← Chapters

ကသိကအောက်ဖြစ်ခြင်

Vol. 2 Ch. 18

ကသိကအောက်ဖြစ်ခြင်

Vol. 2 Ch. 18

သခင်မလုသည် မျက်လုံးများ ပြူးကျယ်စွာဖြင့် ကြည့်နေမိလေသည်။

ဒေသခံလူများသည် စကားများများပြောကြပေ။ ရှဲ့ချောင်ဆီသို့သာ သွား၍ ပစ္စည်းများချပြီးနောက် လှည့်ပြန်သွားကြ၏။

စောစောက ပို့ပေးလာသည့် ကျောက်တုံးနှစ်တုံးမှာ ပို၍ပင် မျက်စိကျချင်စရာဖြစ်လေသည်။

သူမသည် ၎င်းအား ထိုနေ့မနက်စောစောကတင် ဈေးမှာ တွေ့ခဲ့တာပင်။ ၎င်းကျောက်စိမ်းတုံးသည် ငွေစ ၈၀ ကျသင့်လေသည်။ ထိုသို့သော ကျောက်စိမ်းတုံး အရေတွက်မှာ လက်ချိုးရေ၍ပင်ရသည်။ သူမ ဝယ်ချင်သော်လည်း ငွေများပျောက်သွား၍ ဝယ်မရတော့ချေ။

အခုတော့ ဒီကောင်မစုတ်လေး လက်ထဲမှာတဲ့လား?!!

သခင်မလု၏ ရင်ဘတ်တစ်ခုလုံး တင်းကျပ်လာပြန်သည်။ သူမ စိတ်တိုလွန်းသဖြင့် အသက်တောင် သေချာ မရှူနိုင်တော့ပေ။

ထိုအချိန်တွင် လူနှစ်ယောက် ယှဉ်တွဲလျက် ဝင်လာသည်။ အသက်လေးဆယ်ကျော် အဘွားအိုတစ်ဦးနှင့် အသက် ၁၅ နှစ် ၁၆ နှစ်ခန့်လောက်သာ ရှိသော မိန်းကလေးတစ်ဦး ဖြစ်သည်။

သူတို့သည် ရှဲ့ချောင်ဆီသို့ တစ်ဟုန်ထိုးပြေးလာကြပြီး “သခင်မလေးရှဲ့နဲ့ အတူလိုက် ပါရစေ" ဟု ပြောလာကြသည်။

ရှဲ့ချောင်က ချက်ချင်းဆိုသလို ခေါင်းညိတ်လိုက်ပြီး ခိုင်းလိုက်လေသည်.. “ကောင်းပြီ ဒီပစ္စည်းတွေကို သိမ်းပြီး လှည်းပေါ် ရွှေ့ ရအောင်”

သခင်မလုမှာ ပို၍တောင် အံ့ဩသွားကာ

"ခဏလေး”

"ဘာဖြစ်လို့လဲမေမေ?” ရှဲ့ချောင်၏ လေသံမှာ ပျော့ပျောင်းနေသည်။

“ဒါတွေ… ဒါတွေအားလုံးက တခြားလူတွေဆီက လက်ဆောင်တွေပေါ့..ဘာလို့ သူတို့က သမီးကို လက်ဆောင်တွေ ပေးနေတာလဲ? သမီးအဖေရဲ့ နာမည်ကိုသုံးပြီး ဒီဒေသခံတွေဆီက ဓားပြတိုက်နေတာလား?" သခင်မလု စိတ်ထဲ ရှိသည့်အတိုင်း ထုတ်ပြောလိုက်သည်။

တခြား ဖြစ်နိုင်စရာအကြောင်း မရှိသောကြောင့်ပင်။ သူမသည် အသက် ၁၆ နှစ်သာရှိသေးသော ကလေးမလေး ဖြစ်သည်။ သူမက ဘာကြောင့်နှင့် ဤမျှ ကောင်းမွန်သည့် ပစ္စည်းများနှင့် လူအများ၏ ချစ်ခင်မှုကို ရနိုင်ဦး မှာတဲ့လဲ။

“ဟက်” ရှဲ့ချောင်တစ်ယောက် မထိန်းလိုက်နိုင်ဘဲ မတော်တဆ လှောင်၍ရယ်မိသွား၏။

“နန်းမြို့တော်က ဒီနေရာကနေဆို အဝေးကြီးပဲ တကယ်လို့ အဖေ့နာမည်ကို ဒီနယ်တစ်ဝိုက်က သိနေရင် အမေ မနက်က ဓားပြတိုက်ခံရပါ့မလား?" ရှဲ့ချောင် ရယ်လိုက်သည်။

