← Chapters

စမ်းသပ်မှုအတွက်ထွက်ခွာခြင်း

Vol. 4 Ch. 36

စမ်းသပ်မှုအတွက်ထွက်ခွာခြင်း

Vol. 4 Ch. 36

"မင်းဘာလိုချင်တာလဲ ငါမေးလို့ရမလား"

သူ့ဆီလာတဲ့သူကတော့ ချန်းလင်ပင်ဖြစ်၏။ ထိုအချိန်တွင် ချန်းလင်မှာ သူ့မျက်နှာတွင် အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး လက်ကိုပိုက်လျက်ပြောလိုက်သည်။ "လင်းချီ မင်းကိုယ်မင်း ငါ့အိမ်တံခါးရှေ့ လာပို့‌ရလောက်တဲ့အထိ မိုက်မဲလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး!"

လင်းချီ ချက်ချင်း တွေးရခက်သွားသည်။ "မင်းဘာကိုဆိုလိုတာလဲ ငါနားမလည်ဘူး"

ချန်းလင် အနည်းငယ် အံ့သြသွားသော်လည်း အလျင်အမြန်ပင် စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်သည်။ “မင်းကိုပြောမယ် ငါနောက်ဆုံးအခေါက်က ကိစ္စနဲ့ပတ်သတ်ပြီး ဒေါသထွက်နေတုန်းပဲ မင်း ငကြောက်တစ်ကောင်လို ဒီမှာ တစ်သက်လုံးနေရင်နေ မဟုတ်ပဲ ဒီလေနက်ခံတပ်ထဲကနေ ထွက်သွားရဲရင်တော့ ငါမင်းကို သင်ခန်းစာပေးပစ်မယ်"

“မင်းတကယ်လုပ်မယ်ဆိုတာ ငါသိပါတယ်” လင်းချီ၏ အမူအရာမှာ အေးစက်နေပြီး သူ့စကားကို လုံးဝအလေးအနက်ထားပုံမ‌ပေါ်ပေ။

သူ့တုံ့ပြန်မှုက ချန်းလင်၏ တစ်ကိုယ်လုံးကို ဒေါသကြောင့် ထူပူသွားစေခဲ့သည်။ သူ အံကြိတ်ကာ ခေါင်းကိုတဆတ်ဆတ်ငြိမ့်သည်။ "အေး မင်းကြပ်ကြပ်သတိထား‌နေ!”

ထိုစကားကို ပြောပြီးနောက် သူ့အ‌ဖော်များနှင့်အတူ တောင်ဘက်မြို့တံခါးသို့ ဦးတည်သွားလိုက်ကြသည်။

လင်းချီ၏အဖွဲ့လည်း ပစ္စည်းများကို ထုပ်ပိုးပြီးနောက် အမြန်လိုက်သွားကြသည်။

တောင်ဘက်မြို့တံခါး၌ အစောင့်အကြပ်များစွာကို ချထား၏။ မြို့အရှင်သည်လည်း ကျန်ရှိ‌သော ပြိုင်ပွဲဝင်အနည်းငယ်ကို မျက်နှာမူလျက် ဂိတ်တံခါးရှေ့တွင် ရပ်နေသည်။ "ကောင်းပြီ ကျုပ် အခု နာမည်စာရင်းကို ထပ်အတည်ပြုမယ်"

"မုန်တိုင်းမြို့‌‌တော်ရဲ့ ပြိုင်ပွဲဝင်များ - ချန်းလင်၊ ဟွမ်ထျန်၊ လင်းမုန့်ယောင် နဲ့ မိုနာ"

"လင်းလုံမြို့‌တော်ရဲ့ ပြိုင်ပွဲဝင်များ - သုန့်လင်၊ သွမ့်အော်ထျန်၊ ကျီယန် နှင့် ပိုင်ဖုန်း"

"ချီရှင်းမြို့တော်ရဲ့ ပြိုင်ပွဲဝင်များ - မင်လုံ၊ မော့ရွှယ် နဲ့ ထျန်ကောင်း"

