← Chapters

တစေအင်ပါယာသည် အငြိုးအတေးများအား ရှင်းလင်း၏ (၁)

Vol. 31 Ch. 460

တစေအင်ပါယာသည် အငြိုးအတေးများအား ရှင်းလင်း၏ (၁)

Vol. 31 Ch. 460

“ဟုတ်ပါတယ်။ ဒီကောင်‌လေးပါပဲ သခင်ကြီး။”

“ဒါ့အပြင် သူ့မှာ အဖော်လည်း ပါပါသေးတယ်။ စုံစမ်းကြည့်လိုက်တော့ သူ့အစ်ကို ချန်အားညိုလည်းပါပြီး တတိယတစ်ယောက်ကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီသူကတော့ ယင်ဟွမ်ဒေသကြီးက လီထူတာအိုယဇ်ပလ္လင်ရဲ့ တော်ဝင်မိန်းမပျိုပဲဖြစ်နေပါတယ်။ သူ့နာမည်က ချင်းချိုးလို့ခေါ်တယ်။ သူဟာ ဒီကိုလာနေတဲ့ လမ်းတဝက်ကို ရောက်နေပြီး နောက်ရက်နည်းနည်းဆို ဒီကို ရောက်လာမှာပါ။”

အဘိုးကြီးက ထူးဆန်သော ဟန်မူရာဖြင့် ဆက်ပြောလိုက်သည်။

“ဒီသုံးယောက်ဟာ သခင်မယုံကျင်း ရူးသွပ်မှုကို အရှိန်တင်ပေးလိုက်ကြသူတွေပဲ။ ဒီတော့ ငါ့အမြင်အရ သူတို့ဟာ သခင်မကျင်းရုံအမုန်းဆုံးလူတွေ ဖြစ်နေလောက်ပြီပဲ။”

သက်လတ်ပိုင်းလူကြီးကခေါင်းညိတ်လိုက်သည်။

“လောစရာတော့မလိုသေးပါဘူး။ ငါတို့ချည်း အရင်ကြိုးစားကြည့်ကြတာပေါ့။ သခင်မယုံကျင်း ခံစားချက်တွေ ပြိုကွဲပြီး စိတ်ဝိညာဉ်ရှာဖွေခြင်း မလုပ်နိုင်ရင်တော့ သူတို့သုံးဦးကို ခေါ်ပြီး လှုံဆောင်ခိုင်းကြတာပေါ့။”

“ပြီးတော့ ဒီရွှီချင်းက မဆိုးဘူးပဲ။ သူ့စရိုက်ကလည်း မဆိုးဘူး။ သူက ဓားကိုင် ဖြစ်ဖို့ အရည်အချင်းသာရှိနေရင် မျိုးစေ့ကောင်းလို့ ပြောလို့ရတယ်။”

“ဒီနယ်မြေကြီးက ‌ဒေသကြီးမျိုးစုံရဲ့ အင်အားပြန်ထကြွမှုလက္ခဏာတွေကို ရင်ဆိုင်ဖို့ ရှေးအင်မော်တယ်ကန့်သတ်နယ်ကို ပြန်ဖွင့်ဖို့ ပြင်ဆင်နေတာပဲ။ ဒါကြောင့် မင်း ဒီအကဲဖြတ်ပွဲထဲမှာ လှုံ့ဆောင်မှုနည်းနည်း ထပ်လုပ်သင့်တယ်။ အချိန်တွေက မတူတော့ဘူး။ ငါတို့လိုအပ်တာက ခွေးလိမ္မာတွေမဟုတ်တော့ဘူး၊ ဝံပုလွေပေါက်တွေပဲ။”

အဘိုးကြီးက ရှေးအင်မော်တယ်ကန့်သတ်နယ်မြေဆိုသည့် စကားလုံးကိုကြားလျှင် မျက်နှာအမူအရာ ပြောင်းသွားသည်။

“ရှေးအင်မော်တယ်ကန့်သတ်နယ်မြေကို ပြန်ဖွင့်မယ် ဟုတ်လား။ အဲဒီမှာ အမျိုးအမည်မသိ နတ်ဘုရားတစ်ပါး အိပ်စက်နေတယ်လို့ ပြောကြတာရှိတယ်မဟုတ်ဘူးလား။”

