← Chapters

အမှန်တရားကိုဖော်ပြခြင်

Vol. 2 Ch. 16

အမှန်တရားကိုဖော်ပြခြင်

Vol. 2 Ch. 16

သခင်မလု၏လက်ကောက်ဝတ်အား ဖေဝမ်ယွဲ့ လှုပ်ခါလိုက်မှသာ သခင်မလုစိတ်ထိန်းလိုက်ကာသက်ပြင်းချလိုက်သည်။

ထို့နောက်ခန့်မှန်းရခက်သောအကြည့်နှင့်ရှဲ့ချောင်ဆီသို့ လျှောက်သွားကာ

" ကောင်မစုတ်လေး ထွက်မပြေးနဲ့လို့ ပြောထားတာကို ဘာလို့ တစ်ညလုံး ပြန်မလာတာလဲ? ညည်းကို အရမ်းစိတ်ပူလို့ နေရာတိုင်းမှာလိုက်ရှာနေခဲ့တာ..ဒီနေရာမှာကလူလိမ်တွေနဲ့ပြည့်နေတာ ငါနဲ့ ညည်းညီမမှာ ပါသမျှပစ္စည်းတွေဆို အကုန်ပါကုန်ပြီ!”

ရှဲ့ချောင် ငြိမ်သက်နေလေသည်။

"မေမေရယ် ရှဲ့ချောင်ကို အပြစ်မတင်ပါနဲ့ သူလည်း တမင်လုပ်တာ မဟုတ်လောက်ပါဘူး သူမပြန်လာလို့မရတဲ့ တစ်ခုခုဖြစ်ခဲ့လို့နေမှာပါ”

ထို့နောက်ဆက်ကာဖေဝမ်ယွဲ့ အမြန်ပြောလေ၏။

“မမပြန်ရောက်လာတာ ကောင်းပါတယ်.. ပစ္စည်းတွေပဲ ပျောက်ကုန်တာ လူတစ်ယောက်မှမထိခိုက်သွားလို့ တော်ပါသေးတယ်”

"မှန်တယ် ပြန်ရောက်လာတာပဲတော်ပါသေးတယ်။” ဟုပြောကာ ရှဲ့ချောင်၏လက်အား သခင်မလု လှမ်းကိုင်လိုက်သည်။

"လက်တွေဘာလို့အေးနေတာလဲ ထမင်းစားပြီးရင် အနားယူဖို့တည်းခိုခန်းကို မြန်မြန်ပြန်ရအောင် တစ်ရက်လောက်ပဲ အလွန်ဆုံးနေပြီး မနက်ဖြန်မနက်စောစောရောက်တာနဲ့ ချက်ချင်းထွက်ကြမယ်"

ရှဲ့ချောင်က သူမလက်အား ချက်ချင်းပြန်ဆွဲထုတ်လိုက်သည်။သူမသည် ပျော့ညံ့သောပုံရှိသော်ငြား သူ့မ၏လက်မောင်းများမှာ သေချာပေါက် သန်မာပေသည်။

သူမ လက်ထဲဗလာဖြစ်သွားသည်အား သခင်မလုကြည့်လိုက်ပြီး ထိုအခိုက်အတန့်မှာပင် သူမ၏နှလုံးသားထဲ၌ ဒေါသစိတ်များပြည့်နှက်လာ၏။

"မေမေ ဒီနေ့ ရှီးဖန်မြို့က ကျောက်စိမ်းလမ်းကို သွားခဲ့တယ် မဟုတ်လား"ပြောရင်း ရှဲ့ချောင်ရယ်မောလိုက်သည်။

သခင်မလုအံ့သြသွားကာ ချက်ချင်း ငြင်းဆိုလိုက်သည်။ "မဟုတ်တာ အဲဒီမှာ ဘာလုပ်ရမှာလဲ?"

