← Chapters

ဖုံးကွယ်ထားသော အလောင်း

Vol. 3 Ch. 25

ဖုံးကွယ်ထားသော အလောင်း

Vol. 3 Ch. 25

နန်းတွင်း သက်တော်စောင့်ကျို့သည် အမတအရှင်ရှဲ့၏ မိသားစုဝင်များ အပေါ် ယဉ်ကျေးမှု ရှိ‌စေရန် ကြိုးစားလိုက်သည်။

"မကြောက်ပါနဲ့ မိန်းကလေး၊ မင်းရဲ့ အစ်မက ကောင်းတဲ့ ကံကြမ္မာတွေ စုနေတာပါ၊ ဒီ အလောင်းကို မြေမြှုပ်ဖို့ အတွက် ကြာမှာ မဟုတ်တော့ ပါဘူး။" နန်းတွင်း သက်တော်စောင့် ကျို့ က သူမအား နှစ်သိမ့်ပေးလိုက်သည်။

ဖေဝမ်ယွဲ့၏ မေးစေ့မှာ တုန်ရီစွာဖြင့် "အဲ့တာကို မြှုပ်နှံမယ်? ဒါပေမဲ့ အစ်မက သူ့ကို သိတောင် မသိဘူးလေ?"

"အဲ့တာက အမှန်ပါပဲ။ သူတို့က တစ်ယောက်နဲ့ တစ်ယောက် မသိကြဘူး။ သူမက သူ့ရဲ့ အလောင်းကို ချုံတောထဲမှာ မြုပ်ထားတာကို သည်းမခံနိုင်ခဲ့လို့ပါ။ မိန်းကလေးရှဲ့ က ဖုန်းရွှေ ပညာရပ် တစ်ချို့ တတ်တဲ့ပုံပဲ။ ပြီးတော့ သူမက အဲ့တာကို ပိုကောင်းတဲ့ နေရာကို‌ ရွှေ့ပေးချင်နေတာ။" ဟု နန်းတွင်း သက်တော်စောင့် ကျို့ က ထပ်၍ ‌ပြောလိုက်သည်။

ဖေဝမ်ယွဲ့သည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏ အသက်ရှု ခြင်းအား ထိန်းထား နိုင်ခဲ့သည်။

'သူမ မသိတဲ့ လူရဲ့ အလောင်းကို သယ်လာပြီး သူမဘေးမှာ ထားတယ်? ညစ်ပတ်ပြီး ကြောက်စရာ ကောင်းတဲ့ ဒီလိုအရာကိုလေ…'

ဖေဝမ်ယွဲ့၏ မျက်ခွံ့များ လှုပ်သွားပြီး အချိန် ခဏကြာသည်အထိ စကား မပြောနိုင် အောင်ပင် စိတ်တို နေတော့သည်။

နန်းတွင်း သက်တော်စောင့်ကျို့ သည် ပြုံး၍ လူအုပ်အား နေရာမှ ရွှေ့ရန် စတင်လိုက်သည်။

ထိုအချိန်တွင် ဖေဝမ်ယွဲ့သည် ရုတ်တရက် ပြောလိုက်သည်။

"ဒီအရာကို လုပ်တာက ကျွန်မအစ်မ အတွက် မသင့်တော်ဘူး။"

နန်းတွင်း သက်တော်စောင့်ကျို့ သည် သူမအား လှည့်ကြည့် လိုက်သည်။

"အဲ့တာက ချုံတောထဲက အလောင်း ဖြစ်ရင် တောင် အုပ်ချုပ်ရေးရုံးတော်ကို ‌လွှဲပြောင်း ပေးသင့်တယ်။" ဖေဝမ်ယွဲ့၏ မျက်နှာမှာ ဖြူဖျော့ သွားသည်။ "အဲဒီလူမှာလည်း ဆွေမျိုးတွေ ရှိမှာပဲလေ။ အုပ်ချုပ်ရေးရုံးတော်ကို သူ ဘယ်သူလဲ ဆိုတာ စစ်ဆေးပြီး သူ့မိသားစုကို ရှာဖို့ ခွင့်ပြု‌ ပေးသင့်တယ်။ ပြီးတော့ သူ့ရဲ့ အလောင်းကို ပြန်‌ပေး လိုက်လေ။"

နန်းတွင်း သက်တော်စောင့်ကျို့သည် အနည်းငယ် အံ့ဩ သွားသည်။

"ဟုတ်ကဲ့ မှန်ပါတယ်။ အဲ့တာက ပုံမှန် နည်းလမ်းပါပဲ။"

