← Chapters

လမ်းဓားပြ

Vol. 4 Ch. 33

လမ်းဓားပြ

Vol. 4 Ch. 33

"ဟားဟား..... ငါတို့ကို ဘယ်သူတွေလဲတဲ့"

အနောက်မှ လူတစ်ယောက်ထွက်လာပြီး "ငါတို့က မြို့အရှင့်ရဲ့ အစောင့်တပ်ဖွဲ့၀င်တွေပဲ"

"ဒီတော့ မြို့အရှင်ရဲ့ အစောင့်တပ်ဖွဲ့၀င်တွေက ဘာလိုချင်လို့ ကျုပ်ကို ရှာနေတာလဲ"

လင်းချီက ထူးမခြားနားစွာ မေးလိုက်သည်။

"မင်း ဟိုးရက်တွေတုန်းက တရားမ၀င် ဆိုင်ဖွင့်စားနေတယ်လို့ သတင်းကြားမိတယ် အဲ့အတွက် မင်းကို အပြစ်ပေး အရေးယူဖို့ လာဖမ်းတာပဲ"

"ဘာ..."

လင်းချီ ရယ်စရာကောင်းသည်ဟု ခံစားရကာ ခေါင်းခါရမ်းလိုက်ပြီး "မဟုတ်သေးပါဘူး..ကျုပ်ကအခု ဒီမှာ ခေါက်ဆွဲထိုင်စားနေတာကို ခင်များတို့က ဟိုးရက်တွေတုန်းက အကြောင်းကို လာပြောနေတာပဲ"

"ဒါအမှန်တရားပဲ ဒါကြောင့် ကျုပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ"

လင်းချီ ခေါင်းရမ်းလိုက်ပြီး "မပူးပေါင်းပေးနိုင်ဘူး .. ပြီးတော့ ကျုပ်က ဒီဒေသခံမဟုတ်တဲ့အပြင် စမ်းသပ်ပွဲမှာ ပါဝင်တဲ့ ယှဥ်ပြိုင်သူလည်းဖြစ်တယ် ..ခင်များတို့မှာ ကျုပ်ကို ဖမ်းခွင့် မရှိဘူး"

သိရမှာက လင်းချီမှာ လေနက်ခံတပ်သို့ ရောက်လာကတည်းက ဤနေရာ၏ စည်းမျဉ်းစည်းကမ်း ဥပဒေများကို လေ့လာပြီး ဖြစ်သည်။

ဤနယ်မြေအတွင်း တိုက်ခိုက်ရန် ခွင့်မပြုထားသည်မှာ သိသာသော်လည်း ထိုအရာက မျိုးရိုးမြင့်မိသားစုများနှင့် အစောင့်တပ်သားများ၏ အခွင့်အာဏာကို ကျစ်လျစ်ခိုင်မာလာစေရန်ဖြစ်သည်။

နောက်တစ်နည်းပြောရလျင် သူတို့မှာ သာမန်လူများကိုသာ ရိုက်နှက်နိုင်ကြသည်။

သူတို့က သာမန်ပြည်သူများကို အနိုင်ကျင့်နေရုံသပ်သပ်သာ။

"မလိုအပ်တဲ့ ခုခံမှုတွေ လုပ်မနေဘဲ ကျုပ်တို့နဲ့ အေးဆေးလိုက်ခဲ့လိုက်"

"ဘယ်ကိုလဲ..မှော်အစည်းအရုံးကိုလား....ဒါမှမဟုတ် သိုလှောင်အိတ်ကိုပဲ မင်းတို့ဆီ ပေးလိုက်ရမှာလား"

လင်းချီ၏ စကားလုံးများက အနှီအုပ်စုကို အံ့အားသင့်သွားစေသည်။

'ဒီကောင်က ဘာလို့‌ကြောက်မနေတာလဲ ပြီးတော့ ငါတို့ရဲ့ ရည်ရွယ်ချက်ကိုတောင် ရိပ်မိလိုက်သေးတယ်'

လင်းချီ မတ်တပ်ရပ်၍ အသက်ပြင်းပြင်းရှူလိုက်ပြီး

"ခင်များတို့ မြို့အရှင်ရဲ့ အစောင့်တွေလို့ ပြောမယ်ဆိုလည်း အနည်းဆုံးတော့ ကောင်းကောင်း သရုပ်ဆောင်သင့်တာပေါ့...အခု ခင်များတို့က ဓားအစည်းအရုံးက ဓားသမားတွေဆိုတာ ဒီလောက်သိသာနေတာ"

