← Chapters

မင်းကအရမ်းကြင်နာတတ်တာပဲ

Vol. 2 Ch. 19

မင်းကအရမ်းကြင်နာတတ်တာပဲ

Vol. 2 Ch. 19

အမတအရှင်တစ်ပိုင်း ဖြစ်သော သခင်မလေးရှဲ့ သည် ဆရာသခင် မော့လင်းကျစ်၏တပည့်ကြီးတစ်ဦးဖြစ်သည်။ ထို့ကြောင့် ရှီးဖန်မြို့နှင့် အနီးနား ပတ်ဝန်းကျင်မြို့များမှ လူများက သူမအား အလွန်လေးစားကြလေသည်။

သူမ၏ဆရာသခင်မှာမူ တောင်ပေါ်မှ ဆင်းတာ ရှားပါးသောကြောင့် သူ့ကိုတွေ့ရန်ခဲယဉ်းလေသည်။

ထို့ကြောင့် လူအများဒုက္ခရောက်သောအခါ အမတအရှင်တစ်ပိုင်း သခင်မလေးရှဲ့ကို လာရှာတတ်ကြသည်။

သို့နှင့် သူတို့အားလုံး သူမ နှင့် သိကျွမ်းခဲ့ကြခြင်းဖြစ်သည်။

သခင်မလေးရှဲ့သည် ဘာသိဘာသာနေတတ်ပြီး ရယ်မောခြင်း သိပ်မရှိဘဲ အေးစက်သူဖြစ်ကြောင်း သိထားကြသည်။ ထို့အတွက် သူ့မရှေ့၌အရေးကြီးကိစ္စများသာ ပြောတတ်ကြပြီး အဓိပ္ပာယ်မရှိသောစကားမဆိုကြပေ။

သခင်မလေးရှဲ့ သည် သာမာန်မိသားစုတွင် မွေးဖွားခဲ့သော်လည်း သူမ၏ကျန်းမာရေးချို့တဲ့မှုကြောင့် ငယ်စဥ်ကတည်းက တာအိုကျင့်ကြံသူဘုရားကျောင်းတွင် ကြီးပြင်းခဲ့ရခြင်းဖြစ်သည်။

သူမသည် လှပလွန်းသဖြင့် ကောင်းမွန်သော မိသားစုမှ ဆင်းသက်လာသူဖြစ်ရမည်။

'မိထွေးက ဒီလောက်အကျင့်မကောင်းတဲ့မိန်းမကြီးလို့ ဘယ်သူက ထင်မှာလဲ။'

အလုပ်သမားလေးသည် သခင်မလုအား ရွံရှာမှုနှင့်ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သခင်မလု၏ မျက်နှာမှာ ပူလောင်နေဟန်ရပြီး ရှဲ့ချောင်အား ဂျင်ဆင်း ဘယ်ကရလာသလဲ ဟု မေးရန် ပါးစပ်ကို ပြင်လိုက်သည်။

သူမ ပါးစပ်မဟခင် ဖေဝမ်ယွဲ့မှသခင်မလု၏ လက်ကိုအလျှင်အမြန် ဖမ်းဆုပ်လိုက်ပြီး ရှဲ့ချောင်အားပြောလိုက်သည်။ "တောင်းပန်ပါတယ်မမ မေမေက အဲ့သဘောပြောတာမဟုတ်ပါဘူး မမက တစ်ခါမှ ပညာမသင်ဖူးတော့ ရှဲ့မိသားစုရဲ့ စည်းကမ်းတွေကို မတော်တဆဖောက်ဖျက်မိသွားမှာကို စိုးရိမ်နေတာပါ အခုကျ ဒါက တကယ့်အကြောင်းရင်း အတိအကျနဲ့ ငွေပြန်ဆပ်တာမျိုးဆိုတော့ မေမေက ပုံမှန်တိုင်းပဲ ဘာမှပြောတော့မှာ မဟုတ်ပါဘူး”

ရွှေယွဲ့ တာအိုဘုရားကျောင်းသည် တောင်တန်းပေါ်တွင် တည်ရှိသောကြောင့် ဂျင်ဆင်းထွက်ကုန်ကောင်းများ ရှိခြင်းဖြစ်သည်။

