← Chapters

ကြီးမြတ်လှသော တပည့်

Vol. 3 Ch. 27

ကြီးမြတ်လှသော တပည့်

Vol. 3 Ch. 27

"သူ့ အလောင်းကို ဒီနေရာမှာ လာတွေ့ရ လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ?"

"ဒါနဲ့ သူဘယ်သူလဲ ဆိုတာ မင်းဘယ်လိုသိလဲ? ဘာလို့ စောစောစီးစီး သတင်း မပို့တာလဲ?" အရာရှိမှအတည်ပေါက်လေသံဖြင့် မေးလေသည်။

ရှဲ့ချောင်သည် တည်ငြိမ်စွာ ဖြေလိုက်သည်။ "လွန်ခဲ့တဲ့ တစ်နှစ်ခွဲ ကျော်လောက်က တောင်အောက် ဆင်းတော့ သူတို့နဲ့ တိုးခဲ့တယ်လေ။ ကျွန်မကကျန်းမာရေးလည်း သိပ်မကောင်းဘူး။ သူတို့ ကူညီလို့ တောထဲမှာ မူးမေ့ လဲကျ မသွားခဲ့တာ နောက်တော့ လူကြီးမင်းလု ဆုံးသွားပြီလို့ သတင်းကြား လိုက်ရတယ်။ ပြောကြတာတော့ အဲ့လူရဲ့ အလောင်းကို ရှာမတွေ့ ခဲ့ကြဘူးတဲ့၊ တချို့ကျ ဝရမ်းပြေးကျွန်ဖြစ်သွားပြီတဲ့၊ အဲ့ဒါကို မယုံလို့ ကိုယ်တိုင် လိုက်ရှာ လိုက်တာပါ။"

"ဒီတစ်ခေါက် တောင်အောက် ဆင်းရင်းနဲ့ အဲဒီနေရာကို ဖြတ်သွားတော့ မြေသားက ပျော့လာပြီး ပေါင်းပင်တွေက တခြားနေရာတွေထက် ပိုထွားကျိုင်း နေတာကို တွေ့ရတယ်။ ဘာကြောင့်လဲဆိုတာ သိချင်ပေမယ့် သူ့အလောင်းကို ဖော်မိသွားဖို့ ထိတော့ မမျှော်လင့်ထားဘူး။" ရှဲ့ချောင် အလျင်မလိုပဲ ပြန်ဖြေလိုက်သည်။

"ဒီလူက ဒီလို ဖြစ်သွားတယ်ပေါ့။ ဒါက အစေခံရဲ့အလောင်းမှန်း ဘယ်လို သိတာလဲ?" ဖေဝမ်ယွဲ့ကမေးလိုက်သည်။

လူအများက သူမကို ထောက်ခံကာ ခေါင်းညိတ် ကြသည်။

'ဒါက အရိုးစုတစ်ခု သာသာပဲ ကျန်တော့ တာလေ။ လူနဲ့ ဘယ်နားမှ တူမနေ တာတောင် သူမှန်း ဘယ်လိုသိတာလဲ။'

"ဘာလို့လဲဆိုတော့ သူ့ခန္ဓာကိုယ်ပေါ်မှာ တစ်ခု ရှိနေလို့ပဲ။ အရင်က ကျွန်မကို သူတစ်ကြိမ် ကယ်ခဲ့ဖူးတယ်။ သူ့ကို ကျေးဇူးတင်လို့ ဒီကြေးမှန်လေးကို ပေးခဲ့ပြီး ကံဆိုးခြင်းတွေကို ရှောင်ရှားနိုင်ဖို့ ကူညီပေး ခဲ့တာပါ။ ဒါပေမယ့် ဒီကြေးမှန်ရဲ့ စွမ်းအားက ဒီလောက် အရေးမပါသလို၊ ဒီလို ကံဆိုးမှုမျိုး သူ့ဆီ မကျရောက်အောင် မတားဆီးပေးနိုင်ဖြစ်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး။" ရှဲ့ချောင်မှာ နှုတ်ဖွင့်ကာ အကြောင်းပြချက်အချို့ပေးလိုက်သည်။

