စွဲမက်ဖွယ် နံနံပင်
Vol. 4 Ch. 39
လင်းချီ ငိုက်မျဉ်းနေရာမှ နိုးလို့လာသည်။ ကြယ်လေးပွင့်နတ်ဆိုးသားရဲများက တောထဲတွင် အချိန်မရွေးပေါ်လာနိုင်သည်မဟုတ်လား။
"ဆရာ သတိထားနော်"
ကျင်းလင်လင်သည် လင်းချီ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး အနည်းငယ် စိတ်လှုပ်ရှားနေသည်။
မြက်ပင်များက အနည်းငယ် လှုပ်ခါသွားသည်။ လင်းချီသည် မကြုံဖူးသော တိတ်ဆိတ်ငြိမ်သက်မှုမျိုးကို ခံစားမိသည်။ သူ့ပတ်ပတ်လည်တွင် လေများမတိုက်နေသဖြင့် ထိုမြက်ပင်များ၏ လှုပ်ရှားမှုမှာ အထူးသံသယဖြစ်ဖွယ်ရှိသည်။
လူလား နတ်ဆိုးသားရဲလား?
လင်းချီ အရဲစွန့်ပြီး မြက်ပင်တို့ကို ဖြည်းညှင်းစွာ ဖယ်လိုက်သည်။ သူ့မြင်ကွင်းထဲရောက်လာသည်က အဆင့်နိမ့်ဝက်သားရဲတစ်ကောင်သာဖြစ်ပြီး ရန်လိုနေသည့်ပုံစံပင် မရှိပေ။
“ဟူး…”
သူ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ခေါင်းကို လှည့်ကာ ကျင်းလင်လင်အား ပြောသည်။ “ဘာမှမဖြစ်ဘူး ပြန်ရအောင်!”
ထိုအဖြစ်အပျက်များပြီးနောက် သူတို့နှစ်ယောက်လုံး နိုးကြားလွန်းနေပြီး ဘာမှလုပ်စရာလည်း မရှိပေ။
ကျင်းလင်လင်က စလိုက်သည်။ "ဆရာ ယွီမုန့်ကဘာလို့ တစ်နေ့ကုန် ဝတ်ရုံကြီး ရုံထားတာလဲ သူ့မျက်နှာကိုလည်း ဇာပုဝါနဲ့ ကာထားသေးတယ် အခု သူအိပ်နေတဲ့အချိန်မှာတောင် ဝတ်ထားတာနော်"
လင်းချီလည်း အမှန်တကယ် ဘာကြောင့်မှန်း မသိပါ။ ယွီမုန့်ကို သူပထမဆုံးစတွေ့ကတည်းက သူမ၏မျက်နှာကို တစ်ခါမှမမြင်တွေ့ဖူး။ သူမက အစာစားသည့်တိုင် ပါးစပ်ထဲသို့ အစာဝင်နိုင်လောက်သည်သာ ဇာပုဝါကို မြှောက်ကာစားသည်။
သူမ၏မျက်နှာအစစ်ကို တစ်ခါမှမမြင်ဖူးပေ။
ကျင်းလင်လင်နှင့် လင်းချီတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့နှစ်ယောက် အတွေးတူနေကြသည်။
ထို့နောက် သူတို့နှစ်ဦးသည် ယွီမုန့်၏ ဝတ်ရုံခေါင်းစွပ်ကို ဖယ်ရှားရန် တဖြည်းဖြည်း တိုးကပ်လာကြသည်။ သူတို့က ခြေဖျားထောက်ထားကြပြီး အသံမဖော်ဝံ့ကြပေ။
ယွီမုန့်၏ ဒေါသကို သူတို့နှစ်ယောက်လုံး သိကြသည်။ ဒီအကြောင်းကို သူမ သိလျှင် သူတို့ကို ရေခဲတုံးတွေ ဖြစ်အောင် အေးခဲပစ်လိမ့်မည်မှာ သေချာသည်။
သူမ၏ ဝတ်ရုံခေါင်းစွပ်ကို ချွတ်ပြီးနောက် ယွီမုန့်၏ လှပသော အနက်ရောင်ဆံနွယ်များမှ အနံ့သင်းသင်းလေး မွှေးနေသည်ကို လင်းချီ သတိပြုမိလိုက်သည်။
ထို့နောက် လင်းချီသည် သူမ မည်သို့ပုံစံရှိမည်ကိုကြည့်ရန် သူမ၏ မျက်နှာဇာပုဝါကို ချွတ်လိုက်လေသည်။
"ဝိုး!"