ရှဲ့ မိသားစု၏အစေခံများလည်း လမ်းတစ်လျှောက် သူတို့နှင့်အတူ လိုက်ပါလာခဲ့ကြသဖြင့်  သူမနှင့် သူမအမေ မှာ ရှဲ့ချောင်ကို ညှင်းပန်းနှိပ်စက်နေသည်ဟု လူအများကို ထင်ခွင့်မပြုနိုင်ပေ။

“အဟွတ်..” ရှဲ့ချောင် သူမ၏ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ရင်း အားမရှိစွာ ချောင်းဆိုးလိုက်သည်။

"နင်က သခင်မလေးရှဲ့ရဲ့ညီမလား? ဘာလို့ သခင်မလေးကို ဒီလိုပြောနေတာလဲ? ငါထင်တာကတော့ နင်ကမှ ပညာမတတ်တဲ့သူနဲ့ ပိုတူတာ”

ရှဲ့ချောင်၏ အားမရှိသော အခြေအနေကို မြင်လိုက်သောအခါ ရှဲ့ချောင်၏ နံဘေးတွင် ရပ်နေသော မြေးအဖွားနှစ်ယောက်က ထပြောကြလေသည်။

ဤအမျိုးသမီးမှာ  ဤလောကတွင်နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီးပြီ ဖြစ်သဖြင့် ဖေဝမ်ယွဲ့မှာ ကောင်းသောအဓိပ္ပါယ်ဖြင့်ပြောခြင်း မဟုတ်ကြောင်း သူမပြောပြနိုင်သည်။

“သခင်မလေး ကျွန်မ အိမ်ထဲဝင်ဖို့ ကူညီပေးမယ် အနားယူလိုက်ပါဦး” မိန်းကလေးငယ်က ခပ်မြန်မြန် ပြောလိုက်သည်။

ရှဲ့ချောင်က လက်ခံကြောင်းတုံ့ပြန်လိုက်ပြီး သခင်မလုအား မကြည့်ဘဲ တည်းခိုခန်း၏ ဒုတိယထပ်ကို တည့်မတ်စွာတက်သွားလေသည်။

ရှဲ့ချောင်သည် ထိုမြေးအဖွားနှစ်ယောက်နှင့် လွန်ခဲ့သော နှစ်အနည်းငယ်က တွေ့ခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်စလုံးသည် မြို့မှထွက်ပြေးကာ ကျွန်အဖြစ် ကိုယ့်ကိုယ့်ကိုယ်ရောင်းစားခဲ့ကြခြင်းဖြစ်၏။ ထိုစဉ်က သူမ၏ကျန်းမာရေးမှာ ယခုထက် ပိုဆိုးခဲ့သည်။ သူမ၏ အလုပ်ကိစ္စများကိုလည်း ကူညီရန်အတွက် လူလိုအပ်သောကြောင့် သူမက ၎င်းတို့၏ လွတ်လပ်မှုကို ပြန်လည်ဝယ်ယူခဲ့သည်။

ရွှေယွဲ့တာအိုဘုရားကျောင်းသည် အလွန်ငြီးငွေ့ဖွယ်ကောင်းသော နေရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် လုပ်စရာ များများစားစားလည်း မရှိသောကြောင့် သူမသည် သူတို့အား တောင်ခြေ၌ အခြေချနေထိုင်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။

လူတွေက ၎င်းတို့အား အဘွားဝမ်နှင့် ချွင်းအာ ဟုခေါ်ကြသည်။

ချွင်းအာသည် သူမအား ကြွေရုပ်တစ်ရုပ်သဖွယ်ဆက်ဆံကာ အိမ်ထဲသို့ ရောက်အောင် ကူညီပို့ဆောင်ပေးခဲ့သည်။

ထိုမိထွေးနှင့် သူမ၏သမီးမှာ

အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်စရာဟု ရှဲ့ချောင်တွေးမိသည်။ သူမအေးအေးချမ်းချမ်းနေချင်၍သာ နေမကောင်းဟန်ဆောင်ခဲ့ခြင်းပင်။