"ဆန်းသစ်လမြို့တော်ရဲ့ ပြိုင်ပွဲဝင်များ - လင်းချီ၊ လူးဝစ် နဲ့ ယွီမုန့်"

လူသာနှင့် ကျင်လင်လင်တို့က နောက်လိုက်များအနေဖြင့်သာ လိုက်ပါခဲ့ခြင်းဖြစ်သောကြောင့် စာရင်းတွင် မပါဝင်ကြပေ။

ပါဝင်သူအားလုံး ထိုနေရာတွင် စုဝေးနေကြသည်။ စုစုပေါင်းဆယ့်လေးယောက်ရှိပြီး အုပ်စုလေးစုခွဲထားသည်။ အဖွဲ့တစ်ခုစီသည် လမ်းကြောင်းမတူညီသောကြောင့် ပါဝင်သူများသည် အင်အားပူးပေါင်း၍ မရနိုင်ပေ။

မြို့အရှင်က နောက်ထပ် စည်းမျဉ်းတစ်ခုကို ကြေညာလိုက်သည်။ "မင်းတို့မှာ အချိန်ခုနှစ်ရက်ပဲရှိတယ်ဆိုတာကို သတိရကြပါ။ အဲ့ခုနစ်ရက်အတွင်း ကြယ်ငါးပွင့်မှော်အဆီအနှစ်ကို မရရင် စမ်းသပ်မှု ကျရှုံးတယ်လို့ သတ်မှတ်မယ်”

ထိုသို့ပြောပြီးနောက် အိတ်ကပ်ထဲမှ စာလိပ်နှစ်လိပ်ကို ထုတ်ကာ လူတိုင်းကို ပြောလိုက်သည်။ “အားလုံးပဲ ကျုပ်မှာ နောက်ထပ် အပိုဆုတစ်ခု ရှိ‌သေးတယ် စာလိပ်တစ်လိပ်မှာ ရေးထားတာက အဆင့်မြင့်မှော်မန္တာန်ပဲ မှော်ဆရာအားလုံး သုံးလို့ရတယ် နောက်တစ်ခုကကျ ဓားသမားတွေအတွက် အဆင့်မြင့်ဓားသိုင်းကျင့်စဉ်ကို ရေးထားတယ်”

"မင်းတို့ ဒီစာလိပ်‌တွေကို ရချင်ရင် ကြယ်ငါးပွင့်မှော်အဆီအနှစ်ကို သတ်မှတ်ထားတဲ့ မစ်ရှင်နေရာမှာ ပထမဆုံးအပ်နိုင်ရမယ်"

ထိုသတင်းကိုကြားပြီးနောက် လူတိုင်း၏နှလုံးသားထဲ၌ တိုက်ပွဲဝင်ချင်သော စိတ်ဓာတ်‌တို့ တောက်လောင်လာကြရသည်။

ယင်းစာလိပ်တို့မှာ အဆင့်မြင့်‌ မှော်မန္တာန်နှင့် ဓားကျင့်စဥ်တို့ဖြစ်၏။ မည်သူမဆို ထိုကဲ့သို့သော ရတနာမျိုးကို လက်ဝယ်ပိုင်ဆိုင်လိုကြသည်။

"ယွီမုန့် ကြားလား ငါတို့ အောင်မြင်အောင်လုပ်နိုင်ရင် အရမ်းတန်ဖိုးကြီးတဲ့ အဆင့်မြင့်မှော်စာလိပ်ကိုရမှာ‌” လူးဝစ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သို့သော်လည်း ယွီမုန့်က မျက်ဆံလှန်လိုက်မိပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ “နင် အရမ်း လှလှပပလေးတွေးနေတာပဲ အဲဒီစာလိပ်တွေကို ငါတို့ ရနိုင်မှာတောင် မဟုတ်ဘူး!”

