← Chapters

လှည့်စား နေတာ ရပ်လိုက်တော့

Vol. 3 Ch. 26

လှည့်စား နေတာ ရပ်လိုက်တော့

Vol. 3 Ch. 26

နန်းတွင်း သက်တော်စောင့် ကျို့ နှင့် ကျန်လူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်နေ ကြသည်။ သို့သော် သူတို့သခင်လေး၏ အမည်အား ထုတ်ပြော လိုက်ခြင်းမှာ အကြံကောင်း တစ်ခု မဟုတ်ပေ။

ရှီးဖန်မြို့သည် ခရိုင်မြို့နှင့် မဝေးလှပေ။လူတစ်ယောက် မြင်းကို ကြာပွတ် သုံးကာ အပြေး အလွှား သွားလိုက်လျှင် အသွားအပြန် နှစ်နာရီနှင့် လုံလောက်သည်။

ထိုနောက် ဒီတစ်ခေါက်တွင်တော့ မိန်းကလေးရှဲ့အား တွေ့လိုက်ရ၏။

သူမ တံခါးနောက်မှ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အလုပ်ရှုပ် နေသော အရာရှိများနှင့် ... ပွစာကျဲ နေသော ကြမ်းပြင် ပေါ်ရှိ အရိုးများအား မြင်လိုက် ရသည် ။ရှဲ့ချောင် ၏ မျက်နှာမှာ ချက်ချင်း ဆိုသလိုပင်ပျက်ယွင်း သွားလေသည်။

သူမ နှုတ်ခမ်းကိုစိကာ အရိုးများကို စိုက်ကြည့်နေသည်။ ထိုနေရာမှ သူစိမ်းများအား ကြိုဆိုပုံ မရပေ။

ရှဲ့ချောင် အကြောင်း သိသော အနီးနားရှိ လူတစ်စုမှာ အသက်ပင် ကျယ်ကျယ် မရှူဝံ့ကြတော့ချေ။

"ရှဲ့ချောင် ဘာလို့ လူအရိုးတွေကို ဖွက်ထားတာလဲ ကြောက်စရာ ကောင်းလိုက်တာ။" ဖေဝမ်ယွဲ့ ပြောရင်း သူမ လက်မောင်း တွင်းသို့ ခုန်ဝင်တော့ မည့်ဟန်ဖြင့် ပြေးလာသည်။

ရှဲ့ချောင် ရှောင်လိုက် သည့်အတွက် ဖေဝမ်ယွဲ့မှာ ဘာမှမရှိသော လေထဲသို့သာ  ခုန်ဝင် မိသွားလေသည်။

"ငါတို့က မရင်းနှီး ဘူးလေ။" ရှဲ့ချောင် တိုးတိုးလေးပြောလိုက်သည်။ "အဲဒါကို ငါ့ပစ္စည်းတွေကို ထိခဲ့တယ်ပေါ့?"

"အမေနဲ့ငါက တမင် ရည်ရွယ်ပြီး လုပ်လိုက်တာမဟုတ်ပါဘူး။ အဲ့ဒီထဲက ပစ္စည်းတွေထဲမှာ တရား မ၀င်တာ ပါနိုင်လား ဆိုပြီး တွေးမိသွားလို့ သေချာအောင် စစ်ကြည့်တဲ့ သဘောပါ။ ဒီလိုဖြစ် သွားမယ်လို့ မမျှော်လင့် ထားဘူး။ နင် ဒီအရိုးစု အလောင်းကို လမ်းဘေးက ကောက်ခဲ့တာကို သိပါတယ်။ တာဝန်ရှိသူ တွေကို ရှင်းပြဖို့ ပဲလိုတာ။ ဘာပဲဖြစ်ဖြစ် ငါတို့ နင့်ကို ယုံမှာပါ။" ဖေဝမ်ယွဲ့ အမြန်ပြောလိုက် သည်။

ရှဲ့ချောင် သွေးအေးစွာ ရယ်မော လိုက်သည်။

"ငါ့ပစ္စည်း တွေကို လာထိ ရဲတယ်ပေါ့။ နင့်ရဲ့ သတ္တိကတော့ ချီးကျူး စရာပဲ။" ရှဲ့ချောင်၏ မျက်ခုံးများ အနည်းငယ် မြင့်တက် သွားသည်။

