← Chapters

ခက်ခဲသော တာဝန်

Vol. 4 Ch. 34

ခက်ခဲသော တာဝန်

Vol. 4 Ch. 34

လင်းချီ ခေါင်းမော့၍ သူ့ရှေ့တွင် အပြာရောင် ၀တ်ရုံ၀တ်ဆင်ထားသော အမျိုးသားကို ကြည့်လိုက်သည်။ ထိုသူမှာ လက်တစ်ချောင်းတည်းဖြင့် လူသာ၏ ဓားကို လွင့်ထွက်သွားစေသောကြောင့် သူ၏ အစစ်အမှန် စွမ်းအားကိုတော့ လင်းချီ စိတ်ကူးယဉ်ကြည့်ရုံသာ တတ်နိုင်သည်။

"တယ်ရီ..!"

မြို့အရှင်က စတင်မေးမြန်းလိုက်သည် "ဒီတော့ ငါမရှိတဲ့အချိန် မင်းက ဒီလိုတွေ စည်းကမ်းလိုက်နာနေတာပေါ့"

"မ..မဟုတ်ရပါဘူး..မြို့အရှင်..အရှင် အထင်လွဲတာပါ…. ဒါတွေအားလုံးက လင်းချီဆိုတဲ့ကလေးကြောင့်ပါ"

"သူကျုပ်တို့ကို အရင်ရန်စတာ"

လင်းချီ နှာခေါင်းရှုံ့လိုက်ပြီး "ကျုပ်ရဲ့ သိုလှောင်အိတ်ကို လုချင်တဲ့သူက ခင်ဗျားဆိုတာ အရှင်းကြီးပဲကို"

သူတို့၏ စကားများကို ကြားတော့ မြို့အရှင်၏ အမူအရာမှာ ပို၍  မှောင်မိုက်လာလေသည်။ သို့သော်လည်း သူ့ရှေ့ရှိလူငယ်မှာ ဆန်းသစ်လမြို့တော်ရှိ လင်းမိသားစု၏ သခင်လေးဖြစ်ကြောင်း မှတ်မိလိုက်သည်။

"မြို့အရှင် ကျုပ်ကို ယုံမှဖြစ်မယ် ဒီကလေးက ကျုပ်တို့ မှော်အစည်းအရုံးထဲကို မြောက်ကြွကြွနဲ့ ပြဿနာလာရှာသွားတာ..ဒါကြောင့်..ကျွန်တော်တို့က"

"တိတ်စမ်း..."

မြို့အရှင် အခြေအနေကို အနည်းငယ် နားလည်သွားသည်။ ထို့နောက် သူ၏ အကြည့်များက လင်းချီ၏ သိုလှောင်အိတ်ပေါ်သို့ ကျရောက်သွားပြီး အနည်းငယ် အမူအရာ ပြောင်းလဲသွားသည်။

"လူငယ်လေး..မင်း မှော်အစည်းအရုံးမှာ ဒီသိုလှောင်အိတ်ကို ပိုက်ဆံနဲ့ သွားလဲဖို့ စီစဉ်နေတာလား"

"အမှန်ပဲ.... ဒါပေမဲ့ မှော်အစည်းအရုံးကလူတွေက မသမာလွန်းတယ်... သူတို့က ဈေးနှိမ်ပြီး ကျုပ်ပစ္စည်းကို ဝယ်လို့ ကျုပ်က မရောင်းချင်တော့ လူတွေလွှတ်ပြီး ဓားပြလာတိုက်တယ်လေ.. သူတို့က မြို့အရှင် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လုံး၀ မလိုက်နာတာပဲ"

လင်းချီက မြို့အရှင်ကို ထိုလေသံဖြင့် ပြောရဲလိမ့်မည်ဟု မမျှော်လင့်ထားပေ။

လင်းချီ၏ မျက်လုံးထဲတွင်တော့ သူ့လက်အောက်ငယ်သားများ၏ အပြုအမူအတွက် မြို့အရှင်တွင် တာ၀န်ရှိပေသည်။ လင်းချီကတော့ မြို့အရှင် ဟုတ်ဟုတ် မဟုတ်ဟုတ် ဂရုမစိုက်ပေ။

"ကျုပ်စိတ်မကောင်းပါဘူး…  မှော်အစည်းအရုံးကိုယ်စား တောင်းပန်ပါတယ်"

မြို့အရှင်မှာ ကျိုးကြောင့်ဆီလျော်သည့်လူ ဖြစ်ပုံပင်။ ထို့ကြောင့် လင်းချီလည်း ဗွေယူမနေတော့။ မည်သို့ပင်ဆိုစေ သူ့တွင် ဘာမျှ ဆုံးရှုံးစရာ မရှိပေ။