"ဘာလို့လဲ?"

"ငါတို့နဲ့ ထိပ်တိုက်တွေ့မယ့်လူတွေက ဘယ်လိုလူမျိုးတွေလဲဆိုတာ မင်းတစ်ချက်ကြည့်လိုက်သင့်တယ်" လင်းချီက ပြုံးပြီး ထပ်ဖြည့်ပြောလိုက်သည်။

အခြားအုပ်စုများတွင် အဆင့်နိမ့်ဆုံးယှဥ်ပြိုင်သူပင် အဆင့်မြင့်ဓားသခင်အဆင့်များဖြစ်ကြသည်။ ချန်းလင်ကဲ့သို့သော ပါရမီရှင်တစ်ဦးပလည်း ပါရှိနေသေးသည်။ ထိုစာလိပ်များကို ရရှိရန်မှာ ကောင်းကင်သို့တက်ရခြင်းထက် ခက်ခဲမှာ မလွဲဧကန်ပင်။

ထို့ကြောင့် သူတို့မှာ စာလိပ်များအကြောင်းကို ယောင်လို့တောင် မတွေးဝံ့ကြပေ။ နောက်ဆုံး စမ်းသပ်ပွဲကို ကျော်ဖြတ်ဖို့ပဲ မျှော်လင့်မိသည်။

"ကောင်းပြီ! အားလုံးလည်း နားလည်

လောက်ပြီဆိုတော့ ထွက်ခွာကြစို့”

မြို့အရှင်၏ ကြွေးကြော်သံကို ကြားပြီးနောက် လူငယ်ဆယ့်လေးယောက်တို့မှာ မြို့ပြင်သို့ မတူညီသော ဦးတည်ချက်များဖြင့် ထွက်ခွာလာကြသည်။

မြို့မှထွက်ခွာပြီးနောက် ချန်းလင်သည် လင်းချီအား အပြင်းအထန် စိုက်ကြည့်‌နေ၏။ သူ၏နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး ရက်စက်တဲ့ အပြုံးကိုတောင် ထုတ်ပြလိုက်‌သေးသည်။ ပြောစရာမလိုအောင်ပင် လင်းချီကို နောက်ပိုင်းမှာ ဒုက္ခပေးတော့မည်။

လင်းချီအသက်ရှူထုတ်ပြီး အများကြီးမတွေးဘဲ ရှေ့ကို အမြန်လျှောက်သွားလိုက်သည်။

တောင်ပိုင်း မြက်ခင်းပြင်သို့ ဝင်ရောက်ရန် စုစုပေါင်း လမ်းလေးခုရှိသည်။ လင်းချီနှင့် အခြားသူများက အနည်းငယ် ဘေးကင်းသော စတုတ္ထလမ်းကို ရွေးချယ်ခဲ့ကြသည်။ သို့သော် ထိုလမ်းကြောင်းသည် အချိန်အကြာဆုံးဖြစ်၏။

ထိုအချိန်တွင် မုန်တိုင်းမြို့‌တော်မှ ချန်းလင်ကတော့ အခက်ခဲဆုံးလမ်းကြောင်းကို ရွေးချယ်ခဲ့သော်လည်း ၎င်းက အတိုဆုံးလမ်း ဖြစ်သည်။

ထိုလမ်းကြောင်းကို သွားမည်ဆိုပါက ကြယ်လေးပွင့်နတ်ဆိုးသားရဲများနှင့် ကြုံတွေ့နိုင်သည်ကို သိရမည်ဖြစ်သည်။ သူတို့ရဲ့ အရည်အချင်းအလိုက် ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပေမယ့် အနိုင်ယူဖို့ အချိန်အနည်းငယ်ယူရတာမို့ ဤစမ်းသပ်ပွဲ၌ မြန်မြန်ဆန်ဆန် လွယ်ကူတဲ့ လမ်းကြောင်းဟူ၍ မရှိပေ။