'အကယ်၍ သူသည် ပုံမှန် နည်းလမ်းကို လိုက်နာမယ် ဆိုရင်တောင် ဒီအလောင်းရဲ့ မိသားစုဝင်တွေကို အချိန်တို အတွင်း ရှာဖွေဖို့ မဖြစ်နိုင်ဘူး။ အကယ်၍ ဒီအလောင်းမှာ အခြား ထူးခြားတဲ့ လက္ခဏာတွေ မရှိရင် မီးသင်္ဂြိုလ်တဲ့ နေရာမှာ အဆုံးသတ် ရလိမ့်မယ်။'

အခမဲ့ မီးသင်္ဂြိုလ် သည့်နေရာသည် အလောင်းကို ယူမည် ဖြစ်သော်လည်း ထိုနေရာတွင် အချိန်အတော် ကြာ ထားမည် မဟုတ်ပေ။ အချိန်ကြာမြင့် လာသည့်အခါ မည်သူ တစ်ဦး တစ်ယောက်မှ ထိုအရာကို ပြောဆိုတော့မည် မဟုတ်ပေ။ အဆုံးတွင် ကြမ်းတမ်းစွာ မြှုပ်နှံခံရမည် သို့မဟုတ်…

'စုပုံနေသော သင်္ချိုင်း ထဲသို့ အပစ်ခံရမည်။'

'အမတအရှင်ရှဲ့သည် အလောင်းအား ကူညီ မြှုပ်နှံပေးရန် အလိုရှိတာက ကောင်းသော အရာပင် ဖြစ်သည်။'

သို့သော် ဤမိန်းကလေးပြောသော အလောင်း၏ဆွေမျိုးများအား ရှာဖွေရန် အလိုရှိ ခြင်းသည် ပို၍ ကောင်းသော အကြံဉာဏ် ဖြစ်လိမ့်မည်။

သူ့ သခင်လေး၏ ဂုဏ်သတင်းကြောင့် ဤ ကိစ္စသည် လျစ်လျူရှုရန် ကောင်းသော အရာ မဟုတ်ပေ။

"ဒီလူ သေသွားတာ တစ်နှစ်ခွဲ လောက်ရှိပြီ။ ဆွေမျိုး တစ်ယောက်ကို ရှာနိုင်ဖို့ ဖြစ်နိုင်ချေက တော်တော်နည်းတယ်။ မင်းရဲ့အစ်မက ဒီအလောင်း ကို ရှာတွေ့ခဲ့တာ။ ဘာလို့ သူမ ပြန်လာတဲ့ အထိ မစောင့်တာလဲ? တကယ်လို့ မင်း ဒီအကြောင်း ရုံးတော်ကို တင်ပြချင်တယ်ဆိုရင်တောင် မင်းရဲ့ အစ်မ အရင် လာပြီး အရေးကြီးတဲ့ သဲလွန်စတွေကို အတည်ပြု ပေးမှရမယ်။" နန်းတွင်း သက်တော်စောင့် ကျို့ က ပြုံး၍ ပြောလိုက်သည်။

ဖေဝမ်ယွဲ့သည် ခေါင်းငြိမ့်၍ သူမ၏ ရှက်စရာကောင်းသော အပြုအမူ ကြောင့် နှုတ်ခမ်းများ အား စုထား၏။

အချိန်ခဏ ကြာသည့်အခါ သူမသည် ရှုပ်ထွေးသော အသံဖြင့် "ဒါပေမဲ့…ကျွန်မအစ်မက အလောင်းကို လွှဲပြောင်း ပေးဖို့ ဆန္ဒ မရှိမှာ စိုးရိမ်မိတယ်။"

"ကျွန်တော် သိပါတယ်။ ဒါက ရတနာ တစ်ခု မဟုတ်ပဲ လူသေ အလောင်းပါ။ နည်းလမ်း ကျကျ တွေးရရင် မင်းအစ်မက ဒီလိုမျိုး ဝှက်ထားပြီး တစ်ခြားတစ်နည်းနဲ့ ကိုယ်တွယ် ဖြေရှင်း နေတာက အကြောင်း တစ်ခုခု ရှိရမယ်။ ဒါပေမဲ့…သူမက ရုံးတော်ကို တင်ပြဖို့ အတွက် တွေးခဲ့ ပေမဲ့ မလုပ်ခဲ့တာ သူမမှာ သူမရဲ့ အကြောင်းပြချက် ရှိနိုင်တယ်လေ။ ဒါကြောင့်…"

နန်းတွင်း သက်တော်စောင့် ကျို့ သည် ထိုသို့ ကြားကာ ဆွဲဆောင််ခြင်း ခံလိုက်ရသည်။

'အမတအရှင်ရှဲ့ နဲ့ ဒီအလောင်းကြား လျှို့ဝှက်ချက် တစ်ခုခု ရှိနေလို့ သူမက ရုံးတော်ကို တင်ပြဖို့ မရွေးချယ်ခဲ့တာလား?'

