ဥပဒေနှင့်ဆန့်ကျင်သော တစ်စုံတစ်ခု
Vol. 3 Ch. 23
သခင်မလုသည် အံ့ဩမှုလုံးဝ မရှိစွာဖြင့် ပြောလိုက်သည်။
"နန်းမြို့တော်ကို ရောက်ရင် သူမကို သမီး ဦးလေးရှဲ့ ထိန်းသိမ်းကြပ်မတ်ပေးလိမ့်မယ် အမေက သူမရဲ့ မိထွေးပဲလေ အဲ့တာကြောင့် အများကြီးပြောလို့မရဘူး"
"အမေ ရှဲ့ချောင်က အမေ့ကို အနိုင်ကျင့်ရဲမှာ မဟုတ်ပါဘူး" ဖေဝမ်ယွဲ့ သည် ရယ်မောကာ သခင်မလု၏ ဘေးသို့ တိုးဝှေ့ကာဖက်လိုက်သည်။
"ဦးလေးရှဲ့က အရင်က ဇနီး ၂ ယောက်ကို လက်ထပ်ခဲ့ပေမဲ့ ပထမဇနီးက ရုပ်ဆိုးအကျည်းတန်တဲ့ ဓားပြ ၊ ဒုတိယ ဇနီးကျတော့ တောင်ပေါ်ခံတပ်က ဖြစ်နေတယ် ဇနီး ၂ ယောက်လုံးမှာ ကောင်းမွန်တဲ့ မိသားစု နောက်ခံတွေကလည်း မရှိဘူး သူတို့က မေမေ့ ကို ဘယ်လို ယှဉ်နိုင်မှာလဲ? မေမေ က ကောင်းတဲ့ မိသားစုက လာပြီး ဦးလေးရှဲ့ အတွက် ကလေးတစ်ယောက် ကို ပြုစုပျိုးထောင်ပေးခဲ့တယ် ရှဲ့မိသားစုဝင် ကလေးတွေက မေမေ့ကို ကျေးဇူးတောင်တင်သင့်သေးတယ်"
သခင်မလု သက်ပြင်းချလိုက်သည်။
ထိုစကားလုံးများသည် သူမအား နှစ်သိမ့်မှု ပေး၏။
'သူမသည် ရှဲ့မိသားစုအတွက် သားသမီး တစ်ယောက်မှ မမွေးဖွားပေးခဲ့သော်လည်း အရင် ဇနီးများ၏ ကလေးများကို တကယ်ကို ပျိုးထောင်ပေးခဲ့တယ်!'
"အခု အမေက အိမ်ရဲ့အဝေးမှာ ဖြစ်နေပြီး ဒီမြို့ကလူတွေအားလုံးက နှိပ်စက်နေကြတယ် နန်းမြို့တော်ကို ပြန်ရောက်သွားရင်တော့ အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်" သခင်မလုသည် ခဏတာ တွေး၍ ပြောလိုက်သည်။
"အမေ မောင်နှမအငယ်လေးတွေကရော…သူတို့က အမေနဲ့ ရင်းနှီးလား?" ဖေဝမ်ယွဲ့က မေးလိုက်သည်။
သခင်မလုသည် ပြုံးလိုက်၏။
"သမီး အကိုကြီးအတွက်တော့ အမေ မပြောနိုင်ဘူး သူရဲ့ စိတ်က ထူးဆန်းတယ် ပြီးတော့ သူက စကားစမြည်လောက်ထက် ပိုပြီးမပြောဘူး ဒါပေမဲ့ သူက အမေ့ကို အမြဲတမ်း ရိုသေသမှုနဲ့ ဆက်ဆံပါတယ်" သခင်မလုသည် ခဏကြာ တွေး၍ "အမေ့မှာ တစ်ခြား ကလေး နှစ်ယောက်လည်း ရှိတယ် ပြီးတော့ သူတို့ကို စောင့်ရှောက်လာတာ ငါးနှစ်ရှိပြီဆိုတော့ သူတို့က အမေ့ကို သူတို့ရဲ့ မိခင်အရင်းလို ဆက်ဆံကြတာ ပုံမှန်ပါပဲ"