ကျင်းလင်လင်ပင် မအောင့်အီးနိုင်ဘဲ တိုးညှင်းသော အသံဖြင့် ရေရွတ်မိလိုက်သည်။ သူ့ရှေ့ကမြင်ကွင်းက လင်းချီအား အံ့အားသင့်စေခဲ့၏။
ယွီမုန့်၏ နူးညံ့သောပါးပြင်များက နှင်းကဲ့သို့ ဖွေးနေကာ အနည်းငယ်နီမြန်းနေသည်။ သူမ၏ ကျက်သရေရှိပြီး လှပသော မျက်နှာကျသည် ချမ်းသာသော မိသားစုမှ လာသူဖြစ်ကြောင်း တပ်အပ်ပြောနိုင်သည်။
"ယွီမုန့် ဒီလောက်လှမယ်လို့ မထင်ထားဘူး!" သူမ ချီးမွန်းလိုက်သည်။
ကျင်းလင်လင်၏ မျက်လုံးထဲတွင် အားကျခြင်းများ ပြည့်နှက်နေ၏။
လင်းချီ တံတွေး မျိုချလိုက်သည်။ အချိန်အတော်ကြာတဲ့အထိ သူအာရုံ ပြန်မရနိုင်ချေ။ ကျင်းလင်လင် သူ့ကို ညင်သာစွာ လှုပ်နှိုးပြီးနောက် သူ ဇာပုဝါကို ဖြည်းညှင်းစွာ ပြန်တပ်လိုက်သည်။
မထင်မှတ်ပဲ ယွီမုန့်ရဲ့နားကို ထိမိလိုက်ကာ သူမကို နှိုးမိသွား၏။ သူမနားက ထိလွယ်ရှလွယ်ပုံရသည်။
“အ!”
ယွီမုန့် နိုးလာပြီး လင်းချီနှင့် ကျင်းလင်လင်ကို စိုက်ကြည့်နေသည်။
ကျင်းလင်လင် ရုတ်တရက် ခေါင်းမော့လိုက်ပြီး အခု အခြေအနေက သူမနဲ့ ဘာမှ မသက်ဆိုင်သလို ပတ်ပတ်လည်ကို လှည့်ကြည့်နေခဲ့သည်။
အံ့သြစရာကောင်းစွာပင် ဤအရာအားလုံးကို လင်းချီတစ်ယောက်တည်းကသာ လုပ်ခဲ့သည်ဟု ရည်ညွှန်းချင်နေပုံပင်။
လင်းချီသည် ယွီမုန့်ကို ကြောင်အစွာကြည့်နေပြီး သူ့နှုတ်ခမ်းထောင့်ရှိ ကြွက်သားတို့က နည်းနည်းတွန့်သွားသည်။
"နင် ဒီမှာဘာလုပ်နေတာလဲ?" ယွီမုန့် အေးစက်စွာ မေးလိုက်သည်။
လင်းချီ မျက်တောင်ခတ်လိုက်ပြီး "အင်း ငါ မင်းကို နိုးမလို့ မိုးလင်းခါနီးပြီလေ!"
ယွီမုန့် အပေါ်ကို မော့ကြည့်လိုက်သည်။ လသည် တောက်ပနေပြီး ကြယ်များလည်း ပြန့်ကျဲနေသည်။ ဘယ်မှာ မိုးလင်းနေလို့လဲ?
သူမ ချက်ချင်းပင် ဇာပုဝါက တစ်ဖက်မှာတွဲလောင်းကျနေပြီး သူမ၏ ဝတ်ရုံခေါင်းစွပ်မှာလည်း ကျွတ်နေသည်ကို သတိပြုမိလိုက်သည်။
"လင်းချီ! နင်...”
လင်းချီ အလျင်အမြန် ရှင်းပြဖို့ ကြိုးစားသည်။ “ငါတကယ် မင်းဘယ်လိုပုံစံလဲဆိုတာ မြင်ချင်ခဲ့ရုံပါ ငါ မင်းကို ဘာမှထိခိုက်အောင် မလုပ်ခဲ့ဘူး"
"ခွေးကောင်!"
ထိုသို့ပြောပြီး သူမဘေးတွင်ချထားသော မှော်တုတ်တံကို ချက်ချင်းကောက်ကိုင်လိုက်ပြီး အော်လိုက်သည်။ "ထွက်သွား!
မှော်တုတ်တံမှ အေးခဲမှော်မန္တန်ကို ထုတ်လိုက်ပြီး လင်းချီ၏ လက်နှင့် ခြေထောက်များကို အေးခဲစေကာ သစ်ပင်ကြီး၏ ပင်စည်တွင် ကပ်ထားလိုက်သည်။
"အား! ငါမှားသွားတာပါ တောင်းပန်ပါတယ် ယွီမုန့်!"
