရသွားသည်။

"မင်းမှာ ပိုက်ဆံ မရှိဘူးဆိုမှတော့ ဒီလိုဆိုရင်ကော...."

"လီယိုနာ့ဒ်မိသားစုက အမဲလိုက်မိသားစုလို့ ငါကြားဖူးတယ် ..ဆိုတော့ ငါတို့ ဘိုးဘေးတွေ စုဆောင်းထားခဲ့တဲ့ မှော်အဆီအနှစ်တွေ အများကြီးရှိရမယ် ဟုတ်တယ်မလား "

"အဲ့ဒါက...."

လူး၀စ် ကိုးရို့ကားယားဖြစ်သွားသည်။

လင်းချီ ဆက်လက်၍"မင်းမှော်အဆီအနှစ်ကို ငါနဲ့ လဲလှယ်မယ်ဆိုရင်တော့ ငါစဉ်းစားပေးမယ်"

"ဘာ ..မှော်အဆီအနှစ်တွေရဖို့ဆို ရှားပါးသားရဲတွေ အများကြီးသတ်ဖို့လိုတယ်"

"ငါအဲ့တာတွေ စိတ်မ၀င်စားဘူး..ဈေးက အတည်ဘဲ"

"မင်း....."

လူး၀စ် အနည်းငယ် ဒေါသထွက်သွားသည်။

အစောပိုင်း သူ၏မျက်နှာပေါ်တွင် ရှိနေသော အပြုံးမှာ ပျောက်ကွယ်သွားပြီး မျက်လုံးထဲတွင် ဒေါသများ ပြည့်နှက်နေသည်။

"လင်းချီ မင်းက စားဖိုမှူး အဆင့်ဘဲရှိတာ..တကယ်လို့ ငါနဲ့ ယွီမုန့်ကြောင့်သာ မဟုတ်ရင် အစောကြီးကတည်းက မကောင်းဆိုးဝါးသားရဲတွေကြောင့် အလောင်းတောင် အပင်ပေါက်နေလောက်ပြီကွ"

လူး၀စ် ပို၍ပို၍ စိတ်တိုလာပြီး "ငါမင်းကို ပြောလိုက်ဦးမယ် မင်းက ငါနဲ့ ယွီမုန့် မရှိရင် အလကားဘဲ ၊ဒါပေမဲ့ ငါနဲ့ ယွီမုန့်က မင်းမရှိလည်း စမ်းသပ်ပွဲကို ကျော်ဖြတ်နိုင်တယ်"

ထိုကဲ့သို့ ပြောလိုက်သည်နှင့် တပြိုင်နက် လူး၀စ် ကိုယ့်လမ်းကိုယ် လျှောက်ချင်နေသည်မှာ သိသာနေပေသည်။

သို့သော်လည်း လင်းချီ သူ၏ စကားလုံးများကို လုံး၀ ဂရုမစိုက်ပေ။ သူ့တွင် ယခု ယုံကြည်ချက်ရှိနေပြီဖြစ်သည်။

ယုံကြည်ချက်က ခွန်အားမှ လာသည်။တစ်စုံတစ်ယောက်က ခွန်အားရှိနေသရွေ့ သူတို့တွင် ယုံကြည်ချက်ရှိပေသည်။ တခြားသူတွေက သူ့ကို အထင်အမြင်သေးနေလျှင်တောင် မကျေနပ်မှုကို မခံစားရပေ။

"ဆိုတော့ ..မင်းတို့နှစ်ယောက်လုံးက ငါ့ကို ထားသွားတော့မယ်ပေါ့"

"ဟမ့်..ဒါပေါ့"

"ယွီမုန့်ရဲ့ သဘောထားကိုကော မေးပြီးပြီလား"

လူး၀စ်ပြုံးလိုက်ပြီး"ငါမေးဖို့တောင် လိုနေသေးလို့လား"

ထိုသို့ပြောပြီးနောက် လူး၀စ် ဘေးသို့ ဖြည်းညင်းစွာ လှည့်လိုက်သည်။ လင်းချီ ရုတ်တရက် လူး၀စ်အနောက်တွင် တစ်ယောက်ယောက် ရှိနေသည်ကို သတိထားမိလိုက်သည်။

ယွီမုန့်ပင်။

သူမ ၎င်းတို့နှစ်ဦးကြားမှ စကားဝိုင်းကို သေချာပေါက် ကြားသွားပေမည်။ အစက သူမ လင်းချီနှင့် ညလမင်း၏လှိုင်းတံပိုး ဟင်းပွဲအကြောင်း ဆွေးနွေးချင်နေခဲ့သည်။

သို့သော်လည်း လင်းချီက လောဘကြီးစွာဖြင့် ရှားပါးမိစ္ဆာသားရဲများ၏ မှော်အဆီအနှစ်ကို လိုချင်နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။

၎င်းက သူမကို စိတ်အနှောက်အယှက် ဖြစ်စေသည်။ ယွီမုန့် အသက်၀၀ရှူလိုက်ပြီး "လင်းချီ အခု နင့်မှာ ငွေတွေ အများကြီးရှိနေပြီ‌ဆိုတော့ ငါတို့နဲ့ ဆက်လိုက်စရာ မလိုတော့ဘူး"

လူး၀စ်မျက်လုံးလှန်၍ လင်းချီကို ကြည့်လိုက်ပြီး "တွေ့လား ငါမေးစရာတောင် မလိုပါဘူးဆို"

"လူး၀စ် သွားစို့ မြို့အရှင်က မနက်ဖြန်ကျရင် မစ်ရှင်တွေကို ကြေညာလိမ့်မယ်"

•••••••••

All Chapters