ပြောရင်းဖြင့် ကြေးမှန် တစ်ချပ်ကိုလည်း ထုတ်ယူလိုက်သည်။

ကြေးမှန်သည် လက်ဖဝါး အရွယ်မျှသာရှိပြီး ညစ်ပတ် ပေရေ နေသည်။ မြေကြီးထဲတွင် အတော်တန်ကြာ မြုပ်နှံခံ ထားရသည့် ပုံပင်။

ရှဲ့ချောင်တွင် ဤကဲ့သို့မှန် များစွာ ရှိသည်။

အများအားဖြင့် တခြားသူများအား လက်ဆောင်အဖြစ် ပေးလေ့ရှိသည်။

"ဒီလောက် တိုက်တိုက် ဆိုင်ဆိုင် တူးမိတယ် ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ…" ဖေဝမ်ယွဲ့ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။

'ဒီစကားများမှာ ကျိုးကြောင်း ဆီလျော်မှု ရှိသော်လည်း လောကကြီးတွင် ဒီလိုတိုက်ဆိုင်မှုများ မည်သို့ ရှိနိုင်မည်နည်း?'

ရှဲ့ချောင် သူမအား အပြုံးလေးဖြင့် ကြည့်နေသည်။

"ငါ...ငါပြောတာ မှားသွားလို့လား?" ဖေဝမ်ယွဲ့ တစ်ယောက် သတိထား နေပုံရသည်။

"ဒီဟာက တိုက်ဆိုင်မှု တစ်ခုပါပဲ။  သခင်မလေးဖေက အဲ့ဒါကိုမှ သံသယ ဖြစ်နေရင် ဝိဉာဉ်ကမ္ဘာ ထဲဆင်းပြီးတိုက်ရိုက် မေးလို့ ရပါတယ်။  သူဘာလို့ ကျွန်မ ခြေထောက် အောက်မှာရှိတဲ့ မြေကြီးထဲမှာ လာအမြှုပ်ခံရပြီး ကျွန်မက ရှာတွေ့ခဲ့ တာလဲ ဆိုတဲ့ ကိစ္စကို" ရှဲ့ချောင် ရွဲ့စောင်းကာ ပြောဆို လိုက်သည်။

ဖေဝမ်ယွဲ့မှာ အမှားလုပ်မိသလို မျက်နှာအမူအရာ ဖြစ်သွား၏။

စကားပြော ပြီးသည်နှင့် ရေတစ်ခွက်ကို ငဲ့ပြီးဖြည်းဖြည်းချင်း သောက်လိုက်ကာ ရုတ်တရက် သူမ ရယ်မောလိုက် ပြန်သည်။ "ရှင်တို့ ဒီခရီး ထိတောင် လာရတာ ပင်ပန်း နေမှာပေါ့။  ပြန်တဲ့အခါ ခရိုင်တရားသူကြီးကို ပြောပြ ပြီးရင် ဒါကို ရွှေယွဲ့တာအို ဘုရားကျောင်းရဲ့ ကိစ္စလို့ပဲ ပြောပေးပါ။ သူနားလည်မှာပါ။"

"ရွှေယွဲ့တာအိုဘုရားကျောင်း?!!" အရာရှိသည် ထိုစကားအား ကြားသော် လန့်သွားသည်။

ထို့နောက် သူသည် အံ့သြတကြီးဖြင့် ရှဲ့ချောင်၏ မျက်နှာကို ကြည့်ကာ "မင်းက ရွှေယွဲ့တာအို ဘုရားကျောင်းက ဆရာသခင်မော့လင်းကျစ်ရဲ့ တပည့်ရင်း အမတအရှင်ရှဲ့မိန်းကလေးလား။"

ရှဲ့ချောင် အနည်းငယ် ခေါင်းညိတ် လိုက်သည်။

"ဒါက အမတအရှင်ရှဲ့ရဲ့ ကိစ္စ ဆိုတော့ ဘာမှပြဿနာ မရှိတော့ ပါဘူးဗျာ။  ကျုပ် သခင်မလေးကို စကားပြောတာ အရမ်းရိုင်းသွားမိပြီး စော်ကားမိပြီ ထင်တယ်။  တားမြစ်ချက် တစ်ခုခု ကျူးလွန် မိပြီလားတောင် မသိပါဘူးဗျာ။" ဟုဆိုကာအရာရှိ၏ သဘောထားသည် အလွန် လျင်မြန်စွာ ပြောင်းလဲသွားသည်။