သို့သော် အောက်ထပ်ရှိ အဘွားဝမ်က ထိုသို့မထင်ပေ။

ရှဲ့ချောင်မှာ ငယ်သေးသော်လည်း သူမသည် ရှဲ့ချောင်၏အစေခံဖြစ်ကြောင်း သူမသိသည်။ ထို့ကြောင့် ဒီအမျိုးသမီးအား တိုက်ရိုက်ဒေါသမထွက်နိုင်သော်လည်း သူမ၏ မျက်လုံးများက ဖေဝမ်ယွဲ့အား ပေါက်ထွက်မတတ်စိုက်ကြည့်နေတော့သည်။

ရှဲ့ချောင်၏ပစ္စည်းများကို ထုပ်ပိုးရင်း သူမက ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။

"ဒီကမ္ဘာပေါ်မှာ ဒီလောက်ရိုင်းတဲ့ လူတွေ ဘာလို့ ရှိနေတာလဲ?! သခင်မလေး နေမကောင်းတာ မမြင်ဘူးလား?! သခင်မလေး တစ်ခုခုဖြစ်ရင် ငါ့အသက်ကို စတေးပြီး ပြန်ပေးဆပ်ရအောင် လုပ်ပြမယ်!"

ဖေဝမ်ယွဲ့၏ မျက်လုံးများ ချက်ချင်းဆိုသလိုနီရဲသွားသည်။

“မေမေ… သ..သမီးက သဘောရိုးနဲ့ပြောတာကို” ဖေဝမ်ယွဲ့တစ်ယောက်သည် ဒေါသစိတ်ကြောင့် တဆတ်ဆတ်တုန်နေသည်။

ရှဲ့ချောင်သည် ကျန်းမာရေးမကောင်းသောကြောင့်သူမအလိုရှိသလို ဖုံးကွယ်နိုင်သည်။

သို့သော် ယခုကျ သူမက ရှဲ့ချောင် အိပ်ရာထဲကပေ မထနိုင်အောင် ဒေါသထွက်အောင်လုပ်နေသည်ဟု  အပြင်လူတွေက မြင်နေပုံရ၏။

"သူမကချူချာတယ် ဟုတ်လား? အခုလေးတင် အကောင်းကြီးကို တောထဲမှာကျ တစ်ညလုံးနေနိုင်ပြီးတော့....”

သခင်မလုက သူ့သမီး မတရားခံနေရခြင်းအပေါ် ချက်ချင်း တုံ့ပြန်လိုက်သည်။

သူမ ထိုသို့ပြောလိုက်သည့်အခါ ကောင်တာမှအလုပ်သမားနှင့် အဘွားဝမ်တို့မှာ စိတ်မထိန်းနိုင်ကြတော့ပေ။

အခြားဒေသခံများမှာလည်း သည်းမခံနိုင်ကြတော့ပဲ..

“သခင်မလေး နေမကောင်းတာ လူတိုင်းသိနေတာကို အမေဖြစ်နေပြီး ဘာလို့မသိရတာလဲ?"

"သခင်မလေးရှဲ့က ဆေးဆိုင်ကနေ ဆေးကို လတိုင်းဝယ်ရတယ် အကုန်လုံးကဆေးဝါးတွေကြီးပဲ သမားတော်ကတောင် သူမ နေရရင်တောင် နောက်ထပ် နှစ်နည်းနည်းပဲလို့ ပြောထားတာ ဒါတွေက ဘာကိစ္စ လုပ်ကြံဇာတ်လမ်း ဖြစ်ရမှာလဲ?!"

“ပြီးခဲ့တဲ့ နှစ်တုန်းက သခင်မလေးရှဲ့ တောင်ပေါ်ကဆင်းသွားပြီး လမ်းမှာတင် မူးလဲသွားတယ် အဲအချိန်တုန်းက အသက်ရှုရပ်သွားလုနီးပါးပဲ! အဲ့ဒါတောင် ရှင်တို့နှစ်ယောက်လုံးက သရုပ်ဆောင်နေတယ်လို့ ထင်နေတုန်းပဲလား?!"

“...”

••••••••••

All Chapters