"ဒါက"

လင်းချီ၏ ဖောက်ထွင်းမြင်ရခြင်းကို ခံရသော လူများလည်း ဆွံ့အသွားကြသည်။

သူတို့ ယခုလို အ‌ခြေ‌အနေနှင့် ကြုံရခြင်းမှာ ပထမဆုံး အကြိမ်ပင်။ ထို့ကြောင့် မည်သို့ တုန့်ပြန်ရမည်မှန်း မသိဖြစ်နေ‌သည်။

"တကယ်လို့ မြို့စောင့် တပ်ဖွဲ့တွေသာ ကျုပ်ကို ဖမ်းဖို့လာမယ်ဆိုရင် လူနည်းနည်းလေးနဲ့ လာမယ်ထင်လား"

"သေစမ်း.... ဒီကလေးက အရမ်းလည်လွန်းတယ်.. ငါတို့အတည်ကိုင်တွယ်ဖို့လိုနေပြီ"

ဓားသမားများက ဟန်မဆောင်ကြတော့ဘဲ သူတို့အားလုံးကြံမိကြံရာ ဓားဆွဲထုတ်၍ လင်းချီထံ ရွယ်လိုက်သည်။

"အို... မင်းတို့က ဒီမှာ တိုက်ခိုက်ရဲတယ်ပေါ့"

ဓားအဖွဲ့ခေါင်းဆောင်မှ နှာခေါင်းရှုံ့လိုက်ပြီး "ဒီနယ်မြေက ဓားသမားအဖွဲ့အစည်းရဲ့ ပိုက်နက်ပဲ..ငါတို့ မင်းတို့ နှစ်ယောက်လုံးကို အေးဆေးသတ်လိုက်လို့ရတယ်"

ဓားအဖွဲ့ခေါင်းဆောင်၏ နှုတ်မှ ထိုစကားများ ထွက်လာပြီးနောက် လင်းချီ သူ၏ နောက်ရှိ လူသာကို ခေါ်လိုက်ပြီး "လူသာ..."

"ကောင်းပြီ..ကျုပ်လည်း ကြွက်သားတွေ လေ့ကျင့်ခန်းမလုပ်ရတာ အတော်ကြာနေပြီပဲ"

လူသာက ‌လင်းချီရှေ့တွင် ရပ်လိုက်ပြီး သူ၏နောက်ကျောမှ ဓားအကြီးကြီးကို ဆွဲထုတ်လိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ရုတ်ချည်း ရက်စက် ကြမ်းကြုတ်သွား၏။

"ဒီ..ဒီလူက အဆင့်မြင့် ဓားသခင်ပဲ"

"‌ေ-သစမ်း....ဒီမှာ အဆင့်မြင့် ဓားသခင်တစ်ယောက် ရှိနေတာလား"

ထိုဓားသမားများမှာ အချင်းချင်း ကြည့်လိုက်ကြပြီး ရှေ့သို့ တိုးမသွားရဲပေ။

လူသာက သူတို့ကို စောင့်ရင်း နှာခေါင်းရှုံ့လိုက်ပြီး "ဟေ့..ဓားအစည်းအရုံးက ငါ့ကို ကြောက်တယ်လို့တော့ မပြောနဲ့...ငါ့ရွာက ဓားပြတွေတောင် မင်းတို့ထက် သတ္တိရှိသေးတယ်"

ဓားသမားတစ်ယောက်မှ အံကြိတ်၍ ရှေ့သို့ ပြေးတက်လိုက်သည်။

သို့သော်လည်း နောက် တစ်စက္ကန့်တွင်....

ဝှစ်....

လူသာ၏ တိုက်ခိုက်မှုကို ခံယူပြီးနောက် အနောက်ခပ်လှမ်းလှမ်းသို့ လွင့်ထွက်သွားပြီး လေထုမှာ လုံး၀တိတ်ဆိတ်သွားတော့သည်။

"ယား...."