“မေမေက သမီးကို လမ်းပေါ်လမ်းအောက် မြေလှန်ရှာနေတာကို အဲ့ဒီကျောက်စိမ်းဆံထိုးအသစ်ဝယ်ဖို့ အချိန်ရှိသေးတာလား" မေးပြီးနောက် ရှဲ့ချောင် မူမပျက် ငြိမ်သက်နေခဲ့သည်။

သခင်မလုက သူမခေါင်းပေါ်ရှိ ဆံထိုးကိုအမြန်ထိကိုင်လိုက်ကာ

“ဒါကို နန်းမြို့တော်က ဝယ်ခဲ့တာ”

သူမမျက်နှာ မည်းမှောင်သွားလေ၏။

"အိုး..” ရှဲ့ချောင် အပြုံးရိပ်ကလေးဖြင့် ဖြေလိုက်ကာ မျက်လုံးများရီဝေသွားပြီး အသံလည်းတိမ်သွားသည် ။ ထို့နောက် :

“ရွှေယွဲ့တာအိုဘုရားကျောင်းက ဒီနေရာနဲ့ မဝေးဘူးလေ အဲ့ဒါကြောင့် ရှီးဖန်မြို့လေးမှာ ဒေသခံလူကြီးတွေနဲ့ အလုပ်လုပ်တဲ့ ပန်းပုလက်မှုပညာရှင် နည်းနည်းကလွဲရင် ပန်းပုထုတတ်တာ သုံးယောက်ပဲရှိတယ်”

“လူကြီးတွေဆီက ကျောက်စိမ်းပစ္စည်းတွေက တော်ဝင်မိသားစုအတွက်သီးသန့်ပဲ အဲ့ဒါကြောင့် စျေးကွက်ထဲမှာရှိတဲ့ ကုန်ပစ္စည်းအများစုက မြို့သူမြို့သားတွေကိုယ်တိုင် တူးဖော်ပြီး ထွင်းထုထားတာပဲ ကျောက်စိမ်းအရည်အသွေးကများသောအားဖြင့် အာဏာပိုင်တွေရဲ့ ဟာတွေထက်နိမ့်ပြီး အရွယ်စားသေးတယ် အဲ့ဒါကြောင့်  ဒီနေရာကကျောက်စိမ်းတွေက အခြားဒေသကထွက်တဲ့ ကျောက်စိမ်းတွေထက် ပစ္စည်းပြတ်မြန်တယ် လက်မှုပညာက ပိုတောင် ထူးခြားသေး.. မေမေ့ခေါင်းပေါ်က ပန်းဆံထိုးဆိုရင် အရှေ့လမ်းက ဆရာကြီးလျို က ဖန်တီးထားတာ မဟုတ်လား သူတစ်ယောက်ပဲ ဒီလိုပုံစံတွေကို ထွင်းထုနိုင်တာ”ရှဲ့ချောင်ပြောသည်။

သခင်မလုမှာ ပါးစပ်ဟလျှက်။ မျက်နှာမှာလည်း နီမြန်းနေပြီး ဘာမှပြန်မပြောနိုင်ပေ။

"ရှဲ့ချောင် ဒါက သာမာန်လက်ရာတစ်ခုပါပဲ မြို့တော်မှာလည်း ဒါတွေရှိတယ်” ဖေဝမ်ယွဲ့မှ ချက်ခြင်းပြန်ဖြေလိုက်သည်။

"အိုး" ရှဲ့ချောင်က အေးစက်စွာ ရယ်မောလိုက်ပြီးဖြည်းညှင်းစွာပြောသည် ။" နင် ဘယ်သူ့ကိုမဆို မေးလို့ရတယ် ဒီပုံက လွန်ခဲ့တဲ့ တစ်လခွဲလောက်က ဆရာကြီး ယွင်ဝေ့ရဲ့ နောက်ဆုံးလက်ရာဆိုတဲ့အကြောင်းကို ဒါကခဏလေးနဲ့နန်းမြို့တော်ကို ဘယ်လိုလုပ်ရောက်သွားမှာလဲ ဒါ့ပြင် နင်ကိုယ်တိုင်က နန်းမြို့တော်ကို မရောက်ဖူးသေးဘူး မဟုတ်လား"