“ဒါတွေက အရင်တုန်းက သူတို့အတွက် သမီးလုပ်ပေးခဲ့တာတွေကို  ကျေးဇူးတင်တဲ့အနေနဲ့ ပြန်ပေးရုံသက်သက်ပါပဲ.. အခု သမီးထွက်သွားတော့မယ်ဆိုတဲ့ သတင်းကြားတော့ သူတို့က ကျေးဇူးဆပ်တဲ့အနေနဲ့ ပစ္စည်းအချို့ပို့ပေးကြတာ”

"ရှဲ့ချောင် ဒီကျောက်စိမ်းရောလား? ဒီနှစ်ခုကို ပေါင်းလိုက်ရင် ငွေစ ၁၆၀ တန်တယ် သာမန်လူတန်းစားတွေက ဒါကို ဘယ်လို လုပ်ပြီးတတ်နိုင်မှာလဲ?" ဖေဝမ်ယွဲ့က မေးသည်။

“ဪ အဲ့တာ တွေလား? အဲ့တာတွေက လက်ဆောင်မဟုတ်ဘူး” ရှဲ့ချောင် ပြောလျက် ကျောက်တုံးကို တစ်ချက် ကြည့်လိုက်သည်။ “ဆိုင်ပိုင်ရှင်က သမီးဆီက ပိုက်ဆံချေးထားတာ ပြန်ဆပ်ဖို့လည်း ပိုက်ဆံမရှိဘူးလေ...အခုသမီး က အမြန်ထွက်သွားရမယ်ဆိုတော့ သူက ဒါတွေကို အပေါင်ခံပစ္စည်း လုပ်မယ် ပြောနေတာ” ဟု ပြန်ဖြေလိုက်သည်။

"ရှဲ့ချောင်... မမ လွန်လွန်းတယ်။ မမကငွေတိုးချေးစားတဲ့လူ ဖြစ်ချင်နေတာလား? ကိုယ်ရေးကိုယ်တာပစ္စည်း အပေါင်နှံခံတာက မမကို တရားရုံးရောက်အောင် လုပ်လိုက်နိုင်တယ် ဒါကို သေချာနားလည်မှပေါ့”

ဖေဝမ်ယွဲ့က တရဆက်ပြောလိုက်သည်။ သူမစိတ်ထဲရှိရာ ပြောပြီးသည်နှင့် ခေါင်းငုံ့ကာ သခင်မလုကို တစ်ချက်ကြည့်လိုက်သည်။

သခင်မလု၏ အကြည့်များမှာ ဒေါသဖြင့် တောက်လောင်နေသည်။

ရှဲ့ချောင် သက်ပြင်းတစ်ချက်ချလိုက်ကာ

“တို့အလုပ်တွေအားလုံးကို မင်းကို အကုန်ရှင်းပြဖို့ မလိုဘူးလေ ပိုပြီး စိတ်အနှောင့်အယှက်ပဲ ဖြစ်စေလိမ့်မယ် ”

ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်သည်။

ဒီနေ့ အတူတူ အိမ်ပြန်ကြရမည် ဖြစ်သည်။ ထို့ကြောင့် မိထွေးနှင့် မိထွေးဖြစ်သူ၏သမီးနှင့် သူမ ရန်ဖက်မဖြစ်ချင်ပေ။

သူမ ရှင်းပြလျှင်တောင် မေးခွန်းတစ်ခုပြီးတစ်ခု မေးကြလိမ့်မည်။ သူတို့အတွက် အဆုံးသတ် ဆိုတာ ရှိမည် မဟုတ်။

