အမည်မသိ အလောင်း
Vol. 3 Ch. 24
သခင်မလုသည် သူမ၏ သမီးအား အမြန်ဆွဲကိုင် လိုက်ပြီး လျှောက်သွားခဲ့သည်။
"ဒါဆို…အမေတို့ အဲ့ဒါကို ဖွင့် ကြည့်ကြ မလား?" သခင်မလု၏ ရင်ဘတ် ထဲရှိ နှလုံးမှာတဒုန်းဒုန်း ခုန်နေ၏။
သူမထို့သို့ ပြော၍ ပြီးပြီးချင်း သူမ၏ ခန္ဓာကိုယ်မှာ အေးစိမ့် သွားသည်။ သူမ ဘာမှ မတတ်နိုင်ပဲ တခိုက်ခိုက် တုန်နေလေသည်။
ဖေဝမ်ယွဲ့သည်လည်း တူညီစွာပင် ဖြစ်နေ၏။
"ရှဲ့ချောင် ဒီအခန်းထဲမှာ ရေခဲတွေ သိုလှောင် ထားတာများလား? သမီးတို့ နေတဲ့အခန်းထက်တောင် ပို အေး နေသလိုပဲ။ ဒီ စောင့် ပေးနေတဲ့ အစောင့်ကရော ဘာတွေလဲ? သမီးတို့ အခန်းတွေအတွက်ကို အတူတူပေးချေ ခဲ့တာပဲလေ၊ ဘာလို့ ဒီလို မမျှတတဲ့ ဝန်ဆောင်မှုတွေ ပေးတာလဲ?"
"တကယ်လို့ သမီးပူတယ်လို့ ခံစားရရင် အမေတို့အခန်း မှာလည်း ရေခဲထပ်ထည့်ဖို့ အစောင့်တွေ ခေါ်လိုက်မယ်။" သခင်မလုသည် အလွန် သဘောထားကြီးပေသည်။
"အမေသမီးကို အလိုလိုက် နေတာပဲ။" ဖေဝမ်ယွဲ့သည် ရဲတင်းစွာ ပြုံးလိုက်သည်။
မကောင်းဆိုးဝါးဝိဥာဥ်သည် ဒေါသစိတ်များဖြင့် ပေါက်ကွဲ နေလေသည်။
မှောင်မိုက် ထုံထိုင်း နေသော မျက်လုံးများသည် ထို လူနှစ်ယောက်အပေါ် တောက်လျှောက် စိုက်ကြည့် နေခဲ့ပြီး သူ၏ အသွင်သဏ္ဍာန်မှ လေအေးများပင် စိမ့်ထွက်နေသကဲ့သို့ ဖြစ်နေ၏။
သူ၏ ဦးခေါင်းမှာ ဖေဝမ်ယွဲ့၏ လည်ပင်း တစ်လျှောက်ဆီသို့ ဆန့်ထွက်လာလေသည်။ သူသည် ထိုလည်ပင်းကို ထက်ဝက် ပိုင်းကာ ဝါးစား ချင်နေသည့် ပုံပင်။
ကံမကောင်းစွာဖြင့် ဖေဝမ်ယွဲ့မှာ ဘာတစ်ခုကိုမှ သတိ မထား မိပေ။
သူမသည် ဆောင့်ကြောင့် ထိုင်လိုက်ပြီး အထုပ်အား ဖြည်းဖြည်းချင်း ဖွင့်လိုက်လေသည်။
အဝတ်ထုပ်၏ တစ်ဖက်မှာ ပွင့်သွားခဲ့ပြီး..
ထို့နောက် တစ်ခြားတစ်ဖက်…
"အားးးးး..."
