ဒီနေရာမှာဘာရတနာရှိမှာလဲ
Vol. 2 Ch. 20
ရုတ်တရက်စွပ်စွဲချက်များကြောင့် သခင်မလု ထိတ်လန့်သွားသည်။
ရှက်စရာကောင်းလွန်း၍ မြေကြီးထဲ ကျင်းတူး၍သာ ပုန်းနေလိုက်ချင်တော့သည်။
ကျောက်ရွှမ်ကျင်းနှင့် သူ၏အဖွဲ့မှာ လုပ်ငန်းများပြီးစီးပြီးနောက် ဤနေရာတွင် အနားယူရန် စီစဉ်ထားခဲ့ကြသည်။ တံခါးအားဖြတ်လျှောက်လာချိန် တရားမျှတမှု တောင်းဆိုနေကာ ဒေါသထွက်နေကြသော ဒေသခံ မြို့သူမြို့သားများ၏အသံကို ကြားလိုက်ရသည်။
"မင်းတို့အကုန် ဒီမိန်းကလေး ကို သိကြတာလား?"
ကျောက်ရွှမ်းကျင်း လူတစ်ယောက်အားမေးလိုက်သည်။
“သိတယ်လေ။ သူမဆရာက ဒီဒေသမှာ အတော်ဆုံး တာအိုကျင့်ကြံသူဆရာသခင်လေ။ သခင်မလေးရှဲ့ကလည်းအရည်ချင်းရှိတယ် ဒါပေမဲ့ နှမြောစရာ ကောင်းတာက သူမ အစွမ်းထက်မြတ်သလောက် သန်မာတဲ့ ကိုယ်ခန္ဓာမရှိတာပဲ" ပြောပြီးနောက် ထိုသူမှာ သက်ပြင်းချသွားသေးသည်။
ကျောက်ရွှမ်ကျင်း၏ မျက်ခုံးများ ဖြေးညှင်းစွာ တွန့်သွား၏။ ထိုမိန်းကလေးရှဲ့အား ပြန်တွေးမိလိုက်ချိန် ရင်ထဲတွင် လေးစားမှုများ ပြည့်လာခဲ့သည်။
သို့ပေသည့် ထိုမိန်းကလေး အသက်ရှင်ဖို့ တကယ်ပင် အချိန်အများကြီး မကျန်တော့တာလား?
ကူညီ၍ မရသော်ငြား သူ့နှလုံးသားထဲတွင်တော့ နေရခက်နေ၏။
ကျောက်ရွှမ်ကျင်း ၎င်းအပေါ် အများကြီးမစဉ်းစားခဲ့ပေ။ ထိုအမေနှင့်သမီးအား တစ်ချက်ကြည့်လိုက်ပြီးနောက် အခန်းထဲသာပြန်ဝင်သွားခဲ့သည်။
သူ လက်ခံယူရန်အတွက် အထဲတွင်တစ်စုံတစ်ယောက် စောင့်နေပြီ ဖြစ်သည်။ ရောက်ရှိသည့်အချိန်တွင်ပဲ ထိုသူသည် အိမ်မှလာသော စာများအားလုံးနှင့် အချက်အလက်တစ်ချို့အား လက်လွှဲပေးလေသည်။
ချင်းကျီလည်း သူ့မိသားစု၏စာများကို လက်ခံရရှိခဲ့သည်။
သူသည် စာများအား ဖတ်ရန် စိတ်လှုပ်ရှားစွာ ဖွင့်လိုက်သည်။
ထိုအချိန်တွင်ပဲ သူ၏ မျက်နှာအမူအရာ လည်းပြောင်းလဲသွား၏။
ဇနီးသည်မှာ လမစေ့သေးခင်မီးဖွားပြီး မိန်းကလေးတစ်ဦး မွေးဖွားခဲ့သည်။
“တိုက်ဆိုင်တာ… တိုက်ဆိုင်တာပဲနေမှာပါ “
ချင်းကျီ ခြောက်သွေ့စွာတံတွေး မျိုချလိုက်ကာ မျက်နှာအား အလျှင်အမြန်ပုတ်လိုက်သည်။ ထို့နောက်စာအား တည်ငြိမ်စွာ သိမ်းဆည်းလိုက်၏။
အရာအားလုံး သဘာ၀အလျောက် ဖြစ်သွားလိမ့်မည်။ သူသည် အမြဲကံကောင်းနေကျဖြစ်သည် သေချာပေါက် သူ့တွင် သားရောသမီးတွေပါ ရှိလာပါလိမ့်မည်။
"မင်းမိန်းမကလေးမွေးပြီလား?"