နန်းတွင်း သက်တော်စောင့် ကျို့ သည် ရုတ်တရက် ခေါင်းကိုက် သွားသည်။

'ဒီ မိန်းကလေး…တကယ်ပဲ အမတအရှင်ရှဲ့ရဲ့ ညီမရော ဟုတ်ရဲ့လား? သူမ အစ်မကို တကယ်ပဲ မုန်းနေတာလား?'

"မင်း အစ်မ ပြန်လာ တာပဲ စောင့်ကြတာပေါ့။" နန်းတွင်း သက်တော်စောင့်ကျို့ တိုက်တွန်း လိုက်သည်။

"ဒီက သခင်လေးက အရာရှိ မှမဟုတ်တာ.. မှန်မမှန် ဆုံးဖြတ်ဖို့က ရှင့်အပေါ်မှာ မူတည်တာ မဟုတ်ဘူးလေ။"

ဖေဝမ်ယွဲ့သည် ညင်သာ ပျော့ပျောင်းစွာ ပြောလိုက်သည်။ "အုပ်ချုပ်ရေးရုံးတော်က ကျွန်မတို့ တမင်သက်သက် အလောင်းကို ဝှက်ခဲ့တယ်လို့ ထင်သွားရင် မကောင်းဘူး။ ဒါကြောင့်…"

ဖေဝမ်ယွဲ့သည် လူအုပ်အား ကြည့်၍ "ရုံးတော်ကို သွားပြီး ဒီကိုလာဖို့ အတွက် အကြောင်းကြား ပေးချင်တဲ့ လူ တစ်ယောက် ယောက်များ ရှိလား?" ဟု ပြောကာ သူမ၏ စကားပြော ခြင်းအား အဆုံးသတ် လိုက်သည်။

'တည်းခိုခန်း အတွင်းမှာ ရှိတဲ့ လူတိုင်း ကတော့ ရှဲ့ချောင်ရဲ့ အသိအကျွမ်းတွေ မဖြစ်နိုင်ပါဘူး?'

ဖေဝမ်ယွဲ့တွင် ဆွဲဆောင်မှု ရှိသော ပုံသဏ္ဍာန် ရှိ သော်လည်း သူမမှာ ကြောက်လန့် နေခဲ့သော်လည်း သူမသည် ဖြစ်ပွားရာ နေရာအတွင်းရှိ လူများ သူမအား လေးစားစေရန် အံ့ဩဖွယ် ကောင်း‌သည့် ပုံစံဖြစ်စေရန် ခက်ခဲစွာ ကြိုးစားနေခဲ့သည်။

"ကျွန်တော် သွားလိုက်မယ်!" ဟု တစ်စုံ တစ်ယောက် ပြောလာသည်။

ဖေဝမ်ယွဲ့သည် ထိုပုဂ္ဂိုလ်အား ကျေးဇူးတင် ပြီးနောက် ထိုသူသည် တည်းခိုဆောင် အတွင်းမှ ချက်ချင်း ထွက်သွား တော့သည်။

နန်းတွင်း သက်တော်စောင့် ကျို့ နှင့် သူ၏ လူများမှာ မှင်သက် တွေဝေ၍ ရှုပ်ထွေးစွာ ကျန်ခဲ့ တော့သည်။

ရုတ်တရက်ပင် သူတို့သည် နှိမ့်ချစွာ အမြင်ခံနေရကြောင်း သတိပြု မိသွားသည်။

'သူတို့သည် သူတို့၏ အ​ထောက်အထားများအား ထုတ်ဖော်ထားခြင်း မရှိသောကြောင့် ထို အမျိုးသမီးငယ်သည် သူတို့အား ပုံမှန်ဧည့်သည်များဟုသာ ထင်နေခြင်းဖြစ်မည်။'

•••••••••

All Chapters