လင်းချီသည် အသနားခံနေသော်လည်း အကြောင်းအရင်းတစ်စုံတစ်ရာကြောင့် ယွီမုန့်မှာ သူမမျက်နှာအား အခြားသူများမြင်ပြီးသည့်နောက်တွင် သူမ၏ဒေါသသည် ရုတ်တရက် ပိုဆိုးလာခဲ့၏။
တစ်ဖက်တွင် ကျင်းလင်လင်သည် အသံပင်မထွက်ရဲချေ။ သူမက လင်းချီအား တိုးတိုးလေးသာပြောနိုင်တော့သည်။ "ဆရာ သည်းခံလိုက်ပါ!"
ယွီမုန့် သူ့ဆီသို့ ရက်စက်တော့မည့်ဟန်ဖြင့် လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသောအခါတွင် လင်းချီသည် သူ့လုပ်ရပ်အတွက် နောင်တရသော်လည်း သူ မကြောက်ပေ။
ယွီမုန့် သူ့ကို အပြစ်ပေးရန် မှော်တုတ်တံကို ကောက်ယူလိုက်ရုံရှိသေးချိန် လင်းချီ အကြံတစ်ခုရသွားသည်။ သူ ယွီမုန့်ကို အော်ပြောလိုက်၏။ "နေပါဦး!"
"ငါ မင်းကို အရသာရှိတာတစ်ခုခု လုပ်ပေးမယ်လေနော်"
ထိုစကားကိုကြားပြီးနောက် ယွီမုန့်သည် လင်းချီလုပ်ခဲ့သော အရသာရှိသည့် ဟင်းပွဲများကို သတိရသွားကာ ခဏငြိမ်သက်သွားသည်။
"ဒီတစ်ခေါက် နင်ဘာလုပ်ပေးမှာလဲ"
လင်းချီ အနေခက်စွာ ပြုံးလိုက်သည်။ "ငါ့ကို အရင်လွှတ်ပေးပါဦး"
ယွီမုန့် မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏လက်ကို ညှင်သာစွာ ဝှေ့ယမ်းလိုက်ပြီး လင်းချီ၏ ခန္ဓာကိုယ်ပေါ်ရှိ ရေခဲများကို ချက်ခြင်း ဖယ်ထုတ်လိုက်သည်။
လင်းချီ အသက်ပြင်းပြင်းရှူပြီး ယွီမုန့်အတွက် သင့်လျော်သော ဟင်းပွဲကို ကြည့်ရန် စနစ်ထဲသို့ ဝင်ရောက်လိုက်သည်။
'ရပြီ!'
"စွဲမက်ဖွယ် နံနံပင်!"
၎င်းသည် မှော်စွမ်းအင် ပြန်လည်ပြည့်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သော ဟင်းတစ်ပွဲဖြစ်သည်။
လင်းချီ ချက်ခြင်းပင် ဟင်းအိုးရှေ့သို့ သွားလိုက်ပြီး အရသာရှိသော အစားအစာတို့ကို ချက်နေဟန်ပြုသည်။ တကယ်တော့ သူက ဟင်းပွဲကို စနစ်ကနေ ချက်ပြုတ်ပြီးသွားပြီ ဖြစ်သည်။
ယွီမုန့်နှင့် ကျင်းလင်လင် နှစ်ယောက်စလုံး သွားပြီးကြည့်မလို့လုပ်ပေမယ့် လင်းချီကတော့ အရသာရှိသော ဟင်းပွဲကို အလင်းရဲ့အရှိန်နဲ့ ချက်ပြုတ်ပြီးသွားလေပြီ။
ရုတ်တရက် အနံ့တစ်ခုက သူတို့ရဲ့နှာခေါင်းထဲကို ဝင်လာပြီး ယွီမုန့်နှင့် ကျင်းလင်လင် နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။
လင်းချီသည် ဟင်းပွဲ ပန်းကန်ပြားကို ကိုင်ထားပြီး ပြုံးလျက်ပြောသည်။ "ဒါက စောနလေးကတင် ငါတီထွင်လိုက်တဲ့ နံနံပင် ဟင်းပွဲလုပ်နည်းပဲ"
ကြည့်လိုက်ရင် သာမာန်နံနံပင်ကဲ့သို့ပေမယ့် အနံ့က စွဲမက်ဖွယ်ကောင်းလွန်းတာကြောင့် ယွီမုန့်နဲ့ ကျင်းလင်လင် နှစ်ယောက်စလုံး မြည်းစမ်းကြည့်ချင်လာကြသည်။
