ကျောက်ဘီလူး
Vol. 4 Ch. 37
ဘုန်း!
အားလုံး အနားယူနေကြစဉ် အနီးနားမှ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
"အဲ့ဒါ ဘာသံလဲ"
လူးဝစ်သည် ကြောက်လန့်ပြီး အမြန်ထလိုက်၏။ ပေါက်ကွဲသွားသည့် လမ်းကြောင်းကို ထိတ်လန့်စွာ ကြည့်လိုက်ရာ အနက်ရောင် မီးခိုးများ တက်လာသည်ကို တွေ့လိုက်ရသည်။
"မကောင်းတော့ဘူး ဟိုဘက်မှာ တိုက်ပွဲဖြစ်နေတဲ့ပုံပဲ!"
ယွီမုန့် မတ်တပ်ထရပ်လိုက်ပြီး အနက်ရောင်မီးခိုးတွေကို ဂရုတစိုက်ကြည့်ကာ မထူးခြားနားဟန်ဖြင့် ပြောလိုက်သည်။ "ဒါက ပေါက်ကွဲမှုမန္တာန်ပဲ အလယ်အလတ်အဆင့်တစ်မှာရှိတယ် ကြည့်ရတာ လင်းလုံမြို့တော်က ပြိုင်ပွဲဝင်တွေ ပြင်းထန်တဲ့တိုက်ပွဲတစ်ခု တိုက်ခိုက်နေကြရပုံပဲ”
လူသာသည် အားနည်းသူကို ကူညီလိုသည့် တရားမျှတမှုပေးလိုစိတ်ကို ရုတ်တရက် ထူးဆန်းစွာ ခံစားလိုက်ရ၏။ လင်းလုံမြို့တော်၏ အရှေ့တိုင်းဆန်သောအမျိုးသမီးနဲ့ ပတ်သက်ပြီး သူ့တွင် အတွေးတစ်ချို့ရှိနေသည်။ သူက အခြားသူတွေကိုပြောလိုက်သည်။ "ကျုပ်တို့ သူတို့ကို သွားကူညီကြရင်ရော?"
“မြို့အရှင် ပြောတာကို မေ့သွားပြီလား သူတို့ကိုကူညီတာက စည်းကမ်းနဲ့မညီဘူးလေ"
"သူတို့ကို ဘယ်လိုကူညီပေးမှာလဲ ငါတို့ဘာသာတောင် စမ်းသပ်မှုကို မကျော်ဖြတ်ရသေးတာကို” လူးဝစ်ဟာ ထုံးစံအတိုင်း ဘယ်ဒုက္ခတောထဲမှ မဝင်ချင်ပေ။
သို့သော် လင်းချီက လူသာ၏ အတွေးများကို ဖောက်ထွင်းမြင်သောကြောင့် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ "ဒီလိုဆို ဘယ်လိုလဲ ယွီမုန့်နဲ့ လူးဝစ်၊ မင်းတို့ ဒီမှာ အနားယူနေ လူသာနဲ့ ငါဘာတွေဖြစ်နေတာလဲ သွားကြည့်လိုက်မယ်”
"နင်ရူးနေလား?"
ယွီမုန့်က လင်းချီ၏ လက်မောင်းကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။ သူမ၏ မျက်လုံးများက စိုးရိမ်နေကြောင်း ထင်ရှားနေသည်။
"စိတ်မပူပါနဲ့ ငါတို့ တစ်ချက်လောက်ကြည့်ပြီးတာနဲ့ ပြန်လာခဲ့မယ်!" လင်းချီ သူမကို နှစ်သိမ့်ပေးပြီးနောက် လူသာနောက်သို့ အမြန်လိုက်သွားသည်။
ကျင်းလင်လင် သူတို့နောက်ကို လိုက်ချင်သော်ငြား လင်းချီက သူမကို ဒီနေရာမှာသာ စောင့်နေရန် အမိန့်ပေးခဲ့သည်။
ထို့နောက် လင်းချီနှင့် လူသာတို့သည် ထူထပ်သော တောအုပ်ကြီးထဲသို့ တိုးဝင်ဖြတ်သန်းလာသည်နှင့်အမျှ သတ္တုဓါးသွားများ တစ်စုံတစ်ခုနှင့် တိုက်မိသံကို တဖြည်းဖြည်း ကြားလာရသည်။
ထိုအသံများအနီးသို့ ရောက်လာသောအခါ ခေါင်းပြူကြည့်မိလိုက်ရုံဖြင့် နှစ်ယောက်သား မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။
“ဒါ…”
နှစ်ယောက်စလုံး ကြက်သေသေနေကြသည်။
သူတို့မြင်လိုက်ရသောအရာက သူတို့ကို ထိတ်လန့်တုန်လှုပ်စေသည်။
"ဘုရားရေ! တကယ် အကြီးကြီးပဲ!"