“ဟုတ်တယ်။ ဝမ်ကုဒေသကြီးမှာရှိတဲ့ ကပ်ဘေးကြီးဟာ ကောင်းကင်ထဲမှာရှိတဲ့ နတ်ဘုရားရဲ့ မျက်နှာပျက်ကြီးကနေ လာတယ်လို့ပဲ လူတွေက ထင်နေကြတယ်။ ဒါပေမဲ့ သူတို့မသိတာက… မှတ်တမ်းတွေအရ ရှေးဧကရာဇ်တွေ စွန့်ခွာဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့တဲ့ အခြေအနေမှာ ဧရာမမျက်နှာပျက်ကြီးတစ်ခုတည်း ရောက်ရှိလာတာမဟုတ်ဘဲ အခြားပုန်းအောင်းနေသူတွေလည်း ရှိနေခဲ့တာပဲ”

“သူတို့က ဘာကိုစောင့်နေကြပါလိမ့်။ ဒီနယ်မြေကြီးက အဲဒီကန့်သတ်နယ်မြေကို ဖွင့်ဖို့ စိတ်ကူးနေတယ်ဆိုတော့ သူတို့ကလည်း အဲဒီအကြောင်းကို အတည်ပြုမိန့်ရထားတာဖြစ်နိုင်နေသေးတယ်။”

သက်လတ်ပိုင်းလူကြီးက ခေါင်းယမ်းကာ လှည့်ထွက်လာသည်။

အဘိုးကြီး တစ်ဦးတည်းသာ ထိုနေရာတွင် ရှုပ်ထွေးသည့် မျက်နှာထားနှင့် ကျန်ရစ်ခဲ့သည်။ သူက သက်ပြင်းအသာချလိုက်ပြီး သူကိုယ်တိုင်မှာလည်း တဖြည်းဖြည်းပျောက်ကွယ်သွား၏။

ခုနစ်ရက်ခန့် ကုန်လွန်လာသည်။

ထိုခုနစ်ရက် အတွင်းတွင် ရွှီချင်းသည် နေ့စဉ်အလေ့အထသို့ တဖန် ပြန်ရောက်သွား၏။ သူသည် တာအိုပလ္လင်သို့နေ့စဉ်သွားကာ နွယ်မြက်ဆေးပင်တို့အကြောင်း သင်ယူသည်။

သူအား စိန်ခေါ်သူတစ်ဦးမျှ မရှိတော့ပါ။ ထိုအချက်ကြောင့် ရွှီချင်းသည် ဂိုဏ်းပေါင်းစုံထဲတွင် မည်သူမှ စိန်မခေါ်ရဲသည့် ဒုတိယပုဂ္ဂိုလ်ဖြစ်လာ၏။

ထိုအချိန်အတွင်းတွင် ထိုက်စီရှန်းမုန်ဂိုဏ်းမှ တာအိုသားတော်လည်း ပြန်ရောက်လာသည်။

သူ ပြန်ရောက်လာခြင်းသည် ကောင်းကင်တွင် ရောင်စုံအလင်းများ လှုပ်ခတ်သွားစေ၏။ သူသည် မန္တာန်အတတ်များစွာတို့ကို ကျွမ်းကျင်စွာ တတ်မြောက်ထားသော်လည်း ကောင်းစွာ ထိန်းချုပ်နိုင်ခြင်းတော့ မရှိသေးသည့်အလား…။ ထို့ကြောင့် အာရုံစိုက်မှုများစွာတို့အား ဖမ်းစားထားသည်။ ရွှီချင်းလည်း ကောင်းကင်သို့ မော့ကြည့်လိုက်မိ၏။

သူက တာအိုသားတော်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ရောင်စုံအလင်းများဆီမှ ဖိအားအနည်းငယ်ကို ခံစားရ၏။

တာအိုသားတော် ပြန်ရောက်လာသည့်တိုင် ထိုက်စီရှန်းမုန်ဂိုဏ်းထဲတွင် အရာအားလုံးကတော့ ပုံမှန်သာဖြစ်သည်။ သူက လီကျစ်လျန်သေဆုံးမှုနှင့် မည်သို့မှ မသက်ဆိုင်သည့်ပုံစံရှိနေ၏။

“သူများ ဖြစ်နေမလား။”

ရွှီချင်း ငြိမ်သက်သွားသည်။ သူက မသေချာသေးသော်လည်း သတိပေါ့ခြင်းတော့ မရှိပါ။

ထို့အပြင် သည်ခုနစ်ရက်အတွင်း ရွှီချင်း၏အာခီမီအတတ်မှာ သိသိသာသာ တိုးတက်လာသည်။

ပို့ချချက်တစ်ခုတွင် တာအိုပလ္လင်ပေါ်မှ အဘိုးကြီးက အယူအဆတစ်ခုအား ပြောပြသည်။ ထိုအဘိုးကြီးက ၎င်းအယူအဆသည် အသစ်တွေ့ရှိချက်တစ်ခုဖြစ်ပြီး အထောက်အပံ့နည်းစနစ်ဟုသာ ရှင်းပြသည်။