"ကောင်းပြီ...ဒီလိုဆိုရင်ကော… သိုလှောင်အိတ်ကို ပိုက်ဆံနဲ့ လဲလှယ်ချင်တယ်ဆိုမှတော့ လင်းသခင်လေး ရောင်းချင်တဲ့ဈေးထက် နှစ်ဆပေးပြီး၀ယ်မယ်…. တောင်းပန်တဲ့အနေနဲ့ သဘောထားလိုက်ပါ.... "

၎င်းကိုကြားတော့ လင်းချီ ပြုံးလိုက်ပြီး "အိုး..အဲ့ဒါဆို ပိုကောင်းတာပေါ့"

"ဒါပေမယ့်"

တယ်ရီငြင်းချင်သော်လည်း မြို့အရှင်က

"ဘာတွေ အချိန်ဆွဲနေတာလဲ ..သူ့ကို ပိုက်ဆံပေးလိုက်လေ"

အမှန်တော့ မြို့အရှင်မှာ ဒီကိစ္စကို တော်တော်လေး စိတ်ပူနေမိသည်။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက လေနက်ခံတပ်၏ ပုံရိပ်မှာ လုံး၀ ပျက်ဆီးသွားပေမည်။ ထို့ကြောင့် လူသိနည်းလေ ပိုကောင်းလေဖြစ်၏။

တယ်ရီက သူ့လူများကို ရွှေဒင်္ဂါးများပြည့်နေသော အိတ်တစ်လုံးယူလာခိုင်းလိုက်ပြီး လင်းချီကို ရင်နာနာနှင့် ပေးလိုက်သည်။

"သခင်လေးလင်း..ကျေနပ်ရဲ့လား မသိဘူး" မြို့အရှင်က ယုံကြည်မှုရှိစွာ ခေါင်းကိုမော့လိုက်သည်။

"ဟုတ်ကဲ့ ကျေနပ်ပါတယ်"လင်းချီက အပြုံးလေးနှင့် ခေါင်းငြိမ့်လိုက်သည်။

"အဲ့ဒါဆို ဒီနေ့ ဖြစ်ရပ်က...."

ထိုအခါမှသာ မြို့အရှင်က ပြဿနာများ ဖြေရှင်းရာတွင် ပါးနပ်မှုရှိကြောင်း လင်းချီ သတိထားမိလိုက်သည်။ ထို့နောက် သူ အမှားလုပ်သလို ပြုမူနေသော တယ်ရီကို ကြည့်လိုက်မိသည်။

"ထားလိုက်ပါတော့… ဒါပေမယ့် မြို့အရှင် မှော်အစည်းအရုံးရဲ့ ဂိုဏ်းထောက်ကို ပြောင်းလဲသင့်တယ်.... သူ့လိုလူမျိုးတွေက အရှင့်ကို အရှက်ရစေမှုတွေပဲ သယ်ဆောင်လာမှာ"

လင်းချီ တယ်ရီကို လှောင်ပြောင်ရန်လည်း မမေ့ခဲ့ပေ။ ထို့နောက် ရွှေအိတ်ကို ကိုင်ရင်း  လူသာနှင့် အတူ ထွက်သွားတော့သည်။

ထို ကိစ္စအပြောင်းအလဲများကိုကြည့်ရင်း တယ်ရီ၏ စိတ်တွင် လွန်စွာ ကြောက်လန့်နေမိသည်။ လင်းချီ နှင့် တခြားသူများ ထွက်သွားသောအခါ မြို့အရှင်၏ အမူအရာမှာ အေးစက်သွားပြီး ဒေါသထွက်လာကာ

"တယ်ရီ......"

ဘုန်း...

မြို့အရှင်၏ လက်ညိုးမှ လျှပ်စီးတစ်ခု ထုတ်လွှတ်လိုက်ပြီး တယ်ရီ၏ ဘောင်းဘီခွကြားအောက်ကို ထိမှန်သွားသည်။ တယ်ရီမှာ လွန်စွာ ကြောက်လန့်နေပြီး မျက်နှာ ဖြူလျော်သွားသည်။

"အရှင်...သနားပါ..ကျုပ်နောက်ဒီလို မလုပ်ရဲတော့ပါဘူး"

တယ်ရီ ကြောက်လန့်တကြား မြေပြင်သို့ ဒူးထောက်ချလိုက်သည်။ သူ၏ မျက်နှာမှာလည်း လွန်စွာ သောက ရောက်လျက်ရှိ၏။