ထိုသို့ပြောလိုက်သောအခါ ဖေဝမ်ယွဲ့သည် စိတ်သက်သာရာ ရသည့်ပုံဖြင့် အသက်ရှုလိုက်သည်။
သူမ၏ အမေတွင် သားသမီးအရင်း တစ်ယောက်မှ မရှိပေ။ အကယ်၍ ကလေးများသည် သူမနှင့် နီးနီးကပ်ကပ် မနေခဲ့လျှင် သူမ၏ ဘဝမှာ ခက်ခဲပေလိမ့်မည်။
ကံကောင်းစွာဖြင့် ထိန်းချုပ်ရန် ငယ်ရွယ်သော ကလေးနှစ်ယောက်တော့ ရှိခဲ့သည်။
"မေမေ ကျွန်မ… မမရဲ့အထုပ်ထဲမှာ ဘာရှိလဲဆိုတာ ကြည့်ချင်တယ်" ဖေဝမ်ယွဲ့က တီးတိုး ရေရွတ်လိုက်သည်။
သခင်မလုသည် သူမအား အံ့ဩစွာ ကြည့်လိုက်သည်။
"အဲ့တာက သူမရဲ့ လက်ဝတ်လက်စား အပေါစားတွေ ရောထွေးထားတာပါပဲ ဘာလို့ သမီးက အဲ့တာကို နက်နက်နဲနဲ ဖြစ်နေရတာလဲ" သခင်မလု က ပြောလိုက်သည်။
"သူမရဲ့အပြုအမူတွေက နည်းနည်း ထူးဆန်းနေလို့ပါ အထုပ်ကို ကြည့်ရတာ ဝါးသေတ္တာထက် ပိုလေးမဲ့ပုံပဲ အဲ့ထဲမှာ ဘာဝှက်ထားတာလဲ မသိဘူး ဥပဒေနဲ့ ဆန့်ကျင်တဲ့ တစ်ခုခု ဖြစ်မယ်လို့ ထင်တယ်" ဖေဝမ်ယွဲ့သည် တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
ဒေသခံမြို့သည် ကျောက်စိမ်းထုတ်လုပ်သော နယ်ပယ် ဖြစ်ပြီး ကျောက်စိမ်း အဆင့်အတန်း ထိန်းချုပ်မှုမှာလည်း အတော်လေး စည်းကမ်း တင်းကျပ်၏။
ဖေဝမ်ယွဲ့၏ စကားများသည် သခင်မလုအား ရှဲ့ချောင်၏ အထုပ်ထဲတွင် ဒေသခံ မြို့သူမြို့သားများ ဖြန့်ဝေအသုံးမပြုသည့် ကျောက်စိမ်းမျိုး ရှိနေလိမ့်မည်ဟု ပြောသကဲ့သို့ ဖြစ်နေသည်မှာ ထင်ရှား၏။
သခင်မလု၏ နှလုံးခုန်သံမှာ မြန်လာခဲ့သည်။
"သူမ အဲ့လောက် အတင့်ရဲမှာမဟုတ်ပါဘူး ဟုတ်တယ်မလား?" သခင်မလုက ထိတ်လန့်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ မမက အဲ့တာကို ဖုံးကွယ်ထားတယ် သူမက တစ်ခြားလူတွေကို မမြင်စေချင်ဘူးဆိုတာ ထင်ရှားနေတာပဲ မဟုတ်လား? ဥပဒေနဲ့ ဆန်ကျင်တဲ့ ပစ္စည်းသာ မဟုတ်ရင် သူမက ဘာလို့ အဲ့လို အဲ့လိုပုံစံ လုပ်နေမှာလဲ" ဖေဝမ်ယွဲ့သည် ပဟေဠိ ဆန်စွာ ပြောလိုက်သည်။ "သမီးမမ ပြန်လာတာ စောင့်ပြီး သူ့ကို မေးကြည့်ရင်ရော?"