ကျန်ပါဝင်သူများသည်လည်း အန္တရာယ်အမျိုးမျိုးတည်ရှိနေသော လမ်းများပေါ်သို့ လျှောက်လှမ်းသွားကြသည်။

လမ်းတစ်လျှောက်တွင် လူးဝစ်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ ကြောက်လန့်စွာ စိုးရိမ်ပူပင်မှုများနှင့် ဘေးပတ်လည်ကို ကြည့်နေခဲ့သည်။

သို့သော် ဓားသမားဖြစ်‌သော သူ့အတွက် ကြီးမားသောအန္တရာယ်အား ခံစားနေမိသော ဆဠမ‌အာရုံဖြင့် ဖိနှိပ်ခံရသည်မှာ သဘာဝပင်ဖြစ်သည်။

"လင်းချီ နင်ဘာလို့ ကျင်းလင်လင်ကို ဒီကို ခေါ်လာတာလဲ" ယွီမုန့်က မေးသည်။

လင်းချီလည်း ကူကယ်ရာမဲ့နေခဲ့သည်။ ကျင်းလင်လင်က သူ့နောက်ကို လိုက်ဖို့ အတင်းအကြပ်ပြောဆိုခဲ့သောကြောင့် သူဘာမှလုပ်လို့ကို မရ‌ပေ။

“ငါလည်း ဘာမှ မတတ်နိုင်ဘူး ငါ့ကို သူ့ဆရာအဖြစ်ခံယူပြီး ငါ့နောက်ကို အတင်းအကြပ်လိုက်လာတာ‌လေ”

“ဆရာ ဟုတ်လား?”

ယွီမုန့်၏ မျက်နှာက ပို၍ လေးနက်လာကာ လင်းချီ၏ လည်ပင်းကို သူမ၏ မှော်တုတ်တံဖြင့်‌‌ ထောက်လိုက်ပြီး ပြောသည်။ "နင် သူ့ကို လိုက်ခဲ့ဖို့ အတင်းအကြပ်ခေါ်လာတာလို့ ငါ့ကိုမပြောနဲ့..."

"ဘာတွေပြောနေတာလဲ သူကသာ ငါ့ကို အတင်းအကြပ်တွယ်ကပ်နေတဲ့သူပါဟ!"

"ဟမ့်!"

ယွီမုန့် အေးစက်စွာ နှာမှုတ်လိုက်သည်။

သူတို့ တောထဲကို ဝင်ရောက်လာပြီဖြစ်သည်။ တောင်ပိုင်းမြက်ခင်းပြင်သို့ ရောက်ရန် ဤတောအုပ်မှာ ဖြတ်ကို ဖြတ်သန်းသွားရမည့် နေရာတစ်ခုဖြစ်သည်။

ထို့အပြင် ဒီတောအုပ်ကိုဖြတ်ကျော်ရန် အချို့သောမိစ္ဆာသားရဲများကို အနိုင်ယူမှရလိမ့်မည်။

သို့သော်လည်း လင်းချီနှင့် အခြားသူများက အလုံခြုံဆုံးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် အဆင့်နိမ့်နတ်ဆိုးသားရဲအချို့သာ ရှိပြီး သူတို့လေးယောက် အတူတူအလုပ်လုပ်ရုံနဲ့ တစ်ကောင်ပြီး တစ်ကောင် အနိုင်ယူနိုင်‌ပေသည်။

"အခုထိ မိစ္ဆာသားရဲအကောင်သေးသေးလေးတွေနဲ့ပဲ ကြုံရသေးပေမယ့် ကြယ်လေးပွင့် နတ်ဆိုးသားရဲတစ်ကောင်သာ ရောက်လာရင် ငါတို့တော့ ဒုက္ခရောက်ပြီပဲ!"