သို့သော်လည်း မြို့အရှင်မှာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "မင်းဒီလို ကိစ္စတွေလုပ်ချင်ရင်လဲ တိုးတိုးတိတ်တိတ်လုပ်..နေ့ခင်းကြောင်တောင်ကြီးလုပ်နေရင် ဘယ်သူမှသတိမထားမိဘူးလို့ ထင်နေတာလား"

မြို့အရှင်၏ စကားကိုကြားတော့ တယ်ရီ ချက်ချင်းသဘောပေါက်သွားပြီး.. ပေါ့ပါးစွာ ပြုံးလိုက်သည်။

"ကျွန်တော် .... ကျွန်တော် နားလည်ပါပြီ မြို့အရှင်.... ရှေ့လျှောက် ဒီလိုကိစ္စမျိုးကို တိုးတိုးတိတ်တိတ်လုပ်ဆောင်ပါ့မယ်"

မြို့အရှင် သက်ပြင်းတစ်ချက်ချလိုက်ပြီး "တော်လောက်ပြီ..နောက်တစ်ကြိမ်ဆိုရင် ယှဉ်ပြိုင်သူတွေကို ကိုင်တွယ်ဖို့ ပိုက်ဆံအကုန်ခံပြီး ကျွမ်းကျင်သူတစ်ယောက်ကိုပဲ ငှားလိုက်…. သူတို့က လူသိများတဲ့ မျိုးရိုးမြင့်မိသားစု၀င်တွေ..ဒီလို သေးငယ်တဲ့ မှော်အစည်းအရုံးလေးကို ဘယ်လိုလုပ် ကြောက်မှာလဲ.."

"ဆိုလိုချင်တာက......"

"အနာဂတ်မှာ ငါပြောတဲ့ အတိုင်းသာလုပ်..အခုပြန်သွားတော့..."

တယ်ရီ လျင်မြန်စွာ လှည့်ပြန်သွားသည်။

လင်းချီ ရွှေပြားတစ်ထောင်ရလိုက်သောကြောင့် အမြန် စနစ်ကို အဆင့်မြှင့်ချင်နေသည်။

သို့သော်လည်း စနစ်တွင် အတွေ့အကြုံ  အမှတ်များ နည်းနေသေးသည်။ ထို့ကြောင့် သူ အချိန်အနည်းငယ်စောင့်၍ အတွေ့အကြုံအမှတ်များ စုဆောင်းခြင်းက ပိုကောင်းသည်။ မည်သို့ပင်ဆိုစေကာမူ သူ့တွင် ပိုက်ဆံကိစ္စ စိတ်ပူစရာ မလိုတော့ပေ။

လင်းချီ တည်းခိုဆောင်သို့ ပြန်ရောက်သောအခါ ယှဉ်ပြိုင်သူများအားလုံး စုဝေးနေပြီး အားလုံး၏ မျက်နှာအမူအရာမှာ လေးနက်နေသည်ကို မြင်လိုက်ရသည်။

သူတို့ မျက်နှာမူရာ အရပ်ကို ကြည့်လိုက်သောအခါ မြို့အရှင်မှာ သူတို့အရှေ့တွင် မတ်တပ်ရပ်နေသည်ကို တွေ့ရသည်။

"အိုး..သူငါတို့ထက် အရင်ရောက်နေမယ်လို့ မထင်ထားဘူး"

မြို့အရှင်၏ အမူအရာက အနည်းငယ် ပြေလျော့သွားပြီး လူအုပ်ကိုကြည့်ကာ ပြောလိုက်သည်။

"စမ်းသပ်ပွဲမှာ ပါ၀င်တဲ့သူတွေအကုန်လုံး အခုရောက်နေပြီဆိုတော့…. အခု နောက်ထပ်မစ်ရှင်တစ်ခု ကြေညာပေးမယ်"

တစ်ချိန်တည်းတွင် ယှဉ်ပြိုင်သူများအားလုံး စိတ်လှုပ်ရှားနေကြသည်။

လင်းချီတစ်ယောက်တည်းသာ တည်ငြိမ်စွာ နားထောင်နေပြီး သူ့အတွက်တော့ စမ်းသပ်မှုမှာ ကလေးကစားစရာကဲ့သို့ ဖြစ်နေသည်။

သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှ စနစ်အဆင့်မြှင့်ရန်သာ ဖြစ်၏။

"ကောင်းပြီ အခု..မစ်ရှင်ကို ကြေညာပေးမယ်...မနက်ဖြန်ကနေစပြီး နောက်တစ်ပတ်မတိုင်ခင်အထိ မင်းတို့အားလုံး ကြယ်ငါးပွင့် မှော်အဆီအနှစ်ကို ရအောင် လုပ်ရမယ်"

သူ၏စကားဆုံးတော့ လူတိုင်း ကြက်သေသေသွားကြသည်။

"ဘာ......"