သူမ၏ နားများ ကွဲထွက် မတတ်ပင် အသံကျယ်လောင်စွာ အော်မိသွားလေသည်။
ဖေဝမ်ယွဲ့သည် နောက်သို့ ပစ်လဲ သွားပြီး ယိုင်တိယိုင်တိုင်ဖြင့် နောက်ဆုတ် သွားခဲ့သည်။ ချက်ချင်းပင် အေးစက်သော ချွေးများ ရေချိုးထား သကဲ့သို့ ကျလာကာ သူမ၏ တုန်ရီ နေသော လက်များသည် အရိုးဖြူဖြူများ ထံသို့ ညွှန်ပြ နေခဲ့ကာ တုန်ယင် နေခြင်းအား မရပ်တန့် နိုင်ခဲ့ပေ။
"အ…အရိုးတွေ"
ထိုအရာသည် စုံလင်စွာ ပါရှိသော လူအရိုးများ ပင်ဖြစ်သည်။ ဦးခေါင်းခွံမှ ခြေချောင်း များ အထိ နေရာတစ်ခု စီတိုင်း အစိတ်အပိုင်း အားလုံးသည် ပကတိအတိုင်း ပြည့်စုံစွာ ရှိနေသည်။
ထိုအရာများမှာ ကြောက်စရာ ကောင်း၍ ကျောချမ်းဖွယ် ကောင်းလှသည်။ အထူးသဖြင့် ဦးခေါင်းခွံ အတွင်းရှိ မျက်လုံး အခေါင်းပေါက်များပင်...။ထိုအထဲတွင် မြေကြီး အနည်းငယ်လည်း ရှိနေသေး၏။ အကြောင်းပြချက် တစ်ချို့ကြောင့် ထိုအရာသည် ပုံမှန်ထက် ပို၍ ကြောက်စရာ ကောင်းနေသည့်ပုံ ပေါ်နေသည်။
ဖေဝမ်ယွဲ့၏ ခန္ဓာကိုယ်မှာ ရေခဲကဲ့သို့ပင် အေးခဲနေပြီး သူမသည် သေခြင်း တရားနှင့် နီးကပ် နေပြီဖြစ်သည်။
မကောင်းဆိုးဝါးဝိဥာဥ်သည် သူ၏ လက်များအား သူမ၏ လည်ပင်း တစ်ဝိုက်တွင် တင်းတင်း ဆုပ်ထား၏။
သူမ၏ နှလုံးမှာ ရင်ဘတ်ထဲမှ ပေါက်ထွက်လာ တော့မလိုပင် ခံစားနေရသည်။ သူမ အသက်မရှုနိုင် သကဲ့သို့ ဖြစ်လာ သောကြောင့် အလွန် ကြောက်လန့် နေပြီ ဖြစ်သည်။
သခင်မလုသည်လည်း နေရာမှာပင် ကြောက်လန့်နေကာ မလှုပ်နိုင်ခဲ့ပေ။
"သေ…သေနေတယ်…တစ်ယောက်ယောက် သေနေတယ်!" ဖေဝမ်ယွဲ့ သည် သူမ ယခင် အော်နေသော အသံများ မပျောက်ခင် မှာပင် ထပ်၍ အော်လေသည်။
သခင်မလုသည် ကြားသည် နှင့်ချက်ချင်း သူမ သမီး၏ ပါးစပ်အား ပိတ်ရန် အလျင်အမြန် သွားလိုက်သော်လည်း နောက်ကျ သွားခဲ့လေပြီ။
ထိုအရိုးစုများသည် မကြာသေးခင်မှ သေသွားသည်မှာ မည်ကဲ့သို့ ဖြစ်နိုင် မည်နည်း?
သို့သော်လည်း သခင်မလုသည် တစ်ခုခုတွေးလိုက်မိသကဲ့သို့ ရုတ်တရက် အတွေးတစ်ခု ရသွား၏။ မဟုတ်မှလွဲ..
ထိုအရာသည် ရှဲ့ချောင် အတိတ်က ကျုးလွန် ခဲ့သည့် အမှုတစ်ခု၏ သားကောင် ဖြစ်လိမ့်မည်။ ယခု သူမက ထိုအရာအား နန်းမြို့တော်ကို ယူလာ တာလား?
သို့သော် ထိုအတွေးသည် အဓိပ္ပာယ် မရှိပေ…
လူသေ၏ အရိုးများကို အခန်းထဲတွင် ထားနိုင်လောက်သည်အထိ မည်ကဲ့သို့ အတင့်ရဲသော အမျိုးသမီး သည် ဤကဲ့သို့သော အရာကို လုပ်နိုင်မည်နည်း!?