"အဲ့ဒါက....အရမ်းကြောက် သွားလို့ပါ။" ဖေဝမ်ယွဲ့၏ မျက်လုံး များမှာ ရဲနေဆဲဖြစ်သည်။

သူမ အမှန်တကယ် ကြောက်ရွံ့ နေခဲ့ခြင်းပင်။

"မင်းက ဒါတွေကို ဖွက်ထား တာလား။ အုပ်ချုပ်ရေးရုံးတော်ကို လိုက်ခဲ့ပါ။" အရာရှိမှ ညွှန်ကြား လိုက်သည်။

"မကြောက်ပါဘူး" အခန်းအတွင်းသို့ ရှဲ့ချောင် တည့်တည့် လျှောက်သွားလေသည်။ထို့နောက် ထိုင်ချလိုက်သည်။

"ရှဲ့ချောင်...မဟုတ်တဲ့ အပြစ်ကို ဝန်ခံခိုင်း နေတာမျိုးလည်း မဟုတ်ဘူး၊ ဒီအရိုးတွေ ဘယ်ကရလဲ ဆိုတာပဲ သိချင် နေတာလေ။" ဖေဝမ်ယွဲ့ အလျင်စလို ပြောလိုက်သည်။

သခင်မလု မျက်မှောင်ကြုံလိုက်သည်။ တစ်နေရာရာတော့ လွဲနေပြီဟု သူမ ခံစားမိ နေသည်။

ယနေ့ သူမ၏ သမီးမှာ နမော်နမဲ့ ဖြစ်‌လွန်း နေသည်။

မိသားစု ဖြစ်လာ တော့မည့် ဆဲဆဲတွင် ယခုလို ထိန်းမနိုင် သိမ်းမရ ပြသနာများ ပေါ်လာ သောကြောင့် သူမ၏ ဂုဏ်သတင်းသည် မိသားစု တစ်ခုလုံးအား ထိခိုက် နိုင်ပေသည်။ ထို့ကြောင့်  မည်သူ တစ်ဦးတစ်ယောက် အတွက်မှ ကြည့်ကောင်းမည်မဟုတ်ပေ။

သူတို့အား ကယ်တင် ထားခဲ့သော တစ်ခုတည်းသောဂုဏ်ဆယ်ခြင်းသည် ရှဲ့ချောင်အား အဝေးတစ်နေရာတွင် ကြီးပြင်းလာစေခဲ့ခြင်းဖြစ်သည်။

"ရှဲ့ချောင် အမေ့စကားကို နားထောင်၊ အုပ်ချုပ်ရေးရုံးတော်ကိုလိုက်သွား သူတို့ကို အကုန် ပြောပြလိုက် ပြီးတာနဲ့ထွက်လာ လို့ရပြီ။" သခင်မလု ပြောလိုက်သည်။

"ဘာပြောပြ စရာရှိလို့လဲ?" ရှဲ့ချောင် ၏ မျက်နှာသည် သံတုံးကဲ့သို့ပင် မာကျောနေသည်။ "အလောင်း ရုပ်ကြွင်းရဲ့ အထောက်ထားနဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို သိချင်ရုံပဲလို့ ပြောထားတာလေ။ ဒါကို ကောင်းကောင်း သိထားရက်နဲ့  ဘာလို့လို့ အုပ်ချုပ်ရေးမှူးရုံးတော်ကို လိုက်သွားရမှာလဲ?"

"နင်… ခုနက လူကိုယ်တိုင် ဒါက အမည်မသိ

အလောင်းလို့ ပြောတယ်လေ။" ဖေဝမ်ယွဲ့ ပြောလိုက်သည်။

"မနေ့ကတော့ သူ့မှာ နာမည် မရှိသေးဘူး။ ဒီနေ့ကျမှ ရုတ်တရက် သတိရ သွားလို့လေ။ ဘာလို့လဲ မရဘူးလား?" ရှဲ့ချောင် က အေးဆေးစွာ ပြောသည်။