"တကယ်လို့ အဲ့တာက ဥပဒေနဲ့ဆန့်ကျင်တဲ့ တစ်ခုခု ဖြစ်နေရင် သူမက ဘယ်လိုလုပ် ဝန်ခံမှာလဲ" လုရှီး သည် ရုတ်တရတ် ထိတ်လန့်သွားပြီး ခဏကြာ မလှုပ်မယှက် ရပ်နေခဲ့သည်။
အချိန်တစ်ခဏကြာပြီးနောက် သူမသည် ဖေဝမ်ယွဲ့၏ လက်ကို ကိုင်လိုက်ကာ "သမီးနဲ့ အမေ သွားကြည့်မယ် တကယ်လို့အဲ့တာက ဥပဒေနဲ့ ဆန့်ကျင်တဲ့ အရာဆိုရင် အမေတို့ သီးသန့် သဘောတူညီမှု ယူရမယ် အဲ့တာက ဥပဒေနဲ့ မဆန့်ကျင်ရင်တော့ အမေတို့ ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်နေမယ်"
"မမက စိတ်ဆိုသွားရင်ရော?" ဖေ့ဝမ်ယွဲ့က မေးလိုက်သည်။
"တကယ်လို့ ဥပဒေနဲ့ ဆန့်ကျင်တဲ့အရာဆိုရင် သူမ စိတ်တိုနေရင်တောင် သူမ အသိတရားပြန်ရတဲ့အထိ အဆူခံရမှာပဲ သူမအဖေက နှစ်အကြာကြီး ဓားပြ တစ်ယောက်ဖြစ်ခဲ့တာ နောက်ဆုံးမှာမှ လမ်းကြောင်းမှန်ပေါ် ရောက်ခဲ့တာ တကယ်လို့ သူမ က သူမအဖေကို အဆင့်အတန်း နိမ့်ကျစေမယ်ဆိုရင် အဲ့တာက တစ်မိသားစုလုံးအတွက် မကောင်းဘူး" သခင်မလုသည် ပြတ်သားခိုင်မာစွာ ပြောလိုက်၏။
သူမ စကားပြောပြီးသောအခါ သူမသည် ဖေဝမ်ယွဲ့ အား ဘေးအခန်းသို့ ခေါ်သွားခဲ့သည်။ ဝမ်မျိုးရိုးတွေ နှင့် ချွင်းအာ တို့အား ဈေးသို့သွားရန် ရှဲ့ချောင်က စေလွှတ်ထားသောကြောင့် ထိုအချိန်က ထိုနေရာ၌ သူတို့ ရှိမနေခဲ့ပေ။
သခင်မလုသည် အစောင့်အား တံခါးဖွင့်ရန် အမိန့်ပေးလိုက်သည်။
အစောင့်သည် ရှဲ့ချောင်အား သိသော်လည်း သခင်မလုသည် ရှဲ့ချောင်၏ အမေ ဖြစ်သည်။ ထို့ကြောင့် သူမသည် အခန်းကို ဝင်ရန် အလိုရှိလျှင် အစောင့်ထံ၌ သူမအား တားဆီးရန် အကြောင်းပြချက် မရှိပေ။
ကံကောင်းစွာဖြင့် သူသည် ရှဲ့ချောင် ဈေးသွားသည်ကို သိသဖြင့် တစ်ယောက်ယောက်ကို အလျှင်အမြန်ရှာဖွေကာ သူမဆီသို့ သတင်းစကား ပို့စေခဲ့သည်။
သခင်မလေး ရှဲ့ သည် သူမ၏ ပစ္စည်းများအား ခွင့်ပြုချက်မရှိဘဲ ကိုင်သည်ကို မကြိုက်ပေ။
ဖေဝမ်ယွဲ့ သည် အခန်းတွင်းသို့ ဝင်လိုက်သည်နှင့် ရင်သပ်ရှုမော၍ အံ့ဩသွား၏။
ရှဲ့ချောင်၏ အခန်းတွင်းရှိ အိမ်ထောင်ပရိဘောဂ ပစ္စည်းများသည် သူမတို့နေသော နေရာထက် ပိုကောင်း၏။ အခန်းသည် အလွန် မကြီးသော်လည်း အခန်းတွင်းပစ္စည်းများနှင့် ဂွမ်းစောင်များမှာ တန်ဖိုးကြီးသော ပစ္စည်း အသစ်များ ဖြစ်သည်။ ထို့အပြင် စားပွဲပေါ်၌လည်း လတ်ဆတ်သော မုန့်များ ရှိသည်။
"မေမေ ဟိုမှာ" ဖေဝမ်ယွဲ့သည် အခန်းထောင့်ရှိ အထုပ်အား ညွှန်ပြလိုက်၏။
•••••••••