အလွန် နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။ သခင်မလုသည် သူမ၏ သမီးအား နှစ်သိမ့် ရုံသာ တတ်နိုင် တော့သည်။
တည်းခိုခန်း ရှိလူများ ပြေးလာ ကြသည်။
နန်းတွင်း သက်တော်စောင့်ကျို့သည် အမိန့်ကို လက်ခံ ရရှိသောအခါ သူသည် လူ အနည်းငယ် ခေါ်လာ၍ ထိုနေရာအား ဝိုင်းရံထား စေသည်။ ထို့နောက် သူသည် "ဒီမှာ ဘယ်သူ အော်ခဲ့တာလဲ၊ ဘာတွေ ဖြစ်ခဲ့တာလဲ?" ဟု မေးရင်း ဝင်လာခဲ့သည်။
ဖေဝမ်ယွဲ့၏ ပဲစေ့အရွယ် မျက်ရည်များ ကြမ်းပြင်ပေါ်သို့ ကျနေခြင်းမှာ မရပ်တန့် နိုင်ပဲ သူမသည် "အ…အ…အစ်မရဲ့ အထုပ်ထဲမှာ လူသေလောင်း တစ်ခုရှိနေတယ်…"
နန်းတွင်း သက်တော်စောင့် ခေါင်းဆောင် ကျို့ သည် ထိုအရာကို ကြည့်လိုက်သည်။
ဟမ်…
သူသည် အံ့အား သင့်စွာဖြင့်
"မင်းရဲ့ အစ်မက မိန်းကလေးရှဲ့ ဟုတ်တယ် မလား?" နန်းတွင်း သက်တော်စောင့် ကျို့ သည် အလွန် တည်ငြိမ် နေသည်။ အမှန်တကယ် သူ့အတွက် အရိုးစုများကို မြင်သည်မှာ ပထမဦးဆုံး အကြိမ် မဟုတ်ပေ။
မကောင်းဆိုးဝါးဝိဥာဥ်၏ မျက်လုံးများသည် ဒေါသထွက်ခြင်းကြောင့် သွေးနီရောင် တောက်နေလေသည်။
ထိုနေရာသို့ ဖြတ်၍ လေအေးများ ပြင်းပြင်း ထန်ထန် တိုက်လာသည်။
"အဲ့..အဲ့တာ ရှဲ့ချောင်… သူမက… တစ်ယောက်ယောက်ကို သတ်ခဲ့တာလား… အရမ်း ကြောက်စရာ ကောင်းတယ်!" ဖေဝမ်ယွဲ့သည် ထစ်ထစ် ငေါ့ငေါ့နှင့် ပြော၍ သူမ၏ ခေါင်းအား သခင်မလု၏ ပွေ့ဖက်ခြင်း ထဲသို့ မြှုပ်ထား လိုက်သည်။
နန်းတွင်း သက်တော်စောင့်ကျို့ သည် သူ၏ ခေါင်းကို ပွတ်လိုက်ပြီး "ဒါက…သူမ သတ်ခဲ့တာ မဟုတ်ဘူး။ အဲ့တာက လမ်းဘေးမှာ ရှိတဲ့ အမည်မသိ အလောင်းပါ။ မိန်းကလေးရှဲ့က အဲ့တာကို သင့်လျော်တဲ့ နေရာရှာပြီး မြှုပ်ပေးဖို့ ယူလာခဲ့တာ။"
ရှဲ့ချောင် ထိုအလောင်းအား တူးနေသည်ကို သူတို့မနေ့က မြင်ခဲ့ပြီး ဖြစ်သည်။
"အ…အမည်မသိအလောင်း?" ဖေဝမ်ယွဲ့သည် မူးမေ့ သွားကာ သူမ၏ မျက်နှာ ပေါ်တွင်တော့ မျက်ရည်များ ရှိသေးသည်။
သူမ၏ ပုံစံမှာ သနားစရာ ကောင်းသော မြင်ကွင်း တစ်ခု ကဲ့သို့ပင်။
သို့သော် နန်းတွင်း သက်တော်စောင့်ကျို့သည် ထိုအားနည်းသောပုံစံမှာ အမတအရှင်ရှဲ့နှင့် နှိုင်းယှဉ်နိုင်စရာ မရှိဟု ခံစားခဲ့ရသည်။
ထိုအမတအရှင်ရှဲ့သည် မျက်ရည် တစ်စက်မှ မကျ သည့်အပြင် ညည်းလည်း မညည်း တွားခဲ့ပေ။ သို့သော် သူမ၏ ဦးခေါင်းအား ဖြည်းဖြည်းချင်း ငုံ့လိုက်သော အခါတွင်မူ ပင်ပန်း၍ စိတ်ထိခိုက် နေသော ပုံ ပေါ်၍ လူတိုင်း၏ နှလုံးသားအား အရည်ပျော် စေနိုင်သည်ပင်။
အဓိက ကျသော အချက်မှာ အမတအရှင်ရှဲ့သည် အားနည်း နေသည့်ပုံ ပေါ်နေ စေကာမူ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်အား ပေးစွမ်း နိုင်သည်လေ။
••••••••••