၎င်းသည် အမျိုးအမည်မသိသော ဆေးပင်များအား ခွဲခြားဖော်ထုတ်ခြင်းဖြစ်သည်။

သစ်ကြောမျှင် သုံးသပ်ခြင်း၊ ဆေးပင်၏အသက်ရှင်ပုံ ပတ်ဝန်းကျင်အခြေအနေကို လေ့လာခြင်း၊ ၎င်းဆေးပင်တို့ကို လေ့လာခြင်းနဲ့ ထို‌ဆေးဂုဏ်သတ္တိတို့မှ ၎င်းဆေးပင်သဘာဝကို ဆုံးဖြတ်ခြင်းတို့ ဖြစ်ကြသည်။ ထိုသို့အမျိုးအမည် ခွဲခြားခြင်းနည်းစနစ်သည် ရွှီချင်းအတွက် အတွေးသစ် အမြင်သစ်များအား ဖြစ်ပေါ်စေ၏။

သူက သူသိထားသည့် ဆေးပင်အသိပညာတို့ကို ပြန်ဆန်းစစ်ကြည့်ရာ ထိုခွဲခြားနည်းသည် အပြည့်အဝမှန်သည်မဟုတ်သော်လည်း အနည်းဆုံးရှစ်ဆယ်ရာနှုန်းခန့်တော့ မှန်နေသည်။

အာခီမီလမ်းစဉ်တွင် သေးငယ်သော ကွဲပြားမှုက မိုးနဲ့မြေပမာကွာခြားသွားသော်လည်း အာခီမီကျင့်ကြံသူတို့အတွက် ထိုသို့ဆေးပင်ခွဲခြားနည်းစနစ်သစ်များ ပိုရှိခြင်းက ဆေးပင်သစ်များရှာဖွေဖော်ထုတ်ရာတွင် လွန်စွာအသုံးဝင်လှပေသည်။

ထိုမျှမက ရွှီချင်းသည် ထိုအဘိုးကြီးထံမှ နတ်ဆေးပင်ဟူသည့် စကားလုံးကိုလည်း ကြားသိခဲ့ရ၏။

ရွှီချင်းက နတ်ဆေးပင်များနှင့်ပတ်သက်၍ ရင်းနှီးသည်ဟု ဆိုနိုင်သော်လည်း မရင်းနှီးဟုလည်း ပြောနိုင်သည်။ မရင်းနှီးဟု ဆိုရခြင်းမှာ သမားတော်ကြီးပိုင်၏ မှတ်တမ်းများထဲတွင် ၎င်းဆေးပင်များအကြောင်း မပါရှိသောကြောင့် ဖြစ်သည်။ ရင်းနှီးနေသည့်အကြောင်းမှာကား သူသည် နွယ်မြက်ဆေးပင်များနှင့် စတင်ထိတွေ့ခဲ့ရချိန်မှ စတင်ကာ နတ်ဆေးပင်များအား ရှာဖွေနေခဲ့သောကြောင့်ဖြစ်ပေသည်။

သို့ရာတွင် ခေါင်းဆောင်လဲ့သေဆုံးသွားပြီးနောက် ယနေ့အထိ သူသည် နတ်ဆေးပင်များအား ရှာတွေ့နိုင်ခြင်း မရှိခဲ့ပါ။

ထိုဆေးပင်မှာ လူ့သက်တမ်းကို နောက်ထပ်တစ်ဆခန့် တိုးမြှင့်ပေးနိုင်သည့် ကောင်းကင်ကြမ္မာပန်းပင် ဖြစ်သည်။

“ကောင်းကင်ကြမ္မာပန်းကို အသက်အားဖြည့်ငရဲမီးနဲ့ နတ်ဝိညာဉ်မြက်လို့လည်း သိကြတယ်။ ဒီဆေးပင်ဟာ နတ်ဘုရားအတန်းအစားဆေးပင်ဖြစ်ပြီးတော့ သန္ဓေပြောင်းမျိုးကွဲတစ်ခု ဖြစ်တယ်။ မှတ်တမ်းတွေအရ  မျိုးကွဲပေါင်း ခုနစ်ဆယ့်သုံးမျိုးရှိပြီးတော့ ပထမတစ်မျိုးကိုပဲ ဆေးအဖြစ်သုံးသို့ရနိုင်တယ်။ ဒီအပင်ဟာ တားမြစ်နယ်မြေတစ်ခုထဲက နေရာမျိုးစုံမှာ ပေါက်ရောက်ကြတယ်။ သူ့ကို တွေ့နိုင်တဲ့ နေရာကို ညွှန်းဆိုနိုင်တဲ့ စည်းမျဉ်းတွေမရှိဘူး။ ဒါပေမဲ့ အရမ်းရှားပါးလွန်းတာတော့ အမှန်ပဲ။”