သူ၏မျက်နှာပေါ်မှ ကြည်နူးရိပ်ကို မြင်သောအခါ နန်းတွင်းသက်တော်စောင့်ကျို့က မေးလာသည်။
"ဟုတ်တယ် မိန်းကလေးတဲ့ ကျွန်တော့်မိန်းမက တစ်လစောပြီး မွေးပေမဲ့ ပြဿနာမရှိဘူးလို့ သမားတော်တွေက ပြောတယ် သမီးလေးကကျွန်တော့်အမေနဲ့တူပြီး မယုံနိုင်လောက်အောင်ကို လှတယ်တဲ့။ ပုံတူလေးတောင်ဆွဲထားသေးတယ်။ ချစ်စရာ သိပ်ကောင်းတာပဲ။" ဟုပြောရင်း ချင်းကျီက ပုံတူပန်းချီအား နန်းတွင်းသက်တော်စောင့်ကျို့ကို ပြလိုက်သည်။
နန်းတွင်းသက်တော်စောင့်ကျို့၏ မျက်လုံးများမှာ တုန်လှုပ်သွား၏။
ချောကလက်ရောင်စစ်စစ် အသားရည်နှင့်.... ချစ်စရာ တစ်ကွက်မှ မပါပေ။
"အေး ချစ်စရာလေးနော်" ဟုသာ ခေါင်းညိတ်ရင်း အတွေးအား ဖုံးကွယ်၍ နန်းတွင်းသက်တော်စောင့်ကျို့ ဖြေလိုက်သည်။
”အဆောင်ကို သေချာသိမ်းထား! အချိန်တိုင်းဆောင်သွား..ကမူးရှူးထိုးလုပ်မိလို့ နောင်တရနေမယ့်အစား လိုရမယ်ရလေ "
ပြောလိုက်ရင်း ချင်းကျီ၏လက်ထဲသို့ အဆောင်များထိုးထည့်ပေးလိုက်သည်။
ပထမတော့ ချင်းကျီကို ပေးဖို့ ချီတုံချတုံ ဖြစ်နေခဲ့သည်။ယခု ချင်းကျီတွင် သမီးဦးလေး ရှိနေပြီဆိုတာ သိလိုက်ရတော့ သူ၏တုံ့ဆိုင်းမှုများအားလုံး လေထဲလွင့်စင်သွားခဲ့သည်။
ချင်းကျီသည် ဖားပြုတ်တစ်ကောင်ကဲ့သို့ပင် စိတ်အနှောင့်အယှက်ဖြစ်သွားကာ "ဒီပစ္စည်းတွေ မလိုချင်ပါဘူး! လူကြီးမင်းကျို့က အဲ့ဒီမိန်းမရဲ့ မာယာတွေအောက်မှာ မြောသွားပြီပဲ သူ့အလိမ်အညာဇာတ်လမ်းတွေကို ဘယ်လိုယုံနိုင်ရတာလဲ”
“အတင်းကြိုးစားပြီး ငြင်းမနေနဲ့။ ငါသခင်လေးကို ပြောလိုက်မှာ။ သခင်လေးတောင် သူမဆီက အဆောင်တွေကို လက်ခံတယ်ဆိုတာ မင်းသိတယ်မလား။ မင်းက အဲဒီအပေါ်မထီမဲ့မြင်ပြုရင် သခင်လေးရဲ့နောက်ကွယ်မှာလှောင်ပြောင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။”
နန်းတွင်းကိုယ်ရံတော်ကျို့က ခြိမ်းခြောက်လိုက်သည်။
ချင်းကျီလက်များ ရပ်တန့်သွားကာ စိတ်ဓာတ်ကျစွာတုံ့ပြန်ရုံမှလွဲ၍ သူ့တွင်ရွေးချယ်စရာမရှိပေ။
ယခု သူ့လက်ထဲတွင် အသုံးမဝင်သော အမှိုက်တစ်ခုပိုရှိလာသဖြင့် အလွန်ပင် စိတ်မသက်မသာ ဖြစ်နေသည်။
သူ့တစ်ကိုယ်လုံး ထူးဆန်းနေသလို ခံစားလိုက်ရသည်။
သူ လုပ်ချင်တာတစ်ခုကို ပြောပါ ဆိုလျှင် ထိုအရာအား လွှင့်ပစ်လိုက်ခြင်းပင် ဖြစ်သည်။
.............