သုန့်လင်ရှေ့တွင် ဧရာမကျောက်ဘီလူးကြီးတစ်ကောင်ကို သူတို့ တွေ့လိုက်ရသည်။ ဘီလူးကြီး၏တစ်ကိုယ်လုံးကို ကျောက်တုံးများဖြင့် ဖုံးအုပ်ထားပြီး ခန္ဓာကိုယ်မှာ အလွန်အမင်းမာကျောလိမ့်မည်က ဧကန်မုချပင်။
"ဒီလို ကျောက်ဘီလူးမျိုးကို အရင်က မြင်ဖူးတယ်" လူသာက ပြောသည်။
“ဒါက ထူးခြားတဲ့ မိစ္ဆာသားရဲတစ်မျိုးပဲ သူ့ရဲ့အမြုတေက ခန္ဓာကိုယ်ရဲ့ ဗဟိုချက်မှာရှိတာ အမြုတေကိုမဖြတ်ထုတ်ခင် သူ့ကို ကာကွယ်ထားတဲ့ ကျောက်တုံးအားလုံးကို ဖျက်ဆီးပစ်မှ ရမှာ!"
“ဒါပေမယ့် အခက်ခဲဆုံးအပိုင်းကိုပြောရမယ်ဆိုရင် ဒီလိုကျောက်ဘီလူးတွေရဲ့ ခုခံမှုက အရမ်းမြင့်နေတာပဲ ပုံမှန် အလယ်အလတ်အဆင့်အောက် မန္တန်တွေဆို မထိရောက်ဘူး အဆင့်မြင့်ဓားသခင်တွေတောင်မှ ခက်လိမ့်မယ်”
လင်းလုံမြို့တော်ဘက်၌ အဆင့်မြင့်ဓားသခင်တစ်ယောက်သာရှိ၍ ကျန်တဲ့သူအားလုံးမှာ မှော်ဆရာများဖြစ်ကြသောကြောင့် ထိုကြယ်လေးပွင့်နတ်ဆိုးသားရဲကို ကိုင်တွယ်ရန် အလွန်ခက်ခဲလျက်ရှိနေသည်။
သုန့်လင်သည် သူတို့ထဲတွင် အသန်မာဆုံးဖြစ်၏။ သူမမိသားစုကိုယ်ပိုင် မှော်ပညာဖြစ်သည့် ပေါက်ကွဲမှုအားကောင်းပြီး ထိခိုက်မှုများစေသော မှော်မန္တာန်ကို အသုံးပြုလျှင်ပင် ယင်းကျောက်ဘီလူးကြီးအပေါ်တွင်မည်သို့မျှ သက်ရောက်မှုမှရှိမည်မဟုတ်ပေ။
“သေစမ်း…”
သုန့်လင် မောဟိုက်နေသည်။ ကြည့်ရသည်မှာ သူမ၏ လက်ကျန်မှော်စွမ်းအင်အားလုံးကို အသုံးပြုပြီးလုနီးပါး ဖြစ်ပုံရသည်။
သူမရဲ့ အဖွဲ့သားများအားလုံး ဒဏ်ရာရနေကြပြီး မတောင့်ခံနိုင်ကြတော့ပေ။ သို့သော် သူတို့ရှေ့ရှိ ကျောက်ဘီလူးကြီးမှာမူ ထိခိုက်ဒဏ်ရာတစ်စွန်းတစ်စမျှ မရှိချေ။
'ငါတို့ တောင်ပိုင်းမြက်ခင်းလွင်ပြင်ပေါ် ခြေမချရသေးခင်မှာပဲ ဒီကောင့်လက်ထဲ သေရတော့မှာလား'
သုန့်လင် အသက်ပြင်းပြင်းရှူကာ သူမ၏ မှော်တုတ်တံကို လက်နှစ်ဖက်ဖြင့် မြှောက်လိုက်ပြီး မှော်မန္တန်အား ရွတ်ဆိုလိုက်သည်။ "ပေါက်ကွဲခြင်းမှော်ပညာ-ချိုးဖြတ်ခြင်း!"
ပေါက်ကွဲသံတစ်ခုကိုကြားရပြီးနောက် ဧရိယာတစ်ခုလုံးမှာ ယင်းပေါက်ကွဲမှု၏ သက်ရောက်မှုကို ခံလိုက်ရသည်။
"ဝါး! ဘယ်လောက်တောင် အစွမ်းထက်တဲ့ မှော်မန္တာန်လဲ!"