"သမီး... သမီးအမေ့ကို အမေလို့ သတ်မှတ်သေးရဲ့လား? အမေက သမီးအတွက် စိတ်ပူလို့ ဒါတွေ ပြောနေရတာ” သခင်မလု၏ အသံပိုကျယ်လာပြီး ကျောက်တုံးကို ညွှန်ပြရင်း “သမီးက ငယ်ငယ်ကတည်းက တာအိုကျင့်ကြံသူ ဘုရားကျောင်းမှာ နေခဲ့ပြီး သမီးဖေဖေက သမီးကို ဘယ်တုန်းကမှ ဂရုမစိုက်ဘူးလေ တခြားသူတွေကို ချေးဖို့ ပိုက်ဆံ ဘယ်ကရတာလဲ? ဒါတွေ အမေ့ကိုရှင်းရှင်းလင်းလင်း ရှင်းပြဖို့လိုမယ် မဟုတ်ရင် အမေတို့နဲ့နန်းမြို့တော်ကို ပြန်လိုက်ခဲ့ဖို့ မစဉ်းစားနဲ့ အမေတို့မိသားစုမှာ ဒီလို ရှက်စရာ လုပ်ရက်ကို လုပ်မယ့်သူ မရှိဘူး” သခင်မလု ပြောလိုက်သည်။

ရှဲ့ချောင် ၏ တူများလေထဲတွင် ရပ်သွားသည်။

တည်းခိုခန်းတွင်း၌လည်း ချက်ချင်းတိတ်ဆိတ်သွားသည်။

ဖေဝမ်ယွဲ့၏ မျက်ဝန်းများ တောက်ပလာသည်။ ဒီခရီးတစ်လျှောက် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည်  သခင်ကြီးရှဲ့၏ နားထဲသို့ တစ်နည်းမဟုတ်တစ်နည်းနှင့် ပြန်ရောက်သွားလိမ့်မည်။ ဒီလိုနဲ့ အချိန်ကျလာတဲ့အခါကျမှ…

"ဒီကအမျိုးသမီးက သခင်မလေးရှဲ့ရဲ့ မိထွေးပဲ ဖြစ်ရမယ် ဟုတ်တယ်မလား?” တည်းခိုခန်းမှအလုပ်သမား ကောင်လေးက ရုတ်တရက် သူမတို့ထံ လျှောက်လာရင်း ပြောသည်။

“နှစ်ယောက်က အဲ့လိုပုံစံနဲ့ တူလို့လေ သခင်မလေးရဲ့ အမေအရင်းသာဆို သီးသန့်မေးမှာပဲ ဒီလိုအသံကျယ်ကျယ်နဲ့ စစ်လားမေးလား လုပ်နေမှာမှ မဟုတ်တာ”

သခင်မလု၏ မျက်နှာတွင် အရှက်ရနေဟန်ပေါ်သော်လည်း အလျော့မပေးဘဲ “ဒါတွေအားလုံးက သူ့အတွက် ပြောနေတာလေ ဒီတစ်ခါကျ သူမလည်း တကယ်မှားနေတာပဲလေ”

"သခင်မ စောစောက ပြောခဲ့တာတွေအကုန်ကို သခင်မလေးရှဲ့ ရှင်းပြနေဖို့ တကယ်ကိုမလိုပါဘူး.. သူမလုပ်သမျှ အရာရာတိုင်းကို ပြောပြနေရမယ်ဆိုရင် သခင်မလေးရဲ့ ထင်မြင်ချက်တွေက ရွှေလောက်တောင် အဖိုးတန်တော့မှာ မဟုတ်ဘူး‌လေ” အလုပ်သမားကောင်လေးက ထေ့ငေါ့လိုက်သည်။

“အဲ့ဒါက ကျောက်တုံးနှစ်တုံးပဲ မဟုတ်ဘူး.. ကျန်းမိသားစု ကျောက်စိမ်းဆိုင်က လက်ဆောင်တွေ ဟုတ်တယ်မလား? လွန်ခဲ့တဲ့ နှစ်တွေတုန်းက အဲ့ဒီ မိသားစုရဲ့ သားနဲ့သူ့အမေက သေလုနီးပါးဝေဒနာ ခံစားခဲ့ရတယ် ရွှေယွဲ့တာအိုဘုရားကျောင်းကို ရောက်မှ အသက်မီလိုက်တာ ပြီးတော့ သခင်မလေးရှဲ့က သူတို့ကို အရည်အသွေးကောင်းတဲ့ ဂျင်ဆင်းအမြစ်နှစ်ချောင်း ပို့ပေးခဲ့တယ် အဲဒီတုန်းက သူ့မှာ ပိုက်ဆံမရှိလို့ ချေးငွေသဘောထားလိုက်တာ အဲ့အကြောင်းကို ဒိီကလူတိုင်းသိတယ်"

••••••••••••

All Chapters