အောက်ထပ်တွင် အဘွားဝမ်က ရှဲ့ချောင် ၏ ပစ္စည်းများအား သပ်ရပ်စွာ ရှင်းနေသည်။ ဝါးခြင်းတောင်းထိပ်တွင် ရယ်စရာကောင်းသော အထုပ်တစ်ထုပ် ရှိနေသေးသည်။ ဒါပေမဲ့လည်း အခန်းထဲကို ရွှေ့ထားပေးလိုက်ကြသည်။
ဖေဝမ်ယွဲ့တစ်ယောက် ၎င်းပစ္စည်းများအား အနည်းငယ်သာ ဖျက်ခနဲမြင်နိုင်လိုက်ကာ လှမ်းကိုင်ရန်ပင် မတတ်နိုင်လိုက်ပေ။
ထိုပစ္စည်းများမှာ အမြောက်အမြားပင်။
တန်ဖိုးများစွာရှိမည်မဟုတ်သော်လည်း ရှဲ့ချောင်၏ စိတ်သဘောထား မည်မျှကောင်းမွန်သည်ကို ကိုယ်စားပြုသည်လေ။
နန်းမြို့တော်သို့ ပြန်ရောက်လျှင်လည်း ယခုကဲ့သို့ ဆက်ဖြစ်နေလျှင် သူမဘာလုပ်ရမည်နည်း။
“အမေ အဲ့အထုပ်ကဘာကြီးလဲ? တတောက်တောက်နဲ့မြည်သံတွေလည်း ကြားနေရတယ်။ အသံကလည်း ပြတ်တောင်းပြတ်တောင်းနဲ့ ဒါနောက်ထပ် ကျောက်တုံးတော့ မဖြစ်နိုင်ဘူးမလား?" ရှဲ့ချောင်၏ ပစ္စည်းများအကုန်နီးပါး ဖေဝမ်ယွဲ့ မြင်ဖူးသည်။
ဝါးခြင်းတောင်းအကြောင်း သူမသိထားသည်။၎င်းမှာ စုတ်ပြတ်နေ၏။ တာအိုဘုရားကျောင်းမှအဆက်ဆက်သုံးလာသော ပစ္စည်းဖြစ်ပုံရသည်။
သို့သော် ဤအထုပ်မှာမူ မတူသောအခြေအနေ
တစ်ခုဖြစ်သည်။
တာအိုဘုရားကျောင်းမှ မဟုတ်သလို အခြားသူများထံမှ လက်ဆောင်လည်း မဟုတ်ပေ။
ထို့အပြင် ဤအရာသည် ရှဲ့ချောင်အတွက် အမှန်တကယ် အရေးပါပုံ ရသည်။ အပေါ်ထပ်သို့ တက်နေရင်း ကောင်မလေးကိုတောင် အကျဉ်းချုံး ရှင်းပြနေသေးသည်။
သူမ၏ အသံမှာ တိုးညှင်းသော်လည်း သူမ၏ နှုတ်ခမ်းပုံစံအရ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိတွေ့ခွင့်မပြုရန် တစ်ခုခုပြောနေပုံရသည်။
မည်သူမှ ထိတွေ့၍မရသော ရတနာသည် မည်သို့သော ရတနာ ဖြစ်နိုင်မည်နည်း?
••••••••••••