ရုတ်တရက် လူး၀စ် အော်လိုက်ပြီး"ကြယ်ငါးပွင့် မှော်အဆီအနှစ်..? ကျုပ်တို့ကို သေတွင်းပို့နေတာလား...."

ထိုအချိန်တွင် အားလုံးထံမှ မကျေနပ်သံများ စတင်ထွက်ပေါ်လာတော့သည်။

သို့သော်လည်း မြို့အရှင်၏ အမူအရာမှာ လေးနက်နေပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

"လူတိုင်း စိတ်ငြိမ်ငြိမ်ထားကြပါ…. ကျုပ် ရှင်းအောင်ပြောပါရစေ…. ဒီမစ်ရှင်က ကြယ်ငါးပွင့်မှော်အဆီအနှစ်ကို ယူဖို့ပဲ…. မှတ်ထားပါ မင်းတို့ တစ်ယောက်ကိုတစ်ယောက် ကူညီပေးခွင့်မရှိဘူး....”

“ဒီပြိုင်ပွဲက မင်းတို့ပြိုင်ပွဲမဆုံးခင် ပြီးမြောက်အောင်လုပ်ရမဲ့ဟာပဲ… အကယ်၍ မကျေနပ်သူ တစ်ယောက်ယောက်ပါရင် မပြိုင်ပဲနေလို့ရပါတယ်… ကျုပ်က အပြန်ခရီးအတွက် အချိန်မရွေးစီစဉ်ပေးပါမယ်”

ထိုအချိန်တွင် တော်တော်များများက ပြန်ဆုတ်ရန် အတွေးရှိနေကြသည်။ ကြယ်ငါးပွင့် မှော်အဆီအနှစ်မှာ လွယ်လွယ်ကူကူ ရရှိနိုင်သောအရာ မဟုတ်ပေ။ ကြယ်ငါးပွင့်နှင့်အထက် သားရဲများကို သတ်ဖြတ်နိုင်မှသာ ရရှိနိုင်သည်။ ထို့အပြင် ဆန်းသစ်လတောအုပ်တွင် မရှိသလောက်ကို နည်းပါးလှသည်။

"ဒီမစ်ရှင်က ခက်လွန်းတယ်" ယွီမုန့် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

သို့သော်လည်း လင်းချီကတော့ ဂရုမစိုက်ပေ။ အမှန်တော့ လင်းချီက မြို့အရှင် ဘာပြောနေမှန်းတောင်မသိ။ အကြောင်းမှာ သူက စနစ်ထဲရှိ ဟင်းပွဲအသစ်များကို ကြည့်နေခြင်းဖြစ်သည်။

ထိုအချိန်တွင် လူတော်တော်များများက နောက်ကြောင်းပြန်လှည့်ရန် စဉ်းစားနေကြသည် ။သို့သော်လည်း တချို့မှာ မြို့အရှင်ကို ပြန်ပို့ပေးရန် မတောင်းဆိုဝံ့ဘဲ ဖြစ်နေကြ၏။

လူး၀စ်နှင့် ဆန်းသစ်လမြို့တော်မှ ယှဉ်ပြိုင်သူများကတော့ နောက်ပြန်ဆုတ်ရန် စီစဉ်ပြီးဖြစ်သည်။ သူတို့ မစ်ရှင် အောင်အောင် မအောင်အောင် အသက်ရှင်နေသရွေ့ အဆင်ပြေနေပြီဖြစ်သည်။

သို့သော်လည်း ယွီမုန့်ကတော့ ခိုင်မာစွာဖြင့် "ငါကတော့ ပြန်သွားမှာ မဟုတ်ဘူး"

"ဘာ..ယွီမုန့်..နင်ရူးနေပြီလား..ဒီမစ်ရှင်က ကြီးမြတ်သော ဓားသခင်အဆင့် ရောက်နေသူတွေအတွက်တောင် ပြီးမြောက်ဖို့ မဖြစ်နိုင်ဘူးနော်..မင်းလို အဆင့်နိမ့် မှော်ဆရာက ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ"

ယွီမုန့် အသက်ပြင်းပြင်းရှူလိုက်ပြီး "ဂရုမစိုက်ဘူး..တကယ်လို့ ငါပြန်သွားမယ်ဆိုရင် ငါ့မိသားစုက ငါ့ကို အထင်သေးလိမ့်မယ်"

လူးဝစ်နှင့် အခြားသူများ ပြန်သွားဖို့ ရည်ရွယ်ထားသည်ကို တွေ့သောအခါ သူမ၏ အကြည့်များကို လင်းချီဘက်သို့ လှည့်လိုက်သည်။

~~~

All Chapters