ထိုစကား ထွက်လာသည်နှင့် ဖေဝမ်ယွဲ့မှာ ပြောစရာမဲ့ သွားတော့သည်။

"မဖြစ်ပါဘူး။ အကြီးမားဆုံး တားမြစ်ချက်ကို တစ်ခြား သူတစ်ယောက်က ကျူးလွန်နှင့် ပြီးနေပြီလေ။ ရှင့်အပြစ်က အဲ့လောက်လည်း မကြီးပါဘူး။" ရှဲ့ချောင် ဖြည်းညှင်းစွာ ပြောလိုက်သည်။

ထိုစကားကို ကြားမှသာ အရာရှိ သက်ပြင်းချနိုင်တော့သည်။

ရွှေယွဲ့တာအို ဘုရားကျောင်းကို ကြားဖူးတာ ကြာပြီဖြစ်သည်။

တာအိုဘုရားကျောင်းတွင် ဆရာသခင် မော့လင်းကျစ်သည် ကံကြမ္မာကို အမြဲ မှန်ကန်စွာ ဖတ်ရှုပေးနိုင်သည်။ ဆရာသခင်၌ တပည့် တစ်ယောက်သာ ရှိပြီး အစွမ်းထက်သော အဆောင်တစ်ချို့အား ထုတ်ပြပြီးနောက် သူမကို အမတအရှင် မိန်းကလေးရှဲ့ ဟုခေါ်ကြသည်။

ယခု စီရင်စုအောက်ရုံးတရားသူကြီးသည် လအနည်းငယ်သာ တာဝန် ထမ်းဆောင်ရသေးသည်။ သူ့၏ ပထမဆုံးတာဝန်ထမ်းဆောင် ရချိန်တွင် မည်ကဲ့သို့သော ကံဆိုးမှုမျိုးကြုံရမှန်း မသိ၊ သူ၏ အမေမှာ အပြင်းဖျားပြီး အိပ်ရာထဲ လဲသွားသည်။ ရွှေယွဲ့တာအိုဘုရားကျောင်းကို လူကိုယ်တိုင် ထမ်းမပို့မချင်း သူ့မိခင်၏ ရောဂါသည် မသက်သာခဲ့ပေ။ ပို့ပြီး နောက်ပိုင်းမှသာ သူမ၏ အခြေအနေသည် အရင်ကထက်ပင် တိုးတက်လာသည်။ ယခုအချိန်တွင် သူ့အမေမှာ ကျန်းကျန်းမာမာနှင့် နောက်ထပ် အနှစ်နှစ်ဆယ် လောက်အသာလေး အသက်ရှင် သွားနိုင်ပြီ ဖြစ်သည်။

ရွှေယွဲ့တာအို ဘုရားကျောင်းမှ တပည့်ကြီး၏ အလောင်းများကို တူးဖော်ခြင်း ကိစ္စတွင် ဒီတစ်ကြိမ်မှာ ပထမဆုံး မဟုတ်ပေ။

ဒီအချိန် မတိုင်ခင် ကတည်းက သူမသည် သြဇာအာဏာရှိသူများအတွက် ပျောက်ဆုံး သူများအား ရှာဖွေရာ၌ အကြိမ်ပေါင်းများစွာ ကူညီရှာဖွေ ပေးသူဖြစ်သည်။ ထိုကြိုးစားမှုများ အားလုံးသည် မှန်ပေသည်။

ထိုဆရာနှင့် တပည့်သည် တောင်ပေါ်မှ တော်ရုံ ဆင်းခဲသည်။ စီရင်စုအောက်ရုံးတရားသူကြီးသည် ရွှေယွဲ့တာအို ဘုရားကျောင်းသို့ လူကိုယ်တိုင် သွားရောက် တွေ့ဆုံရန် အချိန်တိုင်း သွားခဲ့သည်။ သူတို့သည်တော့ နာမည်ကိုသာ ကြားဖူးပြီး လူကိုယ်တိုင် မတွေ့ဖူးကြပေ။

'တပည့်ကြီး၏ လိမ္မာပါးနပ်ကာ ဖော်ရွေသောအသွင်အပြင်မှာ စီရင်စုအောက်ရုံးတရားသူကြီး  ဖော်ပြသည့် အတိုင်းပင် ဖြစ်သည်!'

•••••••

All Chapters