လင်းချီစကားမဆုံးခင်မှာပင် ခပ်ဝေးဝေးမှ ပုံမှန်မဟုတ်သော လှုပ်ရှားမှုတစ်ခုကို တွေ့လိုက်ရသည်။ ထို့နောက် တောအုပ်တစ်ခုလုံး ပဲ့တင်ထပ်သွားသော အော်သံတစ်ခု မြည်ဟည်းသွားသည်။

လူတိုင်း ချက်ချင်းပင် ဖြူဖျော့သွားကြ၏။

လူးဝစ်က တုန်လှုပ်နေသောအသံဖြင့် “မင်းတို့ ...ကြားကြလား အဲ့အော်သံကိုလေ!”

“ငါအမှတ်မမှားဘူးဆိုရင် လင်းလုံမြို့‌တော်က ယှဉ်ပြိုင်သူတွေက တတိယလမ်းကို ရွေးကြတာပဲ”

“ခုနက အမျိုးသမီးအသံ... သူတို့ အခက်အခဲ ကြုံနေရတာများလား”

လင်းချီ သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ “အဲ့ဒါကို စိတ်မပူစမ်းနဲ့ ငါတို့ဒီကို စမ်းသပ်မှုဖြတ်ကျော်ဖို့ ရောက်လာတာ သူရဲကောင်းလုပ်ဖို့မဟုတ်ဘူး”

တကယ်တမ်း လူးဝစ်နဲ့ ယွီမုန့်တို့မှာလည်း သွားကြည့်ဖို့တောင် မစဉ်းစားမိကြ‌ပေ။

ထို့နောက် သူတို့ သုံးယောက်သည် တောအုပ်အတွင်းက လမ်းသေးသေးလေးတွင် ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။ ထိုနေရာသည် အတော်လေး တိတ်ဆိတ်နေပြီး ပတ်ဝန်းကျင်တွင် မိစ္ဆာသားရဲကောင်များ များများစားစား မရှိပေ။ အဲဒါက သူတို့အတွက် တကယ်ကောင်းတဲ့အရာပင်ဖြစ်သည်။

သို့သော် သူတို့ သံသယဖြစ်စရာမှာ လမ်းတစ်လျှောက်တွင် မိစ္ဆာသားရဲများများစားစား မတွေ့ခဲ့ရသော်လည်း သူတို့၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များ လျော့ကျသွားခြင်း ဖြစ်၏။

လင်းချီက ဤနေရာသည် ယခုအချိန်အတွင်းတော့ အတော်အတန် လုံခြုံသည်ကို သိသောကြောင့် "ဒီမှာ ခဏလောက် အနားယူပြီး ငါတို့ရဲ့ စွမ်းအင်တွေ ပြန်ဖြည့်ရအောင်!"

သူတို့အားလုံး မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကြသော်လည်း ပတ်ဝန်းကျင်ကို အနည်းငယ် သတိထားနေကြဆဲဖြစ်သည်။

သူတို့အထဲမှာ ကျင်းလင်လင်ကတော့ အပေါ့ပါးဆုံးပင်။ ထိုမိန်းကလေးမှာ အကြောက်အလန့်ဆိုတာကို သိပုံမရ။ သူလိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ရှာချင်ရင် မည်သည့်နေရာကိုမဆို သွားသည်။

ဒါတောင် သူမအပြင်ထွက်ခဲသည်။ သူမသည် လေနက်ခံတပ်ရှိ ပင်မတည်းခိုဆောင်၏ မီးဖိုချောင်တွင်သာ နေလေ့ရှိသည်။ ပါဝင်ပစ္စည်းများကို သူမတောင်းလိုက်သည်နှင့် တစ်စုံတစ်ယောက်က နောက်နေ့တွင် သူမအတွက် ရှာဖွေယူဆောင်လာပေးပြီးသားဖြစ်သည်။

ဒီနေ့က သူမဘာသာသူမ ဒုတိယအကြိမ်မြောက် အပြင်ထွက်ခြင်းပင်။

သေချာပေါက် သူမ အရမ်းစိတ်လှုပ်ရှားနေတာပေါ့။

~~~

All Chapters