"ရှဲ့ချောင် နောက်မနေနဲ့။" သခင်မလုသည် ဒေါသဖြစ် နေပြီဖြစ်သည်။

ရှဲ့ချောင်မှာ တာဝန်ရှိသူများနှင့် ငြင်းခုံ မနေချင် သဖြင့် ပွင့်ပွင့် လင်းလင်း ပြောလိုက်သည်။ “ဒီခန္ဓာရဲ့ မျိုးရိုးနာမည်က လု၊ သူ့နာမည် အပြည့်အစုံက လုချွမ်လင်း၊ အသက်က ၃၈နှစ်၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က သူ့သခင်နဲ့ အတူတူ ခရီးသွားရင်း လမ်းမှာ  ဓားပြတိုက်ခံ လိုက်ရပြီး အသတ်ခံ လိုက်ရတာ။ သူ့မှာ သားသုံးယောက်၊ ဇနီးနဲ့အဖေ ကျန်ခဲ့တယ်။ သူ့ ဆွေမျိုးတွေ အကုန် နန်းမြို့တော်မှာ ရှိတယ်။”

"လွန်ခဲ့တဲ့ နှစ်ဝက်က လုယက်မှုပေါ့။" ထိုစကားကို ကြားလိုက်သည်နှင့် တာဝန်ရှိသူများ မျက်မှောင် ကြုတ်သွားသည်။

"ဟုတ်ပါတယ်။ အဲဒီတုန်းက သေသွားတဲ့ သူတွေ တော်တော် များတယ်။ သေချာ စစ်ဆေးခဲ့ရင် သိမှာပါ။ အခုချိန်ထိ ပျောက်နေတဲ့ အစေခံ တစ်ယောက်လည်း ရှိတယ်။" ရှဲ့ချောင် ထပ်စောင်း ပြောလိုက်သည်။

အရာရှိက ခေါင်းညိတ် ပြသည်။

“ဒီလို ကိစ္စမျိုး တစ်ကယ် ရှိဖူးတယ်။ သေဆုံးသွားတဲ့ သူက ကင်းလှည့် အရာရှိ လူကြီးမင်းလုပါ။” တာဝန်ရှိသူက အလျင်အမြန် ပြောလိုက်သည်။

ယင်းကိစ္စသည် ထိုအချိန်က တိုင်းပြည်ကို တုန်လှုပ်စေခဲ့သည်။ လူကြီးမင်းလု၏ လူသတ် တရားခံမှာ ရှာမတွေ့ခဲ့ပေ။

နောက်ဆုံးတွင် စုံစမ်းစစ်ဆေးရေးမှူးက သတင်းအချက်အလတ် အချို့ကို ရှာတွေ့ခဲ့ပြီး စီရင်စုအောက်ရုံးတရားသူကြီးကို ဖမ်းဆီး နိုင်ခဲ့သည်။

စီရင်စုအောက်ရုံးတရားသူကြီးသည် ဓားပြများအား ငှားရမ်းကာ လုပ်ကြံ ခဲ့သည် ဆိုသော ကောလဟာလ များလည်းရှိခဲ့သည်။ ထိုအခါမှ ဤကိစ္စများ ပြီးသွားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း သူတို့သည် နန်းတွင်းမင်းမှုထမ်းအရာရှိများ ဖြစ်ကြသည်။ ထို့ကြောင့် လူကြီးမင်းလု၏ အစောင့်အကြပ်များထဲမှ တစ်စုံ တစ်ယောက် ပျောက်ဆုံးနေကြောင်း သူတို့ သတိထားမိ ကြသည်။

ထိုအချိန်၌ လူကြီးမင်းလုသည် ရုပ်ဖျက် ထားသည်။ လမ်းသွား လမ်းလာ များ၏ ပြောဆိုချက်အရ လူကြီးမင်းလု ဘေးတွင် အခြားလူ သုံးယောက် ရှိနေသည်။ သူတို့သည် သက်တော်စောင့် နှစ်ဦးနှင့် ဖုံးကွယ်ထားသော မိန်းကလေး တစ်ဦး ဖြစ်သည်။

အမှု ဖြစ်ပွားရာ နေရာတွင်တော့  လူကြီးမင်းလုနှင့် အခြားလူ နှစ်ဦးကိုသာ တွေ့ရှိခဲ့သည်။

တစ်ယောက် ကျန်သေးသည်။ သို့သော် အချိန်အတော်အကြာ ရှာဖွေသည့်တိုင် အလောင်းကို ရှာမတွေ့ခဲ့ကြပေ။

••••••••

All Chapters