လူသာက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ကာ "မဟုတ်ဘူး ဒီလောက်မန္တာန်အဆင့်က ကျောက်ဘီလူးကြီးကို ထိခိုက်ပျက်စီးအောင် ဘာမှ မလုပ်နိုင်ဘူး!"
အဟုတ်ပေ၊ နောက်တစ်စက္ကန့်၌ ကျောက်ဘီလူးကြီးဟာ မှော်အစွမ်းကိုဖြတ်ပြီး သုန့်လင်ရှိရာသို့ တိုက်ခိုက်လာသည်။
“ဒါ…”
လင်းချီမတုံ့ပြန်နိုင်မီ လူသာက အပြေးအလွှားသွားကာ ကျောက်ဘီလူးကြီးအား သူ၏ဓားဖြင့် ပိတ်ဆို့လိုက်သည်။
သူသည် အဆင့်မြင့်ဓားသခင်တစ်ဦးဖြစ်သောကြောင့် ကျောက်ဘီလူးကြီး၏ တိုက်ခိုက်မှုကို ခွန်အားဖြင့် တားဆီးနိုင်သော်လည်း အလွန်အားအင်စိုက်ထုတ်ရသည်။
"သေစမ်း....သေစမ်း!"
"ဘာဖြစ်သွားတာလဲ?"
သုန့်လင်သည် သူမကို ကူညီဖို့ တစ်ယောက်ယောက် ရောက်လာမယ်လို့ မမျှော်လင့်ထားပေ။
လင်းချီသည် ချုံပုတ်ထဲတွင်ရှိနေခဲ့ပြီး အမြန်မထွက်လာခဲ့ပေ။ နေရာတိုင်းမှာ သူလျှိုတွေရှိတယ်ဆိုတာ သူသိသည်။ ထိုအမျိုးသမီးကို ကူညီခဲ့လျှင် သူထုတ်ပယ်ခံရနိုင်သည်။
သို့သော် လူသာကတော့ ကွဲပြားသည်။ သူသည် စမ်းသပ်မှုတွင် ပါဝင်သူမဟုတ်သောကြောင့် မည်သည့်စည်းမျဉ်းဖြင့်မျှ ကန့်သတ်ခံထားခြင်းမရှိပေ။
"ဘယ်သူ... ရှင်ဘယ်သူလဲ" သုန့်လင် သိလိုစိတ်ပြင်းပြစွာဖြင့် မေးသည်။
လူသာက အံကြိတ်ကာ သူ့အခြေအနေမှာ သိပ်မဟန်ပေ။ လက်ရှိအချိန်က သူ ဤကျောက်ဘီလူးကြီးကို ပိတ်ဆို့တားဆီးနေရတာ မဟုတ်လား။
“ဒီကိစ္စကို လောလောဆယ် မပြောကြရအောင် မြန်မြန်လုပ်... မင်းရဲ့အဖွဲ့သားတွေကို ခေါ်ပြီးပြေးတော့!"
သုန့်လင်သည် ဉာဏ်လျင်သည့်သူဖြစ်သည့် အားလျော်စွာ သူမ၏ မှော်စွမ်းအားကို အသုံးပြု၍ သူမ၏အဖွဲ့ကို အမြန်ခေါ်ထုတ်သွားခဲ့သည်။
လူသာက သူ၏ခန္ဓာကိုယ်ရှိ ခွန်အားအားလုံးကို အသုံးပြုကာ သူ၏ဓားကို လွှဲယမ်းပြီး ကျောက်ဘီလူးကြီးကို မီတာအနည်းငယ်အကွာသို့ တွန်းထုတ်လိုက်သည်။
လူသာသည် ယခင်က ကျောက်ဘီလူးကြီးတစ်ကောင်နှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း ထိုအချိန်က သူထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ယခု သူက အဆင့်မြင့်ဓားသခင်တစ်ဦးအဖြစ် ၎င်းကို ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။ ရလဒ်က မည်သို့ဖြစ်လိမ့်မည်နည်း။
လူသာ သူ့ခွန်အားတွေကို အကုန်အသုံးပြုပြီးလုနီးပါးဖြစ်သွားတာကို မြင်လိုက်ရတော့ လင်းချီက စနစ်ထဲတွင် အသားကင်ကို ချက်ချင်းချက်ပြုတ်ပြီး လူသာဘက်ကို ပစ်ပေးလိုက်သည်။
"လူသာ! အသားကင်!"
လူသာသည် ၎င်းအား လက်တစ်ဖက်ဖြင့် ဖမ်းလိုက်ပြီး သူ၏ ခွန်အားကို ပြန်လည်ရရှိစေရန် အနည်းငယ်ကိုက်ဝါးလိုက်သည်။
ဝှစ်!