"ဆရာကြီး ယွင်ဝေ့?” ဖေဝမ်ယွဲ့ အံ့သြသွားသည်။

ဤကဲ့သို့ ပုံတုန်းသောဆံညှပ်သည် ဆရာကြီး ယွန်းဝေ့၏ ကိုယ်ပိုင်လက်ရာဖြစ်နိုင်ရဲ့လား။

သူမ၏ဇာတိမြို့မှာဤနေရာနှင့် အတော်လေးလှမ်းသော်လည်းဆရာကြီး ယွင်ဝေ့၏ နာမည်ကောင်းကို ကြားဖူးသည်။

ဆရာကြီး ယွင်ဝေ့မှာ လွန်ခဲ့သော သုံးနှစ်ခန့်က ကျော်ကြားလာခဲ့ခြင်းဖြစ်သည်။ စာပေနှင့် အနုပညာတွင် ထူးချွန်သူဖြစ်ပြီး သူ့ထံမှ အနုပညာလက်ရာတစ်ခုသည် ရွှေအချောင်းတစ်ထောင်တန်သည်။ သူ၏ လက်ရေးလှရေးဟန်ကို အလေးထားပြီး အခြားပညာရှင်များက ကူးယူလေ့ရှိသည်။

ဆရာကြီး ယွင်ဝေ့သည် အမှန်ပင်ယွင်ကျင်းမှ ဖြစ်သည်။ သို့သော် မည်သူမည်ဝါဖြစ်သည်ကိုမူ မည်သူမျှ အတိအကျ မသိချေ။

သခင်မလုလည်း ဆရာကြီး ယွင်ဝေ့၏ နာမည်ကို ကြားဖူးသည်။ ထို့ကြောင့် ထိုအချိန်တွင် သူမလည်း အံ့အားသင့်သွားသည်။

"ဆရာကြီးယွင်ဝေ့ ကဘာလို့ဒီလိုဆံထိုးပုံစံတွေကို ဖန်တီးထားတာလဲ။" သူမပြောသည်။

"ပျင်းလို့နေမှာပေါ့" ရှဲ့ချောင်က ညင်သာစွာတုံပြန်လိုက်သည်။

သခင်မလုသည် ရှဲ့ချောင်၏စကားကို ချေပရန် အကြောင်းတစ်စုံတစ်ရာရှာမတွေ့ခဲ့ပေ။

“ဒါဆို ဒီဆံထိုးလေး က”

သခင်မလု၏ မျက်လုံးများ တောက်ပလာသည်။ ဒါက ဆရာကြီး ယွင်ဝေ့၏လက်ရာဆိုလျှင် သူက ရွှေအိုးကောက်ရပြီဟုဆိုလိုခြင်းမလား။

"အိပ်မက်ထဲမှာပဲရမယ်မေမေ ဒါပေမယ့် လူတိုင်း လွတ်လွတ်လပ်လပ် အိပ်မက်မက်ခွင့်ရှိတာပဲ ကိုယ့်ကိုယ်ကို ထိန်းပါဦး” ဟုပြောကာ ရှဲ့ချောင်က မျက်ခုံးပင့်လိုက်ရင်း ပေါ့ပေါ့ပါးပါးရယ်မောလိုက်သည်။

ထိုစကားကိုကြားသောအခါ သခင်မလု၏ မျက်လုံးများဂနာမငြိမ်ဖြစ်သွား၏။

သူမကို လှောင်ပြောင်နေတာလား?

“ခုနကသမီးပြောလိုက်တာက…” သခင်မလုအနည်းငယ် တုန်လှုပ်သွားသည်။

ဖေဝမ်ယွဲ့ အမြန်ပြန်ဖြေလိုက်သည်။

“မေမေ ဆရာကြီး ယွင်ဝေ့ ရဲ့ လက်ရာတွေကလူတွေ ကူးပြီးထွင်းထုဖို့ ခွင့်ပြုထားတာလေ  အဲ့ဒါကြောင့်ဒီလက်ရာကို လူတော်တော်များများ ကူးဝယ်ပြီးသားဖြစ်မှာကိုတော့ စိုးရိမ်မိတယ်”

••••••••••

All Chapters