လူသာ ဟိန်းဟောက်လိုက်‌တော့ ကျန်နေသော ဓားသမားများမှာ ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။

"တောက်... တစ်ကောင်မှ သတ္တိမရှိကြဘူး..အသုံးမကျတဲ့ကောင်တွေ"

လင်းချီမှာ မျက်တောင်တစ်ချက်မခတ်ဘဲ ခေါက်ဆွဲဆက်စားနေသည်။ ထို့နောက် ခေါင်းခါယမ်းလိုက်ပြီး

"ဟင်း..ထိုင်ပြီး စားစရာရှိတာ စားတော့"

သို့သော်လည်း လူသာ မထိုင်နိုင်သေးခင် ဓားသမားများ ပြန်ရောက်လာပြီး သူတို့နှင့် အတူ လူသန်ကြီး တစ်ယောက်ကို ခေါ်လာခဲ့သည်။

"သူတို့ နောက်ထပ်လူတွေ ခေါ်လာပုံပဲ"

လင်းချီ သူတို့ကို အာရုံမထားသော်လည်း ရောက်လာသော လူသန်ကြီးကို တစ်ချက်ကြည့်လိုက်သောအခါ စိတ်ထဲမတင်မကျဖြစ်သွားရသည်။

လူသန်ကြီးသာမက အဘိုးကြီးလည်း

ရောက်ရှိလို့လာသည်။

သူ၏လူများ အသိပ်ခံလိုက်ရသည်ကို ကြားသောအခါ တယ်ရီလည်း ဒေါသထွက်သွားပြီး ချက်ချင်း သူ၏ အတော်ဆုံး တပည့်ကို ခေါ်လိုက်သည်။

အဘိုးကြီး လျှောက်လာတာကို မြင်သောအခါ လင်းချီ နှာခေါင်းရှုံ့လိုက်ပြီး "အဘိုးကြီး...ခင်များက ကျုပ်ရဲ့ သိုလှောင်အိတ်ကို မရတော့ လုချင်တယ်ပေါ့...လေနက်ခံတပ်မှာ ဥပဒေ မရှိတော့ဘူးလား"

အမှန်တော့ လူအိုကြီးက လင်းချီကို ကိုယ်တိုင်ဆော်ချင်နေသည်။ သို့သော်လည်း သူက အဆင့်မြင့်ဓားသခင်တစ်ယောက်နှင့် ပြိုင်ဘက် မဟုတ်ခဲ့ချေ။ ထို့ကြောင့် သူ၏ တပည့်ကိုသာ ခေါ်လာခဲ့လိုက်ရတော့သည်။

သူတို့ရှေ့ရှိ လူသန်ကြီးမှာလည်း လူသာကဲ့သို့ အဆင့်မြင့်ဓားသခင်ဖြစ်ပြီး လူသာထက် အနည်းငယ် သန်မာပေသည်။

"လူငယ်လေး..လေနက်ခံတပ်မှာ ငါပြောသမျှက ဥပဒေပဲ"

တယ်ရီ၏ စကားသံထွက်ပေါ်လာသည်နှင့် လူသန်ကြီးမှာ ရှေ့သို့ ဒေါသကြီးစွာ ပြေးထွက်လာလေသည်။

လူသာ ချက်ချင်းပင် သူ၏ ဓားနှင့် လူသန်ကြီး၏ တိုက်ခိုက်ချက်ကို ခုခံလိုက်သည်။ သို့သော်လည်း လူသန်ကြီးမှာ လွန်စွာ သန်မာလှပြီး သူ့ကို နောက်သို့ မီတာ အနည်းငယ်ခန့် နောက်ဆုတ်သွားစေသည်။

ဝုန်း!

လူသာ နံရံနှင့်တိုက်မိသွားပြီး အနည်းငယ် အရှက်ရသွားကာ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။

"‌ေ-သ စမ်း"

"ဟားဟား...ငါ့တပည့်လေးက အဆင့်မြင့်ဓားသခင်ကနေ မကြာခင်မှာပဲ အဆင့်ထပ်တက်တော့မှာ .. မင်းတို့ ကြောက်တတ်ရင် ငါ့ကို သိုလှောင်အိတ် ပေးလိုက်တော့"

လင်းချီ လူသာကို မေးလိုက်သည် "အဆင်ပြေရဲ့လား..."