ကျောက်ဘီလူးကြီးသည် သူ့ဆီသို့ ဆက်၍တိုးဝင်လာသည်။ လူသာ ခုန်အုပ်လိုက်ပြီး ကျောက်ဘီလူးကြီးရဲ့ ပခုံးကို ဓားရှည်ဖြင့် ပိုင်းချလိုက်သည်။
ချွမ်း!
အဆင့်မြင့်ဓားသခင်တစ်ဦး၏ ကြီးမြတ်လှသော ဓားရှည်သည် ကျောက်ဘီလူးကြီး၏ ပခုံးအား အနည်းငယ်သာ ခြစ်ရာထင်သွားစေပြီး လုံးဝမထိုးဖောက်နိုင်ချေ။
ထိုအချိန်တွင် ကျောက်ဘီလူးကြီးသည် ရုတ်တရက် လှည့်ကာ လူသာကို တိုက်ခိုက်လာသည်။
ဘုန်း!
လူသာသည် တိုက်ခိုက်မှုကိုကာကွယ်ရန် ဓားဖြင့်ကာခဲ့သော်လည်း ဓားသည် ၎င်းထိုးချက်ကို ခံနိုင်ရည်မရှိကြောင်း တွေ့လိုက်ရသည်။ သူအလျင်အမြန် နောက်ပြန်ဆုတ်လိုက်သည်မှာ သစ်ပင်ကိုပင် တိုက်မိလုနီးပါး ဖြစ်သွား၏။
ရုတ်တရက် ခြုံပုတ်ထဲမှ အပြာရောင်အလင်းတန်းတစ်ခု အရှိန်ဖြင့် ထွက်ပေါ်လာသည်။
ဝှစ်!
အလင်းရောင်သည် ကျောက်ဘီလူးကြီး၏ ကိုယ်ထည်ကို တိုက်ရိုက်မဖောက်ထွက်သွားသော်လည်း ၎င်း ထိမှန်သည့်နေရာတွင် အပြာရောင်ရေခဲအဖြစ် ခဲလာစေသည်။
ရေခဲပြင်သည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ကျောက်ဘီလူးကြီးကို လုံး၀ ဖုံးအုပ်သွားသည်။
"ဘာကြီး?"
ကျောက်ဘီလူးကြီး လုံးဝ အေးခဲသွားသည်ကို သူ မယုံနိုင်ပေ။ လင်းချီ သူ့နောက်ကို ကြည့်လိုက်တော့ ယွီမုန့်က အမှောင်ထဲတွင် မန္တာန်ရွတ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် သူတို့နောက်ကို လျှို့ဝှက်စွာ လိုက်ခဲ့သည့်ပုံပင်။ သို့သော် ပွင့်ပွင့်လင်းလင်း မကူညီနိုင်သောကြောင့် အမှောင်ထဲမှ ကူညီရန်သာ ရွေးချယ်ခဲ့သည်။
ကျောက်ဘီလူးကြီး ရေခဲအဖြစ် အေးခဲသွားသည်ကို လူသာမြင်လိုက်သည်နှင့် သူက လှည့်လာပြီး ရေခဲတုံးကြီးကို အပိုင်းပိုင်းဖြတ်တောက်လိုက်သည်။
ခွမ်း!
ရေခဲတုံးများ မြေပြင်ပေါ်သို့ ပြန့်ကျသွား၏။ မကြာခင်မှာပင် ကျောက်ဘီလူးကြီးရဲ့ အမြုတေကို သူ ရှာတွေ့သွားသည်။
လူသာက အမြုတေကို အပိုင်းပိုင်းဖြတ်လိုက်သောအခါ ကျောက်ဘီလူးကြီးမှာ အသိစိတ်ဝိဉာဉ်ပျောက်ဆုံးသွားကာ ဧရာမကျောက်တုံးကြီးအဖြစ်သို့ ပြန်ပြောင်းသွားသည်။
“ဟူး…”
လူသာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဒဏ်ရာလည်း ရရှိနေတဲ့အပြင် ပင်ပန်းနွမ်းနွယ်မှုကြောင့် သူ ရုတ်တရက် သတိလစ်သွားခဲ့သည်။
လင်းချီ သွားကူတော့မည့်အချိန်မှာပင် ယွီမုန့် သူ့ကိုတားလိုက်သည်။ "ငါတို့ အပြင်ထွက်လို့မရဘူး ငါတို့ အပြင်ထွက်လိုက်ရင် တခြားပြိုင်ပွဲဝင်တွေကို ကူညီတယ်လို့ မှတ်ယူသွားလိမ့်မယ်”
“ဒါပေမယ့် ငါတို့ လူသာကို ဒီအတိုင်း လျစ်လျူရှုလိုက်လို့ မရဘူးလေ”
"ဟိုမှာကြည့်လိုက်!"
~~~