“ဆေးပင်ရဲ့ ဂုဏ်သတ္တိတွေက ပြတ်တောက်သွားတဲ့ ခြေလက်တွေ ပြန်ပေါက်လာနိုင်တယ်၊ အသက်စွမ်းအားမီးတောက်ကို ပြန်တောက်လောင်နိုင်တယ်။ စိတ်ဒဏ်ရာတွေကလွဲပြီး ကျန်တာအားလုံးကိုလည်းကုသနိုင်စွမ်းရှိတယ်။”

အဘိုးကြီးက သူရှေ့မှ တာအိုပလ္လင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တည်ငြိမ်စွာ ပြောဆိုရင်း သူ့ ပို့ချချက်များကို နားထောင်နေကြသည့် ကျင့်ကြံသူခုနစ်ဦး ရှစ်ဦးတို့အား သင်ကြားပေးလျက် ရှိသည်။

သူ့အတွက်ကား နွယ်မြက်ဆေးပင်နှင့် အာခီမီအကြောင်းအသိပညာတို့မှာ သူပိုင်ဆိုင်သလို လူသားမျိုးနွယ်၏ ပိုင်ဆိုင်မှုလည်း ဖြစ်ပေသည်။ ထို့ကြောင့် နားထောင်သူ မများလှသည့်တိုင် သူက ဆက်လက်ပို့ချလျက် ရှိနေသေးသည်။

အမှန်တော့ သူသည် အစောပိုင်းနှစ်များတွင် နေရာအနှံ့ခရီးထွက်ကာ လူသားနယ်ပယ်မျိုးစုံ၌ နွယ်မြက်ဆေးပင်များနှင့် အာခီမီအသိပညာတို့အား လိုက်လံဖြန့်ကြက်ခဲ့ပေသည်။ သို့ရာတွင် သူသည် အိုမင်းလာပြီး သက်တမ်းကလည်း ကုန်ဆုံးတော့မည်ဖြစ်သဖြင့် ခရီးလှည့်လည်ခြင်း မပြုတော့ပါ။

၎င်းအစား သူသည် ဓားကိုင်ရုံးတော်တွင်သာ နေထိုင်ကာ ဤနေရာရှိ လေလွင့်ကျင့်ကြံသူများအား ဆေးပင်နှင့် အာခီမီပညာတို့ကို သင်ကြားပေး၏။

သူသည် တပည့်များစွာမြင်တွေ့ခဲ့ဖူးသဖြင့် လာရောက်သူနှင့် ထွက်ခွာသွားသူများကို သိပ်အလေးမထားတော့ပါ။

“နောက်ဆုံးတော့ နတ်ဘုရားအတန်းအစားဆေးပင်တွေဟာ ဘဝပြောင်းလဲတဲ့အဆင့်အထိ ဖြစ်နိုင်ကြတယ်။ အမှန်တော့ ဒီအဘိုးကြီးက ဒီနှစ်တွေမှာ အကြောင်းအရာတစ်ခုကို လေ့လာနေခဲ့တာပဲ။ အဲဒါတွေဟာလည်း သစ်ပင်တွေပဲမလား။ သူတို့က နတ်ဘုရားတွေရောက်လာတဲ့ ဒီကမ္ဘာမှာ တည်ရှိဖို့ ပိုသင့်တော်တာပဲလေ”

“ဒါကြောင့် ဒီအဘိုးကြီး ကျုပ်က နတ်ဘုရားအဆင့်အပင်တွေဟာ နတ်ဘုရားတွေကို လေ့လာရာလမ်းကြောင်းတစ်ခု ဖြစ်နေနိုင်တယ်လို့လည်း မကြာခဏတွေးခဲ့မိသေးတယ်။”

ရွှီချင်း ထိုစကားကို ကြားလျှင် တကိုယ်လုံး တုန်ခါသွားသည်။ သူသည် ထိုစဉ်အချိန်က ပိုင်လီအား အမှတ်ရလိုက်မိ၏။

ပိုင်လီတွင် ဝိညာဉ်ဆေးပင်တစ်ပင်ရှိသည်။ နောက်ဆုံးတွင် သူသည် ဝိညာဉ်ပင်နဲ့ ပေါင်းစည်းသွားပြီး နတ်စွမ်းအားတုန်လှိုင်းအချို့ နှင့်အတူ ပေါက်ကွဲထွက်လာသည်။ ထို့နောက် သူက အင်ပါယာကြယ်ကိုလည်း တွေးလိုက်မိသေးသည်။

***

All Chapters