“ဒါ ဒီအရသာက…”
ကျင်းလင်လင်သည် နံနံပင်ကို စားပြီးနောက် သံသယဖြစ်လာသည်။
"ဒီထဲမှာ အရက်မူးပန်းတွေပါတယ်လို့တော့ .... ကျွန်မကို မပြောနဲ့နော်"
လင်းချီ မျက်တောင်ခတ်လိုက်ပြီး ပါဝင်ပစ္စည်းကို စစ်ဆေးရန် စနစ်ထဲသို့ ဝင်လိုက်သည်။ ထိုထဲတွင် အရက်မူးပန်းလိုမျိုး ပါဝင်ပစ္စည်းတွေ တကယ်ရှိနေခဲ့သည်။
အရက်မူးပန်း၏ ချိုမြသော အရသာကို နံနံပင်မှ လုံး၀ စုပ်ယူထားသော်လည်း ၎င်း၏ အာနိသင်က ထွက်လာနိုင်သေးသည်။ ထိုအရာက အရသာဖုလေးတွေကို ပို၍ လှုံ့ဆော်ပေးနိုင်သည်။
မနူလာ၏သစ်ပင်ပေါ်တွင်သာ အရက်မူးပန်းများ ပေါက်ရောက်နိုင်သည်။ ထိုပန်းများက စားသုံးရန်နေနေသာသာ အနံ့ခံရုံဖြင့် စိတ်တို့ ပေါ့ပါးလွင့်မျောကာ မူးဝေခြင်းကို ဖြစ်စေနိုင်သည်။
သူတို့ကိုစားမိပါက အရက်ခွက် အကြီးစားတစ်ခွက်စာသောက်တာနဲ့ ညီမျှသည်။
ကံကောင်းထောက်မစွာ ကျင်းလင်လင်သည် အရက်ကို ကောင်းစွာခံနိုင်ရည်ရှိ၏။ စွဲမက်ဖွယ် နံနံပင်ကိုစားပြီးနောက် သူမသည် မူးဝေလာပြီး မျက်နှာလည်း အနည်းငယ်နီလာသည်။
"ဆရာ..."
လင်းချီ မတုံ့ပြန်နိုင်ခင်မှာပင် ကျင်းလင်လင် လှဲအိပ်သွားသည်။ တစ်ဖက်က ယွီမုန့်လည်း အလားတူပင်။ သို့သော်လည်း ယွီမုန့်က ကျင်းလင်လင်၏ အခြေအနေနှင့် အနည်းငယ်ကွဲပြားသည်။ သူမက အရက်ကို ကောင်းကောင်းမသောက်နိုင်သည်မှာ သိသာလှကာ ရယ်စရာပြုမူလာသည်။
"ဟားဟားဟား!"
လင်းချီ ရှော့ရသွားသည်။ ယွီမုန့် ထိုကဲ့သို့ ရယ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ယွီမုန့်ကို ကူညီဖို့ သူ အမြန်သွားလိုက်သည်။ "ယွီမုန့် မင်းအဆင်ပြေရဲ့လား"
ယွီမုန့်၏ မျက်လုံးများက ဝေဝါးနေပြီး သူမ၏ပါးပြင်များမှာ နီရဲနေသည်။ သူမက လင်းချီကို အပြုံးရေးရေးဖြင့် ကြည့်နေခဲ့သည်။
"လင်းချီ ဟားဟား လင်းချီ ခွေးကောင်!”
သူမသည် ဒေါသတကြီးဖြင့် သူ့အား ဆွဲဖြဲလိမ့်မည်ဟု တွေးထားသော်လည်း သူမအရက်မူးနေချိန်တွင် ပေါ့ပါးကာ သက်တောင့်သက်သာဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူမ၏ လက်များက လင်းချီ၏ ရင်ဘတ်ကို အားပျော့စွာသာ ထုရိုက်နေပြီး လုံးဝ မနာပေ။
"ခွေးကောင်..."
လင်းချီ သူမထနိုင်အောင် ကူညီပေးလိုက်သော်ငြား သူမသည် လင်းချီ၏ အင်္ကျီကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမြဲဖြစ်၏။
“အိုး… မကောင်းတော့ဘူး”
ယွီမုန့်တစ်ယောက် သူ့ကိုယ်၌ပင် မခွာစတမ်းတွယ်ကပ်နေသည်ကို လင်းချီ တွေ့လိုက်ရသည်.. သူမ၏ အထိအတွေ့ကြောင့် လင်းချီ၏ နှလုံးသားလေးမှာ တလှပ်လှပ်ဖြစ်လာတော့သည်။
••••••••••