လူသာ အံကြိတ်၍ ဓားကို ဆုပ်ကိုင်လိုက်ပြီး သားရဲတစ်ကောင်ကဲ့သို့ လူသန်ကြီးကို ခုန်အုပ်လိုက်သည်။

သို့သော်လည်း သူ၏ ပြိုင်ဘက်မှာ အားကောင်းလွန်းလှသည်။ ထို့ကြောင့် လူသာမှာ ဓားရေးတွင်သာမက လက်ဗလာချင်း တိုက်ခိုက်ရာ‌တွင်လည်း အရေးမသာပေ။

နှစ်ချက် သုံးချက်ခန့် ရင်ဆိုင်ပြီးနောက်တွင် နောက်သို့ ပြန်လွင့်လာသည်။

လင်းချီ၏လူ နောက်သို့ ထပ်လွင့်သွားသည်ကို မြင်သောအခါ တယ်ရီ ပြုံးလိုက်ပြီး "ဟားဟား...သိုလှောင် အိတ်ကို မပေးဘူးဆိုရင် ငါ့ကို လွန်တယ်ဆိုပြီးတော့ အပြစ်မတင်နဲ့နော်"

"ဟေး.....အဘိုးကြီး"

လင်းချီ ထူးမခြားနားစွာ ပြုံးလိုက်ပြီး

"ရွှေပြား၅၀၀လောက် သက်သာဖို့အတွက် ဒုက္ခတွေ အများကြီး ရှာနေတာ..ခင်များ တော်တော် ကပ်‌စေးနည်းတာပဲ"

ထိုသို့ပြောပြီးနောက် လင်းချီ စနစ်ထဲမှ ကန်စွန်းဥကို ထုတ်လိုက်ပြီး လူသာထံ ပစ်ပေးကာ "စားလိုက်.."

လူသာက ထိုကန်စွန်းဥများ၏ တန်ဖိုးကိုနားလည်သည်။ ထို့ကြောင့် နှစ်ကိုက် သုံးကိုက်နှင့် အပြတ်ရှင်းလိုက်၏။ ချက်ချင်း သူ၏ ခန္ဓာကိုယ်ထဲတွင် ကုန်ဆုံးသွားသော မှော်စွမ်းအင်အားလုံးပြန်လည် တိုးပွားလာသည်။

"ဘယ်လို...."

ထိုအချိန်တွင် လူသာမှာ သူ၏ အကောင်းဆုံး အ‌ခြေအနေတွင် ရှိနေပြီး လူသန်ကြီးမှာတော့ အခြေနေ မဟန်တော့ပေ။ ယခု လေးတင် သူ၏ ခွန်အား အားလုံးနီးပါးကို အသုံးပြုလိုက်ပြီး ဖြစ်သည်။

လူသာ သူ့ကို နားဖို့ အခွင့်အရေးမပေးဘဲ မြေပြင်ပေါ်သို့‌ အမှောက်သိပ်လိုက်ပြီး တယ်ရီအား အော်ပြောလိုက်သည်။

"ကပ်စေးကုတ်တဲ့ အဘိုးကြီး ခင်များလူတွေကို လစ်ဖို့ပြောလိုက် ..မဟုတ်ရင် ကျုပ်သူ့ကို သတ်လိုက်မယ်"

တယ်ရီ ပထမဆုံးအကြိမ် ခြိမ်းခြောက်ခံလိုက်ရသည်။ သူ၏ အာဏာမှာ မြင်ရသည်ထက် ပိုအားကောင်းသော်လည်း ယနေ့တွင်တော့ အကူအညီမဲ့သလို ခံစားရလိုက်သည်။

ထိုအချိန်တွင် ရွှေရောင်အလင်းတစ်ခု ပေါ်လာပြီး လူသာ၏ ဓားကို ‌မီတာအနည်းငယ်ခန့် လွင့်ထွက်သွားစေသည်။

"ဘယ်သူလဲ..."

လူတိုင်း ရွှေရောင်အလင်းတန်းလာသောနေရာကို ကြည့်လိုက်သောအခါ အားလုံး ကြောက်ရွံ့သွားပြီး ခြေထောက်များပင် မခိုင်ကြတော့ပေ။

"မြို့...မြို့အရှင်.."

အားလုံးထဲတွင် အတုန်လှုပ်ဆုံးကတော့ တယ်ရီပင် ။

မြို့အရှင်မှာ အလုပ်ကိစ္စနှင့် အပြင်ထွက်သွားသောကြောင့် ဤရက်ပိုင်းတွင် လေနက်ခံတပ်ထဲ၌ သူ့စိတ်တိုင်းကျ ပြုမူနေခြင်းဖြစ်သည်။ သို့သော် မြို့အရှင်မှာ ပြိုင်ပွဲဝင်များကို တာဝန်ထုတ်ပြန်ပေးရန် ယနေ့အစောကြီး ပြန်ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

~~~

All Chapters